← Chapters

ကောင်းကင်နဂါး အစိတ်အပိုင်း ၈ခု

Vol. 130 Ch. 4.1470

ကောင်းကင်နဂါး အစိတ်အပိုင်း ၈ခု

Vol. 130 Ch. 4.1470

"အော်မီတော်ဖော်"

ချင်ယဲ့က ထပ်မံ ရေရွတ်လိုက်သည်။ သူ့အသံက အနီးပတ်ဝန်းကျင်၌ ပြည့်နှက်နေသော သတ်ဖြတ်လိုစိတ်များကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

"အားလုံးပဲ တိုင်ကိုးခုကို ပြန်ပြီး ပြင်ပြီးပြီ... ငါတို့ ဘာဆက်လုပ်သင့်လဲ ဆွေးနွေးကြရအောင်"

ကောင်းကင်လူသား: "လူတိုင်း ဒီကိုရောက်နေတဲ့အတွက် အဲဒီကိစ္စ အတွက်ပဲဆိုတာ အရမ်းရှင်းပါတယ်... လူတိုင်း မင်းတို့ရဲ့ ပုတီးစေ့တွေကို ထုတ်လိုက်ပါ.. !"

သူသည် သူ့ပုတီးစေ့ကို ပထမဆုံး ထုတ်၍ ပုတီးစေ့ထဲက အလင်းတန်းများကို အလယ်ဗဟိုဆီသို့ တွန်းပို့လိုက်သည်။ တခြားသူများလည်း သူ့နည်းအတိုင်း ပူးပေါင်းကြပါသည်။

အလင်းတန်းကိုးခုက တစ်နေရာတည်းတွင် စုစည်းကာ ပေါက်ကွဲသွားရာ ၎င်းတို့အောက်ရှိ ကျောက်စာတိုင်က သက်တံ တံတားတစ်စင်းအဖြစ် တိုးချဲ့ကာ အလင်းရောင်ကိုးခု စုဝေးခဲ့ရာ နေရာက မုခ်ပေါက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"လုရွှမ် မင်းအရင်ဝင်ပါ..."

ထိုကောင်းကင်လူသားက မကျေမနပ်နဲ့ ဟစ်အော်သည်။ ဒါက စည်းကမ်းတစ်ခုဖြစ်သော်လည်း အကြံအစည် တစ်ခုဆိုလည်း ဟုတ်လေသည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို အနက်ရောင်နဲ့ ထုပ်ပိုးထားလိုက်သည်။ ဒါက သူသန့်စင်ထားတဲ့ မိုးခြိမ်းသံချပ်ဝတ်ပါပဲ။

"ဟမ့် လူတွေက ကြက်တွေလိုပဲ!"

ကောင်းကင်လူက ကျိန်ဆဲလိုက်သော်လည်း သူတို့စိတ်ထဲတွင် အဓိပ္ပာယ်မဲ့စွာ ရှုတ်ချနေမိကြောင်း သူ့ဘာသာသူ သိသည်။

လုရွှမ် အရင် လျှောက်သွား၏။ လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ အလင်းရောင်က တဖျပ်ဖျပ် တောက်ပြီး လုရွှမ် ပျောက်ကွယ်သွားသည်။ ထို့နောက် လူကိုးယောက် တစ်ယောက်ပြီးတစ်ယောက် ဝင်သွားတဲ့အခါ သူတို့နောက်က ကျောက်စာတိုင် ပြိုကျသွားတော့သည်။

လုရွှမ်လည်း သူ့ခြေထောက်အောက်က လမ်းက တော်တော် ရှည်တယ်လို့ ခံစားရလေ၏။ ပြန်ကြည့်လိုက်တော့ သူ့အနောက်ကနေ ဘယ်သူမှ ဝင်မလာသေးချေ။

ပထမတော့ တစ်စုံတစ်ယောက်က သူ့အား ကြံစည်နေသလားဟု အနည်းငယ် သံသယဖြစ်မိသော်လည်း အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဒီလိုနေရာမှာ လုပ်ကြံလို့ မရနိုင်ကြောင်း သိလိုက်သည်။

