← Chapters

ကိုယ်ခန္ဓာကို ယဇ်ပူဇော်ခြင်း

Vol. 1 Ch. 6

ကိုယ်ခန္ဓာကို ယဇ်ပူဇော်ခြင်း

Vol. 1 Ch. 6

နံနက်စောစောတွင် ချန်ရှီသည် အဘိုးဖြစ်သူ မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေတာကို ချောင်းကြည့်နေသည်။ သူသည် ချန်ရှီဘက်သို့ ကျောပေးထားသော်လည်း သူ့အင်္ကျီလက်များက သွေးစွန်းနေပြီး လှီးဖြတ်နေတဲ့ အသားအမျိုးအစားက ဘာလဲ သူ မသိပေ။

ချန်ရှီ လှည့်ပတ်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"လူသား မဟုတ်သေးသရွေ့ ငါအကုန် စားလို့ရတယ်"

အပြင်မှာတော့ ဆူညံနေ၏။ ဟွမ်​ဖောရွာက ရွာသားတွေတိုင်း ရှေးဟောင်းသစ်ပင်ရှေ့မှာ အမွှေးတိုင်တွေ ပူဇော်နေကြသည်။

ချန်ရှီ အပြင် ထွက်သွားသောအခါ အမွှေးတိုင်များ၊ ဖယောင်းတိုင်များ၊ သစ်သီးများ၊ ကြက်များနှင့် ဘဲများကို ကိုင်ဆောင်ထားသည့် လူများသည် ရွာအလယ်ရှိ ရှေးဟောင်းသစ်ပင်များဆီသို့ တရွေ့ရွေ့ သွားနေကြတာ တွေ့လိုက်ရသည်။

ရှေး​ဟောင်းသစ်ပင်သည် နှစ်ပေါင်းများစွာကြာအောင် ရှင်သန် ဖြတ်သန်းခဲ့ရတာကြောင့် ၎င်း၏အမြစ်များက မြေကြီးပေါ်တွင် နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်နေကာ ၎င်း၏ အကိုင်းအခက်များကလည်း စပါးအုံးမြွေများကဲ့သို့ ရစ်ခွေနေသည်။ အရွက်သိပ်မရှိလို့ စိမ်းလန်းစိုပြေနေတာတော့ မဟုတ်ချေ။

၎င်းရဲ့ အကိုင်းအခတ်များပေါ်၌ သစ်သားကြိုးများကို ချိတ်ဆွဲထားသည်။ ရွာသားများက သူတို့ရဲ့ ဆု​​တောင်းဆန္ဒများကို သစ်သား​ပြားများပေါ်တွင် ရေးထွင်းထားကြ၏။ ဟွမ်ဖောရွာရှိ ရှေးဟောင်းသစ်ပင်သည် နှစ်စဉ်နှစ်တိုင်း လဆန်းတစ်ရက်နေ့တွင် ရွာသူရွာသား အများစုက ကန့်ညောင်အဖြစ် ပူဇော်ကြပြီး လပွဲတော်ဟုလည်း ခေါ်တွင်ကြသည်။

ပွဲတော်မှာ သုံးရက်ရှိသည်။ ပထမနေ့က မယ်တော်နတ်ဘုရားမ (ကန့်ညောင်) ကို ပူဇော်ခြင်း ဖြစ်ကာ ဒုတိယနေ့နဲ့ တတိယရက်ကတော့ ဈေးပွဲဖြစ်သည်။

ရှေး​ဟောင်းသစ်ပင်တွေမှာ ဝိညာဥ် စွမ်းအားများ ရှိသည်။ အထူးသဖြင့် ဟွမ်​ဖောကျေးရွာတွင် ကိုးကွယ်သည့် ရှေးဟောင်းသစ်ပင်ဖြစ်ပြီး ပို၍ပင် ထိရောက်သည်။ ဤသစ်ပင်သည် နတ်ဆိုးများကို မောင်းထုတ်နိုင်ပြီး ညမိုးချုပ်ပြီးနောက် လူများကို ကာကွယ်ပေးနိုင်သောကြောင့် ဟွမ်ဖောရွာရှိ အိမ်များက ၎င်းကို အလယ်ဗဟိုအဖြစ် ထားကာ အဆောက်အဦးများကို တည်ဆောက်ထားသည်။

ပူဇော်သက္ကာပြုပါက အိမ်ထောင်၊ သားသမီး၊ စည်းစိမ်ဥစ္စာ အပါအဝင် တခြားအရာတွေကို ရှေး​ဟောင်းသစ်ပင်မှာ ဆုတောင်းနိုင်သည်။ လှူဒါန်းနိုင်ပြီးရင်တော့ ငြိမ်းချမ်းမှု ရရှိစေကာ အရာများအားလုံး ပြည့်စုံလာမည် ဖြစ်သည်။

ရှေး​ဟောင်းသစ်ပင်၏ ပင်စည်ပေါ်တွင် ကောင်မလေး တစ်ယောက် ထိုင်နေ၏။ အသက်နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိ လှပတင့်တယ်ပြီး ဂုဏ်သိက္ခာရှိသော လရောင်ဖျော့ဖျော့ စကတ်ကို ၀တ်ဆင်ထားသည်။ အနက်အနီရောင်ဝတ်ရုံနှင့် ရွှေကြာပန်းတို့ကို သူမခေါင်းပေါ်တွင် ဆံညှပ်အဖြစ် ပန်ထားသည်။

