← Chapters

အလင်းသုံးပါးကျင့်စဥ်

Vol. 1 Ch. 4

အလင်းသုံးပါးကျင့်စဥ်

Vol. 1 Ch. 4

"ရှင်းရှန်ကလူတွေ ရတနာတွေလိုက်ရှာဖို့ ဒီကိုလာကြတာက ထားပါ... ဘာလို့ လူတွေကို သတ်ပြီး နှုတ်ပိတ်ချင်နေတာလဲ"

ကြွေရုပ်အဖြစ် အသွင်ပြောင်းထားသော ချန်ရှီသည် ဤနတ်တစ္ဆေဘုံထဲမှ လွတ်မြောက်သွားလေပြီ။ သူဟာ တောင်တန်းများပေါ်၌ ပြေးလွှားခုန်ပေါက်နေပုံမှာ တောနှင့် အလွန်လိုက်လျောညီထွေ ရှိ​​နေသည်။

ဟွမ်ဖောရွာမှ ရွာသားများသည် ဘုရင်ကျန်း၏ အုတ်ဂူကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ကြ။ ချန်ရှီသည်လည်း ထိုဘုရင်၏ အုတ်ဂူထဲရှိ ရတနာများကို ဂရုမစိုက်ပေ။ အကယ်၍ လူများက ရတနာများကို လိုက်ရှာပြီး လူသတ်ရန် ကြံရွယ်ထားလျှင် သူက ကျေကျေနပ်နပ်ပင် စစ်မှန်သော ဘုရင်ကျန်း၏ အုတ်ဂူဆီသို့ ပို့ဆောင်ပေးလိုက်မှာပဲ ဖြစ်သည်။

ရတနာလိုက်ရှာတဲ့ လူအုပ်စုတိုင်းက သူ့ကို သတ်ပစ်ချင်ကြတာလေ။ ကြွေရုပ်ဖြစ်သွားတာကတော့ သနားစရာပါပဲ။

သူသည် တောထူထပ်သော နေရာများကို ဖြတ်၊ မြစ်များကို ဖြတ်ကူးကာ အခြားထူးဆန်းသောနေရာသို့ ရောက်သွားခဲ့သည်။

လမ်းနှစ်ဖက်တွင် ထင်းရှူးပင်များ၊ ကျောက်ခဲများ ထူထပ်စွာ ခင်းထားသော လမ်းများနှင့် ကျောက်လှေကားများ ရှိသည်။ ထိုသစ်ပင်များ၏ အခေါက်များက ကြမ်းတမ်းပြီး အကိုင်းအခက်များက ခိုင်ခံ့ပါသည်။ သစ်ပင်ရှေ့တွင် သုံးပေခန့်မြင့်သော ကျောက်လူသားနဲ့ ကျောက်သားရဲရှိ၏။

ဒီဟာက ခရမ်းရောင်ဝတ် အမျိုးသမီးနှင့် အခြားသူများ ရှာဖွေနေသည့် စစ်မှန်သော ဘုရင်ကျန်း၏ သင်္ချိုင်းဂူပဲ ဖြစ်သည်။ ဘုရင်ကျန်းအုတ်ဂူနှင့် မီးဖိုကြား အကွာအဝေးသည် နှစ်မိုင်သုံးမိုင်သာ ရှိသော်လည်း တောင်ပေါ်ရှိ မြေမျက်နှာသွင်ပြင်မှာ ထူးဆန်းပြီး လမ်းပြမည့်သူ မရှိလျှင် ရှာရခက်​ပေသည်။

သို့သော် ချန်ရှီသည် ဤလမ်းကို အလွန်ရင်းနှီးသူ ဖြစ်သည်။ ဒီနေရာက ကန်းယန်တောင်။ အရင်က သူနဲ့ သူ့အဖိုးသည် ဤတောင်ပေါ်သို့ အချိန်အတန်ကြာ ဝင်လာဖူး၏။ မြက်ပင်တစ်ပင်ချင်းစီကို မှတ်မိတယ်လို့ မပြောဝံ့သော်လည်း သစ်ပင်တစ်ပင်စီ ပေါက်​နေသည့်နေရာကို အတိအကျကိုတော့ သိသည်။

ချန်ရှီ ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်ရာ ခြေထောက်များက ခြေရင်းရှိ ကျောက်တုံးများနှင့် တိုက်မိစဉ် စူးစူးဝါးဝါး အသံ ထွက်လာသည်။ လူငယ်လေးမှာ လန့်ဖျပ်သွားလေ၏။ သူ့ခြေဖဝါးကို အနီးကပ်ကြည့်လိုက်ရာ ခြေချောင်း သို့မဟုတ် ခြေဖမိုး ကျိုးမသွားတာကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည်။

