← Chapters

လှုပ်ရှားခြင်း

Vol. 011 Ch. 1082

လှုပ်ရှားခြင်း

Vol. 011 Ch. 1082

ရှားရှင်းယွန်က သူမ၏အချိန်အများစုကို လေ့ကျင့်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ ရှိသည်။

သို့သော်လည်း လက်ရှိတွင် သူမသည် အဝေးသို့ မိန်းမောစွာ ကြည့်နေမိ၏။ သူမ၏စိတ်ကား အမြဲတမ်းအားဖြင့် တည်ကြည် ခိုင်မြဲခဲ့ကာ လေ့ကျင့်ခြင်း၌သာ အာရုံစိုက်ခဲ့၏။ ယခုကား သူမ၏စိတ်မှာ ယခင်လို တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။

ထိုအခိုက်တွင် သူမ၏နောက်သို့ တစ်စုံတစ်ယောက် ရောက်လာသည်။ သူကား ရှောင်ရှမ်း ဖြစ်သည်။

“ဝမ်းကွဲအစ်ကိုက ဘာကိစ္စရှိလို့လဲ” ရှားရှင်းယွန်က ရှောင်ရှမ်းအား မေးသည်။

ရှောင်ရှမ်းက ရှားရှင်းယွန်အား ကြည့်သည်။ သူမ၏စိတ်ထဲ ဘာရှိနေသည်ကို သူမသိပေ။ သို့သော်လည်း သူမက သူ့အား ဝမ်းကွဲအစ်ကိုဟု ခေါ်ဆိုခြင်းက သူ့အား အံ့အားသင့် စေသည်။ မည်သို့ဆိုစေ သူမကား သူ့အဒေါ်၏သမီးဖြစ်ပေသည်။

ရှောင်ရှမ်းက သူမအား ဦးညွှတ်ကာ ပြောသည် … “ကျုပ်က မင်းသမီးကို ပြောစရာ ရှိပါတယ်”

“ပြောပါ” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

“နတ္ထိဘုံတိုက်ပွဲက ရီဖူရှင်းကြောင့် အနိုင်ရခဲ့တယ် ဆိုတာ သေချာပေမဲ့ တိုက်ပွဲ အဆုံးသတ်ခါနီးမှာ လုပ်ခဲ့တာက သူ့အမှား သက်သက်ပဲ။ ဒါကြောင့် တန်ခိုးရှင်တွေကို သူနဲ့လိုက်ပါပြီး ကာကွယ်ခိုင်းတာက နည်းနည်း များတယ်လို့ ထင်ပါတယ်”

ရှားရှင်းယွန်က ရှောင်ရှမ်းအား ကြည့်ကာ မေးသည် … “ဒါဆို ငါက ရီဖူရှင်းကို ဆုလာဘ်ပေးတာ များတယ်လို့ မင်း ထင်တာလား”

“မှန်ပါတယ်။ တိုက်ပွဲအဆုံးသတ်မှာ သူက အလံကို ချိုးဖျက်လို့ ရပေမဲ့ မလုပ်ခဲ့ဘူး။ သူက သူ့ကိုယ်ကျိုးအတွက် အင်ပါယာလီဘုံက တန်ခိုးရှင်တွေကို သတ်ဖြတ်လိုခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ အင်ပါယာရှားဘုံက တန်ခိုးရှင်တွေ အများအပြား သေကျေခဲ့ရတယ်။ ဒါက သူ့အမှား မဟုတ်ဘူးလား။ ဒါပေမဲ့ အားလုံးက သူ့ကို လေးစားနေကြတဲ့ အချိန်မှာ လူအများရှေ့မှာ ကျုပ်က ဒီကိစ္စကို မပြောရဲဘူး။ မင်းသမီးက ဒီကိစ္စကို သေသေချာချာ စဉ်းစားကြည့်စေ လိုပါတယ်”

“ကျင့်ကြံခြင်းမှာ စိတ်နှလုံးကို ကျင့်ကြံခြင်းကလည်း အရေးပါတယ်။ တန်ခိုးရှင်တွေရဲ့စိတ်က အမှားကင်းတယ် ဆိုပေမဲ့ အပြစ်အနာအဆာ ကင်းတဲ့သူရယ်လို့တော့ မရှိဘူး။ ဘုံသုံးခုအကြား ဘယ်သူတို့က အင်အားအကြီးဆုံးလဲ  ရှင်သိလား …” ရှားရှင်းယွန်က မေးသည်။

“အင်ပါယာလီဘုံက အင်အားအကြီးဆုံးပဲ။ အင်ပါယာရှားဘုံနဲ့ ဒီမွန်းဘုံတို့က အင်အား အတူတူလောက်ရှိမယ်” ရှောင်ရှမ်းက ပြောသည်။

ရှားရှင်းယွန်က ပြောသည် … “ဒီအတိုင်း စဉ်းစား ကြည့်ရင်တောင် ရီဖူရှင်တို့ မပါဘဲ ငါတို့က တိုက်ခိုက်ရင် လူတွေ ဘယ်လောက် သေကျေကြမယ်လို့ မင်းထင်လဲ”

