← Chapters

ရိတ်သိမ်းခြင်း

Vol. 1 Ch. 11

ရိတ်သိမ်းခြင်း

Vol. 1 Ch. 11

ချန်ရှီသည် သူ့လက်မောင်းကိုသုံး၍ ဓားမှ သွေးများကို သုတ်လိုက်သည်။ စခန်းပတ်လည်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ သူ့မျက်နှာက ရေခဲတွေလို အေးစက်သွားသည်။

'မင်းတို့ ရောက်တဲ့နေရာမှာ ငြိမ်းချမ်းပါစေ... မင်းတို့ရဲ့တာဝန်က ငါ့ရန်သူကို ကာကွယ်ရတာ ဆိုတော့ မတရားသဖြင့် သေသွားရတာပဲ'

ထို့နောက် လီရှောင်တင်ဆီသို့ လျှောက်လာခဲ့သည်။ လီရှောင်တင်ဟာ သူ့ကို စွမ်းအင်တစ်ချက်တည်းဖြင့် သတ်နိုင်သော်လည်း ယခုအခါ ဘယ်ကလာမှန်းမသိတဲ့ ယုံကြည်ချက်​တွေက အပြည့်ရှိကာ လီရှောင်တင် သူ့ကို မသတ်ခင် သူ့ဘက်က သေချာပေါက် သတ်နိုင်သည်ဟု ခံစားမိသည်။

ထူးဆန်းတာက တစ်စုံတစ်ဦးကို သတ်ရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သော်လည်း ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည့် အခိုက်တွင် သူ့စိတ်ထဲတွင် ကြောက်ရွံ့မှု မရှိခဲ့ဘဲ တစ်ဖက်လူကို တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ရန် တွေး​နေမိသည်။

ဟေးကော်သည် စားပွဲဘေးတွင် ငုတ်တုတ်ထိုင်နေပြီး အရပ်မျက်နှာတိုင်းတွင် လဲလျောင်းနေသော အလောင်းများကို စိုက်ကြည့်ကာ သတိတွေ မဝင်လာသေးပေ။

—— သူ့ရှေ့က ပြတ်ပြတ်သားသား သတ်ဖြတ်နေတဲ့ လူငယ်ကို သူ့ရဲ့သခင်ငယ်လေးနဲ့ မဆက်စပ်နိုင်သေးချေ။ အရင်တုန်းက ချန်ရှီဟာ မိုက်မဲပြီး ရွှင်မြူးပြီး ဉာဏ်မရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပေမယ့် အခုချန်ရှီကတော့ လူသတ်နတ်ဘုရားလိုပဲ။

"ဗုန်းဗုန်း!"

ချန်ရှီ အင်အား​ပြင်း​ပြင်းဖြင့် လက်သီးတစ်ချက်ကို ထိုး​ဖောက်လိုက်ရာ ရွှေခေါင်းလောင်းက အပိုင်းပိုင်း ကွဲသွားသည်။ ထို့နောက် လီရှောင်တင်ရှေ့သို့ လှမ်းလာခဲ့သည်။

သူ ရောက်လာတဲ့အခါ လီရှောင်တင်သည် သူ့အရှိန်ကြောင့် တုန်လှုပ်သွားကာ မြေပြင်ပေါ် ထိုင်ချလိုက်တော့သည်။ လက်ကို နောက်ပြန် ထောက်ရင်း နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ​မပြေးနိုင်ချေ။

"ညီအစ်ကို ညီအစ်ကို.... မလုပ်နဲ့..."

ချန်ရှီ သူ့ကော်လံကို ဆွဲကိုင်ပြီး မြှောက်ဖို့ ကြိုးစားပေမယ့် လီရှောင်တင်က အရမ်းလေးနေလို့လား ဒါမှမဟုတ် အစောက တိုက်ပွဲမှာ အားအင်တွေ ကုန်ခမ်းပြီး မမြှောက်နိုင်လို့လား မသိ။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်ကို သတ်လိုက်တာဟာ သူ့ရဲ့ပြိုင်ဘက် အားလုံးကို သုတ်သင်လိုက်သလို ဖြစ်ပေမယ့် အခုအချိန်မှာတော့ သူဘာကိုမှ သတိမထားမိပေမယ့် စွမ်းအားမဲ့နေသလို ခံစားရလေသည်။

