သခင်လေးကို သတ်မယ်
Vol. 1 Ch. 10
ချန်ရှီ ခေါင်းငုံ့ကာ စာရွက်ကို ဖြန့်လိုက်သည်။ စာအုပ်စင်မှ ဓားတစ်ချောင်းကို ထုတ်ကာ မတ်တပ်ရပ်ကာ လီရှောင်တင်ဆီသို့ လျှောက်သွားလိုက်သည်။
လီရှောင်တင်နဲ့ အနီးဆုံးရှိ အစောင့်သည် သူ့လက်ထဲတွင် ဓားကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကာ ချက်ချင်း သတိဝင်လာ၏။
"မင်းဘာလုပ်နေတာလဲ... သူ့မှာ ဓားတစ်ချောင်းရှိတယ်!"
ထိုစကားကို ကြားပြီးနောက် တခြားအစောင့်များသည် ၎င်းတို့၏ စွမ်းအင်များကို အလျင်အမြန် စုစည်းလိုက်ကြသည်။ သူတို့ ခေါင်းနောက်တွင် နတ်အလင်းရောင်များ ထွက်ပေါ်လာပြီး နတ်သန္ဓေသားလေးက နတ်ကွန်းထဲတွင် ထိုင်လျက် အနေအထားဖြင့် အသီးသီး ချန်ရှီ ရှိရာဘက်သို့ တစ်ချိန်တည်း ပြေးထွက်သွားကြသည်။
"သူ့လက်ထဲမှာ ဓားတစ်ချောင်းရှိတယ်"
ဆိုတဲ့စကားကြောင့် လီရှောင်တင်လည်း ထိတ်လန့်သွားပြီး စားပွဲခုံပေါ်ကနေ ပြုတ်ကျမလိုတောင် ဖြစ်သွားသည်။ သူက လျင်မြန်စွာ စာရွက်တစ်ရွက်ကို ထုတ်လိုက်၏။
စက္ကူသည် မီးတဟုန်းဟုန်း တောက်လောင်ကာ ချက်ချင်းဆိုသလိုပင် စွမ်းအင်တစ်ခု သူ့အပေါ်သို့ ဇောက်ထိုးကျလာခဲ့သည်။ ၎င်းက ခေါင်းလောင်းကြီးကဲ့သို့ ရွှေရောင်အလင်းတန်းများ ထွန်းတောက်ကာ သူ့ကို ဖုံးအုပ်သွား၏။
ချန်ရှီလည်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ့လက်ထဲက ဓားကလည်း မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။
"ခွေးသွေးနဲ့ အဆောင်စာရွက် ဆွဲမလို့ပါ.... ငါ့ကို မသတ်ပါနဲ့ အစ်ကို လီကွမ်း ငါ့ကို ကယ်ပါဦး!"
အစောင့်ခုနစ်ယောက်က လက်ဝါးစွမ်းအင်များ ပြင်ဆင်ကာ ထိုစကားလုံးများကို ကြားလိုက်သောအခါ အားလုံး ရပ်တန့်သွားသည်။ ထိုလက်ဝါးစွမ်းအင်ကို စုစည်းထားသော်လည်း မပစ်ခဲ့ပေ။
လီရှောင်တင်လည်း မြေပြင်မှ ကုန်းထကာ လီကွမ်းကို အမြန်ကြည့်လိုက်သည်။ လီကွမ်းလည်း ချန်ရှီကို သတ်ပစ်ရန် ပြင်ဆင်ထားပြီးပြီ။ သခင်ငယ်အတွက် အဆောင်စာရွက် ဆွဲရန်မှာ အမှန်တကယ် လိုအပ်တာကြောင့် သူလည်း ကမန်းကတမ်း ပြန်ဖြေလိုက်၏။
"ခွေးနက်သွေးက ခိုင်ခံ့တဲ့ ယန်စွမ်းအင် ရှိတယ်... အဆောင်စာရွက်နဲ့ ပေါင်းစပ်ထားရင် နဂါးစွမ်းအားလိုတောင် ပိုအားကောင်းလာနိုင်ပါတယ် သခင်လေး...."
လီရှောင်တင်လည်း သူ့ဘေးနားက ဟေးကော်ကို တစ်ချက် ကန်ပြီး အပြုံးနဲ့ ကျိန်ဆဲလိုက်သည်။
"တစ်ယောက်ယောက်က ငါ့ကို နောက်တစ်ကြိမ် သတ်တော့မယ်လို့ ထင်လိုက်တာ... ဒီအကောင်ကို... လန့်သွားတာပဲ!"
