← Chapters

လူသတ်သမားကို လိုက်ရှာစေ

Vol. 1 Ch. 12

လူသတ်သမားကို လိုက်ရှာစေ

Vol. 1 Ch. 12

ချန်ယန်တောင်၊ လီမိသားစုစခန်း။

လီခယ်ဖာသည် မှုန်ကုပ်ကုပ် မျက်နှာထားနှင့် စခန်းကို ကြည့်နေသည်။ ရေနွားခရိုင်ထဲက အစိုးရအရာရှိများသည် မြေပြင်ပေါ်က အရိုးများကို စစ်ဆေးရင်း အလုပ်များနေပါ၏။

သူသည် လီရှောင်တင်ရဲ့ ဖခင်ဖြစ်ပြီး ရေနွားခရိုင်က တရားသူကြီးလည်း ဖြစ်သည်။ လီမိသားစုသည် သြဇာကြီးမားပြီးသား ဖြစ်ကာ ရေနွားခရိုင်က ခရိုင်တရားသူကြီး ဆိုတာက အလှဆင်မှုတစ်ခုသာ ဖြစ်သည်။

သူ့မှာ သမီးသုံးယောက်နဲ့ သားတစ်ယောက်ပဲ ရှိရာ အခုသူ့သားက သေသွားပြီ။ သူသည် တင်းမိသားစုထံမှ သတင်းရရှိမှ အရိုးများသာ ကျန်ရှိတော့သည့် သူ့သားကို ရှဲ(မကောင်းဆိုးဝါး အဆင့်)က ကိုက်စားလိုက်ကြောင်း တွေ့ရှိမှသာ ဤနေရာသို့ အမြန်ပြေးလာခဲ့ရသည်။

လီရှောင်တင် နောက်လိုက်သော အစောင့်ခုနစ်ယောက် အပါအဝင်၊ သူတို့အားလုံး ထိုရှဲ့၏ ပါးစပ်ထဲတွင် အသတ်ခံခဲ့ရသည်။

"လူကြီးမင်း.... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေက တင်းမိသားစုကို မေးပြီးပါပြီ... တင်းမိသားစုမှာ ပြဿနာမရှိဘူး..."

အသက်သုံးဆယ်ကျော်အရွယ် လူငယ်တစ်ဦးသည် စူးရှသော မျက်ခုံးမွှေးနှင့် ကြယ်ရောင်မျက်လုံးများ၊ အရပ်ရှည်ရှည်၊ ပခုံးကျယ်သော အနီရောင် ၀တ်စုံနှင့် အရာရှိတရားဝင် ဦးထုပ်ကို စောင်းထားသည်။ လှံနှင့်တူသော ထူးဆန်းသော လက်နက်ကိုလည်း ကျောပေါ်တွင် ကိုင်ဆောင်ထားသည်။

လှံနဲ့ တူသော်လည်း လှံမဟုတ်ချေ။ လက်နက်၏ တစ်ဖက်တွင် အသွားသုံးခု ပါလေသည်။

ဤအရာအား မျက်လုံးသုံးလုံး မီးလှံဟု ခေါ်ဆိုကြပြီး ၎င်းသည် သာမာန် ​မှော်လက်နက်များထက်ပင် အလွန်အစွမ်းထက်ပါသည်။ အနက်ရောင်သံသည် ယမ်းမှုန့်များ၊ ယမ်းစိမ်းများနှင့် ဝရဇိန်များဖြင့် သန့်စင်ထားကာ မိုးကြိုးသံများသည် ချွန်ထက်သော မြှားများကဲ့သို့ ပေါက်ကွဲထွက်ပြီး လူတစ်ရာလောက်ကို ဒဏ်ရာရအောင် လုပ်နိုင်သည်။

၎င်းလက်နက်ကနေ ပစ်လွှတ်နိုင်သော မိုးကြိုးကျည်သည် ခဲကျည်တစ်မျိုးဖြစ်ပြီး အလေးချိန် တစ်ကျင် သို့မဟုတ် နှစ်ကျင်ရှိသည်။

