← Chapters

စိမ်းပြာရောင် တစ္ဆေလက်သည်း

Vol. 1 Ch. 5

စိမ်းပြာရောင် တစ္ဆေလက်သည်း

Vol. 1 Ch. 5

ချန်ရှီသည် သူ့အဘိုးဆီက အနံ့အသက်ဟာ ရွာအဝင်ဝက ပညာရှင်တစ္ဆေ နှစ်သက်တဲ့ အမွှေးနံ့သာ အနံ့မျိုး ဖြစ်သည်။ နောက်ပြီး ဒီရက်ပိုင်းမှာ အဘိုးကို သေသေချာချာ မမြင်ရချေ။ တစ်ယောက်တည်း ဖယောင်းတိုင်တွေ ကြိတ်ပြီး စားနေကြတာကိုသာ မြင်ရသည်။ တစ်တိုင်ပြီးတစ်တိုင် မုန်လာဥစားသလိုမျိုး စားနေခြင်းပင်။

နားမလည်နိုင်စွာ သေဆုံးသွားသော ထိုကြက်တွေနဲ့ ဘဲတွေဟာ အဘိုးဆီက တိတ်တိတ်ဆိတ်ဆိတ် အကိုက်ခံရပြီး သွေးကုန်သွားသလားဟုပင် ခံစားလာခဲ့ရသည်။

သို့သော် ချန်ရှီအတွက်ကတော့ သူ့အဖိုး ဘယ်လိုပဲ ဖြစ်​နေပါစေ အဘိုးသည် သူ၏ အရင်းနှီးဆုံး ဆွေမျိုး ဖြစ်နေဆဲပင်။

"ဟေးကော်.... သူ့ကို ဆေးသောက်ဖို့ ခေါ်သွား!"

အဘိုးက တည်ငြိမ်စွာ ပြောသည်။

ချန်ရှီတို့ ခြံဝင်းအပြင်ဘက်တွင်တော့ ခွေးနက်ကြီးတစ်ကောင်သည် ၎င်း၏အမြီးကို နာခံမှုရှိရှိ တွန့်လိမ်ကာ ချန်ရှီရဲ့ အင်္ကျီကို ကိုက်ကာ အိမ်ထဲသို့ ဆွဲ​ခေါ်သွားခဲ့​လေသည်။ ထိုစဥ် အနောက်မှ ကြီးမားသော လူသားဦးခေါင်းသည် သူဆီသို့ လွင့်ပျံလာသည်။

ရွာအလယ်ရှိ ရှေးဟောင်းသစ်ပင်ကြီးသည် လေတိုက်သွားသလို အကိုင်းအခက်များက လှုပ်ရှားသွားသည်။ ၎င်းတို့က ရှည်လျားသော ကြာပွတ်တစ်ချောင်းလို လွင့်ထွက်သွားပြီး ဧရာမ၏ ဦးခေါင်းကို လျှပ်တပြက် ထိမှန်သွားရာ ကြီးမားသော လူခေါင်း​​ကြီးလည်း လွင့်ပျံသွားလေ၏။

ချန်ရှီသည် ဆေးတစ်အိုး သောက်ပြီးနောက် ဝမ်းဗိုက်ပူပူ ဖောင်းဖောင်းဖြင့် ဆေးအိုထဲတွင် ထိုင်နေလိုက်သည်။

ဒီဆေးအိုးက သူ့ညစာပါပဲ။

ဆေးအိုးအောက်တွင် ခွေးနက်ကြီး တစ်ကောင်က မီးရှေ့တွင် ထိုင်နေသည်။ ခွေးဖြစ်သော်လည်း ကြင်နာသော မျက်နှာထားနှင့် ကြင်နာတတ်သော မျက်လုံးများ ရှိနေသည်။ ချန်ရှီကို မြင်သောအခါ ၎င်းက ထင်းအပိုင်းတစ်ပိုင်းကို ကောက်ယူလိုက်ပြီး မီးထဲ ပစ်ထည့်လိုက်၏။

ဆေးအိုးက ပွပွပွက်ပွက်​ဖြင့် ဆူလာရာ ချန်ရှီလည်း ပြုံးပြီး ပြောရတော့သည်။

"အိုးမည်း (ဟေးကော်) မီးမထည့်​တော့နဲ့... မင်း ထပ်ထည့်နေရင် ပြုတ်ပြီးသား ဖြစ်တော့မယ်!"