သတိမထားမိပါက ကွဲကြေသွားတတ်သည့် အခြေအနေပင်။

သူ သင်္ချိုင်းဂူရှေ့သို့ လျှောက်သွားရာ သူ့ခန္ဓာကိုယ် ရွေ့လျားလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်ရုပ်ထုများကလည်း တုန်လှုပ်သွားတာကို တွေ့လိုက်ရသည်။

သစ်ပင်များက ယိမ်းနွဲ့ကာ ၎င်းတို့ရဲ့ အကိုင်းအခက်များသည် နဂါးများနှင့် စပါးအုံးမြွေများလို ထူထဲပြီး ပြင်းထန်စွာ လှုပ်ခတ်သွားကြသည်။

ကျောက်သားရုပ်ထု၏ မျက်နှာပြင်မှ ကျောက်မှုန့်များ ကျဆင်းလာသည်။ ကျောက်ရုပ်ထုထဲကနေ အသွေးအသားများ ပေါက်ဖွားလာသည့် အတိုင်းပင်။ ထိုကြီးကျယ်ခမ်းနားသော ဒဏ္ဍာရီလာ သားရဲက ပြန်လည် အသက်ရှင်လာသလိုမျိုး ပြင်းထန်သော ရောင်ဝါများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ချန်ရှီသည် တိုးလာနေသော ဖိအားကို ဆန့်ကျင်ကာ ရှေ့သို့ ဆက်လျှောက်သွား၏။ ထိုအခါ သူ့ခန္ဓာကိုယ်လေးသည် ကြွေသွားခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ကြီးထွားလာကာ အသွေးအသားအဖြစ် ပြောင်းလဲလာသည်။ ဘုရင်ကျန်း၏ သင်္ချိုင်းဂူသည် အမှန်တကယ်တွင် ပိုမိုအားကောင်းသော နတ်တစ္ဆေဘုံဖြင့် ဖုံးအုပ်ထားသည်။

ဤနတ်တစ္ဆေဘုံသည် မီးဖိုအနား၌ ရှိနေတဲ့အပြင် မီးဖိုရဲ့ အကျိုးသက်ရောက်မှုကိုလည်း ဖိနှိပ်ထားတာမို့ သူ့ကို ကြွေရုပ်မှ ပုံမှန်ခန္ဓာကိုယ်သို့ ပြန်ရောက်ရှိစေခဲ့သည်။ ချန်ရှီ ရှေ့ကို ဆက်လျှောက်သွားရာ ပတ်ဝန်းကျင်ကမ္ဘာက တောင်တန်းများဟာ လှိုင်းလုံးများကဲ့သို့ တုန်ခါသွားသည်။

ချန်ရှီဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပါပြီ။ နတ်တစ္ဆေဘုံ၏ ဘေးထွက်ဆိုးကျိုးများကို လုံးလုံးလျားလျား ဖယ်ရှားလိုက်သော်လည်း သူသည် သွားများကို အံကြိတ်ကာ ရှေ့သို့ ဆက်သွားနေသေးသည်။

သူ့ရှေ့က ကျောက်ပြားတစ်ချပ်ပေါ်က စကားလုံးတွေကတော့ ရွှေရောင်တောက်နေပြီး အဲဒီ့ပေါ်က စကားလုံးတွေကလည်း သိသိသာသာ ထင်ရှားနေ၏။ ချန်ရှီး ၎င်းပေါ်ရှိ စကားလုံးများကို ပုံဖော်ရန် ကြိုးစားနေစဉ်တွင် ခရမ်းရောင်ဝတ် အမျိုးသမီးထံမှ သိမ်းဆည်းထားသော အသားများကို ထုတ်ယူကာ ပါးစပ်ထဲသို့ ညှစ်ထည့်ကာ ဝါးလိုက်သည်။

ဝိညာဉ်အသား သူ့​လည်ချောင်းထဲသို့ ဝင်ရောက်လာသောအခါ ကြီးကျယ်ခမ်းနားသော ဝိညာဉ်ရစွမ်းအားသည် သူ့ခြေလက်နှင့် အရိုးများကို ချက်ချင်း ပြည့်စေပြီး သူ၏စစ်မှန်သောစွမ်းအင်ကို ခေါင်းနောက်ဘက်က နတ်ကွန်းတစ်ခုကို ဖွဲ့စည်းရန် လှုံ့ဆော်​ပေးခဲ့သည်။