သူ့လက်များ အနည်းငယ် နာပြီး တုန်ရီသွားသလို ခံစားလိုက်ရတာကြောင့် အလင်းသုံးပါးကျင့်စဥ်ကို အမြန် အသက်သွင်းလိုက်သည်။ အခုနကတော့ သူ့တိုက်ပွဲက သန့်ရှင်းသပ်ရပ်နေပုံရပေမယ့် တကယ်တော့ ဒါဟာ အလွန်အင်မတန် မောပန်းနွမ်းနယ်နေပြီး တစ်ခုခုကို စားချင်လာသလို ခံစားရစေ၏။

"မ....မ....ငါ့ကိုမသတ်ပါနဲ့!"

လီရှောင်တင် ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့ခြေဖဝါး စိုစွတ်လာသည်။ သူ့နယ်ပယ်က ချန်ရှီထက် သာလွန်သည်။ သူ့ရဲ့စစ်မှန်တဲ့ စွမ်းအင်ကလည်း ချန်ရှီထက် အဆမတန် ပိုအားကောင်းပြီး သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် အမျိုးမျိုးသော အဆောင်စာရွက်တွေရှိပေမယ့် သူကတော့ ကြောက်လန့်ပြီး တိုက်ခိုက်ရမယ့် စိတ်ဓာတ်ကို ဆုံးရှုံးနေသည်။

သူသည် အသတ်ခံရဖို့ စောင့်နေသော သိုးသငယ်တစ်ကောင်လို ချန်ရှီကို မော့ကြည့်နေရသည်။

ချန်ရှီ: "မင်းက ငါ့ရဲ့ နတ်သန္ဓေသားကို ဖယ်ထားပြီး အသက်ရှင်ချင်သေးတာလား"

ချန်ရှီ သူ့သွားတွေကို အံကြိတ်ပြီး ပြင်းထန်တဲ့ အသံနဲ့ ပြောနေသည်။

"ငါ့ရဲ့နတ်သန္ဓေသားကို ဖယ်ထုတ်ဖို့ မင်းငှားထားတဲ့ သခင်က ငါ့ခေါင်းကို ဖွင့်သွားတယ်... မင်းလည်း ငါအသက်ရှင်နေမယ်လို့ မမျှော်လင့်ထားမလား... မင်းငါ့ခေါင်းထဲကို တုတ်တစ်ချောင်း ထည့်ခဲ့သင့်တယ်... အချိန်တန်ရင် ငါ့ဦးနှောက်ကို ပျော့အိအိလေး ဖြစ်အောင် ထားလိုက်....အခု ငါ မင်းကို လက်စားချေဖို့ ရောက်လာပြီ!"

လီရှောင်တင်ရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းနေပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့နေသည်။

သူ့သဘာဝ အရင်းအမြစ်က သိပ်မကောင်းတဲ့အပြင် စားသောက်ဖို့ လေ့ကျင့်ဖို့ အချိန်နည်းနည်းပဲ ပေးနိုင်တဲ့အတွက် နတ်သန္ဓေသားဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ဘယ်တော့မှ မတတ်နိုင်ခဲ့ပေ။ ဒါပေမဲ့ သူ့မိသားစုက ဒီကိစ္စကို လုံးဝစိတ်မပူဘဲ ကြိုးကြိုးစားစားနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ မတိုက်တွန်းခဲ့တာမို့ ပျော်ပျော်ရွှင်ရွှင် သုံးဖြုန်းနေခဲ့သည်။

တစ်နေ့မှာတော့ တတိယဦးလေးဖြစ်သူက နတ်သန္ဓေသားလေး တစ်ပါးကို ယူဆောင်လာသည်။ ဒီနတ်သန္ဓေသားလေးကို သူ့နတ်ကွန်းမှာ အစားထိုး စိုက်ထားသရွေ့ နတ်သန္ဓေသား ရလာကာ စာမေးပွဲလည်း အောင်တော့မယ်လို့ ထူးထူးခြားခြား ပြောပြခဲ့သည်။ နောက်ပြီး ရွှေရောင် အဂ္ဂိရတ်ဆေးလည်း ပါဝင်ခဲ့တာကြောင့် အောင်မြင်မှုရဖို့က ပြဿနာမရှိခဲ့။

