← Chapters

အကုန်လုံး လူဆိုးတွေ

Vol. 1 Ch. 1

အကုန်လုံး လူဆိုးတွေ

Vol. 1 Ch. 1

ယောက်ျားလေးများ ရှစ်နှစ်၊ ကိုးနှစ်အရွယ်ဆိုသည်မှာ ခွေးပင် မျက်စိနောက်သည့် အရွယ် ဖြစ်သည်။

ချန်ရှီသည် အသက်၁၁ နှစ်ရှိပြီ ဖြစ်ပြီး ခွေးမျက်စိနောက်သည့် အရွယ်ကို ကျော်လွန်၍ ဟွမ်ဖောရွာ၏ အနိုင်ကျင့်ဗိုလ်ကျတတ်သော ကောင်လေးတစ်ယောက် ဖြစ်လာ​ပေပြီ။ ဘဲတစ်ကောင် သူ့အနားက ဖြတ်သွားလျှင် ဥပေးရမည် ဆိုသည့် အရွယ်မို့ လူမကြိုက် ခွေးမုန်းဟုပင် ဆိုနိုင်၏။

ယနေ့နံနက်တွင် ချန်ရှီသည် နံနက်စာစားပြီးသည်နှင့် ပန်းကန်လုံးနှင့် တူချောင်းများကို ချ၍ မြူးထူးအော်ဟစ် ပြေးထွက်သွားသည်။

"အဘိုး... ကျွန်တော် သွားကစားတော့မယ်!"

အဘိုးအိုသည် အရပ်ရှည်ရှည်၊ အနက်ရောင် ၀တ်ရုံကြီးကို ၀တ်ဆင်ထားပြီး ပင်မအခန်းရှိ ယဇ်ပလ္လင်စားပွဲရှေ့တွင် ရပ်ကာ ခေါင်းငုံ့ထားရာမှ ဒေါသတကြီးဖြင့် ဆူလေသည်။

“အဝေးကြီးကို မပြေးနဲ့... မြစ်နားကို မသွားနဲ့... ​နေ့လည်​​စော​စောပြန်​လာခဲ့..."

"သိပါပြီ!"

ချန်ရှီသည် သူ့အဘိုးပြောသမျှကို ပြီးအောင်မစောင့်ဘဲ လှစ်ခနဲ ထွက်ပြေးသွား‌တော့သည်။

ပူဇော်စင်ရှေ့တွင် အဘိုးအိုသည် ပူဇော်သက္ကာစားပွဲကို မျက်နှာမူကာ တစ်စုံတစ်ခုကို ဖြည်းညှင်းစွာ ဝါးစားနေ၏။ အချိန်အတော် ကြာပြီးနောက်တွင် သူ့လည်ဇလုတ်က ဖြည်းညင်းစွာ လှုပ်ရှားသွားပြီး ခက်ခက်ခဲခဲဖြင့် မျိုချလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် ကိုင်ထားသော ဖယောင်းတိုင်ကို ပါးစပ်ထဲသို့ထည့်ကာ တစ်ချက်ကိုက်၍ အေးအေးဆေးဆေး ဆက်ဝါး‌နေတော့၏။

ယဇ်ပလ္လင် စားပွဲပေါ်တွင် ဆီမီးခွက် နှစ်ခုရှိသည်။ တစ်ခုမှာ အမွှေးတိုင် မီးဖိုဖြစ်ပြီး အခြား ဆီမီးခွက်ပေါ်တွင်တော့ စားပြီးသား ဖယောင်းတိုင်များ၏ အောက်ခြေ အရည်များသာ ကျန်ရှိခဲ့သည်။

အဘိုးက စားပြီးသား ဖယောင်းတိုင်ကို ချ၍ အမွှေးတိုင် အနည်းငယ်ကို ထုတ်ကာ မီးညှိပြီး အမွှေးတိုင်မီးဖိုထဲသို့ ထည့်လိုက်သည်။ ထို့နောက် မီးခိုးငွေ့များကို ရှူရှိုက်ပြီး ယစ်မူးကျေနပ်သည့်အသွင် ဖြစ်သွား၏။ နံ့သာပေါင်း မီးဖိုနောက်တွင် အနက်ရောင် သစ်သားကမ္ပည်းပြား တစ်ခုလည်း ရှိသည်။

သစ်သားပြားပေါ်မှာ ရေးထားသည်က အဘိုး၏ အမည်ပဲ ဖြစ်သည်။

ချန်မိသားစု၏ ဂုဏ်သရေရှိဘိုးဘေး ချန်ယင်တု၏ ဝိညာဉ် သစ်သားကမ္ပည်းပြား။

"ဗိုက်ပြည့်အောင်စား၊ လူမစား​​တော့ဘူး..."