ဟေးကော်က ဤခွေးနက်ကြီးရဲ့ နာမည်ဖြစ်သည်။ နာမည်ကတော့ မြေးအဘိုး နှစ်ယောက် အမှားလုပ်မိရာကနေ တွင်သွားခြင်းသာ။

အိုးမည်းကို အဘိုးက ကောက်ယူခဲ့တာပင်။ အိမ်မှ စားကြွင်းစားကျန်များဖြင့် ကြီးပြင်းလာကာ လူ့စကားကို နားလည်နိုင်ကာ အလွန်လိမ္မာသည်။ သူက စေတနာကောင်း​ကောင်းဖြင့် အိုးအောက်ခြေသို့ ထင်းအနည်းငယ် ထပ်ထည့်​လေသည်။

ခွေးနက်သည် ချန်ရှီကို ချက်ပြုတ်နိုင်မလား သိချင်​နေသလို မျက်တောင်ပါ ခတ်လိုက်​သေးသည်။ ချန်ရှီ ခဏတာမျှ အော်ဟစ်ပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်။

သူ ဒီအပူချိန်ကို ကျင့်သားရအောင် လုပ်ရတော့မည်။

လူငယ်သည် ဆေးအိုအစွန်းကို မှီ၍ သက်တောင့်သက်သာ ထိုင်ကာ လက်ကို မြှောက်၍ ခေါင်းနောက်ကို ထိလိုက်ကာ ရှည်လျားသော အမာရွတ်ကို ခံစားလိုက်ရသည်။

ဦးခေါင်းနောက်ဘက်က ဒဏ်ရာဟာ သိပ်ပြီး အထင်ကြီးစရာ မရှိပါဘူး။

သူ တော်တော်များများကို မမှတ်မိဘူး၊ သူ့မိဘတွေကို မမှတ်မိပါ။ အရင်က စာဖတ်ဖူးသလား မမှတ်မိသဘို ခေါင်းကို ဖွင့်ထားတယ် ဆိုတာလည်း မမှတ်မိချေ။

ထိုနှစ်တုန်းက သူနိုးလာသောအချိန်တွင် အမှောင်ထုနှင့် အအေးဓာတ်တို့ ဝိုင်းရံနေခဲ့သည်။ ခေါင်းတစ်ခုလုံး ကိုက်ခဲ​နေသလို ဝေဒနာကို ခံစားနေရစဥ် ကောင်းကင်ပြင်မှ ထွက်လာသကဲ့သို့ အမှောင်ထဲမှ ထူးဆန်းသော ထူထဲသော အသံအိုများ ထွက်ပေါ်လာခဲ့၏။ ထိုအသံက သူ့ကို ကောင်းကင်ပြင်မှ ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါး လမ်းပြပေးနေခဲ့သလိုပင်။

သူသည် အချိန်အတိုင်းအတာ တစ်ခုအထိ အသံရဲ့ လမ်းညွှန်မှုအတိုင်း လမ်းလျှောက်လာပြီးနောက် အရှေ့က တဖြည်းဖြည်း လင်းလက်တောက်ပလာခဲ့သည်။ အလင်းထဲသို့ လျှောက်သွားသောအခါ ပတ်ဝန်းကျင် အမှောင်ထုက ဒီရေကဲ့သို့ ပျောက်ကွယ်သွားကာ အရာအားလုံး တဖြည်းဖြည်းချင်း တောက်ပလာ၏။

ထိုအလင်းရောင်ကို သူ ကောင်းကောင်း သိသည်။ သူ ဆေးအိုးကြီးထဲမှာ ထိုင်နေရသည်။ ဆေးအိုးက ပွက်ပွက်ဆူနေပြီး ဆေးနံ့တွေ ညှော်နံ့တွေစွဲနေတဲ့ အရပ်ရှည်ရှည် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က သူ့ရှေ့မှာ ရပ်နေသည်။ သူ့ခြေရင်းမှာ ခွေးနက်တစ်ကောင်လည်း ရှိသည်။

သူနိုးလာသည်ကို မြင်တော့ ဆံပင်ဖြူအဘိုးကြီးက စိတ်လှုပ်ရှားစွာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