ချန်ရှီလည်း သူ့ခန္ဓာကိုယ်မှာ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေနဲ့ ပြည့်နေတယ်လို့ ခံစားလိုက်ရစဥ် သူ့သွားတွေကို အံကြိတ်ကာ တိုးလာတဲ့ ဖိအားကို တွန်းလှန်လိုက်သည်။

ကျောက်ပြားပေါ်ရှိ အကြောင်းအရာ အများစုကို သူဖတ်ပြီးနောက် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။

"လူလေး မင်းရှေ့ဆက်သွားရင် နတ်တစ္ဆေဘုံကို လုံးလုံးလျားလျား နှိုးဆွမိလိမ့်မယ်... မင်းအဘိုး ဝင်လာရင်တောင်မှ မင်းကို မကယ်နိုင်ဘူး.... လောဘမကြီးနဲ့ ပြန်သွားပါတော့...."

စကားပြောသူသည် လူသား မဟုတ်တဲ့ ချန်ရှီနှင့် အနီးဆုံး သင်္ချိုင်းတွင်းရှိ သားရဲတစ်ကောင် ဖြစ်သည်။ လူခန္ဓာကိုယ်ဆိတ်ချိုနဲ့ ဖြစ်သည်။ ချိုက ဖြောင့်ဖြောင့်၊ နှာတံကြီးဖြင့် ဆိတ်တစ်ကောင်၏ မျက်နှာပေါ်တွင် အပြုံးက အတုအယောင် ဖြစ်သည်။ မျက်လုံးတွေက ပြင်းထန်ပြီး လူတွေကို ထိတ်လန့်စေ၏။

"မင်းအဘိုးနဲ့ ငါ ဆက်ဆံရေးကောင်းတယ်... မင်းကို ဒီမှာ မသေစေချင်ဘူး"

သင်္ချိုင်းစောင့် ဆိတ်သားရဲက သူ့မျက်နှာမှာ ပြုံးနေပေမယ့် တခြား သင်္ချိုင်းစောင့် သားရဲတွေက ကျယ်လောင်စွာ ဟောက်နေကြသည်။ သူတို့ရဲ့ အလွန်အစွမ်းထက်တဲ့ စွမ်းအင်နဲ့ သွေးတွေက တိမ်နီတွေ ဖြစ်ပေါ်လာပြီး ချန်ရှီကို အချိန်မရွေး သတ်ပစ်နိုင်သလို အနံ့အသက်တွေ ထုတ်နေ၏။

"အပြင်​မှာ ​မှောင်​​တော့မယ်..."

ဆိတ်ဦးချိုများပါသော သင်္ချိုင်းတွင်းမှ သားရဲက သူ့ကို နူးညံ့စွာကြည့်ကာ အကြံပေးလာသည်။

"မှောင်လာရင် အန္တရာယ်များတယ်...အဲ့ကျရင် မင်းသွားချင်ရင်တောင် ထွက်သွားလို့ မရဘူး"

ချန်ရှီက ဦးညွှတ်ပြီး "ကျေးဇူးတင်ပါတယ် ဦးလေးဆိတ်ကျောက်!"

သင်္ချိုင်းစောင့် ဆိတ်ချိုသားရဲက ပြုံးပြီး ဝှေ့ယမ်းပြီး "သွား၊ သွား!"

ချန်ရှီသည် လွမ်းဆွတ်စိတ်ဖြင့် လှည့်ကြည့်ပြီးနောက် ကျောက်ပြားကို ထပ်မကြည့်​တော့ဘဲ ဝမ်းနည်းစွာ ထွက်သွားလေသည်။ နတ်တစ္ဆေဘုံမှ ထွက်သွားသောအခါ ဝိညာဉ်စွမ်းအင် ဆေးစွမ်းပကားများ ကုန်ဆုံးသွားရာ ခေါင်းနောက်ဘက်ရှိ နတ်ကွန်းလည်း ပျောက်ကွယ်သွားလေသည်။

ချန်ရှီ သက်ပြင်းချလိုက်ပြီး သူ့အမူအရာက အနည်းငယ် မှုန်မှိုင်းသွားသည်။

အသုံးမကျတဲ့လူ မဖြစ်ချင်ဘူး။

သူလည်း တခြားကလေးများလို ဖြစ်ချင်သည်။ စာကျက်နိုင်၊ လေ့ကျင့်နိုင်၊ ခရိုင်နှင့် ပြည်နယ် စာမေးပွဲများတွင် ပါဝင်ကာ စာသင်သား ဖြစ်ချင်သည်။

သူ့အဘိုးကို ဂုဏ်ယူစေချင်တဲ့အပြင် သူ့အဘိုး သူ့ကို တစ်သက်လုံး ပြုစုစောင့်ရှောက်မှာကိုလည်း မလိုလားချေ။

"မကြာခင် မှောင်တော့မယ်!"