သူသည် ဤနတ်သန္ဓေသားရဲ့ ဇာစ်မြစ်အကြောင်း သူ့တတိယဦးလေးအား မေးမြန်းခဲ့ဖူးသည်။ တတိယဦးလေးက အဲဒီအတွက် စိတ်ပူစရာမလိုဘဲ ထိုက​လေးကို ပြုစုစောင့်ရှောက်ထားကြောင်း ပြောတာမို့ နတ်သန္ဓေသားအား စိတ်ငြိမ်သက်စွာဖြင့် အစားထိုးစိုက်ပျိုးခဲ့သည်။

သူ စာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ ပါရမီရှင် တစ်ယောက်အဖြစ် နာမည်ကျော်ကြားမှုက ပျံ့နှံ့သွားသည်။ တခြားချမ်းသာတဲ့ မိသားစုတွေက သူ့ကို လေးလေးစားစားနဲ့ ကြည့်နေကြပြီး ချမ်းသာတဲ့ မိသားစုက မိန်းက​လေးတချို့တောင် သူ့ကို မျက်နှာသာပေးခဲ့ကြပါ၏။

ဒါပေမဲ့ တတိယဦးလေးကတော့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မလုပ်ခဲ့ဘူးလို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ ဒုက္ခရောက်ခဲ့တဲ့ သခင်က အဲဒီအစား မကောင်းဆိုးဝါး အတတ်ပညာတွေကို တီထွင်ပြီး သူ့ရဲ့ တော်ဝင်အစောင့် အားလုံးကို သတ်ပစ်ခဲ့ပြီး လက်စားချေဖို့တောင် လုပ်နေပြီ။

"လွန်​ခဲ့တဲ့နှစ်​နှစ်​က ငါဘယ်​လို​နေထိုင်​ခဲ့ရလဲ ဆိုတာ မင်းသိလား.... လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ငါဘယ်လောက် ဒုက္ခခံစားခဲ့ရလဲ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ငါဘယ်လောက် နစ်နာခဲ့ရလဲ..."

လီရှောင်တင် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့မျက်လုံးများက မျှော်လင့်ချက် အရိပ်အယောင်များ ပြလာသည်။

"ခဏနေပါဦး သန် သန်မာတဲ့ ညီအစ်ကို..."

ဆယ်ကျော်သက် ကောင်လေးကို သန်မာတဲ့ ညီအစ်ကိုလို့ ခေါ်တာက မသင့်တော်ဘူးလို့ သူခံစားမိပေမယ့် လျှာကိုက်လိုက်ပြီး။

“ခဏစောင့်ပါဦး... မင်း မင်း နတ်သန္ဓေသားက နှစ်နှစ်လောက်မှ အထုတ်ခံရတာလား....ငါ ငါယူတာက မနှစ်ကမှလေ...."

တစ်ချိန်တည်းမှာပင် သူသည် သတိကြီးကြီးထားပြီး ချန်ရှီကို ရဲရင့်စွာ မေးလိုက်သည်။

"လူမှား သတ်လိုက်တာလား..."

ချန်ရှီ စကားဆက် မပြောနိုင်ခင်မှာ သူ့စိတ်နှလုံးမှာ ရုတ်တရက် တုန်လှုပ်သွားပြီး သူ့နှလုံးသားထဲမှာ လူသတ်ချင်စိတ် တစ်ဝက်လောက်က လျော့ကျသွားသည်။

"မင်းဆိုလိုတာက မင်း မနှစ်ကမှ တခြားတစ်ယောက်ရဲ့ သန္ဓေသားကို အစားထိုး စိုက်ထားတာလား?"

လီရှောင်တင်လည်း အပြုံးတစ်ဝက်၊ အငိုတစ်ဝက်နှင့် ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

"မနှစ်တုန်းက တခြားတစ်ယောက်ရဲ့ နတ်သန္ဓေသားကို အစားထိုးပြီး ပြည်နယ်စာမေးပွဲကို ဖြေတယ်... ပြီးတော့ စာသင်သား ဖြစ်လာတယ် ဒါက မှတ်တမ်းကောင်းပါ မင်း နည်းနည်း စုံစမ်းကြည့်လိုက်တာနဲ့ သိလိမ့်မယ်!"