နောက်ပိုင်းမှ ဤအဘိုးအိုက သူ့အဘိုးဖြစ်ကြောင်း သိလာရသည်။ သူဟာ အတော်ကြာအောင် မေ့မြောနေခဲ့သောကြောင့် အဘိုးဖြစ်သူက သူ့ရောဂါကို ကုသရန် မှော်ဆေးအမျိုးမျိုးကို အသုံးပြုခဲ့သည်။ ချန်ရှီဟာ အသက် ကိုးနှစ် မတိုင်ခင်က ကိစ္စများကို ဘာမှ မမှတ်မိတော့ပေ။ သူနိုးလာချိန်အထိ ဘာမှ မမှတ်မိတော့။

အတိအကျပြောရရင် သူ နတ်သန္ဓေသား အထုတ်ခံရတာ နှစ်နှစ်ပဲ ရှိသေးသည်။

"လတ်စသတ်တော့ တစ်ယောက်ယောက်က နတ်သန္ဓေသားကို လုယူသွားလို့ ငါဒီလို ဖြစ်သွားတာကိုး...."

ချန်ရှီသည် ခရမ်းရောင်ဝတ် အမျိုးသမီးနှင့် သူမအစောင့်များရဲ့ စကားများကို ခိုးနားထောင်ခဲ့တုန်းက အကြောင်းအရာကို ပြန်တွေးကြည့်နေသည်။

“ငါက အသုံးမကျတဲ့လူအဖြစ် မွေးလာတာ မဟုတ်ဘူး... ငါလည်း ကျင့်​ကြံနိုင်တယ်... နတ်ဘုရားဆီက မျက်နှာသာရထားတဲ့ ကောင်းကင်သားတော် ဖြစ်ခဲ့ဖူးတယ်... ရေနွားခရိုင်.. ခရိုင်မှူးလီ... လီရှောင်တင်... ဘယ်လို လက်စားချေရမလဲ?"

သူ့ရင်ဘတ်ထဲက ဒေါသတွေ အုံကြွလာသည်။ နှစ်နှစ်လောက်ရှိပြီ။ သူ ဆေးအိုးနဲ့သာ နေခဲ့ရပြီး နေ့တိုင်း အချိန်အတိုင်းအတာ တစ်ခုအထိ အပြုတ်ခံရဖို့ ဆေးအိုးကြီးထဲ ဝင်ထိုင်ခဲ့ရသည်။ ဆေးကန်အတွင်းရှိ ဆေးဝါးများသည်လည်း မကြာခဏ ပြောင်းလဲလေ့ရှိပြီး အမည်မဖော်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများလည်း အများအပြား ရှိသည်။ အဆိပ်ရှိသော မြွေများနှင့် ကင်းမြီးကောက်လို သတ္တဝါများပင် ပါသေးသည်။

ချန်ရှီသည် သူနေမကောင်းဖြစ်နေမှန်း သိပေမယ့် သူဘယ်လို ရောဂါမျိုး ဖြစ်နေမှန်း မသိခဲ့ချေ။

မကြာသေးမီ နှစ်များအတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများ အားလုံးသည် ထိုသခင်လေး လီရှောင်တင်ဆီကနေ ဆင်းသက်လာခဲ့ကြောင်းကို ယခု နောက်ဆုံးတော့ သိလိုက်ရပါပြီ။

"ဒါပေမဲ့……"

ချန်ရှီ အတော်လေး အံ့ဩသွားပြီး "ငါ့ခေါင်းက သက်သာသွားပြီ... အဘိုးက ဘာလို့ ငါ့ကို ဆေးအိုးထဲမှာ နေ့တိုင်း စိမ်ခိုင်းနေတာလဲ"

ထိုအချိန်တွင် လေအပူချိန်သည် တစ်ဖန်ပြန်လည်ကျဆင်းလာပြီး ဆေးအိုအောက်ရှိ မီးတောက်သည် မူလက အဝါရောင်နှင့် ကြည်လင်နေသော်လည်း ယခုအခါ စိမ်းလန်းလာသည်။

အဘိုး အိမ်ထဲဝင်လာပြီ။

ချန်ရှီ တိတ်တဆိတ် ကြည့်လိုက်တော့ ထောင့်စွန်းက အရိပ်မှာ ရပ်နေတဲ့ သူ့အဘိုးကို တွေ့လိုက်ရ၏။ ဒါပေမဲ့ သူ့အဘိုးက သူ့ကို စိုက်ကြည့်နေတယ် ဆိုတာကိုလည်း အမြဲလိုလို ခံစားမိသည်။ မျက်နှာကို မမြင်ရလို့ အဲဒီမှာ သူဘာလုပ်နေလဲ မသိရချေ။ အဘိုးဟာ တစ်ခါတလေ သူ့မျက်လုံးတွေက နူးညံ့တယ်၊ တစ်ခါတလေ သတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြည့်နေတယ်လို့လည်း ခံစားရပြန်သည်။