ချန်ရှီ ရွှင်မြူးကာ ခေါင်းကိုမော့၍ ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ့မျက်နှာအရောင် အနည်းငယ် ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် ပြေးတော့သည်။

ကောင်းကင်တွင် နေကြီးကြီးနှစ်စင်း ရှိနေသည်။ လက်ဝဲဘက် တစ်ခုနှင့် ညာဘက်တွင်တစ်ခု။ ကောင်းကင်အလယ်၌ တွဲလောင်းကျနေသော နေမင်းကြီးက ယခုအချိန်တွင် တောက်လောင်နေဆဲပင်။ ပူပြင်းသော နေရောင်များသည် မျက်လုံးတစ်စုံကဲ့သို့ တဖြည်းဖြည်း ကျဉ်းလာသည်။

အမြင်အာရုံသာ ကောင်းနေရင် နေနှစ်စင်းရဲ့နောက်ကွယ်က ကောင်းကင်ယံမှာ လွင့်မျောနေတဲ့ မျက်နှာကြီးကို မြင်နိုင်သလို နေနှစ်စင်းဟာလည်း အဲဒီမျက်နှာရဲ့ မျက်လုံးတွေဆိုတာ သိနိုင်ပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ထိုမျက်လုံးများသည် ဖြည်းညှင်းစွာ မှိတ်သွားပြီး မျက်ခမ်းအောက်မှ အဆုံးမဲ့မီးများ စီးဆင်းကာ မြေပြင်အထက် မိုင်ရှစ်ဆယ်ကျော် ကောင်းကင်ပြင်သို့ စိမ့်ထွက်နေသည်။ နေဝင်ချိန်က မိုင်ပေါင်းထောင်ချီသော မီးပင်လယ်ကြီးကဲ့သို့ တောက်ပနေသည်။

ထိုမျက်နှာနောက်တွင် အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု ပေါ်ပျဉ်ခွေထိုင်ကာ အမှောင်ထုကြီးထဲတွင် ပုန်းနေပုံရသည်။

ဤမြင့်မြတ်သော သတ္တဝါသည် အနောက်နွားရှင်းကျိုး၏ တစ်ဆူတည်းသော နတ်ဘုရားဖြစ်သည်။ နတ်ဘုရား လေထုထဲ၌ ကြီးကျယ်ခမ်းနား၍ အကန့်အသတ်မရှိ ထိုင်နေသည့် အချိန်အခါက နေ့အချိန်ဖြစ်၍ မျက်လုံးများက သဘာဝတရားဖြင့် တောက်ပနေပါသည်။

မျက်လုံး မှိတ်ထားလိုက်သောအခါတွင် မှောင်မိုက်နေပြီ။ မျက်ခုံးမွှေးများကြားမှ ဒေါင်လိုက် မျက်လုံး တဖြည်းဖြည်း ပွင့်လာ၍ နေရာအနှံ့ တောက်ပနေလျှင် ညဘက်တွင် အရာအားလုံးကို မြင်နေရပေလိမ့်မည်။

ကောင်းကင်မြေကြီး မှောင်လာသည်နှင့်အမျှ ထူးဆန်းသော အရာအချို့ဟာ လရောင်​​အောက်တွင် နိုးထလာပေမည်။ အဲဒီအချိန်က အပြင်ထွက်ရန် အလွန်အန္တရာယ် များပါသည်။

ဤအချိန်တွင် အပြင်မှလူများသည် မမှောင်မီ ပုန်းအောင်းရန် လုံခြုံသောနေရာကို ရှာဖွေထားဖို့ လိုအပ်လေသည်။ မဟုတ်ပါက ၎င်းတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေမည်မှာ သေချာ၏။

"နေဝင်ချိန်" ၏ အမှတ်အသား ဖြစ်သည့် ကောင်းကင်က တဖြည်းဖြည်း နီရဲလာသည်။

ဘုရင်ကျန်းအုတ်ဂူ၊ နတ်တစ္ဆေဘုံ။

ဆိတ်ချိုသားရဲသည် ပိုပိုပြီး နီရဲလာနေတဲ့ ကောင်းကင်ကို မျှော်ကြည့်ရင်း မျက်လုံးတွေကို မှိတ်ပြီး ဘာတွေ တွေးနေမှန်းမသိ ငြိမ်သက်နေ၏။

"အစ်ကို အဲဒီလူသားလေးကို ဘာလို့ လွှတ်လိုက်တာလဲ?"