ဤလူသည် ရေနွားခရိုင်ရှိ တရားဝင်သမိုင်းပညာရှင် ကျူကဲကျန်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူသည် ဆင်းရဲသော မိသားစုနောက်ခံ ရှိသဖြင့် ခရိုင်အစိုးရတွင် သမိုင်းပညာရှင် အဖြစ်သာ တာဝန်ထမ်းဆောင်နိုင်သည်။

ကျူကဲကျန်းက ဦးညွှတ်ပြီး ဆက်ပြော၏။

"မနေ့နေ့လည်က တင်းမိသားစုရဲ့ စတုတ္ထမြောက် သခင်မလေးက ကျစ်အာဆိုတဲ့ အစေခံကို မိသားစုနှစ်စုနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကို စေလွှတ်လိုက်ပါတယ်တဲ့... မမျှော်လင့်ဘဲ အချိန်နှောင်းသွားတဲ့အထိ ပြန်မလာခဲ့ဘူး... ကျစ်အာကို သူမစိုးရိမ်တာနဲ့ ဒီစခန်းမှာ တစ်ခုခု ဖြစ်သွားလားဆိုတာ သိဖို့အတွက် လူတွေကို လွှတ်လိုက်ပေမယ့် အဲဒီအချိန်မှာ မှောင်နေပြီမို့ တင်းမိသားစုလည်း ပြန်ဆုတ်သွားခဲ့ရတယ်တဲ့... စခန်းမှာ သခင်ငယ်ရဲ့ အလောင်းကို နတ်ဆိုးတွေနဲ့ သားရဲတိရစ္ဆာန်တွေက ဖျက်ဆီးပစ်လိုက်တာ ဖြစ်မယ်လို့ ပြောတယ်...”

လီခယ်ဖာက အေးစက်စွာ ပြောသည်။

"မင်းဆိုလိုတာက ငါ့သားက မကောင်းဆိုးဝါးတွေလက်ထဲမှာ သေသွားတာ မဟုတ်ဘူးပေါ့??"

ကျူကဲကျန်း: "သခင်လေး တခြားသူတွေက သတ်လိုက်တာပါ....ကျွန်​တော့်ရဲ့ လက်အောက် ငယ်သားတွေက သေသေချာချာ စစ်ဆေးပြီးပါပြီ အခင်းဖြစ်ပွားရာကို ကြည့်ပြီး အကဲဖြတ်ချက်အရဆို အဲ့လူက မှော်စွမ်းအင် မသုံးဘဲ လူကိုးယောက်ကို သတ်ဖို့ ဓားနဲ့ လက်သီးတွေကိုပဲ အားကိုးသွားတယ်... အသက်နည်းနည်း ရှုလိုက်တဲ့ အချိန်ပိုင်းလေးပဲ... အဲဒီကာလမှာ စုစုပေါင်း ပစ်ခတ်မှုက ၁၃ ချက်၊ အများဆုံဒဏ်ရာရသူက နှစ်ချက်ပဲ ရှိတယ်...."

လီရှောင်တင်တို့ဟာ အရိုးစုများသာ ကျန်ရှိတော့သော်လည်း ချန်ရှီ၏ အရိုးများနှင့် မြေပြင်ပေါ်ရှိ သဲလွန်စများကို ထားခဲ့ရာကနေ အကြိမ်အရေအတွက်ကို အကဲဖြတ်နိုင်သေးသည်။

လီခယ်ဖာရဲ့ မျက်နှာက အလွန်အမင်း မည်းမှောင်နေပြီး ထပ်ရှိသေးလားလို့ မေးလာသည်။

"သူ ဆယ့်သုံးကြိမ်တိုင်တိုင် အရေးယူပြီး လူကိုးယောက်ကို သတ်ခဲ့ပေမယ့် စွမ်းအင်နဲ့သတ်ဖို့ အချိန်မရှိဘူး.... ဝိညာဥ်စွမ်းအင်ကို မပြင်ဆင်ဘဲနဲ့ သူတို့သတ်လိုက်တာ"

"ဒီလူက အရပ်က ငါးပေကနေ ခြောက်ပေကြားပဲရှိပေမယ့် သူ့ခန္ဓာကိုယ်က အရမ်းသန်မာပြီး အစွမ်းထက်တယ်.... ခြေတစ်လှမ်း အတွင်းမှာပဲ သူ့ရဲ့ လက်သီးနဲ့ ကန်ချက်တွေက လူတွေကို ချက်ချင်း သေစေနိုင်တယ်...အထူးသဖြင့် သူ့လက်သီးတွေက အရိုးတွေကို တိုက်ရိုက် ချေမှုန်းနိုင်တယ်!"