အဲဒီကောင်မလေးက အလွန်အမင်း တိတ်ဆိတ်နေပြီး ဘယ်တော့မှ အသံမထွက်တတ်ချေ။ ဒီမိန်းကလေးကို ရွာထဲက ဘယ်သူမှ မမြင်နိုင်ပေမယ့် ချန်ရှီကတော့ အပြင်ထွက်တိုင်း သူမကို မြင်နေရသည်။

လေပြင်းတိုက်သည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ ကောင်မလေးက သစ်ပင်ပေါ်တွင်သာ အမြဲတမ်း ထိုင်​နေသည်။

သစ်ပင်ပေါ်ရှိ မိန်းကလေးသည် တစ်ချိန်က ချန်ရှီအား အနီရောင် အသီးတစ်လုံး ပေးခဲ့သော်လည်း အဘိုးဖြစ်သူက အဆိပ်ပြင်းသည်ဟု ဆိုကာ ချန်ရှီကို လွင့်ပစ်ခိုင်းခဲ့သည်။

"သူမက မင်းရဲ့ နတ်ဘုရားမ မဟုတ်ဘူး... တခြားသူရဲ့ နတ်ဘုရားမပဲ သူ့အတွက်တော့ မင်းက ဒီရွာက အပြင်လူပဲ.... မင်းကို အဆိပ်ခတ်လိုက်ရင် ရွာက လူတွေအားလုံးက သူ့သားသမီး ဖြစ်သွားလိမ့်မယ်"

"ရှီလေး.... ထမင်းစားချိန်ရောက်ပြီ"

ချန်ရှီ စဥ်းစားနေတုန်း အဘိုးရဲ့အသံက ခြံဝင်းထဲက ထွက်လာ၏။ ချန်ရှီလည်း တုံ့ပြန်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။ ထမင်းစားပွဲပေါ်က ဂျုံယာဂုမှာ အစိမ်းရင့်ရောင်နဲ့ ထူးထူးခြားခြား ရနံ့တွေ ပါနေသည်။

ဆေးဖက်ဝင် အပင်များဖြင့် မွှေထားသော အခြားဟင်းသုံးမျိုး၊ အမည်မသိအသားများနှင့် အချို့သော အရာများသည် လက်ချောင်းထဲမှာ သန်ကောင်တွေ ဝင်သွားသလိုပင် ခံစားရသည်။ အနံ့က မဖော်​ပြနိုင်ဘဲ အချို့သော ပိုးကောင်များ အသက်ရှင်ပြီး ဆူညံနေသေးသယောင်ယောင်။

"အဘိုး... ဒါက ထမင်းလား ဆေးလား?"

အဘိုးက ပြန်လှည့်မကြည့်ဘဲ: "ဒါက အစားအသောက်လည်း ဟုတ်တယ် ဆေးလည်း ဟုတ်တယ် ....မင်းနေမကောင်းဘူး... ပြီးအောင်လုပ်ရမယ်"

ချန်ရှီက သူ့စကားကို သေချာစဉ်းစားပြီး ပြန်ဖြေသည်။

"အဘိုး... ကျွန်​တော့်ရောဂါက သက်သာသွားပါပြီ"

"မဟုတ်ဘူး... မင်းမသက်သာ​သေးဘူး"

အဘိုးက သူ့ဘက်ပြန်လှည့်လာပြီး အသံက နည်းနည်းလေးမှ ဂရုမစိုက်တဲ့ ပုံစံနဲ့။

"မနေ့ညက ဖျားနေပြန်ပြီမလား? မင်းဆေးဆက်သောက်ရမယ်"

ချန်ရှီ ရုတ်​တရက်​ ​တွေးလိုက်​မိတာက အဘိုး မ​နေ့ညက အပြင်​ထွက်​သွားတယ်​ မဟုတ်လား။ သူ ဖျား​နေပြန်​တာကို ဘယ်​လိုသိတာလဲ။

ချန်ရှီ အစားအသောက်က ဘယ်လိုအရသာရှိလဲ ဂရုမစိုက်ဘဲ ပါးစပ်ထဲသာ ပစ်ထည့်လိုက်ရတော့သည်။

အဘိုးသည် သူ့ဘက်သို့ ကျောပေးထားပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ပခုံးပေါ်၌ အာရုံကြောများကို ဆန့်ကာ ချန်ရှီကို ချောင်းကြည့်နေပြီး စားသောက်မှုကို ကြီးကြပ်နေသည်။

စားသောက်ပြီးသောအခါတွင် ချန်ရှီသည် သူ့ခန္ဓာကိုယ်အတွင်း၌ မီးတောက်လောင်နေသကဲ့သို့ သူ့ဗိုက်ပူထဲ လာတာကို ခံစားလိုက်ရသည်။ သူစားတိုင်း ဒီလိုမျိုးဖြစ်နေပေမယ့် ဒီတစ်ခါတော့ ဆေးက အရမ်းပြင်းနေပုံရသည်။ နှလုံးသွေးတွေတောင် ဆူပွက်နေသလို ခံစားရလေ၏။