ရှောင်ရှမ်းက ခေါင်းငုံ့လိုက်သည်။ သူဘာမှ မပြောနိုင်ပေ။

“အားလုံးမှာ ကိုယ်ကျိုးစီးပွား အတွက် ကွဲပြား ခြားနားတဲ့အမြင်တွေ ရှိတယ်။ ငါကိုယ်တိုင်လည်း အပြစ်မကင်းဘူး။ ဒါပေမဲ့ ငါက အမှားနဲ့ စွမ်းဆောင်ရည်ကို တိုင်းတာ တတ်တယ်။ သူက အမှားသေးသေးလေး လုပ်ရင်တောင် သူစွမ်းဆောင်ပေးတာက ဆုလာဘ်များများ ပေးဖို့ ထိုက်တန်တယ်။ ငါတို့က ဆယ်နှစ်တိတိ နတ္ထိဘုံကို အုပ်ချုပ်နိုင်တယ်။ ၇ရက်စာ သူ့ကို ပေးတာက ဘာမှ မပြောပလောက်ဘူး”

“ရှင်က တခြားလူတွေကို မဝေဖန်ခင် ကိုယ့်ကိုယ်ကိုယ် မြင်အောင် ကြည့်ပါ “ရှားရှင်းယွန်က ရှောင်ရှမ်းအား ပြောသည်… “ရှင်သွားလို့ရပြီ”

ရှောင်ရှမ်းက ခေါင်းငုံ့ကာ ဦးညွှတ်ကာ ထွက်သွားသည်။ ရှားရှင်းယွန်က ထိုမျှ စကားပြောသည်မှာ ပထမဆုံးဖြစ်ဟန် ရသည်။

ရှောင်ရှမ်းက သူမ၏ဝမ်းကွဲအစ်ကိုမဟုတ်ခဲ့ပါက ထိုမျှ ပြောမည် မဟုတ်ပေ။

“လီယောင် … ဒါက ဘာသဘောလဲ” အဝေးမှ လူရိပ်တစ်ခုအား မြင်ကြရသည်။ လူရိပ်များ တစ်ခုပြီးတစ်ခု မြန်ဆန်စွာ ရောက်လာခဲ့ကြသည်။

ရှားရှင်းယွန်က ထိုနေရာသို့ ကြည့်ကာ မျက်မှောင်ကြုတ်သည်။ သူမကလည်း ဖီးနစ်ငှက်ပြာပေါ်သို့ တက်ကာ လေထဲသို့ ပျံသန်းသည်။

သူမ၏ရှေ့တွင် လူတစ်စု ပေါ်လာသည်။ လီယောင်အပြင် သူနှင့်အတူ ရှန့်ထိုအချို့တို့လည်း ပါလာကြသည်။

“နတ္ထိဘုံရဲ့ တိုက်ပွဲက ပြီးသွားပြီ။ ဒီနေရာက အခု အင်ပါယာရှားဘုံရဲ့ အပိုင်နယ်မြေပဲ။ မသက်ဆိုင်တဲ့သူတွေ အနားလာခွင့် မရှိဘူး” ဗိုလ်ချုပ်ထန်က အေးစက်စွာ ပြောသည်။

လူအများအပြားက လီယောင်အား ကြည့်သည်။

“ကျုပ်က အားလပ်နေတာနဲ့ ဒီဘက်သို့ လမ်းတစ်ခေါက် လာလျှောက်တာ။ မင်းသမီးနဲ့လည်း တွေ့ရတာပေါ့” လီယောင်က ပြုံးလျက် ပြောသည်။

ရှားရှင်းယွန်က မျက်မှောင်ကြုတ်ကာ စိတ်ဖြင့် တော်ဝင် ဗိုလ်ချုပ်များအား မေးသည် … “သူတို့ အရေအတွက်များလား”

သည်လူများက သည်နေရာသို့ လာရဲမှတော့ အင်အားက နည်းမည် မဟုတ်ပေ။

“ဒီအနားမှာ တခြား ရှန့်ထိုတွေလည်း ရောက်လာ နေကြတယ်။ တချို့ရှန့်ထိုတွေက အဆင့်မြင့်ကြတယ်။ မင်းသမီးက နောက်ဆုတ်သင့်တယ်” ဗိုလ်ချုပ်ထန်က ပြောသည်။

“မလိုဘူး” ရှားရှင်းယွန်က ဆိုသည်။ လီယောင်က သူမအား ဘာမှ လုပ်ရဲမည် မဟုတ်ပေ။

“လီယောင် … ဘုံသုံးခုက သဘောတူညီချက် ရထားပြီးပြ။ ဒီနေရာကို အင်ပါယာရှားဘုံက အုပ်ချုပ်တယ်။ ခွင့်မပြုဘဲ ဝင်လာတာက ကျူးကျော်တာပဲ” ရှားရှင်းယွန်က အေးစက်စွာ ပြောသည် … “တကယ်လို့ အင်ပါယာလီဘုံက လူတွေ ဒီနေရာသို့ နောက်တစ်လှမ်း ဝင်ရဲရင် သူတို့ကို သတ်”