လီခယ်ဖာ မျက်မှောင်ကြုတ်သွားသည်။ ကျင့်ကြံသူ များစွာက ကာယလေ့ကျင့်မှုတွေ မလုပ်တတ်ကြပေ။

"ဒီလို အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကို ဘယ်သူက တည်ဆောက်နိုင်မှာလဲ"

ကျူကဲကျန်း: "နတ်စွမ်းအား ရှိတဲ့လူက နတ်စွမ်းအားကို ချက်ချင်းရပြီး လူတွေကို ပြင်းပြင်းထန်ထန် သတ်ဖြတ်တာ၊ မိုးကြိုးပစ်တာနဲ့ ချက်ချင်း သတ်ပစ်နိုင်တယ်... ဒါပေမဲ့ ဒီလူက အဲဒါတွေကို မသုံးခဲ့ဘူး...."

သူက ခေါင်းစဉ်ပြောင်းပြီး။

"မီးလောင်ပြီး ကျန်ရစ်ခဲ့တဲ့ ပြာတွေကို စစ်ကြည့်လိုက်ရင် စခန်းမှာရှိတဲ့ နေရာမှာ ပြာကနှစ်နေရာပဲ ရှိတယ်...အဲဒါက အဆောင်စာရွက်ကို သုံးပြီး ကိုယ်ခန္ဓာ အကာအကွယ်အတွက် ရွှေခေါင်းလောင်း ဖန်တီးလိုက်တာပဲ သူက သခင်လေးပဲ... ပြီးတော့ လူသတ်သမားက ခန္ဓာကိုယ်ကို သန်သန်မာမာဖြစ်အောင် လေ့ကျင့်ထားတဲ့သူ...မဟုတ်ရင်တော့ သူက လူသတ်ဖို့ လက်သီး၊ ဓားတွေကို သုံးနေမှာ မဟုတ်ဘူး..."

လီခယ်ဖာလည်း မျက်မှောင်ကြုတ်ပြီး "ဒီလူက ငါ့သားကိုသတ်ပြီးတာနဲ့ ချက်ချင်း ထွက်ပြေးသွားတာ.... ဒီလူသတ်သမားကို ငါတို့ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ"

ကျူကဲကျန်း: "ဒီလူက ခွေးတစ်ကောင် ခေါ်လာတယ်..."

လီခယ်ဖာလည်း မြေပြင်ပေါ်တွင် ခွေးခြေသည်းပုံများကို မတွေ့ရတာကြောင့် အံ့အားသင့်သွားသည်။ ရေနွားခရိုင်က ဒါဇင်နှင့်ချီသော အစိုးရအရာရှိများသည် ခွေးခြေဖ၀ါးပုံများကို မတွေ့ခဲ့ရပါ။

"မြေ​ကြီးပေါ်မှာ ခွေးကိုက်ထားတဲ့ အရိုးတွေရှိတယ်.."

ကျူကဲကျန်းက သူ့လက်ထဲမှာ အရိုးတစ်ချောင်းကို ကိုင်ထားပြီး စကားဆက်သည်။

"ဒီကိုက်တဲ့ အမှတ်အသားတွေက ခွေးသွားတွေ ကျန်ခဲ့တဲ့ အမှတ်အသားတွေပဲ.... ပြီးတော့ စားပွဲပေါ်မှာ သစ်ကြံပိုးခေါက်ဖုန်မှုန့်တွေ ရှိနေတယ် ပြီးတော့ ဒီကနေ ရောက်လာတဲ့လူရဲ့ လက္ခဏာကို ဖော်ထုတ်နိုင်တယ် အဲဒီလူက အဆောင်ဆွဲဆရာပဲ... သူခေါ်လာတဲ့ခွေးက ခွေးနက်... ခွေးနက်သွေးက ယန်ချီအများဆုံး ရှိတယ်... သူ့လက္ခဏာကို သိရဖို့က ဒုက္ခမများတော့ပါဘူး"