အလင်းသုံးပါးကျင့်စဥ်ကို တိတ်တဆိတ် အသက်သွင်းပြီး သူ့ခြေလက်နှင့် အရိုးများထဲသို့ ဆေးအစွမ်းကို ခံစားနိုင်ရန် ကြိုးစားပြီးနောက်မှသာ သက်သာလာခဲ့သည်။

ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။

"အလင်းသုံးပါးကျင့်စဥ်က သူတော်စင်သန္ဓေသား ခန္ဓာကိုယ်ကို သန့်စင်နိုင်အောင် ချီစွမ်းအင်ကို လှုံ့ဆော်ပေးတယ်လို့ ပြောထားတယ်.... ငါ့မှာ နတ်သန္ဓေသား မရှိတော့ ချီစွမ်းအင်ကို မစုဆောင်းနိုင်ဘူး... ဒါပေမဲ့ ငါ့ရဲ့ မှော်အစွမ်းကို မသန့်စင်ဘဲ ငါ့ခန္ဓာကိုယ်ကို သူတော်စင်သန္ဓေသား ခန္ဓာကိုယ်ဖြစ်အောင် သန့်စင်ပေးနိုင်တယ်မလား...."

ဒါကိုတွေးတောပြီး မှန်ကန်တဲ့ ချီစွမ်းအင်ကို ညှိပေး​လိုက်သည်။ ခန္ဓာကိုယ်ကို သန့်စင်တဲ့ နည်းလမ်းကို ကျင့်သုံးလိုက်တဲ့အခါမှာ စားသောက်ရတာက အတားအဆီး မရှိ​တော့ဘဲ ပိုမြန်လာသည်။

ထမင်းစားပြီးနောက် ချန်ရှီသည် သူ့အဖိုးကို တွန်းလှည်းပေါ် အသုံးအဆောင်များနှင့် အစာခြောက်များကို တင်ကူသည်။ အထုပ်အပိုးများကို ကြိုးများစွာဖြင့် ခိုင်မြဲစွာ ချည်နှောင်လိုက်သည်။

လှည်းတွင် သစ်သားဘီးများ ပါရှိသည်။ ဘီးများပေါ်တွင် မန္တာန်စာလုံးများကို ရေးထွင်းထား၏။ ၎င်းက လှည်းမောင်းနှင်တဲ့အခါ ပိုလျင်မြန်စွာ မောင်းနှင်နိုင်သည်။

အဘိုးက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရခက်စေသည့် ဝါးဦးထုပ်ကို ဆောင်းထားသည်။ သူသည် သစ်ကြံပိုးခေါက်ကို ကိုင်ကာ ဘီးပေါ်ရှိ ဂါထာများကို ဂရုတစိုက် အရာခံ​ ရေးဆွဲနေခဲ့သည်။

သစ်ကြံပိုးခေါက်သည် ရေနှင့်မရောဘဲ ခွေးနက်သွေး ရောပါသောကြောင့် ညှီစုပ်စုပ်တွေ ထွက်လာစေသည်။ ချန်ရှီ ဟေးကော်ကို ငုံ့ကြည့်လိုက်တော့ ခွေးနက်ကြီးက ထော့နဲ့ ထော့နဲ့ ဖြစ်နေပြီ။ သူ့အဖိုးဆီက သွေးတွေ အထုတ်ခံလိုက်ရပုံပဲ။

ချန်ရှီသည် အဘိုးအား မန္တာန်ရေးဆွဲရန် ကူညီပေး​နေစဉ်တွင် ပါးစပ်ကလည်း ရေရွတ်နေ၏။

"ခွေးနက်ရဲ့ လည်ပင်းနားက သွေးက ယန်စွမ်းအင် အပြင်းထန်ဆုံးပဲ... ရေးဆွဲပြီးရင်လည်း အလွယ်တကူ အရောင်မှိန်သွားမှာ မဟုတ်ဘူး.. လည်ပင်းကို တစ်ချက်ချင်း ဓားနဲ့ထိုးရမယ်”

သူသည် သေးသေးလေးနဲ့ ထင်းထည့်​​နေတဲ့ သနားစရာ ခွေးကို ချောင်းကြည့်လိုက်သေးသည်။ ဟေးကော်မှာ တုန်လှုပ်ခြောက်ခြားသွားပြီး သူ့ကို မကျေမနပ် စိုက်ကြည့်နေ၏။

မြေးအဖိုးတို့ အဆင်သင့် ဖြစ်သွားတဲ့အခါ သစ်သားလှည်းပေါ်မှ သံချပ်ကာနှင့် မြင်းရုပ်များပါသော ဘီးလေးဘီးကို မောင်းသူမဲ့ လှည်းအဖြစ် မောင်းထုတ်လိုက်ကြသည်။ ဟေးကော်က ရှေ့သို့ တိုးလာကာ သစ်သားလှည်း နောက်သို့ လိုက်လာသည်။