ချန်ရှီသည် အဖွားယွိကျူ၏ ခွေးကို အုတ်အုတ်ဟုခေါ်ကာ ခွေးနက်ကြီးကို လက်နက်ချတဲ့အထိ ရိုက်ပုတ်၍ တစ်ဖက်ရွာမှ ခွေးသုံးလေးကောင်ကို ခေါ်ဆောင်သွားခဲ့သည်။ အောင်ပွဲမှ ပြန်လာပြီးနောက် ငှက်သိုက်ဆောက်ရန် သစ်ပင်ပေါ်တက်လိုက်ရာ သူ့ခေါင်းကို ငှက်မေမေက ဆိတ်လိုက်တာကြောင့် သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ခဏကြာတော့ ကောင်လေးက မြွေသေတစ်ကောင်ကို ကောက်ယူပြီး ကလေးမလေးကို စနောက်သည်။ ကလေးမမှာ သူမရဲ့ အဖေနဲ့အမေကို အော်ဟစ်ရင်း ရွာအရှေ့ဘက်စွန်းအထိ ထွက်ပြေးသွားပါ၏။ မကြာခင်မှာပဲ အဘွားယွိကျူရဲ့ ဖရဲသီးခင်းမှ ဖရဲသီးများကို ခိုးယူဖို့ ရောက်လာခဲ့​ပြန်သည်။ အဘွားယွိကျူမှာ သူ့ကို သုံးမိုင်လောက်အထိ မောင်းထုတ်ခဲ့ရသည်။

ဒါက ချန်ရှီရဲ့ မထင်မရှား မနက်ခင်းလေးပါပဲ။

နေ့ခင်းဘက်တွင် ချန်ရှီသည် ရွာအပြင်ဘက်ရှိ ယွိသိုက်မြစ်သို့ ရောက်ရှိလာသည်။ အပူဒဏ်ကြောင့် ချွေးများ ထွက်နေသော်လည်း ရေထဲဆင်းဖို့ကိုတော့ သူ့ကိုယ်သူ တွန်းလှန်နေဆဲ ဖြစ်သည်။

ထိုစဥ် မြစ်လယ်မှ ရေကစားသံတွေ ကြားလိုက်ရသည်။ သူ့အသက်အရွယ် ကောင်လေးသုံးယောက်က မြစ်လယ်မှာ ရန်ဖြစ်ရင်း ကစားနေကြတာ အရမ်းပျော်နေပုံပါပဲ။ ၎င်းတို့သည် ယမန်နှစ်က နစ်မြှုပ်ခဲ့သော ရေသရဲ ၃ ကောင်ဖြစ်သောကြောင့် ချန်ရှီ ရေကစားရန် မြစ်ထဲသို့ မဆင်းရဲပေ။

နောက်ဆုံးတစ်ခေါက် ရေကစားရန် မြစ်ထဲသို့ ခုန်ချစဥ်က တစ်ကောင်က သူ့​​ခြေထောက်ကို ပွေ့ဖက်ကာ တစ်ကောင်က လည်ပင်းကို ညှစ်ထားတာကြောင့် ရေနစ်သေတော့မလို ဖြစ်သွားခဲ့ဖူးသည်။ အဘိုးက မြစ်ထဲသို့ခုန်ချကာ ရေတစ္ဆေသုံးကောင်ကို ပြင်းထန်စွာ ရိုက်နှက်၍ သူ့ကို ကယ်ဆယ်ခဲ့ရသည်။

"ချန်ရှီ.... အတူတူ ကစားရအောင် !"

ကျန်ကလေးနှစ်ယောက်သည် သူတို့၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးများဖြင့် လက်ဝှေ့ယမ်းကာ ပြောလာသည်။

"အတူတူ ကစားကြရအောင်လေ... လူလေးယောက်ဆို ပျော်စရာကောင်းမှာ!"

ကလေးကြီးတွေက ရယ်ပြီး "မကြောက်ပါနဲ့... အဲဒါက အနက်ကြီး မဟုတ်ဘူး ငါတို့ရဲ့ ခါးလောက်ပဲရှိတာ!"

"မြန်မြန်ဆင်းလာခဲ့စမ်းပါ... တစ်ယောက်တည်း ကစားရတာ ဘာ​ကောင်းလို့လဲ"

……

ချန်ရှီ သူတို့ကို လျစ်လျူရှုပြီး မိုးမခပင်အို တစ်ပင်ဆီ ရောက်လာခဲ့သည်။ ကလေးသုံးယောက်သည် မြစ်လယ်တွင် ရပ်နေကြဆဲ ဖြစ်သော်လည်း ​ခေါ်သံများကို မလုပ်ကြတော့သလို မျက်နှာပေါ်တွင် အပြုံးများလည်း မရှိတော့ဘဲ မြစ်ထဲသို့သာ ဖြည်းညှင်းစွာ နစ်မြုပ်သွားကြသည်။

"မင်းက ချန်မိသားစုထဲက လူဆိုးတစ်ယောက်ပဲ... မကြာခင်မှာ မင်းလည်း ရေနစ်ပြီး ကလေးသရဲ ဖြစ်လာလိမ့်မယ်!"