လီခယ်ဖာလည်း ထိုစကားကို ကြားလိုက်သောအခါမှ သက်ပြင်းတစ်ချက် ချလိုက်သည်။

"နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်.. အဲဒါက ငါ့သားရဲ့ ဝိညာဉ်ကိုခေါ်ပြီး တရားခံအစစ်ကို ရှာဖို့ပဲ.... ဝိညာဉ်တွေခေါ်ဖို့ ပြင်ဆင်ဖို့အတွက် သွားပြီးတော့ ဝိညာဉ်ခေါ်တဲ့ အဆောင်စာရွက် တချို့ကို ပြင်လိုက်... ငါ့သားကိုလည်း တွေ့ချင်တယ်..."

ပြောလိုက်​ပြီးတာနဲ့ သူ့မျက်လုံးဝိုင်းတွေက နီရဲသွားသလို ဖြစ်သွားတော့သည်။ ကျူကဲကျန်းလည်း ခဏမျှ တုံ့ဆိုင်းသွားပေမယ့် ပြောလိုက်ရသေး၏။

"လူကြီးမင်း.... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက အခုနကပဲ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဝိညာဉ်ကို တစ်ကြိမ်သာ ဆင့်ခေါ်လိုက်ပါတယ်... သူ သခင်လေးရဲ့ ဝိညာဉ်ကို မခေါ်ဆောင်နိုင်ခဲ့ပါဘူး..."

လီခယ်ဖာလည်း အံ့အားသင့်သွားပြီး သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

"သခင်လေးရဲ့ ဝိညာဉ်ကို ကျွန်တော်တို့ မခေါ်နိုင်ရုံတင်မကဘဲ တခြားသူတွေရဲ့ ဝိညာဥ်တွေကိုပါ ခေါ်လို့မရပါဘူး.... အဲဒီ အဆောင်ဆွဲဆရာ လက်ထဲမှာ သေဆုံးသွားတဲ့ သူတွေရဲ့ ဝိညာဉ်တွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ"

လီခယ်ဖာလည်း ဝမ်းနည်းသွားသော အမူအရာဖြင့် ထိုနေရာတွင် ရပ်နေလေ၏။

"ငါ့သားရဲ့ ဝိညာဉ် ပျောက်သွားပြီလား... လူတစ်ယောက် သတ်လိုက်တာနဲ့ အဲဒီလူက ငါ့သားရဲ့ ဝိညာဉ်ကို စားနိုင်ပါ့မလား"

ကျူကဲကျန်း ခဏလောက် စဉ်းစားပြီး "ကျွန်တော်ကတော့ အဲဒီလူမှာ ရှဲ့ နဲ့ ဆွေ့လို နတ်ဆိုးတွေ ရှိ​နေမယ်လို့ မှန်းဆထားပါတယ်... ရှဲ့ ဒါမှမဟုတ် ဆွေ့တွေကသာ ဝိညာဥ်တွေကို စားနိုင်တာပါ... အဲဒီ အဆောင်ဆွဲဆရာက နတ်ဆိုးကို မွေးထားတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် သူကိုယ်တိုင်ကလည်း ဆွေ့ ဖြစ်နေတာ ဖြစ်နိုင်တယ်...”

ဆွေ့တွေက မြို့ရွာကလူတွေကို ရက်အနည်းငယ် အတွင်းမှာပဲ ပြောင်စင်အောင် ကိုက်စားပစ်နိုင်လေသည်။

လီခယ်ဖာ အသက်ရှုကြပ်ပြီး "အရာရှိကျူကဲကျန်း...အဲဒီခွေးနက်သခင်ကို ဖမ်းဖို့ မင်းကိုငါ တာဝန်ပေးမယ်... သူ့ကို မသတ်နဲ့... ငါ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းရမယ် သူ့ရင်ဘတ်ကို ​ဖောက်... နှလုံးကို ထုတ်ယူပြီး ကောင်းကင်ဘုံက ငါ့သားဝိညာဉ်ကို ပူဇော်ပစ်မယ်!"