ကြီးမားသော သင်္ချိုင်းသားရဲတစ်ကောင် နိုးလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ခြင်္သေ့ပုံသဏ္ဌာန်၊ ခေါင်းတွင် ချိုတစ်ချောင်းနှင့် နောက်ကျောတွင် အတောင်နှစ်ဖက် ပါရှိကာ ၎င်းသည် အမြင့်နှစ်ပေကျော် ရှိသည်။

တခြားသင်္ချိုင်းထဲ၌ ဖိသိပ်ခံထားရသော သားရဲများသည်လည်း ၎င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုကြသည်။ ဆိတ်ချို သားရဲက သူတို့ လေမှုတ်နေကြတာကို စောင့်ဆိုင်းပြီးမှ ဆိုလာသည်။

“သူ့ကို သေတဲ့အထိ မနှိပ်စက်ချင်ဘူးလို့များ ထင်လား.... ဒီကလေးက ဒုက္ခရောက်တဲ့အခါတိုင်း ဒီကို ထပ်ခါထပ်ခါ ပြေးလာနေတာ... မဟုတ်ရင် ဘေးဥပဒ်​တွေကို တားဆီးဖို့ ဘုရင်ကျန်းရဲ့ တန်ခိုးနဲ့တင် အကြိမ်ပေါင်း ထောင်နဲ့ချီ သေပြီးလောက်ပြီ...ပြီးတော့ သူ့မှာ အရမ်းတော်တဲ့ အဘိုးရှိတယ်..."

ဆိတ်ချိုသားရဲက သက်ပြင်းချလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

"သူ့အဖိုးက တကယ်တန်ခိုးကြီးတယ်... မင်းတို့ မမြင်ဖူးလို့... အဲဒီတုန်းက ဘုရင်ကြီးရဲ့အုတ်ဂူထဲကို အတင်းဝင်လာလို့ ငါတို့တွေ ကိုးရက်ကိုးညလောက် ပိတ်ထားခဲ့ရတာ... ရလဒ်ကတော့ သူကသင်္ချိုင်းမှာ မြှုပ်ထားတဲ့ ကျမ်းလိပ်တစ်လိပ်ကို ယူသွားတုန်းပဲ...."

တခြားသားရဲများလည်း တိတ်ဆိတ်သွားသည်။

ဆိတ်ချိုသင်္ချိုင်းသားရဲက နည်းနည်းတော့ စိတ်ရှုပ်သွားပုံဖြင့် ရေရွတ်၏။

"သူယူသွားတာကတော့ ရေနဲ့မီး သန့်စင်တဲ့ လျှို့ဝှက်နည်းလမ်း... အလောင်းကို မသေနိုင်တဲ့ နည်းလမ်းနဲ့ မွေးမြူနည်းပဲ....ဒါပေမဲ့ ဒီကောင်ကြီး အသက်ကြီး​နေပြီလေ.. အခု သေပြီလား မသိဘူး"

ဆိတ်ချိုသင်္ချိုင်းစောင့် သားရဲက ချန်ရှီ ထွက်သွားတဲ့ လမ်းကြောင်းကို ကြည့်လိုက်ပြီး။

"သူသေပြီးပြီ ဖြစ်နိုင်တယ် နောက်ဆုံးအကြိမ် အဝေးကနေ မြင်လိုက်တုန်းက သက်ရှိနဲ့ မတူဘူး... ရေနဲ့မီး သန့်စင်တဲ့နည်းလမ်းနဲ့ ဖုတ်ကောင် ဖြစ်ချင်​နေတာများလား"

သားရဲတစ်ကောင်က "ဒီကလေးကလည်း လူနဲ့တူတာ မဟုတ်ဘူး... သူ့မှာ လူသားအငွေ့အသက် မရှိဘူး..."