မြစ်ရေသည် တဖြည်းဖြည်း ၎င်းတို့ရဲ့ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်လုံးများနှင့် ဦးခေါင်းထိပ်များကို ဖုံးလွှမ်းသွားပြီး နောက်ဆုံးတွင် ကလေးသုံးဦးလုံး ပျောက်ကွယ်သွားခဲ့သည်။

ချန်ရှီရှေ့ရှိ မိုးမခပင်မှ ခြေ​ထောက်တစ်စုံ ဖြည်းညှင်းစွာ တွဲကျလာသည်။ စာပေပညာရှင်တစ်ဦးသည် မိုးမခပင် တစ်ပင်ပေါ်တွင် တွဲလောင်းကျနေ၏။ ချန်ရှီ မျှော်ကြည့်သောအခါတွင် တစ်ပေခန့်ရှည်သော နီမြန်းသော လျှာကို ညှစ်ထုတ်​ပြလာ​လေသည်။

ချန်ရှီး ဂရုမစိုက်ပေ။ ထိုစာဂျပိုးက အချိန်အတော်ကြာအောင် ကြိုးဆွဲချနေခဲ့ရပြီးပြီ။ သူ့ခန္ဓာကိုယ်သည်လည်း ဆွေးမြေ့သွားတာ အတော်ကြာခဲ့ပြီ ဖြစ်သည်။

သူသည် မိုးမခပင်ရှိရာသို့ လာကာ သစ်ပင်အမြစ်အောက်တွင် ကျောက်ပြားရှေ့တွင် ဖရဲသီးတစ်ခြမ်းကို ချထားကာ ကျောက်ပြားကို ငုံ့ကြည့်ရင်း ဆိုလိုက်သည်။

“ကန့်ညောင်... ကျွန်တော် ထပ်လာတွေ့တယ်... ဖရဲသီးတစ်ခြမ်းလည်း ယူလာ​​ပေးတယ်... အရမ်း အရမ်း ချိုတာနော်..."

(TN - 干娘 ကန့်ညောင်ဆိုတာ အမေအရင်း မဟုတ်ပေမယ့် အမေလို ခင်မင်ရင်းနှီးသူကို ခေါ်ခြင်း)

ဒီကျောက်ပြားက သူ့ရဲ့အမေပါပဲ။ ချန်ရှီ ငယ်ငယ်လေးတုန်းက သူ့အဘိုးက ကလေးတွေဘဝက အရာရာမှာ ကောင်းမွန်တယ်လို့ ပြောခဲ့ပေမယ့် သူ့ဘဝက မသန်မာတဲ့အတွက် သူ့ကို ထောက်ပံ့ဖို့အတွက် သန်မာတဲ့ ဘဝရှိသူတစ်ယောက်ကို သူ့အမေ လုပ်ခိုင်းရမယ်လို့ ဆိုသည်။ ဒါနဲ့ လည်ပင်းကောက်နေတဲ့ မိုးမခပင်ဆီကို ခေါ်သွားပြီး ကျောက်ပြားကို သူ့အမေဖြစ်လာဖို့ ကန်တော့ခိုင်းခဲ့သည်။

ပွဲတော်ရက်များ အတွင်း ချန်ရှီသည် သူ့အမေကို ကန်တော့ကာ နံ့သာပေါင်း ပူဇော်ဖို့ လာရောက်ရန် လိုအပ်သည်။ ကျေးလက်ဒေသ ဓလေ့ထုံးစံများက ဤကဲ့သို့ ဖြစ်တတ်သည်။

တောသူတောင်သားတွေက သူတို့ရဲ့ ကန့်ညောင်တွေကို နတ်ဘုရားတွေလို ကိုးကွယ်ကြသည်။ တချို့က ရှေးခေတ်သစ်ပင်တွေ ဖြစ်ပြီး တချို့က အမည်မသိ ကျောက်တုံးတွေ၊ တချို့ကလည်း တောင်ပေါ်ရှိ ဘုရားကျောင်းတံခါးတွေ ဖြစ်တတ်ကာ တချို့က တောင်ကုန်းပေါ်က အမည်မသိ ကျောက်ရုပ်တုတွေ ဖြစ်နေတတ်သည်။ ၎င်းက ငြိမ်သက်ခြင်းနဲ့ ပြင်ပမကောင်းမှုကနေ ကာကွယ်ဖို့ပဲဟု ဆို၏။

ဤကျောက်​ပြားသည် ရှေးမူလဇာတိဖြစ်ပြီး သဘာဝလွန် စွမ်းအားများ ရှိသည်။ ချန်ရှီကိုလည်း ကာကွယ်နိုင်ကြောင်း ပြောခဲ့ဖူးသောကြောင့် ချန်ရှီသူ့​ကို မိခင်အဖြစ် သတ်မှတ်ခဲ့သည်။ ချန်ရှီ သူ့အမေကို ဒူးထောက်ထိုင်ပြီး ကန်တော့ခဲ့သော်လည်း လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မည်သည့်သဘာဝလွန် စွမ်းအားမှ မခံစားခဲ့ရချေ။