ကျူကဲကျန်းလည်း ဦးညွှတ်ပြီး ဟုတ်ကဲ့ လို့ ပြောလိုက်သည်။ ထို့နောက် အစိုးရ အရာရှိတွေကို ခွေးနက်နဲ့ ထိုသခင်ကို ရှာဖွေဖို့ ရွာအသီးသီးဆီ ထွက်လာခဲ့၏။

မြေးအဘိုးနှစ်ယောက် ရွာသို့ ပြန်လာကြပြီးနောက် အဘိုးသည် ထုံးစံအတိုင်း ဆေးပြုတ်ကာ ချန်ရှီလည်း ဆေးဖက်ဝင် အရည်တွေနဲ့ ရေချိုးရသည်။ ညဉ့်နက်လာတော့ ချန်ရှီ အိပ်ပျော်နေစဉ် ရုတ်တရက် သူ့နှလုံးခုန်သံကို ခံစားလိုက်ရပြီး ရင်နင့်ဖွယ်ဝေဒနာကြောင့် ရုတ်တရက် နိုးထလာခဲ့သည်။

သူ့နှလုံးရဲ့ ဝေဒနာ ပြဿနာက ပေါ်လာပြန်ပါပြီ။ အလင်းသုံးပါးကျင့်စဥ် စတင်လေ့ကျင့်ချိန်မှစ၍ ယခုတစ်ကြိမ်က ပိုပြင်းလာသည်။ ဒီလောက်ထိ ပြင်းထန်လာမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သူ့ရင်ဘတ်ပေါ်ရှိ စိမ်းပြာရောင် လက်သည်ငါးချောင်းက သူ့နှလုံးကို တင်းတင်းကြပ်ကြပ် ဖိထားသောကြောင့် ရင်ဘတ် ကြွက်သားများ တင်းကျပ်လာကာ နှလုံး​​တောင် ကြေမွသွား​တော့မလို ခံစားလာရသည်။

ချန်ရှီတစ်ကိုယ်လုံး တုန်ရီနေသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းထားရတာကြောင့် သွေးကြောများက ပေါက်ထွက်နေသည်။ အသေအလဲ လုံးဝ နာကျင်နေတာကြောင့် သူ့မျက်နှာသည် လျင်မြန်စွာ နီရဲလာ၏။

အနီရောင်သည် တဖြည်းဖြည်း ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ပါးစပ်မဖွင့်နိုင်၊ အသံမထွက်နိုင်၊ အဘိုးကိုလည်း မခေါ်နိုင်ချေ။ အချိန်အတော် ကြာပြီးနောက်မှ ချန်ရှီသည် အိပ်ယာပေါ်မှ ချွေးများဖြင့် စိုစွတ်နေသည့်ကြား ပထမဆုံးအကြိမ် အသက်ရှုမိလေသည်။

ဤအသက်ရှူမိတာက သူ့အတွက် မျှော်လင့်ချက် အလင်းတန်းတစ်ခုကို ဆုပ်ကိုင်ထားပုံရသလိုပင်။ သူသည် အလင်းသုံးပါး ကျင့်စဥ်ကို လျင်မြန်စွာ စုဆောင်းကာ သူ့နှလုံးကို ကိုင်ထားသည့် စိမ်းပြာရောင် တစ္ဆေလက်သည်းကို တွန်းလှန်ရန် ကြိုးစားရ၏။

သူသည် စိမ်းပြာရောင် တစ္ဆေလက်သည်းကို နှိမ်နှင်းလိုက်ရတာ ညသန်းခေါင်အထိပင် ဖြစ်သွားသည်။ စိမ်းပြာရောင် လက်ငါးချောင်းက သူ့ရင်ဘတ်ထဲသို့ ထိုးသွင်းထားရာမှ ဖြည်းညှင်းစွာ ဆန့်ထွက်ကာ နာကျင်မှုများလည်း လျော့နည်းလာသည်။