ချန်ရှီ အံ့အားသင့်သွားပြီး သူ့လက်များကို ဖြေလျှော့ကာ လီရှောင်တင်ကို လွှတ်လိုက်သည်။ လီရှောင်တင်လည်း နာကျင်မှုကို လျစ်လျူရှုကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

“မနှစ်က မင်းရဲ့ နတ်သန္ဓေသားကို ဖြတ်ပစ်လိုက်တယ် ဆို​ရင် မင်းရဲ့ နတ်သန္ဓေသားကို ဖယ်ထုတ်လိုက်တဲ့ သူက ငါနဲ့ လီမိသားစု မဟုတ်ဘူး... နတ်သန္ဓေသားကို ခန္ဒာကိုယ်က ခွဲထုတ်ပြီးရင် သုတ်သင်ခံရဖို့ အချိန်အကြာကြီး မလိုဘူး... မင်းရဲ့ နတ်သန္ဓေသားကို တစ်နှစ်လောက် ထိန်းထားဖို့ကလည်း မဖြစ်နိုင်ဘူး!”

ချန်ရှီ: "မဖြစ်နိုင်ဘူးမလား?"

သူ အနည်းငယ် တုန်လှုပ်သွားပြီး ညည်းညူရင်း "မင်းဆိုလိုတာက မင်းက ငါ့ရဲ့ နတ်သန္ဓေသားကို ယူသွားတဲ့သူ မဟုတ်သလို ငါကလည်း လူမှားပြီး သတ်လိုက်တာပေါ့??"

လီရှောင်တင် အနည်းငယ် စိတ်ဆိုးသွားသည်။

"မင်းက လူမှားသတ်ရုံမကဘူး ငါ့ရဲ့ အစောင့်ခုနစ်ယောက်ကို သတ်ခဲ့ရုံတင်လည်းမကဘူး... မင်းလည်း သူတို့အားလုံးကို သတ်လိုက်ပြီ... မင်း တင်မိသားစုရဲ့ အစေခံမလေးကိုလည်း သတ်ခဲ့တယ်!"

ချန်ရှီ၏ မျက်နှာသည် ညိုမဲနေပြီး မသေချာသလို ဖြစ်လာသည်။ သူဟာ နတ်သန္ဓေသား အစားထိုးခဲ့သူက လီရှောင်တင် ဖြစ်ကြောင်း ခရမ်းရောင်ဝတ် အမျိုးသမီးဆီကနေ ကြားခဲ့ရသည်။ ထိုအချိန်မှစ၍ လီရှောင်တင်အား သူ့ရန်သူအဖြစ် မှတ်ယူခဲ့သည်။

ဒါပေမဲ့ အခုစဉ်းစားကြည့်လိုက်တော့ အဲ့အမျိုးသမီးနဲ့ တခြားသူတွေက အဲဒီအချိန်က မှန်းဆနေကြရုံပဲ ပြောနေကြတာပင်။

"ဒါဆို ငါလူမှားကို သတ်လိုက်တာပေါ့..." ချန်ရှီက ညည်းညူလိုက်သည်။

"မင်း လူမှား သတ်လိုက်တာ!"

လီရှောင်တင်လည်း အနည်းငယ် ဒေါသထွက်ကာ ညည်းညူရင်း " မင်းဘာလို့ ...အင့်-"

သူ့လည်ပင်းမှ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်တောက်ပလာကာ လည်ချောင်းကို ဖုံးအုပ်ရန် လက်ကို အမြန် မြှောက်လိုက်ရလေသည်။ ပါးစပ်က စကားမပြောနိုင်ဘဲ သွေးများသာ ထွက်ကျလာသည်။

သူ့အဆုတ်အတွင်း သွေးများသာ ပြည့်လျှံနေသလို အဆက်မပြတ် ချောင်းဆိုးနေစဥ် လည်ချောင်းနှင့် ပါးစပ်ရှိ သွေးတွေသာ အန်ထွက်လာသည်။ ချန်ရှီ သူ့လက်ဖမိုးပေါ်နဲ့ ဓားပေါ်က သွေးတွေကို တစ်ဖန်သုတ်လိုက်ပြီး ရုန်းကန်နေရဆဲ လီရှောင်တင်ကို ကြည့်လိုက်သည်။