ကျောက်​ပြားသည် ဟောင်းနွမ်းနေပြီဖြစ်၍ "အဖွား" နှင့် "သက်ရှိဝိညာဥ်" ဟူသော စကားလုံးများ အပါအဝင် လက်ရေး အနည်းငယ်ကိုသာ ယောင်ဝါးဝါး မြင်နိုင်သည်။ မြေကြီးထဲတွင် မြုပ်နေသော အခြားစကားလုံးများလည်း ရှိသေးသည်။ ကျောက်ပြားသည် သစ်ပင်အိုးကြီးရဲ့ အမြစ်များနဲ့ပါ ရောထွေးနေတာမို့ တူးဖော်လို့ မရပေ။

ချန်ရှီ ကျောက်ပြားကို ဂါရဝပြုပြီးနောက် သူ့ကိုယ်သူ ပြောနေသလိုဖြင့် ပြောလိုက်သည်။

"အမေ.... အဘိုးက အခုတလော ပိုထူးဆန်းပြီးရင်း ထူးဆန်းနေတယ်... သူက ကျွန်တော့်ကို ကျောပဲပေးထားတယ် သူ့မျက်နှာကို မတွေ့ရတာ ရက်အတော်ကြာနေပြီ... သူက ကျွန်တော့်ကို ကျောပေးပြီး ဘာစားနေလဲ မသိဘူး စားနေတာ... မနေ့မနက်က အိမ်ကကြက်တွေ အကိုက်ခံရလို့ တစ်ကောင်နှစ်ကောင် သေကုန်တယ်... ပိုးကောင်တွေကတော့ ကြက်တွေခိုးဖို့ ကျွန်​တော့်အိမ်ထဲကို မလာရဲဘူး...."

ကျောက်ပြားက သူ့ကို မတုံ့ပြန်ခဲ့ဘူး။

သို့သော်လည်း စူးရှသည့် သူ့အမြင်ကြောင့်လားမသိ၊ ကျောက်ပြားပေါ်တွင် ရေးထားသော နာမည်၌ အလင်းတန်းလေး ဖျတ်ခနဲ လက်သွားသည်ကို ချန်ရှီ တွေ့လိုက်ရသော်လည်း ခဏအတွင်း ပြန်ပျောက်သွား၏။

ထိုလူငယ်ကလည်း အလေးအနက်မထားဘဲ အမွှေးတိုင် အနည်းငယ်ကို ထုတ်ကာ မီးညှိ၍ ကျောက်စာတန်းရှေ့က မြေကြီးထဲတွင် ထည့်ထားလိုက်သည်။ သစ်ပင်ပေါ်မှ ကြိုးဆွဲချနေသည့် စာပေပညာရှင်က ထိုအခြင်းအရာကို မြင်‌ေသာအခါ စိုးရိမ်တကြီးဖြင့် သူ့ခြေထောက်များကို ကန်ထုတ်​ပြလာ၏။

"ခင်‌‌ဗျားရဲ့ ​ဝေစုလည်း ပါပါတယ်"

ချန်ရှီသည် အမွှေးတိုင် တစ်ချောင်းကို ထုတ်ကာ မီးညှိ၍ သစ်ပင်ပေါ်တွင် တွဲလောင်းကျ‌နေသည့် စာပေပညာရှင်ရှေ့၌ ထိုးစိုက်ပေးလိုက်သည်။ ထိုတစ္ဆေက နံ့သာပေါင်းကို ရှူရှိုက်ကာ ယစ်မူးနေပုံရသည်။

ထို့နောက် ချန်ရှီ ခြေလက်များကို ငြိမ့်ညောင်းစွာ ဆန့်တန်းလိုက်သည်။ သစ်ပင်အောက်တွင် ပျင်းရိစွာ လှဲချရင်း လက်ကို ခေါင်းနောက်တွင် ထားကာ သက်သောင့်သက်သာ နေလိုက်သည်။ သစ်ပင်ပေါ်မှ တွဲလောင်းကျနေသော စာပေပညာရှင်နှင့် မြစ်ထဲရှိ ရေတစ္ဆေများကို မကြောက်ပေ။ အခြားသူများ မမြင်နိုင်သည့် ဤ "လူ" များကို သူ မည်သည့်အချိန်က စတွေ့ရမှန်း မသိသသကဲ့သို့ ကျင့်သားရသည်မှာလည်း ကြာခဲ့‌ချေပြီ။

"အခုဆိုအဘိုး နေ့လည်စာ ချက်​ပြီခါနီးနေပြီ.. ဒါပေမဲ့ အခုတလော သူချက်ထားတဲ့ အစားအစာတွေက တစ်နေ့တခြား အရသာမရှိ ဖြစ်လာတယ်... မနေ့က သူချက်ထားတဲ့ ကြက်က အစိမ်းကြီး... ငါ့ကို ထမင်းကျွေးတုန်းကဆို သွေးတွေ​တောင် ထွက်နေတုန်းပဲ....အမေ အဘိုးက နည်းနည်းတော့ ထူးဆန်းနေပြီသိလား...ပြီးတော့ ကျွန်တော့်ကို စားတော့မလိုပဲ...."