ချန်ရှီလည်း သူ့နှလုံးသားကို ဆုပ်ကိုင်ထားတဲ့ စိမ်းပြာရောင် လက်သည်းက အရင်အချိန်တွေထက် ပိုလေးပြီး ပိုရှည်နေသေးမယ်ဆိုရင် သူ နာကျင်ရင်း အိပ်ယာပေါ်မှာပဲ သေဆုံးသွားလိမ့်မယ်လို့ တွေးမိလေသည်။

"နေ့ခင်းဘက်တုန်းက လီရှောင်တင်နေတုန်း လူသတ်ချင်စိတ်တွေ ထိန်းမရလို့ ငါ့ခန္ဓာကိုယ်က တစ္ဆေလက်သည်းကို မထိန်းနိုင်တော့တာလား... ဒီပြဿနာ ပေါ်လာတာ အဲဒါကြောင့် ဖြစ်နိုင်လား"

ချန်ရှီသည် လီရှောင်တင်နဲ့ အခြားလူများကို သတ်လိုက်သောအခါတွင် သူ အလွန်အမင်း ဆာလောင်နေကြောင်း ခံစားခဲ့ရသည်။

"အဘိုးရဲ့ဆေးက စိမ်းပြာ တစ္ဆေလက်သည်းကို နှိမ်နှင်းနိုင်ပေမယ့် ထိရောက်မှုက နည်းလာပုံပဲ.... အလင်းသုံးပါးကျင့်စဥ်က အသုံးဝင်သေးတယ်... ကျင့်စဥ် အပြည့်အစုံကို ရဖို့အတွက် ဘုရင်ကျန်းရဲ့ အုတ်ဂူကို အမြန်ဆုံးသွားရမယ်!"

အလင်းသုံးပါး ကျင့်စဥ်သည် ယခုအချိန်အထိ သူရရှိထားသော စိမ်းပြာရောင် လက်သည်းကို နှိမ်နင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ၎င်းမှာ ချန်ရှီ၏ တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးလည်း ဖြစ်သည်။

"အလင်းသုံးပါး ကျင့်စဥ်ကို ရယူလိုက်ရင် နတ်တစ္ဆေဘုံကို ထိတ်လန့်စေမှာ သေချာတယ်... "

သူနောက်ဆုံး သွားနိုင်သောအခါက သူသည် ခရမ်းရောင်ဝတ် အမျိုးသမီး ပေးသော ထိန်းသိမ်းထားသည့် ဝိညာဉ်အစာ အထောက်အပံ့ကို အမှီပြုခဲ့ရသည်။ ယခုအချိန်တွင် သူသည် ဝိညာဉ်အစာများ မရှိသောကြောင့် ကိုယ်ပိုင် ခွန်အားကိုသာ အားကိုးနိုင်သည်။ သူ့ရဲ့လက်ရှိ ခွန်အားနဲ့ဆို ဘုရင်ကျန်းရဲ့ ဂူသင်္ချိုင်းမှာ နတ်တစ္ဆေဘုံမပွင့်ခင် ကျောက်တုံးရုပ်တုကြီးဆီ မရောက်နိုင်မှာကိုတောင် ကြောက်ရသည်။

"ငါ မြုံ​နေတဲ့ တောင်ပေါ်က ပျက်စီးနေတဲ့ ဘုရားကျောင်းကို အရင်သွားပြီးတော့ ခန္ဓာကိုယ် သန်မာလာစေဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ရမယ်.."

ချန်ရှီ စိတ်ကို ထိန်းကာ အိပ်ပျော်သွားလေသည်။

ချန်ရှီရဲ့ နောက်ထပ်နေ့ရက်တွေက အရင်ကလိုပါပဲ။ သူထမင်းစားပြီး ရွာကခွေးတွေနဲ့ ရန်ဖြစ်သည်။ ဖရဲသီးခိုးစားတယ်၊ သူ့အမေကို ယဇ်ပူဇော်တယ်၊ စာ​ပေပညာရှင်နဲ့ သရဲတစ္ဆေတွေရဲ့ မေးခွန်းတွေကို နားထောင်ပြီး မြုံနေတဲ့ တောင်ပေါ်က ပျက်စီးသွားတဲ့ ဘုရားကျောင်းကို သွားသည်။ အလင်းသုံးပါးကျင့်စဥ်ကို လေ့ကျင့်ပြီး ညဘက် ရေချိုးရသည်။