ချန်ရှီသည် ပြင်းထန်စွာ ဒဏ်ရာရနေသော ကျားသစ်တစ်ကောင်ဆီကနေ အခုလို သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်ကို မြင်ဖူးသည်။

ထိုအချိန်တွင် သူသည် ကျားသစ်ကို ချဉ်းကပ်ပြီး ဒဏ်ရာများကို ပတ်တီးပတ်တီး​ပေးရန် ကြံစည်ခဲ့သော်လည်း ကျားသစ်၏ မျက်လုံးများက သူ့ကို ချမ်းတုန်စေကာ သေဘေးနှင့် ရင်ဆိုင်ရသည့် သားရဲထံမှ ထွက်လာသည့် လးသတ်ချင်လာသော ရည်ရွယ်ချက်ပင် ဖြစ်သည်။

ခဏကြာတော့ အဘိုးက ပြန်ထွက်သွား၏။ မီးတောက်က ပိုပြင်းလာပြီး လေအပူချိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာသည်။

ချန်ရှီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ခွေးနက်သည်လည်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး မီးထဲသို့ ထင်းအနည်းငယ် ထပ်ထည့်လိုက်သော်လည်း ထင်းကို ပါးစပ်ထဲ ကိုင်လိုက်သောအခါ အနည်းငယ် တုန်လှုပ်သွားသေး၏။ ခွေးလည်း သူ့အဘိုးရဲ့ လူသတ်ချင်စိတ်ကို ခံစားလိုက်ရပုံပါပဲ။

အဘိုးကရှိသေးပေမယ့် အရင်ကလို မဟုတ်တော့ဘူး ဆိုတာ လူနဲ့ ခွေးက သဘောပေါက်ပါသည်။

အရင်အဘိုးက သဘောကောင်းတယ်။

လက်ရှိအဘိုးက သဘောမကောင်းတော့ဘူး။

ဆေးအိူးထဲက ဆေးဖက်ဝင်ဟင်းရည်က တဖြည်းဖြည်း ပိုကြည်လင်လာလေပြီ။ ချန်ရှီဟာ ဆေးအိုထဲက ထူးဆန်းတဲ့ လေစီးကြောင်းတွေ စိမ့်ထွက်နေပြီး အရေပြားရဲ့ ချွေးပေါက်တွေထဲမှာ ပေါက်နေတဲ့ ပိုးမွှားလေးတွေလို အရေပြားအောက် စိမ့်ဝင်သွားတာကို ခံစားမိသည်။ အသားနဲ့ အတွင်းအင်္ဂါများအတွင်း မြှုပ်နှံသွားကာ အရိုးများ အတွင်းအထိ တိုးဝင်သွားရာ လူကို အတော်လေး မသက်မသာ ဖြစ်​စေသည်။

ရေထဲမှာ စိမ်ထားပေမဲ့ သူ့တစ်ကိုယ်လုံး အတွင်း​ရော အပြင်ရော မီးတောက်လောင်နေသလို ခံစားနေသည်။ ချန်ရှီ ဒီဝေဒနာမျိုးကို ခံစားဖူးသော်လည်း အနည်းငယ် တုန်လှုပ်သွားတာကိုတော့ မထိန်းနိုင်သေးပေ။

ဆေးအာနိသင်များ ကုန်ဆုံးသွားသောအခါ ဆေးရည်ကလည်း ရေလိုပဲ ကြည်လင်လာသည်။ ထိုအခါ ချန်ရှီလည်း ပုလင်းထဲမှ ထလိုက်သည်။

သူ့ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းမှာ အစိမ်းရောင် ကုတ်ခြစ် အမှတ်အသား တစ်ခုကို တွေ့ရသည်။ မမြင်ရတဲ့ သရဲလက်က သူ့နှလုံးသားကို ဆုပ်ကိုင်ထားသလိုမျိုး လက်ငါးချောင်းကြီး ရှိနေသည်။ ဆေးပုလင်းထဲက ရေနဲ့မီးကြောင့် ဒေါသဖြစ်ပြီးနောက် ပြာစိမ်းရောင် တစ္ဆေလက်သည်းက ပိုပိုလင်းလာ၏။