အဘိုးသည် လက်ထဲတွင် ကြေးဝါ သံလိုက်အိမ်မြှောင်ကို ကိုင်ထား၏။ သံလိုက်အိမ်မြှောင်ပေါ်ရှိ ညွှန်ပြချက်သည် ဦးတည်ချက်ပြောင်းတိုင်း သစ်သားလှည်းသည်လည်း ဦးတည်ချက် ပြောင်းသွားပေမည်။

ရွာအပြင်ဘက်သို့ မောင်းထွက်လာသောအခါ ချန်ရှီ လှည်းပေါ်မှ ခုန်ဆင်းကာ နံ့သာတိုင်နဲ့ စက္ကူငွေအချို့ကို ဝယ်ယူပြီးမှ ရွာအပြင်ဘက်ရှိ သစ်ပင်ဟောင်းဆီသို့ ကုန်းတက်ပြေးခဲ့ရသည်။

အဘိုးက လှည်းကို မရပ်ခိုင်းချေ။

ချန်ရှီသည် ကျောက်တုံးမေမေအား စက္ကူနဲ့ နံ့သာပေါင်းကို မီးရှို့ပြီး သစ်သီးများ ပူဇော်ကာ ကန်တော့လိုက်သည်။ ထို့နောက် နံ့သာပေါင်း အနည်းငယ် ကပ်ကာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော ပညာရှင်တစ္ဆေကိုလည်း ပူဇော်ပြီးနောက် ပြန်ပြေးကာ သစ်သားလှည်းကို အမှီ လိုက်ဖမ်းရသည်။

လစဉ်လတိုင်း ပထမနေ့မှာ အဘိုးနဲ့ မြေးက အမြဲတမ်း အပြင်ထွက်ကြသည်။

နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့မှာတော့ ရွာတိုင်းက နတ်ဘုရားမကို ကိုးကွယ်တာအပြင် ကုန်စည်မျိုးစုံကို ဝယ်ယူနိုင်တဲ့ စည်ကားတဲ့ ဈေးပွဲတစ်ခုလည်း ဖြစ်သည်။

ချန်ရှီသည် သစ်သား တွန်းလှည်းပေါ်တွင် ထိုင်ကာ အလင်းသုံးပါးကျင့်စဥ် ကို ဆက်တိုက် လေ့ကျင့်ရင်း လိုက်လာသည်။ ကြယ်အလင်းများက တစ်လုံးပြီးတစ်လုံး ပြုတ်ကျကာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

အဘိုးက သူ့ကိုကြည့်ကာ ပြောလာသည်။

“မင်း ဆေးပိုသောက်လို့ရတယ်”

ချန်ရှီ ထိုစကားကို ကြားသောအခါ အာရုံပျောက်လုနီးပါးပင် ဖြစ်သွားသည်။ သူက လျင်မြန်စွာ စွန့်လွှတ်လိုက်ပြီး လေ့ကျင့်မှုကို အာရုံစိုက်လိုက်သည်။

ထူးဆန်းသည်မှာ သူ့အဖိုး ချက်ပြုတ်ထားသော "အစားအစာ" ကို စားပြီးနောက် အလင်းသုံးပါးကျင့်စဥ် လေ့ကျင့်ခြင်းရဲ့ အရှိန်က သိသိသာသာ မြန်လာတာကို ခံစားရ၏။

"အစောင့်ထားတဲ့ နတ်တွေလို ဘာမှမယူဘူး ဆိုရင်တောင် ဘုရင်ကြီးကျန်းရဲ့ သင်္ချိုင်းထဲကို ထပ်ဝင်ပြီးရင် အဝေးကြီးကို လမ်းလျှောက်နိုင်သေးတယ်!"

သို့သော် ဒါနဲ့တင် မလုံလောက်သေးချေ။

သူ့ရည်ရွယ်ချက်မှာ အလင်းသုံးပါးကျင့်စဥ်ကို အပြည့်အဝ ရရှိရန်ဖြစ်သည်။

သစ်သားလှည်းသည် ဆယ်မိုင်ကျော် ခရီးနှင်ပြီး အိမ်နီးချင်း ရှန်းယန်ရွာသို့ ရောက်ရှိလာခဲ့သည်။ ဤရွာသည် ရှေးကျသော မျှော်စင်တစ်ဆူကို ပတ်လည်ဝန်းရံကာ တည်ထားသော ရွာဖြစ်သည်။ ရှေးဟောင်းမျှော်စင်ဟာ အထပ် ဆယ့်သုံးထပ်ရှိပြီး အမြင့်ပေ ၇၀ ၈၀ခန့် ရှိသည်။

ချန်ရှီ မျှော်ကြည့်တော့ ရှေးဟောင်း​မျှော်စင်ရဲ့ ဒုတိယထပ်မှာ ထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးကို တွေ့ရသည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ လှည့်ပြီး ​မျှော်စင်အရှေ့က မြေးအဘိုးရဲ့ သစ်သားလှည်းကို လှမ်းကြည့်လေ၏။

ဒီဘုန်းကြီး ရှန်းယန်ရွာ၏ ကန့်ညောင် ဖြစ်သည်။ ကန့်ညောင် ဆိုတာ မဖြစ်မနေ သစ်ပင်တစ်ပင်ဖြစ်ရန် မလိုအပ်ပေ။