အဲဒီနေ့မှာပဲ ချန်ရှီဟာ ရွာအပြင်ဘက်မှာ ကန့်ညောင်ကို ကန်တော့ကာ ကျူးယိုချိုင်ရဲ့ စာပေတရားကို နားထောင်နေစဥ် ရုတ်တရက် မြင်းခွာသံတွေ ထွက်ပေါ်လာပြီး အစိုးရဝန်ထမ်း ဆယ်ယောက်ထက်မနည်း အုပ်စုက မြင်းလှည်းလမ်းပေါ်ကို ပြေးလာကြတာကို တွေ့လိုက်ရလေသည်။ သူတို့က ပန်းတွေ မြူခိုးတွေ လျော့ပါးတဲ့ တောင်စောင်းကို ဦးတည်လာနေ၏။

"လာပြန်ပြီလား ခြောက်တံခါးပေါက်!"

ချန်ရှီ စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေသည်။

"ရှင်းရှန်ခရိုင်က တံခါးခြောက်ပေါက်စလုံးကို ဖန်းတျန်ရွာရဲ့ ကန့်ညောင်က သတ်ပစ်ပြီ မဟုတ်ဘူးလား.... အလောင်းတွေကိုလည်း တစ္ဆေသတို့သမီးက သိမ်းသွားပြီ..."

ထူးဆန်းသည်မှာ ထိုညကတည်းက ဆွေ့သတို့သမီးနှင့် ပတ်သက်သည့် သတင်းကို ဘယ်သူမှ ဂရုမစိုက်သလို မပြောဖူးပါဘဲ ရှင်းရှန်ခရိုင် ဘုရားကျောင်းအနားမှာ ပေါ်လာခဲ့သည်။ ရှင်းရှန်မြို့ရှိ တံခါးခြောက်ပေါက်က လူ ၃၀ ကျော် သေဆုံးသည့် သတင်းကိုပင် မသိခဲ့ပေ။ ဒါက ထူးဆန်းသည်။

ချန်ရှီသည် လီရှောင်တင် အသတ်ခံရတာကို တစ်စုံတစ်ယောက်မှ တာဝန်ယူ တွေ့ရှိသွားမှာကို စိုးရိမ်သဖြင့် အမြဲတမ်း သတိကပ်နေခဲ့သော်လည်း ဤကိစ္စက လုံးဝ အသုံးမဝင်သလို သတင်းလည်း မရခဲ့ပေ။

ကျူးယိုချိုင်: "ဒါက ဘာထူးဆန်းလို့လဲ... တံခါးခြောက်ပေါက်လို့ ခေါ်တဲ့ လူတွေက အိမ်သာထဲမှာ သုတ်ဖို့ အိမ်သာသုံး စက္ကူတွေချည်းပဲ... စားသုံးစရာတွေထက် မပိုပါဘူး... အနောက်နွားရှင်းကျိုးမှာ ဆင်းရဲနွမ်းပါးတဲ့ စာသင်သားတွေ နှစ်စဉ် သန်းနဲ့ချီပြီး အများအပြား ရှိနေမှာပဲလေ... သူတို့ထဲက သေသွားလည်း ကိစ္စမရှိပါဘူး ခရိုင်မှူးက စာရင်းသွင်းထားသရွေ့တော့ အရည်အချင်းရှိတဲ့ သူတွေ မရေမတွက်နိုင်အောင် ဆက်ကြိုးစားနေလိမ့်မယ်"

ကျင့်ကြံသယ ဖြစ်ပြီးနောက် စာမေးပွဲ အောင်မြင်ထားတဲ့ လူတွေကသာ မင်မင်းဆက် လက်ထက်တွင် ခရိုင်အစိုးရအရာရှိ နေရာများ၌ အသက်မွေးဝမ်းကြောင်း ပြုရကာ ရွေးချယ်စရာ မရှိပေ။

ထိုအရာရှိ အစေခံများသည် ၎င်းတို့၏ မြင်းများကို ရုတ်တရက် ရပ်လိုက်ကြသည်။ ခေါင်းဆောင်က တောင်စောင်းဆီသို့ အလျင်အမြန်သွားကာ မေးမြန်းလိုက်သည်။

"ညီငယ်လေ... ငါက ရေနွားခရိုင်က ဂန္တဝင်သမိုင်းပညာရှင် ကျူကဲကျန်းပါ... မင်းနာမည် ဘယ်လိုခေါ်လဲ"

"ချန်ရှီပါ..."