ချန်ရှီ သတိရလာပြီးကတည်းက ဒီစိမ်းပြာရောင် တစ္ဆေလက်သည်းက အဲဒီနေရာမှာ ရှိနေခဲ့တာ အခုထိ မပျောက်သေးချေ။ ဆေးရေနဲ့ ချိုးပြီးနောက် စိမ်းပြာရောင် တစ္ဆေလက်သည်းက အလွန်ထူးဆန်းပြီး မှိန်ဖျော့သွားသော်လည်း ခဏအကြာတွင် ပြန်လည် ပေါ်ထွက်လာတတ်သည်။

ချန်ရှီ သူ့အင်္ကျီကို ​ကောက်ဝတ်ပြီး ခြံထဲကို ဝင်လာခဲ့သည်။ ထိုစဥ် အနောက်ခန်းက အဘိုးရဲ့အသံကို ကြားလိုက်ရသည်။

"...အားထန်.. ဘယ်တော့ပြန်လာမှာလဲ... ငါသိပါတယ် မင်းအရမ်း အလုပ်ရှုပ်နေတယ် ဆိုတာ ဒါပေမဲ့ အိမ်ပြန်လာရမယ်မလား... ငါက အသက်ကြီးပြီ... ရှီလေးက အသက်မရှည်ဘူး... သူ့ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက် လိုအပ်နေသေးတယ်... မင်းသူ့ကို မြို့ထဲ ခေါ်သွားလိုက်ပါ... မြို့ထဲမှာ ဘဝက ခက်ခဲမှန်း ငါသိပါတယ် ဒါပေမဲ့ သူက မင်းရဲ့သားပဲ... မင်းသူ့ကို အသိအမှတ် မ​ပြု

ရင်တောင် သူက မင်းရဲ့သားပဲ..."

ချန်ရှီ ခြံထဲတွင် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေသည်။ ချန်ရှီဟာ အဘိုးက ကျင့်ကြံသူဖြစ်ကြောင်း သိသော်လည်း အဘိုးရဲ့ ကျင့်ကြံမှုအဆင့်ကို မသိခဲ့ပေ။ သူသိတာက အဘိုးနဲ့ တောင်ပေါ်ကို လိုက်သွားတိုင်း ဘာအန္တရာယ်မှ မ​ကြုံရဘူး ဆိုတာပဲ။

အဘိုးသည် ချန်ရှီ၏ဖခင် ချန်ထန်ကို ဆက်သွယ်ရန် မိုင်တစ်ထောင် စာပို့အစီအရင်ကို အသုံးပြုနေသည်။

ချန်ရှီ သူ့အဖေ ချန်ထန်ကို တစ်ခါမှ မတွေ့ဖူးဘူး။

တစ်ကြိမ်တောင် မတွေ့ဖူးဘူး။

နတ်သန္ဓေသားကို တစ်စုံတစ်ယောက်မှ မယူသွားမီတွင် သူသည် အ​ဖေ့ကို မြင်ဖူးနိုင်သော်လည်း သူနိုးလာကတည်းက သူ့အဖေဟာ တစ်ခါမျှ ပြန်မလာတော့ပေ။

သူ့အမေကိုလည်း တစ်ခါမှ မတွေ့ဖူးဘူး။

တစ်ကြိမ်တောင် မတွေ့ဖူးဘူး။

ချန်ရှီသည် အာရုံပျံ့လွင့်သွားသော အတွေးများကို ဖယ်ကာ အလင်းသုံးပါးကျင့်စဥ်ကို တိတ်တဆိတ် လေ့ကျင့်နေလိုက်သည်။ ကောင်းကင်ယံက ကြယ်​ရောင်များဟာ ဆက်တိုက် ကျဆင်းနေပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ စွမ်းအင်ကို မြှင့်တင်ပေးသည်။

သို့သော်လည်း မကြာမီတွင် စစ်မှန်သော ချီစွမ်းအင်များ ပျောက်ကွယ်သွားကာ ချီစွမ်းအင် နည်းနည်းလေးတောင် မကျန်တော့ပေ။ ချန်ရှီ ဇွဲလုံ့လနဲ့ သူ့ဘာသာသူ ဆက်လေ့ကျင့်သည်။