ရှန်းယန်ရွာရဲ့ တကယ့်နတ်ဘုရားက တကယ်တော့ ရှေးဟောင်းမျှော်စင် ဖြစ်ပြီး ရဟန်းငယ်မှာ ရွာသားတွေရဲ့ ယဇ်ပူဇော်မှုရဲ့ ထူးကဲတဲ့ စွမ်းအားရလဒ် ဖြစ်လေသည်။

'အဲဒီဘုန်းကြီးက လူကောင်း မဟုတ်ဘူး'

ချန်ရှီက စိတ်ထဲကနေ ရိုးရိုးသားသားပဲ ပြောချလိုက်သည်။

သူ ဤနေရာသို့ ပထမဆုံး ရောက်လာသောအခါက မူးမူးနှင့် မျှော်စင်ထဲသို့ဝင်ကာ ရဟန်းငယ်၏ ပူဇော်သက္ကာအဖြစ် ဆွမ်းများကို စားမိလုနီးပါး ဖြစ်သွားခဲ့၏။

ရဟန်းငယ်သည် စိတ်ကောင်း နှလုံးကောင်းရှိသူမှ ရက်စက်ကြမ်းကြုတ်သော ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ ပြောင်းလဲသွားသည့် အခိုက်အတန့်ကို သူ သတိရဆဲဖြစ်ကာ ယနေ့တိုင် ပြန်တွေးတိုင်း တုန်လှုပ်နေပါသည်။ သစ်သားတွန်းလှည်း ရပ်သွားသောအခါ ချန်ရှီ လှည်းပေါ်မှ ဆင်းလိုက်သည်။ အဖိုးဖြစ်သူက တင်းကုပ်ကို တည်ဆောက်ကာ အမျိုးမျိုးသော အ​ဆောင်စာရွက်များကို ခင်းကျင်းရန် ကူညီခဲ့သည်။

အဘိုးနှင့်မြေးတို့သည် ထိုအရာများရောင်း၍ အဓိကအားဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ အခြားနေရာများတွင် ဆွေမျိုးများနှင့် ဆက်သွယ်နိုင်သည့် အဆောင်စာရွက်များလည်း ရှိသေးသည်။ တချို့ကတော့ မိုးရွာပါစေလို့ ဆုတောင်းရန် အဆောင်စာရွက် လာရေးကြ၏။

အဆောင်စာရွက် ဆွဲသူများသည် နတ်သန္ဓေသားအဖြစ် မွေးမြူထားရမည် ဖြစ်ပြီး နတ်တန်ခိုးကိုလည်း ပိုင်ဆိုင်ထားရသည်။ ထိုသို့သောသူများသည် မကြာခဏ အရပ်ဘက်သို့ မလာကြဘဲ မြို့တော်ထဲက အရာရှိများသာ ဖြစ်ရာ ဒီလို နေရာမှာ ဈေးလာ မရောင်းကြချေ။

"အဖိုးကြီးချန်...ခင်ဗျား ထပ်​ပြီး ဈေးရောင်း​နေတာလား"

တစ်စုံတစ်ယောက်က ဒီအဖိုးနဲ့ မြေးကို မှတ်မိတာကြောင့် လာနှုတ်ဆက်လေသည်။

"အင်း..."

"ခင်ဗျား သေသွားပြီလို့ ဘယ်က​​နေ ကြားလိုက်မိပါလိမ့်? ခင်ဗျားတို့ရွာက လူတွေပြောတာတော့ ခင်ဗျားက ညဘက်အိပ်ရာဝင်ရင် ခင်ဗျားရဲ့အခေါင်းထဲမှာ အိပ်တာဆို?"

"မဟုတ်ဘူး...စကားကို လျှောက်မပြောနဲ့"

အဘိုးက ပုံမှန် ဖောက်သည်တွေနဲ့ စကားစမြည် ပြောနေသည်။ လုပ်ငန်းက ကောင်းတော့ မကြာခင်မှာပဲ မြေးအဘိုးနှစ်ယောက် အဆောင်စာရွက်တွေ အများကြီး ရောင်းလိုက်ရ၏။

ထိုအချိန်တွင် မိန်းကလေး နှစ်ယောက် ရွှတ်နောက်နောက်ဖြင့် ရောက်လာသည်။ ၀တ်ဆင်ထားသည့် အဝတ်အစားများက ဝတ်ထားရန် ဝန်လေးနေကြသလို ၎င်းတို့၏ သွယ်လျသော ပန်းနုရောင် ဖြူဖွေးသော ခြေထောက်များနှင့် လက်မောင်းများကို ဖော်ပြထားသည်။ မျက်နှာကို ပြောင်လက်တောက်ပစွာ လိမ်းခြယ်ထားတာကိုလည်း တွေ့ရသည်။

"မက်မွန်ပွင့်နှစ်ပွင့်...."