နောက်ဆုံးတွင် တိတ်တဆိတ် ထွန်းတောက်နေသည့် ကျောက်ပြားတစ်ချပ်ကို တွေ့တဲ့အခါ အဆုံးကို ရောက်သွားသည်။ ဒါပေမဲ့ ကျောက်ပြားပေါ်မှာက ဘာမှမရှိချေ။

လုရွှမ် ၎င်းကို ဂရုတစိုက် အာရုံခံပြီး နတ်ဝိညာဉ်ဖြင့် အမှတ်အသား ထွင်းသော်လည်း ဘာမှ ဖြစ်မလာပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာကာ သွေးတစ်စက် ချကြည့်လိုက်သည်။ သွေးစက်က ကျောက်ပြားထဲ အမှန်တကယ် ပေါင်းစပ်သွားသော်ငြား အပြင်ဘက်တွင် ဘာသဲလွန်စကိုမှ မတွေ့နိုင်ပါ။

လုရွှမ် မျက်လုံးများ တောက်ပလာသည်။ ကိုးစက်မြောက် သွေး ကျဆင်းလာသောအခါတွင် ကျောက်စာတန်းပေါ်မှ စာတန်းများ ထွက်ပေါ်လာသည်။

"လူသား.... မင်းရဲ့ကျင့်စဥ်က လေးနက်ပြီး မင်းရဲ့ အရည်အချင်းတွေကလည်း ထူးကဲလွန်းတယ်... အဲဒါတွေက ငါ့ရဲ့ ကောင်းကင်လူသား ကျင့်စဥ်ထက်ကို သာလွန်နေသေးတယ်... မင်း လေ့ကျင့်ဖို့ပဲ အာရုံစိုက်နေရမယ် ငါ့ရဲ့ အမွေတွေ မလိုအပ်တော့ဘူး သွားပြီးတော့ တခြားနေရာကို သွားကြည့်ပါ...."

ထို့နောက် စာလုံးများ လျင်မြန်စွာ မှိန်ဖျော့သွားကာ ကျောက်ပြားက ၎င်း၏ မူလပုံစံ ပြန်​ဖြစ်သွားခဲ့သည်။ လုရွှမ် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။

"တခြားနေရာတွေ?? ငါ့ကို နောက်နေတာလား? ဒီမှာ တခြားနေရာ ရှိ​သေးလို့​လား"

ထိုစဥ် ကျောက်ပြားသည် ရုတ်တရက် ကွဲအက်သွားကာ သူရှေ့တွင် လမ်းတစ်ခု ထပ်ထွက်လာပြန်သည်။

"ကောင်းပြီ ဒါဆိုလည်း သွားကြရအောင်"

လုရွှမ် အသက်ပြင်းပြင်း ရှူပြီး ရှေ့ကို ဆက်လျှောက်လာခဲ့သည်။ ခဏကြာတော့ လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ နောက်ထပ် ကျောက်ပြားတစ်ခုက သူ့ရှေ့မှာ ပေါ်လာ၏။

သို့သော် ဤတစ်ကြိမ်တွင် ကျောက်ပြားက ဘာလှုပ်ရှားမှုကိုမှ မစောင့်ဆိုင်းဘဲ ကျောက်ပြားက လူတစ်ဦး၏ အသွင်အပြင်သို့ တိုက်ရိုက် ပြောင်းလဲသွားတော့၏။ အဲဒါကလည်း လုရွှမ်ရှစ်ယောက်ပင်။

လုရွှမ်သည် လူရှစ်ယောက်ဆီက အဝိုင်းခံလိုက်ရကာ မှန်လား သို့မဟုတ် အခင်းအကျင်းလား ဘာအှ မပြောနိုင်ပေ။

"ကောင်လေး.. မင်းအတွက် ငါ့မှာ ဘာတစ်ခုမှ မကျန်တော့ဘူး ရှိတာတွေက မင်းမှာရှိသလောက် ကောင်းတာ မဟုတ်ဘူး ဒါပေမယ့် မင်းရဲ့ဉာဏ်အလင်းအတွက် သုံးလို့ရတဲ့ အရာတစ်ခုတော့ ရှိတယ်... အဲဒါက အဖိုးတန်ဆုံးရတနာပဲ ငါတို့ရဲ့ ကောင်းကင်လူသား မျိုးနွယ်ကနေ ဉာဏ်အလင်းရချင်ရင် ရနိုင်ခြေက မင်းရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ အစွမ်းအစပေါ်မှာ မူတည်တယ်....."