သူစကားမဆုံးခင်မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု တိုးဝင်လာသည်။ သင်္ချိုင်းတွင်းက သားရဲတွေဟာ မလိုလားပေမယ့် ကျောက်တုံးဆီကို လှည့်သွားကြပါ၏။

တစ်ဖက်မှာတော့ ချန်ရှီဟာ တောထဲကနေ အမြန် ထွက်ပြေးပြီး ဟွမ်ဖောရွာကို တည့်တည့်သွားနေသည်။

ကောင်းကင်မှာ တောက်လောင်နေတဲ့ နေနှစ်စင်းဟာ တဖြည်းဖြည်း အမှောင်ကျသွားပြီ။ ကောင်းကင်ပြင်က နတ့ဘုရားအစစ်က မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ကောင်းကင်မှာ မီးတွေကလည်း တဖြည်းဖြည်း ငြိမ်းသွားပါပြီ။

တဖြည်းဖြည်းနှင့် အေးစက်သော လရောင်သည် စစ်မှန်သော နတ်ဘုရား၏ မျက်ခုံးတော် အလယ်ဗဟိုမှ ထွန်းတောက်လာသည်။ လရောင်သည် ငွေရောင်အလင်းသည် မြေကြီးပေါ်တွင် ထွန်းလင်းနေ၏။

တစ်ချိန်တည်းမှာပင် အနောက်နွားရှင်းကျိုး တစ်ခုလုံးသည် လရောင်အောက်တွင် လျင်မြန်စွာ ပြန်လည် ရှင်သန်လာသည်။ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ရှိနေသလို အိမ်တိုင်းသည် တံခါးကိုပိတ်ကာ မက်မွန်သီးများကို ဆွဲထား​လေသည်။

တစ္ဆေငိုသံကဲ့သို့ တောင်ပေါ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

တောအုပ်ထဲတွင် ကြီးမားသော ဦးခေါင်းကြီးသည် ရှုံ့ပြူးနေသော မီးပုံးပျံတစ်ခုလို ဖြည်းညှင်းစွာ လွင့်ပျံလာသည်။ ဦးခေါင်း၏ အရွယ်အစားမှာ လယ်ဧကဝက်ခန့် ဖောင်းကားလာခဲ့ကာ လရောင်အောက်မှ ချန်ရှီကို ကြည့်လိုက်သည်။

၎င်း၏ မျက်နှာကြီးပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး လူငယ်လေးဆီသို့ လွင့်ပျံလာသည်။

အဘိုးက ဒီခေါင်းကြီးကို “မကောင်းဆိုးဝါး” လို့ ခေါ်ဖူးတာ ချန်ရှီ သိသည်။

ထိုမကောင်းဆိုးဝါးများသည် ဦးခေါင်းကြီးကြီးချည်း မဟုတ်ပေ။ ညအချိန်တွင်သာ ထွက်လာ၍ လှည့်ပတ်သွားလာကာ နေမထွက်မီ ပျောက်ကွယ်သွားသည့် ထူးဆန်းသော အရာများဖြစ်သည်။

ကြုံရင် သေလိမ့်မယ်။

အရမ်းဆိုးတယ်။

သေရေးရှင်ရေး၏ အရေးကြီးသော အခိုက်အတန့်တွင် ချန်ရှီသည် နောက်ဆုံး အသားကိုစားလိုက်သည်။ ကောင်းကင်တွင် ကြယ်အလင်းများက သူ့ကိုယ်ဆီသို့ စီးဆင်းသွားပြီး သူ့ခေါင်းနောက်ဘက်၌ နတ်ကွန်းတစ်ခု ပေါ်လာသည်။

နတ်ကွန်းထဲရှိ နတ်တန်ခိုးသည် သူ့​​အရှိန်ကို တိုးမြင့်လာစေကာ ဟွမ်ဖောရွာအနားသို့ နီးကပ်လာစေလေ၏။ သူလေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုတွေက ကျောင်းတွေမှာ သင်ကြားပေးတာမျိုး မဟုတ်ပါချေ။

ကျောင်းများတွင် လေ့ကျင့်​ပေးသည့် နည်းလမ်းကို ကောင်းကင်နှလုံးချီကျင့်စဥ်ဟု ခေါ်သည်။ ချန်ရှီသည် နတ်သန္ဓေသားကို ဖြတ်တောက်ခံရပြီးနောက် ထိုကျင့်စဥ်ကို လေ့ကျင့်ရန် ကြိုးစားခဲ့သော်လည်း နတ်သန္ဓေသားမပါဘဲ သူ့စွမ်းအင် အစစ်အမှန်က အမြစ်မရှိသော သစ်ပင်ဖြစ်လာကြောင်း တွေ့ခဲ့ရသည်။ ကယ်တင်နိုင်တဲ့ နည်းလမ်းလည်း မရှိချေ။

ယခု သူအသုံးပြုသည့် စွမ်းအင်သည် အလင်းသုံးပါးကျင့်စဥ်ဟု ခေါ်သော ဘုရင်ကျန်း၏ သင်္ချိုင်းတွင်းရှိ ကျောက်ပြားပေါ်က ကျင့်စဥ် အတိအကျပဲ ဖြစ်သည်။