ညဉ့်နက်အချိန် လေ့ကျင့်မှုပြီးသွားတဲ့အခါ အိပ်ဖို့ သူ့အခန်းထဲ ပြန်ဝင်လာခဲ့သည်။ သိပ်မကြာခင်မှာဘဲ အဘိုးက ချန်ရှီရဲ့ အိပ်ရာအနားကို တိတ်တိတ်လေး လမ်းလျှောက်လာ၏။ သူက အဲဒီ​နေရာမှာ ရပ်နေပြီး သူ့အရိပ်က ချန်ရှီရဲ့ မျက်နှာကို ဖုံးလွှမ်းသွားသည်။

သူ့ပုံသဏ္ဌာန်သည် တစ်ခါတစ်ရံ ရှေ့သို့ စောင်းကာ တစ်ခါတရံ နောက်သို့ ဆုတ်သွားသော်လည်း တိတ်ဆိတ်နေ၏။ တစ်ဆက်တည်း ရက်စက်ကြမ်းကြုတ်သော လူသတ်ချင်တဲ့ အငွေ့အသက်တွေက အခန်းငယ်လေးထဲကို လွှမ်းခြုံသွားပြန်သည်။

အသံတိတ်နေ၏။

အချိန်အနည်းငယ် ကြာပြီးနောက် ရုတ်တရက် ချန်ရှီ၏ အခန်းထဲရှိ ပြတင်းပေါက်သည် လေမတိုက်ဘဲ အလိုလို ပွင့်သွားခဲ့သည်။ အဘိုးက တည့်တည့်မတ်မတ်နဲ့ ပြတင်းပေါက်ကနေ ပြေးထွက်သွားတော့သည်။

"ဗိုက်ဆာနေတာ ဖြစ်မယ်..."

သူသည် ညည်းညူသံကဲ့သို့ အသံထွက်လာပြီး ရုတ်တရက် ထရပ်ကာ ခြံဝင်းထဲမှ ပျောက်ကွယ်သွားသည်။ ဟေးကော်က သတိကြီးကြီးနဲ့ ခေါင်းကို မော့၍ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုပြန်ချထားပြီး ဆက်အိပ်​နေလိုက်၏။

အခန်းထဲတွင်တော့ ချန်ရှီသည် ကုတင်ပေါ်မှ အိပ်နေလျက်မှ မျက်လုံးများကို တိတ်တဆိတ် ဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီး တိတ်တဆိတ် ရှူထုတ်လိုက်သည်။

"အဘိုးက သေချာပေါက် ဖျားနေတာပဲ ဖြစ်မယ်... သူငါ့ကို မသတ်ချင်​လောက်ဘူး"

စိတ်ထဲကနေ တိတ်တိတ်လေး ပြောနေမိခြင်းသာ။

ထိုအခိုက်တွင် ပြင်းထန်သော နာကျင်မှု တစ်ခုက သူ့ကို ပြုတ်ထားသော ပုစွန်တစ်ကောင်လို တွန့်လိမ်သွားစေ၏။ တစ်ကိုယ်လုံးက အရေပြားတွေ နီရဲလာပြီး သွေးတွေအားလုံး သွေးပြန်ကြောများ ​ပေါက်ထွက်လာတော့မလိုပင်။

စောင်ကို ပါးစပ်ထဲထည့်ကာ တင်းတင်းကျပ်ကျပ် ကိုက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်က တသိမ်သိမ့် တုန်ယင်နေသော်လည်း ​​အသံမထွက်ရဲချေ။ အသက်မရှူနိုင်လောက်အောင် နာကျင်နေပြီး မကြာခင်မှာပဲ တစ်ကိုယ်လုံးက ချွေးပုတီးလုံးကြီးတွေနဲ့ ဖုံးလွှမ်းသွား၏။

ချန်ရှီခန္ဓာကိုယ်က တုန်ခါနေတာတွေ မရပ်တန့်သွားပေ။ စိမ်းပြာရောင် တစ္ဆေလက်သည်းများက သူ့နှလုံးသားကို ဆုပ်ကိုင်ထားသလို တင်းတင်းကျပ်ကျပ် အညှစ်ခံထားရသလို ခံစားနေရခြင်းပင်။

သူ့နှလုံးက တင်းမာနေသည်။ ဒီလိုဖြစ်တာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ချေ။

သူသည် ရက်အနည်းငယ် ကြာတိုင်း အလားတူပြင်းထန်သော ဝေဒနာကို ခံစားရသည်။ အကြိမ်ပေါင်းများစွာ ဝေဒနာမှ လွတ်မြောက်သွားဖူးသည်။ ထိုအခိုက် အမှောင်ထုထဲတွင် ကြီးမား၍ ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အရိပ်များစွာကိုပင် အိပ်မက်မက်နေသေးသည်။