လုရွှမ် မေ့မြောချင်သွားသည်။ သူ့ကိုယ်သူ ရှစ်ယောက်ကို အနိုင်ယူခိုင်း​နေတာလား။ သူဘယ်လိုလုပ် သေချာနိုင်မလဲ။ နောက်ဆုံးတော့ လူတစ်ယောက်နဲ့ အရင်းနှီးဆုံးအရာက သူ့ရန်သူမဟုတ်ဘဲ သူကိုယ်တိုင်လေ။

ကျယ်လောင်သော အသံနှင့်အတူ ထိုကိုယ်ခန္ဓာရှစ်ပါးသည် တစ်ဖန် ပြောင်းလဲသွားကာ ၎င်းတို့၏ပုံစံများ ပြောင်းလဲသွားပြီးနောက် မျိုးနွယ်စု ရှစ်မျိုး ​ဖြစ်သွားသည်။ ထိုလူများက သူ့​​မျက်နှာများသာ ဖြစ်နေသော်လည်း သေမင်းလို အသွင်အပြင်က သူ့ကို ထိတ်လန့်သွားစေသည်။

သူ့စိတ်ထဲတွင် ရွှေကျီးကန်းရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟေး... မျိုးနွယ်ရှစ်မျိုးရဲ့ အငွေ့အသက်က ဘယ်လိုဖြစ်တာလဲ... ကောင်းကင်နဂါး မျိုးနွယ်ရှစ်မျိုးပဲကွ! ကောင်လေး မင်း ဘာလုပ်နေတာလဲ"

လုရွှမ်လည်း ထိုကိစ္စကို ဒေါသတကြီး ရှင်းပြလိုက်​တော့သည်။

သူ့ကိုယ်ပိုင် အစပျိုးမှုကနေ ထွက်မလာဘူးဆိုရင် တခြားအချိန်တွေမှာ ရွှေကျီးကန်းဟာ လုံးဝ ပေါ်လာမှာ မဟုတ်ပါဘူး။ အထူးသဖြင့် အန္တရာယ်နှင့်ရင်ဆိုင်ရသောအခါတွင် ရွှေကျီးကန်းက သူ့ကို စကားတစ်ခွန်းတည်းဖြင့် ပြန်ပြောလိုက်သည်။

"လမ်းက တစ်ယောက်တည်း လျှောက်နေတာ... မင်းက ငါ့အကူအညီလိုနေတဲ့ ကလေးတစ်ယောက်လို ဖြစ်ချင်နေသေးတာလား "

လုရွှမ်လည်း ဒီအမှန်တရားကို သိပါသည်။ ရွှေကျီးကန်းရဲ့ အကူအညီ လိုအပ်ချိန်ကို လျှော့ချရန် ကြိုးစားနေသော်လည်း ဤစကားကို ကြားပြီးနောက်တွင် သူအနည်းငယ် မသက်မသာ ခံစားနေရဆဲ။

"အိုး... မင်း သူတို့ကို အနိုင်ယူရင် အကျိုးကျေးဇူးတွေ ရလိမ့်မယ်... ကျီးဖိုးဖိုး မင်းကို အားပေးနေမယ်!"

ရွှေကျီးကန်းက အကောင်းမြင်တဲ့ စကားတစ်ခွန်းနဲ့ ကျောက်စိမ်းပြားထဲ ပြန်ပြေးဝင်သွားသည်။ လုရွှမ်လည်း စကားမဲ့စွာ ခေါင်းယမ်းလိုက်ရတော့၏။ ကံကောင်းထောက်မစွာနဲ့ ထိုလူများသည် သူနှင့်တူသော်လည်း သူ့မှော်အစွမ်းမျိုး မရှိ​ကြသောကြောင့် လုရွှမ် စိတ်သက်သာရာရသွားသည်။