"ဒါပေမယ့် ငါ လူမှားမသတ်ခဲ့ဘူး.... မင်းယူသွားတဲ့ဟာက ငါ့ရဲ့ နတ်သန္ဓေသား မဟုတ်ပေမယ့် လူသားတစ်​ယောက်ရဲ့ နတ်သန္ဓေသား ဖြစ်နေတုန်းပဲ... မင်း နတ်သန္ဓေသားကို ဖယ်ထုတ်ခဲ့တဲ့ ပါရမီရှင်ရဲ့ ဘဝက ငါ့လောက်တောင် မသာယာ​လောက်ဘူး... ငါ ရှင်သန်နိုင်ပေမယ့် မင်းလိုလူတွေကတော့ သေဖို့ ထိုက်တန်တယ်”

ချန်ရှီ လှည့်၍ စားပွဲဆီသို့ လျှောက်လာခဲ့သည်။ ဓားကို စာအုပ်သေတ္တာထဲသို့ ထည့်ကာ စုတ်တံများ၊ မှင်များ၊ စက္ကူနှင့် မှင်ကျောက်များကို ထုပ်ပိုးကာ စာအုပ်သေတ္တာကို သူ့နောက်ကျောတွင် ထားကာ သူ့ကိုယ်သူ ပြန်ပြော​မေသည်။

"ငါက သူ့ကို လက်စားချေလိုက်တာက မုန်းတီးပြီး အတောမသတ်နိုင်တဲ့ အစွမ်းထက် ကလေးတွေရဲ့ အနာဂတ်နဲ့ ဆင်းရဲသားတွေရဲ့ ဘဝတွေကို ကူညီလိုက်တာပဲ...”

စာအုပ် သစ်သားသေတ္တာငယ်ကို သူ့နောက်ကျောမှာ ထမ်းထားလိုက်သည်။ သူ့ခြေထောက်များ တဆတ်ဆတ် တုန်နေကာ ဗိုက်ကလည်း တဆတ်ဆက် အော်နေ၏။ ဗိုက်ဆာလွန်းလို့ ရင်ဘတ်နဲ့ ဗိုက်တွေ ခုန်ပေါက်နေသလိုပင်။

ထိုအချိန်တွင် ချန်ရှီသည် နှာခေါင်းထဲ ဝင်လာသော အနံ့ကို လိုက်၍ရှာကြည့်ရာ စားကောင်းလောက်မယ့် အိုးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ လီရှောင်တင် နဲ့ တခြားသူတွေက သူတို့သတ်လိုက်တဲ့ သားရဲအမျိုးအစားကို မသိတဲ့အတွက် သန့်ရှင်းပြီး အိုးထဲမှာ ပြုတ်ထားကြပုံပါပဲ။

အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ အိုးထဲတွင် အသားတစ်ဝက် အဆီပါးပါး ရှိပြီး အိုးအောက်ခြေတွင် အရိုးများတောင် ပေါ်နေတာကို တွေ့လိုက်ရတော့ ငယ်ထိပ်များ အဆက်မပြတ် တုန်ခါသွာသည်။

အမှားအမှန်ရှာပြီး ဒုက္ခမဖြစ်အောင် ဒီနေရာကို ချက်ချင်း စွန့်ထားသင့်ပေမယ့် အခုအချိန်မှာတော့ ဗိုက်ဆာလို့ လမ်းမလျှောက်နိုင်တော့ပေ။ အိုးအဖုံးကို ဖယ်ချလိုက်ပြီး အိုးအနားကို လက်နှစ်ဘက်နဲ့ ဆုပ်ထား၍ ဘေးကို ရွှေ့လိုက်သည်။

"ဗွမ်း!"

အိုးကို စားပွဲပေါ်တင်ပြီးတာနဲ့ စာအုပ်သေတ္တာကိုချကာ ထိုသေတ္တာပေါ် တက်ထိုင်လိုက်သည်။ အိုးပူနေတာကိုတောင် ဂရုမစိုက်ဘဲ အဆီနှင့် ပါးပါးလှီးထားသော အသားများကို ဆွဲထုတ်ကာ အားရပါးရ စားလိုက်သည်။ လျှာနဲ့လည်း အရိုးတွေကို လိပ်ကာ ထွေးထုတ်ပစ်၏။

ဟေးကော်သည် အခုနက တိုက်ပွဲများကြောင့် ဆက်တိုက် တုန်လှုပ်နေဆဲ ဖြစ်သော်လည်း မြေပြင်ပေါ်ရှိ အရိုးများကို မြင်လိုက်ရသောအခါတွင် ကြောင်တစ်ကောင်လို အလျင်အမြန် ကောက်ယူလိုက်လေသည်။

"အဲဒါက တန်ဖိုးမရှိဘူးကွ!"