ထိုအမှောင်ထဲကနေ လက်ဖဝါးတစ်ဖက်က သူ့ဆီသို့ ဆန့်ထုတ်လိုက်လေသည်။

အရင်တုန်းကတော့ တစ္ဆေခြေသည်းတွေ ပေါက်ထွက်တိုင်း သူ့အဘိုးက ငရဲတံခါးကနေ ပြန်ဆွဲထုတ်လာပေးသည်။ ဒါပေမဲ့ အခု အဘိုးက ဒီမှာ မရှိတော့ချေ။ ချန်ရှီ ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း ခြေဖဝါးတွေ ပျော့ပျောင်းလာသည်။ ကုတင်ပေါ်ကနေ လှိမ့်ချလိုက်ပြီး နာကျင်လွန်းလို့ လှုပ်ဖို့တောင် ခွန်အားတွေ မရှိတော့ပါ။

သွားများကို အံကြိတ်ကာ ထဖို့ ရုန်းကန်ကြည့်သည်။ ခြေလှမ်းများကို လှမ်းတက်လိုက်ပုံက ရေပုံးကြီး ထမ်းထားရသလိုပင်။ ဘယ်ညာလက်မနှင့် လက်ညှိုးလေးကို ထိ၍ ညာလက်ကို ဘယ်လက်ထဲ ဆုပ်ကိုင်လိုက်သည်။ ထိုကျဉ်းမြောင်းသော အခန်းထဲ၌ ဖြောင့်မတ်ခြင်း အလင်းသုံးပါးကျင့်စဥ်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

"ဧကရာဇ်မင်းမြတ် ဖွားမြင်ချိန်မှာ နတ်ဘုရား တစ်ပါးတည်းကိုသာ ရိုသေလေးစားရမည်... မကောင်းမှု ပရမ်းပတာတွေ များပြားလာသော် စစ်မှန်သော နတ်ဘုရားဟူသည် မရှိ၊ သရဲတစ္ဆေနဲ့ လူများသာ ရှိ၏.... ကောင်းကင်လမ်းကို စောင့်ထိန်းကာ ကောင်းကင်ဘုံကို ကျင့်ဆောင်ကာ ခိုင်ခံ့သော ဖြောင့်မတ်မှုကို မွေးမြူကာ နတ်ခန္ဓာကိုယ်ကို သန့်စင်စေ!"

ကျင့်စဥ်ကို အသက်သွင်းလိုက်တဲ့အခါ ကြယ်ရောင်လေးများက မှောင်မိုက်သော ညတွင် ပိုးစုန်းကြူးများနှယ် ပျံသန်းလာ၏။ ၎င်းတို့က ဖွင့်ထားသော ပြတင်းပေါက်မှ ပျံသန်းလာကာ သူ့အရေပြား မျက်နှာပြင်ပေါ်မှတစ်ဆင့် အသွေးနဲ့ အသားထဲသို့ စိမ့်ဝင်သွားသည်။

အလင်းသုံးပါးကျင့်စဥ် လည်ပတ်နေချိန်တွင် နာကျင်မှုက တဖြည်းဖြည်း လျော့နည်းလာရာ ထိုဝေဒနာကို တဖြည်းဖြည်း ပိုခံနိုင်ရည်ရှိလာကြောင်း ခံစားခဲ့ရသည်။

ချန်ရှီ အလင်းသုံးပါးကျင့်စဥ်ကို ဆက်လက် အသက်သွင်း​နေခဲ့သည်။ နာကျင်မှုသည် နိမ့်ပါးလာပြီး သူ့နှလုံးသားကို ဆုပ်ကိုင်ထားသည့် စိမ်းပြာရောင် တစ္ဆေလက်သည်းရဲ့ လက်ဆစ်များ တစ်ချက်ချင်း ဆန့်ကာ သူ့နှလုံးသားကို တင်းတင်းကျပ်ကျပ် မညှစ်ထားတော့ပေ။

"ငါ့ရင်ဘတ်ပေါ်က တစ္ဆေခြေသည်းက ဘယ်လိုဖြစ်တာလဲ.. ငါ့ခန္ဓာကိုယ်ပေါ်မှယ ဘာလို့ကိုင်ထားသလို ဖြစ်​နေတာလဲ"