ချန်ရှီက သူ့ပါးစပ်ထဲမှာ ကောက်ရိုးအညှာကို ကိုက်ထားရင်း မျက်လုံးတွေ မှိန်းထားသည်။ သူ့အသွင်က အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်နေသည့်ပုံ ပေါ်လာပြီး ခပ်တိုးတိုး ပြောလေ၏။

"မနေ့ညက အဘိုးက ကျွန်တော့်ကို ဆေးထပ်ပေးပြီး ဆေးအိုးထဲမှာလည်း စိမ်ခိုင်းတယ်... ဒါပေမဲ့ မီးက အရမ်းပူနေတာလေ... ကျွန်တော့်ကိုပါ ဟင်းချက်ပစ်ချင်နေလို့​တောင် ထင်လာပြီ...."

သိပ်မကြာခင်မှာပဲ သစ်ပင်ပေါ်မှာ တွဲလောင်းကျနေတဲ့ စာပေပညာရှင်တစ္ဆေက အမွှေးတိုင်တစ်ချောင်းကို ရှူသွင်းပြီး စိတ်အေးလက်အေးနဲ့ ပြောလာသည်။

"ငါ အဆင်ပြေသွားပြီ... တစ်ဆယ်လေး(ရှောင်ရှီ) မင်းမေးလို့ရပြီ"

——တစ်ဆယ်လေးသည် ချန်ရှီ၏ နာမည်ပြောင် ဖြစ်သည်။ အချို့က သူ့ကို မကြာခဏ ရွဲ့စောင်းကာ မောင်ရိုးသားလေး(ရှောင်ချန်)ဟုပင် ခေါ်​သေးသည်။ ချန်ရှီလည်း စိုးရိမ်စိတ်တွေကို ဘေးဖယ်ထားပြီး ရှေးဟောင်း စာအုပ်တစ်အုပ်ကို ထုတ်ကာ ဖတ်နေရင်းနဲ့ မေးလိုက်သည်။

“ဒီစာပိုဒ်ကို ကျွန်တော် နားမလည်သေးဘူး... ရစ်ကျစ်က ပြောခဲ့တယ်– အစပြုသူက အနာဂတ်မရှိ... အဲဒါကို ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲ?"

ဟွမ်ဖောရွာသည် ဝေးလံခေါင်ဖျားသော ဒေသတွင် တည်ရှိပြီး ကျောင်းများ မရှိပေ။ ချန်မိသားစုသည် အလွန်ဆင်းရဲသောကြောင့် ချန်ရှီခမျာ ပညာသင်ကြားရန် နေရာမရှိသော်လည်း ကံကောင်းစွာပင် သစ်ပင်မှာ ကြိုးဆွဲချထားသူမှာ စာပေပညာရှင် ဖြစ်သည်။ ထို့ကြောင့် ချန်ရှီသည် အိမ်မှ ရှေးဟောင်းစာအုပ် တချို့ကို မွှေနှောက်ပြီး လုပ်စရာ မရှိသောအခါ မိုးမခပင်သို့သွားကာ ပညာရှင်ကို အကြံဉာဏ် တောင်းလေ့ရှိသည်။

အမွှေးနံ့သာတွေကြောင့် ဗိုက်ပြည့်သွားတဲ့အခါ စာ​ပေတစ္ဆေက သူ့မေးခွန်းတွေကို ဖြေလိမ့်မည်။ ထို့ကြောင့် ချန်ရှီသည် ဆယ်ကျော်သက် အရွယ်တွင်ပင် ကဗျာနှင့် စာအုပ်များကို ဖတ်ရှုပြီး​ပြီ ဖြစ်သည်။

စာပေတစ္ဆေ: "ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က သမားတော်ကပြောတယ်... ငါ့ကိုစော်ကားတဲ့ ပထမဆုံးလူက ငါ့ကြောင့် သားမြေးမြစ်တွေအထိ သေတဲ့အထိ ရိုက်နှက်ခံရတယ်တဲ့.... ဆရာကြီး ပြောပြချင်တာက ငါတို့လုပ်သမျှ ကိစ္စတိုင်းကို အမြစ်ကနေ ဖယ်ပစ်ရမယ်... အထူးသဖြင့် ငါတို့ကို စော်ကားတဲ့သူတွေ... "

ချန်ရှီက စိတ်ရှုပ်စွာနဲ့ ခေါင်းညိတ်ကာ စာကြောင်းတစ်ကြောင်း ထပ်ဖတ်ပြသည်။

"အခုရောက်ရင် ငြိမ်းချမ်းစေတော့... အဲဒါကျတော့ ဘယ်လို ရှင်းပြရမလဲ"

စာပေတစ္ဆေ: "ရန်​သူ​က ရောက်​နေပြီ ဆိုမှတော့ ထွက်မသွားနဲ့တော့... ဒီမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း အနားယူတော့တဲ့..."