ဒါကိုမြင်တော့ ချန်ရှီ ပြုံးပြီး အိုးကို ကောက်ကိုင်လိုက်ကာ အသားတစ်ဝက်ကို မြေကြီးပေါ် လောင်းချကာ ပြုံးပြုံးလေး ပြောလိုက်သည်။

"မြန်မြန်စား မြန်မြန်စား... ကောင်းကောင်းလည်းစား... ပြီးရင် လမ်းပေါ်ထွက်ရအောင်"

သူပြောနေတဲ့လမ်းက မင်းအပြစ်ကို ခံယူပြီး ကိုယ့်လမ်းကိုယ်လျှောက်လို့ ပြောနေသလား ဟေးကော်မှာ သေသေချာချာ သိဖို့ ကြိုးစားရတော့သည်။ ဒါပေမဲ့ အဲဒါကို တွေးပြီးတဲ့အခါ သခင်ငယ်လေးအတွက် သူက ခွေးတစ်ကောင်ဖြစ်ပြီး အိုးကို မသယ်နိုင်လို့ ဆိုလိုတာ ဖြစ်နိုင်တာကြောင့် သတ္တိရှိရှိ စားခဲ့သည်။

လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်။ စားပွဲ​ပေါ်တွင်​ တစ်​​ကောင်​နှင့်​ စားပွဲ​အောက်​တစ်​​ကောင်​မှာ ထမင်းစား​နေကြသည်​။ မကြာခင်မှာပဲ ချန်ရှီသည် သူ့စာအုပ်သေတ္တာကို ကျောပေါ်တင်ပြီး လီရှောင်တင်နဲ့ တခြားသူတွေဟာ သရဲတစ္ဆေတွေလို ပျောက်သွားတာကြောင့် အံ့သြသွားခဲ့သည်။

"အဘိုးက ငါ့ကို လိမ်နေတာ မဟုတ်ဘူးပဲ... ငရဲပြည်က သရဲတစ္ဆေတွေကို မြေအောက်ကမ္ဘာဆီ ခေါ်သွားနိုင်တဲ့ စွမ်းအား တကယ် ရှိတာများလား... ဒါပေမဲ့ ကျူးယိုချိုင်နဲ့ ရေတစ္ဆေသုံးကောင်ကို မြေအောက်ကမ္ဘာက ဘာလို့ မခေါ်တာလဲ?"

အိုးမည်းကို ခေါ်ပြီး စခန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ချန်ရှီသည် အသား အလွန်အကျွံစားပြီး ရေငတ်သလို ခံစားလာရလေသည်။ ထိုစဥ် ကျစ်အာ ယူလာသော သစ်သီးခြင်းက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ အသီးအနှံများထဲက မပျက်စီးသွားသေးတဲ့ ဖရဲသီးကြီးတစ်လုံးကို ကောက်ယူ၍ စားလိုက်သည်။ ထို့နောက် ဟေးကော်ကိုခေါ်ကာ စခန်းမှ ထွက်လာရင်း တောင်များနှင့် သစ်တောများထဲ တိုးဝင်ရင်း ပျောက်ကွယ်သွားခဲ့သည်။

"မှောင်လာတဲ့အခါ လထွက်လာပြီး မကောင်းဆိုးဝါးတွေ ပေါ်လာရင် ဒီအလောင်းတွေလည်း ရှိတော့မှာ မဟုတ်ဘူး.... ကောင်းကင်ဘုံကို မရောက်နိုင်တဲ့လူက ငါ့ခေါင်းကိုလည်သ ရှာမတွေ့နိုင်ဘူး...."