သူက ခွေးကြီး အပြစ်တင်တာပြီး ပြုံးပြုံးကြီးနဲ့ ဆက်ပြောပြန်သည်။
"မင်း ဘာလို့ သွားမသေသေးတာလဲ"
ဟေးကော်မှာ နှစ်ကြိမ်ခန့် အရိုက်ခံရပြီးနောက် ဒေါသတကြီးဖြင့် အမြီးကို ကုတ်ကာ လူသားများ၏ ပြောင်းလဲနိုင်သော သဘောသဘာဝကို နားမလည်နိုင်အောင် ဖြစ်သွား၏။ လွန်ခဲ့သည့် အခိုက်အတန့်တွင် ခွေးခေါင်းကို ကိုင်ကာ ခွေးလိမ္မာဟု ချီးမွမ်းသော်လည်း ယခုတော့ သွားသေခိုင်းနေသည်။
ဟေးကော်လည်း ချန်ရှီဆီသို့ လျှောက်သွားရလေတော့သည်။ ချန်ရှီလည်း သက်ပြင်းချကာ ဓားကို ကောက်ယူရန် ငုံ့ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် လီကွမ်းနှင့် အခြားသော အစောင့်ခုနစ်ယောက်တို့သည် သက်ပြင်း တစ်ချက်ချကာ သူတို့ပြင်ဆင်ထားသော စွမ်းအင်များကို ရုပ်သိမ်းလိုက်လေသည်။ လီကွမ်းတစ်ယောက်တည်းကသာ နတ်ကွန်းကို ခေါင်းအနောက်မှာ ချန်ထား၏။
ချန်ရှီသည် ဓားကိုယူရန် ခေါင်းငုံ့နေစဥ် သူ့အမြင်အာရုံထောင့်မှ သူ့ပတ်ဝန်းကျင်ရှိ လူခုနစ်ဦး၏ အနေအထားကိုလည်း လေ့လာလိုက်သည်။ အစောက သူတို့ မြှောက်လိုက်သော ခြေနှင့် လှည့်ကြည့်သည့် အမူအရာများက သူ့စိတ်ထဲတွင် ထင်ရှားစွာ ရေးထွင်းထားပြီးပြီ။
"သူတို့လေးယောက်က ငါနဲ့ တစ်ပေလောက်ဝေးတယ်... နှစ်ယောက်က တစ်ပေကျော်ကွာတယ် လီကွမ်းက ငါ့နဲ့ အနီးစပ်ဆုံးပဲ ဒီအချိန်က အရေးယူဖို့ အကောင်းဆုံးအချိန်ပဲ"
ချန်ရှီ သူ့လက်ဖဝါးနဲ့ ဓားလက်ကိုင်ကို ကိုင်ထားပြီး သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတစ်ခုနဲ့အတူ လီကွမ်းဘက်ကို ခေါင်းစောင်းကြည့်လိုက်သည်။ လီကွမ်းသည် နတ်ကွန်း၏ နတ်သန္ဓေသားကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ပြင်းထန်သော ထိုးနှက်ချက်သာ ရလိုက်ရင် စွမ်းအင်ထုတ်ရန် အချိန်မရှိတော့ပေ။
"ဒါက သခင်လေးလီရှောင်တင်ရဲ့ ရွက်ဖျင်တဲလား?"