"ဒါဆို ဒီစာကြောင်းကရော ချွမ်းရှန့်ရစ်မှာ ပြောထားတာ - သေဆုံးသွားတဲ့သူက ဒီလိုပါပဲ.... နေ့ရောညပါ အရှုံးမပေးပါဘူး အဲဒါကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ရမလဲ"

“ဆရာကြီး ပြောချင်တာက ငါ့လို တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ဟာ မြစ်ကမ်းဘေးမှာ ရပ်နေလိမ့်မယ်...မြစ်ကမ်းဘေးမှာ ရပ်ပြီး ရန်သူ့အိမ်က လူတွေရဲ့ အလောင်းတွေကို မြစ်ထဲ နေ့ရောညပါ မျောပါနေတာကို နေ့ရောညပါ စောင့်ကြည့်ရမယ်... ဆရာကြီးက အရမ်း တန်ခိုးကြီးတာပဲ ရန်သူရဲ့ အလောင်းတွေကို သတ်ပစ်ရင်း မြစ်ကမ်းကို လှမ်းကြည့်နေတာပဲကွ... ငါတို့လို စာပေ ပညာရှင်တွေလည်း ဆရာကြီးဆီက ပိုလေ့လာရမယ်"

……

ချန်ရှီသည် သူနားမလည်တဲ့ မေးခွန်းအားလုံးကို မေးတိုင်း စာပေပညာရှင်တစ္ဆေက သွက်သွက်လက်လက် ပြန်ဖြေခဲ့သည်။ လူငယ်လေးက သူ့ကို အရမ်းလေးစားသွားပြီး ခေါင်းကို မော့ကာ ပြောလိုက်သည်။

“ကျွန်​တော် ကြီးလာရင် ဆရာ​ကြီးလိုပဲ လုပ်မယ်... လူတွေကို သိက္ခာရှိရှိ စည်းရုံးပါ ... ဒါနဲ့ ကျူးယို​ချိုင်... ခင်ဗျားက အရမ်း ထက်မြက်ပြီး ပညာတတ်ကြီးကို ဘာလို့ ဒီမှာ ကြိုးဆွဲလာချနေတာလဲ?"

ပညာရှင်တစ္ဆေက သက်ပြင်းတစ်ချက်ချကာ ပြော၏။

“အဲဒီနေ့က တရားရုံးမှာ အာဏာရ သစ္စာဖောက်တွေ လူကြမ်းတွေက စာပေဌာနကို ချုပ်ကိုင်ထားတယ်လေ... ငါက အတွေ့အကြုံတွေနဲ့ ပြည့်စုံပေမဲ့ ဆယ်ခါလောက် စာမေးပွဲကျလို့ ကဲ့ရဲ့လိုက်​ကြတာဆိုတော့... သူတော်စင်တွေရဲ့ သင်ယူမှုကို ကြည့်ပြီး ငါ့မိသားစုကို မျက်နှာချင်တောင် မဆိုင်ရဲတော့ဘူး... အဲဒါနဲ့ ငါ ဒီမှာပဲ ကြိုးဆွဲချ သေလိုက်တာ!"

ဒီစကားကို ပြောလိုက်သည့်အခိုက်တွင် လှည်းဘီးသံများ ရုတ်တရက် ကြားလိုက်ရသဖြင့် ချန်ရှီ စာအုပ်ကိုပိတ်ကာ မတ်တပ်ထရပ်၍ ကြည့်လိုက်သည်။ လမ်းမပေါ်တွင် သိမ်မွေ့ပြီး လှပသော မြင်းများဆွဲသည့် ရထားလုံးကို မြင်လိုက်ရ၏။

အနီရောင် ငါးပျံဝတ်စုံကို ဝတ်ဆင်ထားသည့် ကြွက်သားတောင့်တောင့်နှင့် အမျိုးသား တစ်ဦးက မြင်းမောင်းသမား နေရာမှာ ထိုင်နေသည်။ သူ့ပုံစံက အလွန်စွမ်းရည်ရှိပြီး သူ့မျက်လုံးများက မီးရှူးမီးပန်းကဲ့သို့ စူးရှလျက် ရှိ၏။

"လူကြီးမင်း၊ ကလေးတစ်ယောက် ရှိတယ်"

ယောက်ျားတစ်ယောက်က မြင်းကျောပေါ်ကနေ ရထားလုံးပေါ်ကလူကို ဦးညွှတ်လိုက်သည်။

"ကလေးလား? ကောင်းတယ် ကောင်းတယ်"

ထိုစဥ် ရထားလုံးပေါ်မှ အမျိုးသမီးတစ်ဦး၏ အသံလည်း ထွက်လာသည်။

"ကလေးဆိုတာ ရိုးရှင်းတယ်၊ အကြံအစည် မရှိဘူး... ကိုင်တွယ်ရလွယ်တယ်၊ ဒုက္ခလည်း မပေးတတ်ဘူး.... ဖန်းဟဲ့ သွားမေးကြည့်"

"ဟုတ်ကဲ့!"

ငါးပျံဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦးက ဆင်းလာပြီး ချန်ရှီထံ လျင်မြန်စွာ ရောက်လာသည်။ သူက လက်ချောင်းအရွယ်ရှိ ငွေတုံးတစ်တုံးကို ကြင်နာသော အပြုံးဖြင့် ထုတ်ယူကာ ဆိုသည်။

“ကလေးလေး...ဒီငွေကို လိုချင်လား... မင်းကို ချိုချဉ်တုတ်ထိုး ဝယ်ကျွေးမယ်လေ... အစ်ကိုက မင်းကို တစ်ခုလောက်မေးချင်တယ်... မင်း ဒီရွာမှာ ကစားတုန်းက ကလေးတွေကို မြင်ဖူးလား...သူတို့က ကြည့်လိုက်ရင်တော့ လူနဲ့ မတူဘူး.... ကြွေရုပ်လေးတွေလို ထူးဆန်းတဲ့ ပုံစံလေးတွေနဲ့.... "

ကျူးရှို့ချိုင်က သစ်ပင်ပေါ်တွင် ချိတ်ဆွဲကာ သတိနိုးကြားစွာ လှမ်းပြောသည်။

"တစ်ဆယ်လေး... သူ့ကို ဂရုမစိုက်နဲ့ ! ဒီလူက မြို့ထဲက ငွေဝတ်အစောင့်... အားကောင်းတဲ့ လင်းယုန်ခွေးပဲ... သူ့မှာ မကောင်းဆိုးဝါး ရည်ရွယ်ချက်တွေ ရှိတယ်... ငွေဝတ်အစောင့်တွေရဲ့ ပိုက်ဆံတွေကို ယူတာက အသက်ပေးတယ်လို့ ခေါ်တယ်... ပိုက်ဆံယူ​ပြီးရင် မင်းအသက်ဆုံးရှုံးဖို့ သတိထားရတော့မှာ"

မင်မင်းဆက် ဖြစ်ဆဲဖြစ်သော်လည်း နယ်ချဲ့အာဏာသည် နှေးကွေးပြီး ပြည်တွင်းဂုဏ်သရေရှိ တော်ဝင်အစောင့်များသည် တော်ဝင်ကိုယ်ရံတော်များ မဟုတ်တော့ဘဲ မိသားစုကြီးများက ထိန်းသိမ်းထားသော ကိုယ်ရံတော်များဖြစ်လာကြပြီး အများအားဖြင့် ထိုမိသားစုအတွက် အလုပ်လုပ်ကြသည်။

ချန်ရှီက ငါးပျံဝတ်စုံဝတ်လူ၏ လက်ထဲမှ ငွေတုံးလေးကို စိုက်ကြည့်ရင်း အရမ်းလိုချင်သော်လည်း ခေါင်းခါပြလိုက်၏။

"ကျွန်​တော့်အဘိုးက သူစိမ်းတွေဆီက ပစ္စည်းတွေကို မယူရဘူးလို့ ပြောထားတယ်..."

ငါးပျံဝတ်စုံဝတ်အမျိုးသားက ပို၍ ဖော်ရွေသည့်အသွင်ဖြင့် ပြုံးပြုံးရွှင်ရွှင် ထပ်ပြော၏။

"ငါ့နာမည်က ဖန်းဟဲ့... အစက တစ်ယောက်နဲ့တစ်ယောက် မသိတဲ့ သူစိမ်းတွေဆို‌ပေမဲ့ အခု မင်းငါ့နာမည်ကို သိသွားပြီ... ငါတို့က ​တစ်ယောက်နဲ့ တစ်ယောက် သူစိမ်းတွေ မဟုတ်တော့ဘူးမလား..."

ချန်ရှီ ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး ငွေစတစ်ခြမ်းကို ဖမ်းယူလိုက်သည်။

ဖန်းဟဲ့ ပြုံးပြီး "ငါတို့က သူငယ်ချင်းတွေဆိုတော့ ကြွေရုပ်တွေနဲ့တူတဲ့ အဲဒီကလေးတွေကို မြင်ဖူးရင် ပြောပြလို့ရမလား"

ချန်ရှီက ခေါင်းညိတ်ပြီး "ခင်ဗျားပြောခဲ့တဲ့ ကလေးတွေက အရပ်က တစ်ပေအောက်ပဲ ရှိတယ်.... အုပ်စုလိုက် ပေါ်လာတာလား"

ဖန်းဟဲ့က ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြသည်။ ထို့နောက် ရထားလုံးဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့အသံက တုန်တုန်ယင်ယင်နဲ့။

"လူကြီးမင်း... အဲဒီဟာ တကယ် ဒီမှာရှိတယ်..."