အကယ်၍ ကောင်းကင်လူသားသည် ၎င်း၏ မှော်စွမ်းအားများကို ပြောင်းလဲနိုင်စွမ်းရှိနေပါက ရက်စက်လွန်းလှပေလိမ့်မည်။ ယခုတော့ သူသည် ကောင်းကင်နဂါး မျိုးနွယ်ရှစ်မျိုးနဲ့ ရင်ဆိုင်​နေရသော်လည်း အလွန်ကျေနပ်နေပြီ ဖြစ်သည်။

ကောင်းကင်နဂါး၏ မျိုးနွယ်ရှစ်စု ဆိုတာ အဓိက မျိုးနွယ်ရှစ်မျိုးကို ခွဲခြားထားတာပဲ ဖြစ်သည်။ တန်ခိုးအရှိဆုံး မျိုးနွယ်စုများမှာ သဘာဝအတိုင်း ကောင်းကင် နဂါးအနွယ်များ ဖြစ်သောကြောင့် ၎င်းတို့ကို ကောင်းကင်နဂါး အစိတ်အပိုင်း ရှစ်မျိုး ဟုခေါ်သည်။ ဒါပေမဲ့ တခြားမျိုးနွယ်စုတွေကို လျှော့တွက်လိုက်မယ် ဆိုရင် ဆုံးရှုံးမှု ကြီးမားမှာ သေချာ၏။

အရင်ကလိုပဲ ဒုတိယကျောက်စာတိုင်ကို သိမ်းပိုက်ထားသူက ရဲ့ရှားဟာ တန်ခိုးကြီးပေမယ့် ကောင်းကင် နဂါးလက်အောက်မှာ ရှိမနေပါဘူး။

"ကောင်းပြီလေ... အတူတူ တိုက်ကြရအောင်။"

လုရွှမ် လူရှစ်ယောက်ကို အတူတူလာရန် အော်ဟစ်တောင်းဆိုခဲ့သော်လည်း ထိုရှစ်ယောက်မှာ တူညီသော အတွေးတစ်ခုကြောင့် လှုပ်ရှားမှုများကြားတွင် နှောင့်နှေးမှု မရှိဘဲ တိုက်ခိုက်လာ၏။

ဒီစမ်းသပ်မှုက တကယ်ကို ခက်ခဲတဲ့အတွက် အကျိုးအမြတ်က ကြီးမားမလား မသိချေ။ ဒီအချက်ကို စိတ်ထဲမှာ တွေးထားပေမယ့် ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။

ရတနာကို လိုက်ရှာဖို့ ဒီကို လာကတည်းက ရတနာတွေကြားမှာ သေသွားရတတ်တာမို့ အံ့သြစရာတော့ မရှိ။ နှစ်စဉ် မရေမတွက်နိုင်သော ရတနာမုဆိုးများဟာ ရတနာရှာဖွေရင်း သေဆုံးကြတယ် မဟုတ်ပါလား။

ချင်ထျန်းဓားကို အစွမ်းကုန် လွှဲယမ်းလိုက်တော့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားများ တောက်ပလာသည်။ အချီအချ တိုက်ခိုက်ပြီးနောက် လူရှစ်ဦးအနက် ကောင်းကင်လူသားနဲ့ နဂါးမျိုးနွယ်က သူ့​အား ထိပ်တိုက်တိုက်ခိုက်ရန် မရွေးချယ်တော့ပေ။ လုရွှမ်လည်း ၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသွားကြောင်း ခံစားခဲ့ရတာကြောင့် တခြားလူတွေကိုသာ တိုက်ခိုက်တော့သည်။

လူရှစ်ယောက်လုံးသည် လုရွှမ်လို နတ်မီးနယ်ပယ် အဆင့် ၁၁ တွင် ရှိကြသော်လည်း သူတို့မျိုးနွယ်စုတွင်တော့ သာမန်လူများ မဟုတ်တဲ့ ထိပ်တန်းပါရမီရှင်များသာ ဖြစ်သည်။

သူဟာ အနိုင်ယူရန် ယွမ်ယန်ကျင့်စဥ်ကို အားကိုးနိုင်သော်လည်း ၎င်းတို့ထက် အနည်းငယ်ပဲ သာလွန်သည်။ ခွန်အားအနည်းငယ်သာ သာလွန်သောကြောင့် လူရှစ်ယောက်ကို တစ်ပြိုင်တည်း ရှုံးအောင် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

All Chapters