ရုတ်တရက် သာယာသော အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
အနီရောင်တောက်တောက် ဘောင်းဘီရှည်နှင့် ခရမ်းရောင် စကတ်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် သစ်သီးခြင်းတောင်းကြီးကို ကိုင်လျက် စခန်းအပြင်ဘက်၌ ရပ်နေသည်။
"ကျွန်မက တင်းမိသားစုက ကျစ်အာပါ.... သခင်မလေး၄က ဒီနားမှာ စခန်းချနေတုန်းပဲ... သခင်လေးလီကလည်း အမဲလိုက်ဖို့ လာတာဆိုတော့ ဒီက ညီအစ်ကိုနှစ်ယောက်ကို ကျွန်မတို့စခန်းထူထောင်ဖို့ ကူညီပေးနိုင်မလားဆိုပြီး လာကြည့်ခိုင်းလိုက်သည်။
ချန်ရှီမျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ လက်ထဲတွင် ဓားကိုကိုင်ကာ မတ်တပ်ထရပ်နေသော်လည်း သူ့မျက်လုံးများထဲတွင် လူသတ်ချင်သည့် အကြည့်မျိုး မရှိပေ။ ကျစ်အာအမည်ရှိ တင်းမိသားစု အစေခံ ရောက်ရှိလာခြင်းက သူလှုပ်ရှားမယ့် အကောင်းဆုံးအခွင့်အရေးကို ဆုံးရှုံးစေခဲ့သည်။
ကျစ်အာက လူတိုင်းကို ဆွဲဆောင်နေတဲ့ အချိန်မှာ သူတကယ် လှုပ်းရှားနိုင်ပေမယ့် စခန်းအပြင်ဘက်မှ ကျစ်အာအတွက်က စွမ်းအင် ထုတ်ယူဖို့ အချိန်ရနိုင်သည်။ အစောင့် ခုနစ်ယောက်ကို သတ်ခဲ့ရင်တောင် ကျစ်အာရဲ့လက်ထဲမှာပဲ သေဆုံးနေရဆဲ ဖြစ်ပြီး လီရှောင်တင်ကို သတ်ဖို့ အချိန်တောင်မှ မရှိလောက်ချေ။
ကျစ်အာ ဝင်မလှုပ်ရှားရင်တောင် သူမ လွတ်မြောက်ပါက လီရှောင်တင်ရဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်လိမ့်မည်။ ၎င်းသည် သူမ၏အဖိုးအား သေဆုံးစေကာ ဟွမ်ဖောရွာကိုပင် ဘေးဥပဒ်ဖြစ်စေမည်။
ဒါက သူ လုံးဝ သည်းမခံနိုင်တဲ့ ကိစ္စပါပဲ။
"ဒီအခွင့်အရေးကို လက်လွှတ်ဖို့ကလွဲလို့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး"
ချန်ရှီ ဟေးကော်ကို လှမ်းခေါ်ပြီး စားပွဲဆီသို့ လျှောက်သွားသည်။ ကျစ်အာသည် တင်းမိသားစုနဲ့ လီမိသားစုကြား ပိုမိုနီးကပ်စေရန် ရည်ရွယ်ချက်ဖြင့် လာတာမလို့ သူမ အကြာကြီး မနေလောက်ပေ။ သူ့မှာ တခြားအခွင့်အရေး ရှိလောက်သေးသည်။
တစ်ဖက်တွင်တော့ အစောင့်တစ်ဦးမှာ ကျစ်အာကို လျင်မြန်စွာ ပြုံးပြလိုက်သည်။
"ငါ့သခင်ငယ်လေးက မင်းတို့ သခင်မလေးကို လာလည်ဖို့ ဖိတ်ခေါ်မလို့ပဲ ဒါပေမဲ့ ငါ မတွေးရသေးခင်မှာပဲ မိန်းကလေးက အရင်ရောက်လာတယ်..."
သူက ပြောပြီး ကျစ်အာလက်ထဲမှ သစ်သီးတောင်းကို ယူလိုက်သည်။ ကျစ်အာကလည်း နှုတ်ခွန်းဆက်ကတ်ကို ထုတ်ကာ လီရှောင်တင်ဆီသို့ လှမ်းလာ၍ ပြုံးပြလိုက်သည်။
"သခင်လေးက ရေနွားခရိုင်မှာ ကျော်ကြားတဲ့ လူတစ်ယောက်ပါ... နောက်ဆုံး ပြည်နယ်စာမေးပွဲမှာ သခင်လေးလီက ထိပ်တန်း ဖြစ်လာခဲ့တယ်...ကျွန်မတို့ စတုတ္ထသခင်မလေးကတောင် သခင်လေးလီက သူ့ခွန်အားကို ဖုံးကွယ်ထားမယ်လို့ မထင်ထားဘူးလို့တောင် ပြောသေးတယ်....သခင်လေးကို နှုတ်ဆက်ပါတယ်... ဒါက ကျွန်မတို့ သခင်မလေးရဲ့ ဖိတ်ကြားစာပါ...."