ကောင်မလေး တစ်ယောက်က ပိုရဲရင့်ပြီး ငွေနှစ်စကို ပေးရင်း ပြုံးပြုံးလေး ပြောလာသည်။ သူမလက်ဖဝါးသည် ချန်ရှီ နူးညံ့ချောမွေ့သော လက်ဖဝါးကို ထိလိုက်ရာ လူငယ်လေးခမျာ နှလုံးသားလေး တုန်လှုပ်သွားခဲ့သည်။

ချန်ရှီ မက်မွန်ပွင့်အဆောင်စာရွက် အလျင်အမြန် ယူကာ သူတို့ကို ပေးလိုက်သည်။ မိန်းကလေးနှစ်ယောက် ရယ်ရယ်မောမော ထွက်သွားကြပြီး ရဲရင့်သော မိန်းကလေးက ချန်ရှီကို နှစ်ကြိမ် ပြန်ကြည့်ကာ နှစ်ကြိမ်ပြုံး​ပြသွားသည်။

ချန်ရှီရဲ့ နှလုံးခုန်သံက လျင်မြန်စွာ ခုန်ပေါက်သွားလေသည်။ မက်မွန်ပွင့်အဆောင်စာရွက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်အိတ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။

“ထုတ်လိုက်....” အဘိုးက ခေါင်းမထောင်လာဘဲ ပြောသည်။

"ဘာတွေထုတ်ရမှာလဲ" ချန်ရှီ ငတုံးလို ဟန်ဆောင်လိုက်သည်။

"မက်မွန်ပန်းပွင့် အဆောင်စာရွက်"

ချန်ရှီ ဒေါသတကြီး ရေရွတ်ရင်း မက်မွန်ပွင့်အဆောင်စာရွက်ကို တွန့်ဆုတ်စွာ ထုတ်ယူလာ၏။

"အဘိုး ကျွန်တော်လည်း မငယ်တော့ပါဘူး... မက်မွန်ပွင့်အဆောင်စာရွက်ကို သုံးလို့ရပါပြီ!"

အဘိုးက ခေါင်းခါပြသည့။

"မင်းက ငယ်သေးတယ် ဆေးရေချိုးတုန်းက မင်းကို ငါတွေ့တယ်... နောက်နှစ်နှစ်လောက်မှ ကြီးလာမှာ"

ချန်ရှီမျက်နှာ ချက်ချင်း နီရဲလာ​တော့သည်။

အဘိုး :"ပြီးတော့ မင်းမှာ ရောဂါရှိနေသေးတယ်..."

ချန်ရှီသည် အလင်းသုံးပါးကျင့်စဥ်ကို ရိုးရိုးသားသား လေ့ကျင့်ပြီး ရောဂါကနေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားခဲ့ပေမယ့် "အဘိုး ကျွန်​တော့်မှာ ဘာရောဂါရှိ​နေတာလဲ" ဆိုတဲ့ မေးခွန်းတစ်ခု ​မေးနေဆဲပါပဲ။

အဘိုးက မဖြေချေ။

နေ့ခင်းဘက်ရောက်တော့ အဘိုးနှင့်မြေးတို့သည် အဆောင်စာရွက်များ အားလုံးကို ရောင်းကုန်ပြီမလို့ တင်းကုပ်ကို သိမ်းလိုက်ကြသည်။ ထုပ်ပိုးကာ သစ်သားလှည်းပေါ် တက်၍ ရှန်းယန်ရွာမှ နှင်ထုတ်ခဲ့သည်။

သစ်သားလှည်းက ချောမောစွာ မောင်းသွားသည်။ ချန်ရှီသည် အစာခြောက်များ စားသော်လည်း အဘိုးက ဘာမှမစားဘဲ အမွှေးတိုင်အနည်းငယ်ကို ထုတ်ကာ မီးရှို့၍ သူ့လက်ထဲက ရနံ့ကို စုပ်လိုက်သည်။

ချန်ရှီမှာ ထိုမြင်ကွင်းကို မြင်သောအခါ အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။

"အဘိုး... အဘိုးသေပြီးရင် ရွာရဲ့ကန့်ညောင် ဖြစ်လာမှာလား? အဲ့လိုဆို ကျွန်တော်နေ့တိုင်း အဘိုးကို တွေ့လို့ရပြီ!"

အဘိုးက ခဏလောက် ငြိမ်ပြီး စိတ်ဓာတ်ကျနေသလားလို့ ခေါင်းခါပြလာသည်။

"မဟုတ်ဘူး... ငါသေပြီးရင် ဝိညာဥ်က နတ်ဆိုးရဲ့ စွမ်းအားနဲ့ ဆွဲထုတ်ခံရပြီး မရဏကမ္ဘာထဲကို ရောက်သွားလိမ့်မယ်"

တိတ်တိတ်ဆိတ်ဆိတ် နောက်ထပ် အခိုက်အတန့်တစ်ခု ရှိလာ​ပြန်သည်။

"အဘိုးက မသေနိုင်ဘူး မလား"

ချန်ရှီ ခေါင်းငုံ့ပြီး အရှေ့က လမ်းကို ကြည့်လိုက်ပေမယ့် လမ်းက တဖြည်းဖြည်း မှုန်ဝါးလာသည်။

"အဘိုးကို မသေစေချင်ဘူး"

အချိန်အတော် ကြာပြီးနောက် အဘိုးအိုက သူ့လက်ကြမ်းကြီးကို ဆန့်ထုတ်လိုက်ပြီး ချန်ရှီခေါင်းကို ထိလိုက်သည်။

"ငတုံးလေး... လူက ဘယ်လိုလုပ် မသေဘဲ နေမှာလဲ?"