“ကျုပ်က ဟိုနားဒီနား သွားကြည့်ရုံတင်ပါပဲ။ ဒီလောက် အလေးအနက်ထားဖို့ မလိုပါဘူး မင်းသမီး” လီယောင်က ပြုံးလျက်ပြောသည်။ ထို့နောက် သူက တော်ဝင်တောင်ကို ကြည့်ကာ ပြောသည် … “မဟာလမ်းစဉ် အပိုင်းအစတွေ ဘယ်လောက် စုဆောင်းပြီးပြီလဲ”

“ဒါက နင်နဲ့ မဆိုင်ဘူး” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။

သူတို့ ပြောနေကြစဉ်မှာပင် များစွာသော တန်ခိုးရှင်များက ထိုနေရာမှ ထွက်ခွာ သွားနေကြသည်။

***

ရီဖူရှင်းတို့ကား ရွှမ်ကျိတောင်တွင် ရှိနေဆဲဖြစ်သည်။ သူတို့က ကောင်းမွန်သော ပညာရပ်များအတွက် များစွာသော စိတ်ဝိညာဉ် ကျောက်တုံးများအား အသုံးပြုခဲ့ကြသည်။

ထိုစဉ်မှာပင် ရီဖူရှင်းက မသက်မသာ ခံစားလာရသည်။ လူတချို့က သူ့အား စောင့်ကြည့် နေသည်ဟု ခံစားရ၏။

ရီဖူရှင်းဘေးသို့ ရာရာနှင့် မှန်နန်းတော်သခင်မတို့ ရောက်လာသည်။ တခြားသော ရှားရှင်းယွန်၏ သက်တော်စောင့်များကလည်း သူနှင့်ပိုမိုနီးကပ်သော နေရာသို့ ရွေ့လျား လာကြသည်။

ရီဖူရှင်းက ဘာမှ မထူးခြားသလို ပြုမူသည်။ သို့သော် သူက ရာရာအား စိတ်ဖြင့် မေးသည် … “သူတို့ အားကောင်းကြလား”

“ရှန့်ထိုတွေပဲ” ရာရာက စိတ်ဖြင့် ပြန်ပြောသည်။

“ငါတို့ စောင့်ကြတာပေါ့” ရီဖူရှင်းက စိတ်ဖြင့် ပြောသည်။ ရန်သူများကား အမှောင်ထဲတွင် ဖြစ်သည်။

သူတို့အား အလွန် စွမ်းအားမြင့်သူများအား ကာကွယ်ပေးထား သော်လည်း ထိုရှန့်ထိုများသာ ဝင်ရောက်တိုက်ခိုက်ပါက သူတို့အနေဖြင့် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ရီဖူရှင်း၏ စိတ်အတွင်းမှ အေးစက်နေသည်။ အင်ပါယာလီဘုံက ရှုံးနိမ့်ခဲ့သော်လည်း အရှုံးအား လက်ခံချင်ဟန်မရပေ။

ရီဖူရှင်းက ကောင်းကောင်း နားလည်သည်မှာ လီယောင်က ရှားရှင်းယွန်အား မထိရဲသော်လည်း မိမိအား သတ်ဖြတ်ရဲပေသည်။

ရှားရှင်းယွန်က သူမ၏ ကိုယ်ရံတော်များအား မိမိနောက်သို့ အဘယ်ကြောင့် လိုက်ခိုင်းသည်ကိုလည်း ရီဖူရှင်း နာလည်သည်။ ရှားရှင်းယွန်သည် အပြင်တွင် အေးစက်ဟန် ရသော်လည်း သူမကား ကြင်နာ သနားတတ်ပေသည်။

“လီယောင်ကို ခံစားမိလား” ရီဖူရှင်းက ရာရာကို စိတ်ဖြင့် မေးသည်။

“မတွေ့ဘူး” ရာရာက ဖြေသည်။ လီယောင်သည်သာ သည်နေရာသို့ ရောက်လာပါက မင်းသားသည် အားလုံး၏ ပစ်မှတ်ဖြစ်သွားပေမည်။

ထို့ကြောင့် သူ့အနေဖြင့် သည်နေရာသို့ မလာသည်က အကောင်းဆုံးဖြစ်၏။ လီယောင်က အမှန်ပင် သေသေချာချာ စဉ်းစားတွက်ချက်ထားဟန် ရသည်။

“ငါတို့ အရင်ဆုံး လှုပ်ရှားလိုက်ရင် အခြေအနေ ကောင်းနိုင်လား” ရီဖူရှင်းက မေးသည်။

“ရန်သူတွေ အခြေအနေ မသိရသေးတော့ ငါတို့ အလောတကြီး လှုပ်ရှားလို့ မရဘူး” ရာရာက ဖြေသည်။

ရီဖူရှင်း၏အမူအရာက အေးစက်နေသည်။ ရန်သူများကား အမှောင်ထဲတွင် ဖြစ်သည်။

***

All Chapters