သူမသည် ချောမောလှပသော အသွင်အပြင် ရှိပြီး အပေါ်ရုံ ပန်းရောင်ကို ၀တ်ဆင်ထားသောကြောင့် အလုပ်သွားလုပ်မည့် တော်ဝင်အစောင့် အနည်းငယ်မှာ နောက်ကြောင်း ပြန်လှည့်ကာ သူမနှင့် ပို၍ရင်းနှီးလာစေရန် မျှော်လင့်နေလျက် ရှိသည်။
အပြင်ထွက်ခြင်းက ယောက်ျားနှင့်မိန်းမ ရင်းနှီးမှုရှာရန် လှုပ်ရှားမှုတစ်ခုပင်။ မဟုတ်ပါက ဘယ်သူကမှ အမဲလိုက်ရန် တောင်ပေါ်သို့ လာမည် မဟုတ်ချေ။
ချန်ရှီသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ ခါးကို ကိုင်းလျက် ဟေးကော်ရဲ့ သွေးကို ထုတ်မလို့ ပြင်ထားရာမှ ရုတ်တရက် အေးခဲသွားတော့သည်။
"လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မဝေးတော့ဘူး... သတ်ဖို့ အကောင်းဆုံး အခွင့်အရေးက ပြန်ပေါ်လာပြီ... ဒါပေမဲ့ အလယ်မှာ အဲ့ကောင်မလေးက အဖုတစ်ခု ဖြစ်နေတယ်... အမှိုက်မ!"
ဟေးကော်လည်း သူ့သွားများကို အံကြိတ်ကာ အနည်းငယ် တုံ့ဆိုင်းသွားသည်။ သခင်ကြီးသည် ဓားတစ်ချောင်း ဖြတ်ပြီးတာနဲ့ ထူးဆန်းသော တိရိစ္ဆာန်မှရသော အသားတစ်ပိုင်းကို ကျွေးသည်။ သို့သော် ဒီသခင်ငယ်က သူ့ဆီက သွေးယူပြီးရင်တောင် ဖြည့်စွက်စာ အသားမရှိပေ။
ရုတ်တရက် ကျယ်လောင်သော လေသံတစ်ချက် ထွက်ပေါ်လာပြီး ဓားကိုင်ထားသည့် ချန်ရှီ သူ့မျက်လုံးများရှေ့ ပျောက်ကွယ်သွားခဲ့သည်။ ချန်ရှီဓားဟာ လီကွမ်းရဲ့ လည်ချောင်းထဲသို့ ပြင်းထန်စွာ ထိုသွင်းလိုက်ချေပြီ။ ဟေးကော် အံ့အားသင့်သွားပြီး သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။
လီကွမ်း သူ့မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ စကားပြောရန် ပါးစပ်ကို ဖွင့်ဟလိုက်သော်ငြား ချန်ရှီလက်သည် နောက်အစောင့်ရဲ့ နောက်ကျောဆီသို့ ဖျက်ကနဲ ပြေးသွားကာ သွေးစွန်းသော ဓားဖြင့် နှလုံးတည့်တည့်ကို ထိုးဖောက်ပစ်သည်။
ထို့နောက် သူ့ဓားကိုဆွဲကာ လှည့်ကြည့်လိုက်ရာ အစောင်ရင်ဘတ်မှ ဓားကို သူ့နှလုံးထဲသို့ ထိုးသွင်းလိုက်ပြီးနောက် နောက်တစ်ကြိမ် ဆွဲထုတ်၍ ဓားဖြင့် ထိုးလိုက်သော်လည်း နံရိုးကြားကို လွတ်သွားလေသည်။ ချန်ရှီ ဓားကို ဆွဲထုတ်လိုက်ပေမယ့် သူ့လက်က ချော်ထွက်သွားပြီး လက်ကိုင်က ပြန်မထုတ်နိုင်ဘဲ ဖြစ်နေသည်။