လွန်ခဲ့သည့် ဆယ်ရက်အတွင်း ချန်ရှီသည် သူ့​အကြီးအကဲများနှင့် ဆွေမျိုးများဆီက ကြင်နာမှုလို အဘိုးဆီက ကြင်နာမှုကို ပထမဆုံးအကြိမ် ပြန်ခံစားခဲ့ရသည်။

သစ်သားလှည်းက သူ့ရှေ့မှာ ရပ်နေတဲ့ ဧရာမသစ်ပင်ကြီး တစ်ပင်ဆီ ဦးတည်သွားသည်။ ဝမ်းနည်းစရာ ကောင်းတာက သူ့ရဲ့အကိုင်းအခက်တွေဟာ ကောင်းကင်ကို ထိုးဖောက်နေတဲ့ ဘီလူးရဲ့ ခြေသည်းတွေလို ရပ်တန့်​နေတာပါပဲ။

ဧရာမသစ်ပင်ကြီးကိုလည်း ကွင်း၍ ပတ်ပတ်လည်တွင် အိမ်ခြေရာနှင့်ချီ ရှိသော်လည်း ဤရွာတွင် မည်သူမျှ နေထိုင်ခြင်း မရှိပေ။

ဒီရွာရဲ့ ကန့်ညောင်ကလည်း သေသွားပြီ။

ဧရာမသစ်ပင်ကြီး သေဆုံးသည့်နေ့တွင် ရွာသည် အကာအကွယ် ဆုံးရှုံးသွားကာ ပြင်ပနတ်ဆိုးများ၏ ကျူးကျော် ဝင်ရောက်မှုကြောင့် လူများစွာ သေဆုံးခဲ့ရသည်။

သစ်သားလှည်း ဖြတ်သွားစဉ် ချန်ရှီသည် ရွာထဲတွင် ယိမ်းနွဲ့နေသော လူတစ်ရာခန့်က ပြုံးပျော်နေပြီး ဝတ်စုံဝတ်ထားသော ကလေးများကလည်း ဆော့ကစားနေတာကို တွေ့လိုက်ရသည်။

သူတို့လည်း လပွဲတော်ကို ဆင်နွှဲ​နေကြသည်။

ဒါပေမဲ့ သူတို့သေသွားခဲ့တာ ကြာပြီ။

"ဘာ့ကြောင့် နတ်​ဆိုးရဲ့ စွမ်းအားက သူတို့ကို မြေအောက်ကမ္ဘာထဲကို ဆွဲမချသွားတာလဲ"

ချန်ရှီက သံသယနဲ့ မေးတယ်။

အဘိုးလည်း မဖြေနိုင်။

သစ်သားလှည်း ရောက်လာတဲ့ ဒီရွာကို ဖန်းတျန်ရွာဟု ခေါ်၏။ ယွိတိုက်မြစ်သည် ဤနေရာတွင် ကြိုးတစ်ချောင်းလို ကွေးညွှတ်နေပြီး ဖန်းတျန်ရွာကိုတော့ မြစ်ပင်လယ်​ဘေးတွင် တည်ဆောက်ထားသည်။

ဖန်းတျန်ရွာရဲ့ ကန့်ညောင်ကလည်း ရှေးကျသော သစ်ပင်တစ်ပင် ဖြစ်နိုင်သည်။ ထိုသစ်ပင်သည် အလွန်ခိုင်ခံ့ပြီး အနီရောင်ကြိုးများနှင့် ဆန္ဒသစ်သား​ပြားများစွာကို ချိတ်ဆွဲထား၏။ ချန်ရှီ သစ်ပင်ဆီသို့ ကြည့်လိုက်ရာ ထူးကဲသော စွမ်းအားဖြင့် ဖွဲ့စည်းထားသော သစ်ပင်ဝိညာဉ်ကို မတွေ့လိုက်ရသောအခါ ထိတ်လန့်သွားမိသည်။

သစ်ပင်အောက်သို့ ရောက်သောအခါ ပန်းနုရောင် ၀တ်စုံဝတ်ထားသည့် သူ့အရွယ်လောက်ရှိသော မိန်းကလေးတစ်ဦးနှင့် ဘုရားကျောင်းဝင်းရှေ့က နတ်ကွန်းငယ်တစ်ခုကို တွေ့ရှိခဲ့သည်။ သူမဟာ ယဇ်ပူဇော်ခြင်းထဲက အရာများကို စားသောက်နေစဉ်တွင် တစ်ဖက်ကလည်း ရွာသားများ၏ ဆုတောင်းချက်များကို ကြည့်ရှု​နေခဲ့သည်။

ချန်ရှီ: "လတ်စသတ်တော့ ဒီမှာကိုး..."