စကားမဆုံးခင်မှာပင် ရထားပေါ် မွှေးရနံ့တစ်ခုက သူ့မျက်နှာရှေ့မှ ဖြတ်သန်းသွားကြောင်း ချန်ရှီ ခံစားလိုက်ရသည်။ ထို့နောက် သစ်ပင်အောက်၌ ခရမ်းရောင် အဝတ်အစား ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရပါ၏။

ငါးပျံဝတ်စုံဝတ်ထားသော တခြား အမျိုးသားများကလည်း မြင်းတွေပေါ်က အမြန်ဆင်းပြီး ချန်ရှီနှင့် ခရမ်းရောင်ဝတ် အမျိုးသမီးကို ဝန်းရံထားဖို့ သစ်ပင်ဆီသို့ ပြေးလာကြသည်။

ခရမ်းရောင်အဝတ်အစား ဝတ်ထားသော အမျိုးသမီးသည် လှပသော အသွင်အပြင်နှင့် နှင်းဖြူရောင် အသားအရည်ရှိသည်။ သူမသည် ခရမ်းရောင် ငါးပျံဝတ်စုံနှင့် မြင်းမျက်နှာစကတ်ကို ဝတ်ဆင်ထားသည်။

"​မောင်လေး အဲဒီကြွေရုပ်​လေးတွေကို မင်းမြင်ဖူးလား.... အဲဒါတွေက ဘယ်မှာလဲ"

ချန်ရှီးက မဖြေဘဲ ခရမ်းရောင်ဝတ် အမျိုးသမီးရဲ့ ပုခုံးကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်နေ၏။

ခရမ်းရောင် ၀တ်ထားသော အမျိုးသမီးသည် အနည်းငယ် ထိတ်လန့်သွားကာ ခေါင်းကို လှည့်ကာ သူမပုခုံး​​ပေါ်ကို လှည့်ကြည့်သော်လည်း ဘာအမှားမှ မတွေ့ရပေ။

"​ညီလေး မင်းကို လူကြီးက မေးနေရင် ဖြေလေ!"

လူတစ်ယောက်က ထွက်လာပြီး သူ့အာဏာကို ပြချင်လာ၏။

ချန်ရှီ အမျိုးသမီး၏ ပုခုံးကို လှမ်းကြည့်ရသည့် အကြောင်းရင်းမှာ ပညာရှင်၏ ခြေထောက်များသည် ယခုအချိန်တွင် အမျိုးသမီး၏ ပုခုံးပေါ်တွင် ကျရောက်နေသောကြောင့်သာ ဖြစ်သည်။ အမျိုးသမီး ရပ်နေသည့် နေရာသည် ပညာရှင်ကိုယ်တိုင် ကြိုးဆွဲချသေသည့် နေရာက ကွက်တိပင်။

ခရမ်းရောင်ဝတ် အမျိုးသမီးသည် စကားပြောနေသော ယောက်ျားကို တစ်ချက် ကြည့်လိုက်ရင်း သူမမျက်နှာက မည်းမှောင်သွားသည်။

"အတင့်ရဲနေတာလား!"

ထိုလူလည်း ကမန်းကတန်း ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် ခရမ်းရောင်ဝတ် အမျိုးသမီးက ရွှင်မြူးစွာ ပြုံးပြလိုက်၏။

"မောင်လေး... ငါတို့က ရွာသစ်ဘက်ကလာတာ၊ လူဆိုး​တွေ မဟုတ်ပါဘူး..."

ချန်ရှီ ခေါင်းကို မော့ပြီး အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။

"အစ်မကြီးက အရမ်းလှတာပဲ... ကျူးယိုချိုင်ထက်တောင် ပိုလှတယ်!"

ခရမ်းရောင် ၀တ်ထားတဲ့ အမျိုးသမီးက ထိုစကားကြားတော့ အရမ်းဝမ်းသာသွားပုံဖြင့် ပြုံးလေ၏။

"ဒီကလေးက စကားပြောတတ်သားပဲ... သူ့အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခု ချန်ထားပေးလိုက်ပါ့မယ် ဒါပေမဲ့ ကျူးယိုချိုင်ဆိုတဲ့ နာမည်က မိန်းမနာမည်နဲ့ သိပ်မတူဘူး... လှပတဲ့ မိန်းမလို့ ထင်ရပေမဲ့ သူ့တိုင်းပြည်က သူ့ကို ရိုင်းစိုင်းတဲ့ နာမည်ပေးခဲ့တာ ဖြစ်မယ်"

All Chapters