အချိန်အတော် ကြာပြီးနောက်မှ ပြင်းထန်သောနာကျင်မှုက ပျောက်ကွယ်သွားခဲ့သည်။ ချန်ရှီသည် ထိတ်လန့်ကာ ပြတင်းပေါက်ဘက် လှမ်းကြည့်လိုက်ရာ လသည် ငွေရောင်အဖြူရောင်ဖြင့် ဝင်းလက် တောက်ပနေ၏။

"အလင်းသုံးပါးကျင့်စဥ်က နာကျင်မှုကို သက်သာစေတယ်... ဒီနည်းက လရောင်နဲ့ နေရောင်ကိုလည်း ဆွဲဆောင်နိုင်တယ်... နေနဲ့လရဲ့ ချီကို သန့်စင်နိုင်မယ်ဆိုရင် နှလုံးသားကို တစ္ဆေခြေသည်းတွေ ဆုပ်ကိုင်ထားသလိုမျိုး နာကျင်​နေစရာ မလိုတော့ဘူး...နှမြောစရာက ငါ နေနဲ့ လရဲ့ အလင်းရောင်ကို မစုဆောင်းနိုင်ဘူး...."

ရုတ်တရက်ဆိုသလိုပင် လူငယ်၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး သံသယအသစ် များစွာကို ဖြစ်ပေါ်လာစေခဲ့သည်။

"နေမင်းကြီးက ကောင်းကင်ဘုံရဲ့ တစ်ဆူတည်းသော နတ်ဘုရားရဲ့ မျက်လုံးတော်ဖြစ်မှာ သေချာတယ်... လကလည်း သူ့ရဲ့ဒေါင်လိုက်မျက်လုံး ဖြစ်မှာပဲ... နေက ဘာလို့ ဝိုင်းပြီး လကျတော့ လဆုတ် လဆန်းလိုဖြစ်နေတာ... ထူးဆန်းလိုက်တာ ဧကန္တ... ဧကန္တ..."

သူ့ခေါင်းထဲ ရဲရင့်သော အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

"တခြားနေနဲ့လ ထပ်ရှိနေသေးတာ ဖြစ်နိုင်လား... အလင်းသုံးပါးကျင့်စဥ်က အဲ့တခြားနေနဲ့လရဲ့ အလင်းရောင်နဲ့မှ ကျင့်ကြံနိုင်တာများလား?"

သူသည် ပြတင်းပေါက်မှ ခေါင်းကိုထွက်ကာ လျှို့ဝှက်ဆန်းကြယ် တောက်ပနေသော ကောင်းကင်ပြင်ရှိ လကို စူးစူးစိုက်စိုက် ကြည့်နေသည်။ အဲဒါက ကောင်းကင်ပြင်က စစ်မှန်တဲ့ နတ်ဘုရားရဲ့ ဒေါင်လိုက်မျက်လုံးပါပဲ။

"ဒါပေမဲ့ အဲဒီလို နေနဲ့လရှိရင် ကောင်းကင်မှာ ဘာလို့ မမြင်ရမှာလဲ"

ချန်ရှီသည် သိချင်စိတ်များ၊ သူ့စိတ်ထဲတွင် ကြည်နူးမှုများစွာဖြင့် ကုတင်ပေါ်တွင် ​ပြန်လှဲအိပ်နေသည်။

ကောင်းကင်၌ နတ်မျက်စိသည် လနှင့်တူ၍ သက်ရှိသတ္တဝါ အားလုံးကို စောင့်ကြည့်နေ၏။

တောင်ပေါ်က တောအုပ်အထက်တွင်တောပ အေးစက်သော အလင်းရောင် တစ်ခုကြောင့် ဖောင်းပွနေသော လူသားဦးခေါင်းသည် ပြင်းထန်စွာ ပြုတ်ကျပြီး တောင်ပေါ်မှ လိမ့်ကျသွားသည်။

သိပ်မကြာခင်မှာဘဲ အရပ်ရှည်တဲ့ အရိပ်တစ်ခု အနားရောက်လာကာ လူသားဦးခေါင်းရဲ့ အသွေးအသားတွေကို ဝါးစားလေတော့၏။

"အရသာ ရှိတယ်... အရသာရှိတယ် မကောင်းဆိုးဝါးက လူထက် အရသာက ပိုကောင်းတယ်!"

All Chapters