၎င်းက နေရောင်ခြည်၊ လရောင်နှင့် ကြယ်အလင်းတို့ကို ရည်ညွှန်း​လေသည်။ နေ၊ လနဲ့ ကြယ်တို့ရဲ့ အလင်းတန်းတွေကို စုဆောင်းပြီး ချီသန့်စင်ရမယ်လို့ ကျောက်​ပြားက ပြောထားသည်။

ဤအလင်းသုံးမျိုးအနက် နေနှင့်လ အလင်းသည် အပြင်းထန်ဆုံး ဖြစ်ပြီး ကြယ်အလင်းက အဖျင်းဆုံး ဖြစ်သည်။

သို့သော်လည်း ချန်ရှီသည် နေရောင်ခြည်နှင့် လရောင်ကို ဘယ်သောအခါမှ မရိတ်သိမ်းနိုင်ခဲ့သောကြောင့် ကြယ်အလင်းကိုသာ စုဆောင်း သန့်စင်ရတော့သည်။

ချန်ရှီသည် ဘုရင်ကျန်း၏ ဂူသင်္ချိုင်းသို့ အကြိမ်များစွာ သွားရောက်ခဲ့သည်။ မီးဖိုအတွင်းရှိ နတ်တစ္ဆေဘုံ၏ သြဇာလွှမ်းမိုးမှုကို ချိုးဖျက်ရန်အတွက် ဘုရင်ကျန်း၏ ဂူသင်္ချိုင်းသို့ အကြိမ်များစွာ သွားရင်း သင်ယူခဲ့သည်။

ဤတစ်ကြိမ်တွင် သူအောင်မြင်ရန် ပျက်ကွက်ခဲ့သော်လည်း အလင်းသုံးပါးကျင့်စဥ်ရဲ့ စာလုံး အများစုကို အလွတ်ကျက်ခဲ့၏။ ယခု ထိုစွမ်းအင်ကို ချောမွေ့စွာ စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

"ဘုရင်ကျန်းဂူသင်္ချိုင်းရဲ့ စွမ်းရည်တွေက တကယ် အံ့သြစရာ ကောင်းတာပဲ... ပုဂ္ဂလိကကျောင်းရဲ့ ကောင်းကင်နှလုံးချီကျင့်စဥ်ထက် အများကြီး သာတယ်!"

သူဟာ ကြယ်အလင်းကို စုစည်းပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးနေသည်။ သူ၏ ခြေလှမ်းများဖြင့် ဟွမ်ဖောရွာကို လှမ်းမြင်နေရပြီ။ ရွာလယ်တွင် အိမ်ခြေတစ်ရာ နှစ်ရာခန့်ရှိ၏။ ရှေး​ဟောင်းသစ်ပင်ကြီး တစ်ပင်လည်း ရှိပြီး မြင့်မားစိမ်းလန်းနေကာ တောင်ကုန်းကဲ့သို့ မြင့်မားသည်။

ဟွမ်​ဖောရွာမှ ရွာသူရွာသားများသည် အိမ်များရဲ့ အူတိုင်အဖြစ် ရှေးဟောင်းသစ်ပင်များဖြင့် ဆောက်လုပ်ကြပြီး နေအိမ်များကို အပေါ်မှ တစ်ထပ်ကို ဗဟိုပြုကာ အထပ်ငါးထပ်ဖြင့် ဆောက်လုပ်ကြသည်။

ယခုအချိန်တွင် လရောင်သည် မြေကြီးပေါ်တွင် ထွန်းလင်းနေပြီး ရှေးအကိုင်းအခက်များရဲ့ အရွက်များသည်လည်း လရောင်ကို စုပ်ယူလျက် ယိမ်းယိုင်နေလေသည်။ သစ်ကိုင်းများဟာ အလွန်စွဲမက်ဖွယ်ကောင်းသော ဝိညာဉ်မြွေများကဲ့သို့ ကခုန်နေကြသည်။

အရပ်ရှည်သော အသွင်အပြင်တစ်ခု ရွာအဝင်ဝတွင် ရပ်နေကာ ချန်ရှီကို ကြိုဆိုနေသကဲ့သို့ပင်။ သို့သော် သူ့မျက်နှာမှာ အမှောင်​တွေ ဖုံးနေသည်။

"အဘိုး!"