မကြာခင်မှာပဲ ချန်ရှီ တောထဲက ထွက်လာခဲ့သည်။ လမ်းဘေးမှာ ရပ်ထားတဲ့ သစ်သားလှည်းကို တွေ့တော့ ချန်ရှီ တန့်သွားသည်။ အဘိုးက ဒီကနေ ထွက်လာတော့မယ် ဆိုတဲ့ အမူအရာနဲ့ ဝါးဦးထုပ်ဆောင်းထားကာ လမ်းဘေးမှာ ထိုင်နေတာကို တွေ့လိုက်သည်။

ချန်ရှီ လန့်သွားပြီး ရှေ့ကို တိုးလာသည်။ အဘိုးက သူ့လက်ထဲက အဝတ်အစားတချို့ကို ပစ်ချလိုက်ပြီး ပြော၏။

"အဝတ်အစားလဲလိုက်... သွေးရှိရင် လူတွေက ခြေရာခံလိမ့်မယ်"

ချန်ရှီ နာခံမှုဖြင့် တုံ့ပြန်ခဲ့သည်။ သူ့အဝတ်အစားများကို အမြန်ချွတ်ကာ အဝတ်အသစ်ကို ၀တ်လိုက်သည်။ မီးလောင်ပြာကျသွားတဲ့ ဒီသွေးစွန်း အဝတ်အစားတွေနဲ့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတုန်း ရုတ်တရတ် အ၀တ်တွေက မီးလောင်ပြာကျသွားလေသည်။

ချန်ရှီ သူ့အဘိုး လုပ်ခဲ့တာလို့ စိတ်ထဲကသိတာကြောင့် တိတ်တဆိတ် ချီးကျူးလိုက်ပါ၏။

"ဆရာကြီးပြောတာက မသင့်တော်တဲ့အရာကို မကြည့်နဲ့တဲ့... ဘယ်သူမှ မမြင်ရသရွေ့တော့ ဒါက ပြစ်မှုမဟုတ်ဘူးတဲ့...အဘိုး အမှန်အတိုင်း ပြောရရင် အဲဒီတုန်းက မကောင်းမှုတွေ အများကြီးလုပ်ဖူးတယ်မလား"

သို့သော် အဘိုးသည် ဘယ်လို စွမ်းအားကို သုံးခဲ့လဲ သို့မဟုတ် တခြားအရာ တစ်ခုခုကို လုပ်ခဲ့သလား သူ မမြင်ခဲ့ပေ။

မြေးအဘိုးနှစ်ယောက် သစ်သားလှည်းပေါ်တွင် ထိုင်နေကြသည်။ ဘီးပေါ်ရှိ အဆောင်စာလုံးများက တဖြည်းဖြည်း ထွန်းတောက်လာကာ သစ်သားလှည်းသည် ဟွမ်​ဖောရွာဆီသို့ တိုင်လမ်းတစ်လျှောက် ချောမွေ့စွာ မောင်းနှင်လာခဲ့သည်။

"ဒီတစ်ခေါက် ဆရာသွားလုပ်တာ လစာရလာခဲ့လား"

"ရတယ်...."

"သားကောင်ကို ဘယ်လောက် တောင်းလိုက်တာလဲ...."

"ငွေငါးဆယ်... အရမ်းကြီးတဲ့ အပေါက်ကြီး"

"ထုတ်လိုက်... မင်းအတွက် ငါသိမ်းထားမယ်"

"အဘိုး... ကျွန်တော်ကိုယ်တိုင် သိမ်းထားချင်တယ်"

"ကလေးတွေရဲ့ လက်တွေက ​​သေးလွန်းလို့ ပိုက်ဆံမစုနိုင်​သေးဘူး...မင်း ငွေကို လက်ငါးချောင်းကို ကိုင်လိုက်တဲ့အခါ လက်ချောင်းတွေကြားကနေ လွတ်သွားတယ်မလား... အဘိုးရဲ့လက်တွေက မလွတ်သွားဘူး... အဘိုးကို ပိုက်ဆံပေးထား... အဘိုးက မင်းအတွက် သိမ်းပြီး ခန်းဝင်ပစ္စည်း ပြင်ပေးရမယ်... ဒီအဘိုးက မင်းရဲ့ပိုက်ဆံကို လောဘကြီးမှာ ကြောက်နေတာလား...."

"မဟုတ်ပါဘူး...."

ချန်ရှီသည်လည်း နောင်တွင် ဇနီးမယားနှင့် လက်ထပ်ရမည့် ကောင်းသော နေ့ရက်များကို စောင့်မျှော်လျက် အဘိုးလက်ထဲ ငွေစများကို ထည့်ပေးလိုက်သည်။

.

All Chapters