ချန်ရှီသည် ဆယ်ပေကျော် အကွာတွင်ရှိသော အစောင့်ဆီသို့ သူ့လက်နှစ်ချောင်းကို ဖြန့်ကာ တတိယမြောက် အစောင့်ရဲ့ မျက်လုံးများကို ထိုးဖောက်လိုက်သည်။ သူ့လက်ချောင်းများက ထိုလူရဲ့ ဦးခေါင်းခွံ အတွင်းအထိ ထိုးဖောက် ဝင်ရောက်သွားသည်။
ချန်ရှီ သူ့လက်ချောင်းများကို ဆွဲထုတ်ကာ ခါးကိုလိမ်ကာ လှည့်ထွက်လိုက်သည်။ သူ၏ ဘယ်ခြေဖြင့် တစ်ချက် လှည့်လိုက်တာနဲ့ ရှစ်ပေအကွာအထိ ရောက်သွားပြီး လေးယောက်မြောက် အစောင့် လည်ပင်းပေါ်သို့ ကန်ချပစ်လိုက်သည်။
ဒီကန်ချက်က လူတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့ ခုတ်လိုက်သလိုပါပဲ။ ပြင်းထန်တဲ့ အင်အားက အစောင့်ရဲ့လည်ပင်းကို လိမ်ပြီး အရိုးတွေ ကွဲအက်သွားသလို အသံထွက်သွားသည်။
ထိုလူ၏ ခန္ဓာကိုယ်သည် မြေပြင်သို့မထိမီ ချန်ရှီသည် သူ့ခန္ဓာကိုယ်အထက်မှ ခုန်ဆင်းကာ ပဉ္စမမြောက် အစောင့်နားရွက် တစ်ဝိုက်ကို လက်ဖဝါးဖြင့် ပြင်းထန်စွာ ပုတ်ဆွဲလိုက်ရာ ထိုလူ၏နား၊ ပါးစပ်၊ မျက်လုံးများထဲ သွေးများထွက်လာလေသည်။
တစ်ချိန်တည်းမှာပင် လီကွမ်း၏ အော်ဟစ်သံက ထွက်ပေါ်လာသော်လည်း အော်ဟစ်သံနှင့်အတူ သွေးသံများက ရောနှောသွားခဲ့သည်။
လီကွမ်း သူ့လည်ပင်းကို အုပ်ဖို့ လက်ကို မြှောက်ထားလိုက်သည်။ ချန်ရှီရဲ့ ဓားက သူ့လည်ပင်းကို ပြတ်လုနီးပါး ဖြတ်ပစ်တယ်ဆိုတာ သိလိုက်ရသလို အခု လည်ပင်းရဲ့ နောက်ကျောက ကြွက်သားတွေပဲ ကျန်ပါတော့သည်။
"ဒီကလေးက အရမ်းမြန်တာပဲ!"
သူ့စိတ်ထဲတွင် အတွေးတစ်ခုက "သူ ငါတို့ကို ဘာလို့သတ်ချင်တာလဲ" ဆိုတာပါပဲ။
သူ့အမြင်အာရုံသည် မှောင်မိုက်နေပြီး ချန်ရှီဟာ ရုပ်သေးရုပ်လေးလို ခြောက်ယောက်မြောက်လူဆီသို့ ပြေးသွားနေတာကိုသာ မြင်လိုက်ရသည်။ ထိုလူသည် သူ့မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အကြည့်များဖြင့် ငြိမ်သက်သွားရလေ၏။
ချန်ရှီသည် သူ၏ညာလက်လေးအား ကောက်ကွေးကာ လက်သီးချက်အပေါ် ရုတ်တရက် အင်အား ပိုထုတ်လိုက်ပြီး ဆဋ္ဌမမြောက်လူရဲ့ ရင်ဘတ်ကို ထိုးချပစ်သည်။
အစောင့်က သွေးအန်သွားသော်လည်း သူ၏ဦးခေါင်း အနောက်ဘက်ရှိ နတ်ကွန်းကို တည်ဆောက်ထားပြီး ဖြစ်သည်။ စွမ်းအား စမညှိမီတွင် ချန်ရှီ၏ ဘယ်လက်က သူ့မျက်နှာပေါ်တွင် ဖိထားပြီး အင်အားကြီးမားသော ဆင်တစ်ကောင်ကဲ့သို့ မျက်နှာကို နောက်ပြန်တွန်းပစ်လေ၏။
"ဗွမ်း!"