"ညီလေးချန်ရှီ... ဟွမ်ဖောရွာမှာ ချန်ယင်တုလို့ ခေါ်တဲ့ အဆောင်ဆွဲဆရာ ရှိမရှိ မေးချင်ပါတယ်"

ချန်ရှီ မျက်တောင်ခတ်ပြီး "ချန်ယင်တုလို့ ခေါ်တဲ့ လူတစ်ယောက်ရှိတယ်... ခင်ဗျား သူ့ဆီက ဘာလိုချင်လို့လဲ"

ကျူကဲကျန်းက ခပ်ကျယ်ကျယ် ပြုံးလိုက်ပြီး "အဲဒီချန်ယင်တုက ဘယ်လောက် အရပ်ရှည်လဲ"

"မင်းလောက် အရပ်ရှည်မယ်"

ကျူကဲကျန်းလည်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထိုစဥ် သူ့နောက်မှ အစိုးရအရာရှိများစွာက တစ်ယောက်ပြီး တစ်​ယောက် ပြောလာသည်။

"လူကြီးမင်း .... ချန်ယင်တုက ဒီကိစ္စအတွက် တာဝန်မရှိဘူး ဆိုရင် အခု ကျုပ်တို့ ဘာလုပ်သင့်လဲ... ခရိုင်နဲ့ မြို့တွေမှာလည်း လူသတ်သမား သတင်းက ပျံနေတုန်းပဲ....”

ကျူကဲကျန်းလည်း နေရာတိုင်းတွင် ရှာဖွေခဲ့ရာ ခရိုင်နှင့် မြို့အသီးသီးတွင် သံသယဖြစ်ဖွယ် လူများ မတွေ့ရှိခဲ့ဘဲ မူလက ကျေးလက်ရွာများတွင် လူရှိမည်ဟု ထင်ခဲ့သော်လည်း ရွာအားလုံးကို ရှာဖွေပြီးနောက် အရပ်ပုတဲ့ လူကို ရှာမတွေ့ခဲ့ပေ။

"ငါလမ်းကြောင်း မှားသွားတာလား"

ပြန်ခါနီးတွင် သစ်ပင်အောက်၌ အမြီးကို တွန့်လိမ်နေသည့် ခွေးနက်ကြီး တစ်ကောင်ကို ရုတ်တရက် မြင်လိုက်ရသည်။ ခွေးနက်သည် ကြင်နာတတ်သော မျက်နှာနှင့် ကြင်နာသော မျက်လုံးများရှိပြီး ရယ်နေပုံလည်း ရသည်။

သစ်ပင်အောက်က ကောင်လေးက ခေါင်းကိုမော့ပြီး ပြုံးပြလာ၏။

"ဆရာကြီး...ကျွန်တော့်အဘိုးက ညစာစားဖို့ အိမ်ပြန်လာခိုင်းနေပြီ"

ကျူကဲကျန်းလည်း ကောင်လေးနဲ့ ခွေးနက်ထွက်သွားတာကို ကြည့်ပြီး ခေါင်းညိတ်လိုက်မိသည်။ သူ့စိတ်က ရုတ်တရက် မိုးခြိမ်းသွားသလို ခံစားလိုက်ရလေသည်။

"လူသတ်သမားက အရွယ်ရောက်ပြီးသူ မဟုတ်တဲ့ ကလေးတစ်ယောက် ဆိုရင်ရော... ရုပ်ပိုင်းဆိုင်ရာ အစွမ်းထက်တဲ့ ကလေးဆရာတစ်ယောက် ဆိုရင်ရော!"

All Chapters