မြေးအဘိုးနှစ်ယောက် ဈေးထဲက ဆူညံသံများ ကြားလိုက်ရသည်။ ထိုစဥ် လူတော်တော်များများ ရုတ်တရက် ရပ်သွား၏။

အမျိုးသမီးက ကလေးကို ပွေ့ချီပြီး အိမ်ထဲ အမြန်ပြေးဝင်သွားသည်။ ယောက်ျားက ပုဆိန်နဲ့ မီးဖိုချောင်သုံး ဓားလိုမျိုး တစ်ခုခုကို အလျင်စလို ကောက်ယူပြီး ခါးမှာ ကပ်ထားသည်။ ခုနက စားနေကြတဲ့ လူတွေ အားလုံးကလည်း ဟားခနဲ ဝင်ကနဲ ပြေးထွက်သွားကြရာ မျက်ရည် မကျဘဲ ငိုနေတဲ့ ဆိုင်ရှင် တစ်ယောက်သာ ကျန်တော့သည်။

"တံခါးခြောက်ပေါက်ဂိုဏ်း လာနေပြီ!"

တံခါးခြောက်ပေါက်ဂိုဏ်းလို့ ခေါ်တဲ့ တံခါးခြောက်ချပ်ကို ရည်ညွှန်းပါ၏။ ခရိုင်အစိုးရ၏ အဓိကဝင်ပေါက်တွင် ယေဘူယျအားဖြင့် တံခါးခြောက်ချပ် ပါရှိသောကြောင့် ခရိုင်အစိုးရတွင် အလုပ်လုပ်သူများကို တံခါးခြောက်ပေါက်ဟု လှောင်ပြောင် ခေါ်ဝေါ်ကြသည်။

ချန်ရှီ လှမ်းကြည့်လိုက်တော့ ဒါဇင်နဲ့ချီတဲ့ အစိုးရအရာရှိတွေ ဝင်လာနေကြ၏။ ဒါတင်မကသေး လမ်းတလျှောက် ဈေးဆိုင်တွေနဲ့ ဆိုင်ခန်းတွေကို ရိုက်ချိုးဖျက်ဆီးနေတာကိုပါ တွေ့လိုက်ရသည်။

"မင်မင်းဆက်ရဲ့ ဥပဒေအရ၊ ကြွေးကျန်အခွန် မပေးဆောင်တဲ့သူကို ကြိမ်လုံး အချက်တစ်ရာနဲ့ အပြစ်ပေးရလိမ့်မယ်... မင်းမင်းဆက်ရဲ့ နိုင်ငံသားအားလုံး... ငါတို့တာဝန်ကျတဲ့ သူတွေပဲ...ပူးပေါင်း ပါဝင်ကြပါ!"

ပထမ ခေါင်းဆောင်သည် ပတ်ပတ်လည်ကိုကြည့်ကာ စာရင်းစာအုပ်ကို ဖွင့်၍ အော်ဟစ်လေ၏။

"လျိုကျာရှီ....လျိုကျာရှီ မင်းရဲ့မြေခွန် ပေးဆောင်ပြီးပြီ... ဒါပေမဲ့ မင်းမှာ အိမ်ထောင်စုခွန်နဲ့ ကုန်သွယ်ခွန် မဆောင်ရသေးဘူး ထွက်လာခဲ့!"

ထိုစဉ် ဖန်းတျန်ရွာမှ အမျိုးသားတစ်ဦးက ရဲဝံ့စွာ ထွက်ပြောခဲ့သည်။

"အရာရှိကြီး...လျိုကျာရှီက သေပြီ"

အစိုးရရုံး အကြီးအကဲက ခွေးခြေကို ဆွဲယူပြီး မြင်းကြီးပေါ်ကဆင်းကာ ရွှေဓားရှည်ကြီးနဲ့ ထိုင်ချလိုက်ရင်း အံ့သြစွာ မေးလိုက်သည်။

"သေပြီ? ဘယ်တုန်းက သေတာလဲ"

"အရာရှိကြီး အခွန်ကောက်ဖို့ နောက်ဆုံးအကြိမ် လာတယ်မလား... အဲဒါတွေကို လက်မခံရသေးခင် နောက်တစ်နေ့မှာပဲ သေသွားတယ်..."

အဲဒီလူက သတိကြီးစွာပြောသည်။

"ကန့်​ညောင်ရဲ့သစ်ပင်မှာ ချိတ်ဆွဲထားတာ... ကျွန်တော်တို့တွေ့တော့ မာတောင့်နေပြီ"

အစိုးရရုံး အရာရှိကြီးက အသံမထွက်ဘဲ မျက်လုံးတွေက လျှပ်စီးကြောင်းလို ဖန်းတျန်ရွာလယ်က ရှေးဟောင်းသစ်ပင်ကို ကြည့်ပြီး လှောင်ပြောင်လိုက်၏။

"မင်းပြောတာက မင်းတို့ရွာရဲ့ နတ်ဘုရားမကို ယဇ်ပူဇော်တဲ့ အနေနဲ့ သတ်လိုက်တာပေါ့... လျိုကျာရှီ မင်းက ယဇ်ပူဇော်ဖို့ မင်းကိုယ်မင်း သုံးလိုက်တယ်ဆိုတော့ မင်းရဲ့ဆုတောင်းက ဘာများလဲ?"

.

All Chapters