သူ့ဦးခေါင်းနောက်ဖက်ဟာ မြေပေါ်မှ ကျောက်တုံးနဲ့တိုက်ပြီး တစ်ခေါင်းလုံး ကွဲကြေသွားသည်။ လုရွှမ် လေထဲမှ ခုန်ချနေစဥ် သတ္တမမြောက် အစောင့်ကို လှည့်ကြည့်လိုက်၏။
ထိုအစောင့်သည် သူ၏ စစ်မှန်သော စွမ်းအင်ကို စုဆောင်းပြီးပြီ။ နတ်ကွန်းရှိ နတ်သန္ဓေသားလေး ပြန်လည် ရှင်သန်လာကာ သူ၏ နတ်တန်ခိုးသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ရုတ်တရက် ခုန်တက်လာသည်။ သူ့ခြေလက်များနှင့် အရိုးများကို နတ်တန်ခိုးဖြင့် ပြည့်စေခဲ့သည်။
သို့သော် ဤနတ်တန်ခိုး သူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ချန်ရှီရဲ့ ခြေထောက်က သူ့ဒူးဆစ်တွေကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။ ချိတ်ဆွဲထားသော အရာဝတ္ထုနှစ်ခုလို အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်က အပေါ်ကို လွင့်ပျံသွားတော့မလို အရှိန်ပျက်သွားတာမလို့ နောက်ပြန်ဆုတ်သွားခဲ့ပေမယ့် သူမြေပြင်ကို မထိခင်မှာပဲ ချန်ရှီရဲ့ နောက်ခြေထောက်တစ်ဖက်က သူ့နတ်ကွန်းကို ကန်နေပြီ ဖြစ်သည်။
ဝုန်း!
သူ့လည်ပင်း တစ်ဖက်သို့ စောင်းသွားသည်။
ထိုအချိန်တွင် ပေါ့ပ်ကနဲ အသံတစ်ခုသာ ထွက်ပေါ်လာပြီး လီကွမ်း မြေပြင်ပေါ်သို့ လဲကျသွားသည့် အသံကို ကြားလိုက်ရသည်။ ချန်ရှီ ရုတ်တရက် ပြေးထွက်သွားကာ ဒုတိယအစောင့်ဆီက ဓားကို လှမ်းဆွဲထုတ်လိုက်သည်။
ကျစ်အာ ဓားတစ်လတ် ဖန်ဆင်းလိုက်ချိန် အရှေ့ကို ကြည့်လိုက်တော့ သွေးစွန်းနေတဲ့ လက်နှစ်ဖက်က သူ့ခေါင်းနဲ့ မေးရိုးကို ဆုပ်ကိုင်ထားပြီးသား။ သူမရဲ့ အမြင်အာရုံတွေ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ လူသတ်သမားရဲ့ လက်က ရုတ်တရက် သူမရင်ဘတ်မှ သူမနောက်ကျောဆီသို့ ရွေ့လျားသွားသည်။
ချန်ရှီသည် အမျိုးသမီးရဲ့ လည်ပင်းကို လက်နှစ်ဖက်ဖြင့် လိမ်ကာ ချိုးပစ်လိုက်သည်။ အမျိုးသမီး လဲကျမသွားမီတွင် သူလက်ဖဝါးသည် အမျိုးသမီး၏ ရင်ဘတ်သို့ ရောက်ရှိသွားပြီး ဓားကို သူမနှလုံးကိုပါ ထုတ်ယူပစ်လိုက်သည်။
"ဘုတ်"
"ဘုတ်"
"ဘုတ်"
အလောင်းတွေ တစ်လောင်းပြီး တစ်လောင်း လဲကျသွားသည်။
ရုတ်တရက် နောက်ထပ် တုန်လှုပ်သွားသော အသံတစ်ခုကြောင့် ချန်ရှီ နောက်သို့ လှမ်းကြည့်လိုက်ရာ သခင်လေး လီရှောင်တင်သည် မီးတောက်နေသည့် ရွှေခေါင်းလောင်းထဲ ရောက်နေတာ တွေ့လိုက်ရသည်။
တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေကာ ကြောက်ရွံ့မှု အပြည့်ဖြင့်။ သူ့မျက်လုံးများက ထိုနေရာတွင် ရပ်နေသော ချန်ရှီကို ကြည့်နေသည်။ သူဟာ နတ်သန္ဓေသားနယ်ပယ်က ကျင့်ကြံသူ ဖြစ်လို့ ချန်ရှီကို အလွယ်တကူ သတ်နိုင်သည်။
ဒါပေမဲ့ သူအရမ်းကြောက်သွားပြီး စိတ်တွေပါ လွတ်ထွက်သွားတာကြောင့် သူအရင်က သင်ခဲ့ရတဲ့ သိုင်းစွမ်းအင်တွေကို မမှတ်မိတော့ချေ။ သူသည် ကျင့်ကြံသူ၊ နတ်သန္ဓေသားရှိနေဆဲ ဖြစ်ကြောင်းကိုပင် မေ့သွားခဲ့သည်။
.