ချန်ရှီသည် အရပ်မြင့်မြင့်နှင့် အဘိုးအိုထံ လျင်မြန်စွာ ပြေးသွားတဲ့အချိန် သူ့ပတ်ဝန်းကျင်ရှိ လေထုရဲ့ အပူချိန်က သိသိသာသာ ကျဆင်းသွားတာကို ခံစားလိုက်ရသည်။

ထို့နောက် ဝိညာဉ်အသား၏ နောက်ဆုံးအစိတ်အပိုင်း ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားသည်။ တစ်ချိန်တည်းမှာပဲ သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းသည် အလင်းသုံးပါးကျင့်စဥ် ချီကို အသက်သွင်း၍ နတ်ကွန်းကြီး ပြိုကျမသွားအောင် တားဆီးနိုင်ခဲ့သည်။

နောက်ဆုံးတော့ နတ်ကွန်း ပြိုကျပြီး စစ်မှန်တဲ့ ချီစွမ်းအင်တွေက ဘာမှ ဖြစ်မလာတော့ချေ။ ချန်ရှီသည် သူ့စွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားတာ ခံစားလိုက်ရသဖြင့် ဝမ်းနည်းသွားသည်။

ဘုရင်ကျန်း ဂူသင်္ချိုင်းထဲက ကျင့်စဥ်ကလည်း သူ့ကို ပုံမှန်လေ့ကျင့်ရန် ခွင့်မပြုနိုင်ချေ။

“အိမ်ပြန်ပြီး ဆေးသောက်ချိန်ရောက်ပြီ”

အဘိုးအိုက သူ့ဘက်သို့ လွင့်မျောနေသည့် လူသားဦးခေါင်းကို စိုက်ကြည့်နေသည်။

"သိပါပြီ!!"

ချန်ရှီ ခေါင်းကို မော့ပြီး သူ့အဘိုးရဲ့ မျက်နှာကို မြင်ချင်ပေမယ့် လရောင်က အဘိုးရဲ့ မျက်နှာပေါ်မှာ အရိပ်တစ်ခုလို ကျရောက်နေတာကြောင့် ရှင်းရှင်းလင်းလင်း မြင်ရဖို့ ခက်ခဲစေပါသည်။ သူ့အဘိုးရဲ့ မျက်နှာကို သေသေချာချာ မမြင်ရတာ ရက်အတော်ကြာခဲ့ပြီ။

ထူးဆန်းတာက သူ့အဖိုးဘေးနားက အနံ့သင်းသင်းလေး အနံ့က အသားနံ့လို ထူးခြားပေမယ့် ချန်ရှီ အနံ့ခံလေ့ရှိတဲ့ အသားနံ့နဲ့ မတူချေ။ အနံ့ရဲ့အရင်းအမြစ်ကို သိချင်သော်လည်း အဘိုး ခန္ဓာကိုယ်ဟာ ဆေးနံ့များသာ မွှေးပျံ့သွားကာ အသယးအနံ့များစွာ ပျောက်ကွယ်သွားခဲ့သည်။

အဘိုးနှင့်မြေးတို့သည် လမ်းတစ်လျှောက် တိတ်ဆိတ်နေကြ၏။ အိမ်တိုင်းရှိ လူတိုင်းဟာ အဖိုးနှင့်မြေးကို တွေ့လိုက်ရသောအခါ လမ်းပေါ်၌ ကစားနေသော ကလေးငယ်များကို အိမ်သို့ ပြန်ဆွဲထည့်ကာ တံခါးများကိုပါ တင်းတင်း ပိတ်ထားလိုက်ကြသည်။

ချန်ရှီသည် အိမ်များရဲ့ တစ်ဖက်တစ်ချက်စီတွင် ကြည့်လိုက်ရာ အိမ်တိုင်းတွင် ဆီမီးများထွန်းထားတာ တွေ့လိုက်ရသည်။ အိမ်ထောင်ဦးစီးက ပြတင်းပေါက်မှ ကောက်ကွက်များပေါ်တွင် အရိပ်ကျနေသဖြင့် အိမ်ထဲရှိ လူများနဲ့အတူ တိတ်တဆိတ် ကြည့်နေကြတာ သိသာ၏။

“လူကောင်းတွေက အသက်မရှည်ဘူး.... အဆိုးက ပြန်လာပြီ”

အမှောင်ထဲမှာ တစ်ယောက်ယောက်က တိုးတိုးလေး ပြောနေသည်။

"အဘိုးနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း တစ်ခုခုကို ရှာတွေ့ခဲ့လား"

ချန်ရှီသည် ရွာသားများ၏ ဆွေးနွေးမှုကို ကြားသောအခါ သူ့စိတ်ထဲလည်း တွေးလိုက်မိ၏။

"သူတို့ အဘိုးကို ထိခိုက်စေချင်နေတာတော့ မဟုတ်ဘူးမလား"

All Chapters