← Chapters

အယူသီးခြင်း။

Vol. 167 Ch. 2325

အယူသီးခြင်း။

Vol. 167 Ch. 2325

ရှန်းထျန်းနန် တစ်ယောက် ရှေးခေတ်ဓားတွင် ရွှေကံကြမ္မာ ပါရှိသည်ကို သိလိုက်ရသောအခါ စိတ်ပျက်သွားသည်။

သူသည် သဘာဝအတိုင်း စိတ်ဆိုးခဲ့၏။ အကယ်၍ သူသည်သာ ရှေးဦးဓားကို ရွေးခဲ့လျှင် ရွှေကံကြမ္မာ ပိုင်ဆိုင်ရပေမည်။

“ ဘာတွေ ဖြစ်နေတာလဲ ... သူ့ကိုယ်သူတော့ သတ် မသေလောက်ဘူး မဟုတ်လား။ ”

တစ်ဖက်လူ၏ အသွင်အပြင်ကြောင့် ကျိကျစ်ရှီက ရယ်ချင်သွားသည်။

“ အစ်ကိုကြီးလင်း ... ငါတို့ သွားကြည့်သင့်လား ... အခေါင်းထဲမှာ ဘာတွေပါလဲ သိချင်တယ်။ ”

“ လောလောဆယ် အဲဒီကို မသွားရအောင် ... တစ်ခုခု ထူးဆန်းနေတယ်။ ”

သူ့ဓားအာရုံသည် အန္တရာယ်ကို အရိပ်အမြွက်ကို ခံစားရသည်။ သူပြောပြီး သည်နှင့် တစ်ပြိုင်နက် ရှေးခေတ်အလောင်း (၁၀)လောင်း အခေါင်းအတွင်းမှ ခုန်ထွက်လာ၏။

အနက်ရောင် အငွေ့များက တိမ်တိုက် တစ်ခုသဖွယ် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့ လေသည်။ လင်းယွန်က ဖိအားအချို့ ခံစား လိုက်ရ၏။

“ ဒီလို အငွေ့အသက်တွေ ... ။ ”

ရှန်းထျန်းနန်သည် အလွန်သတိ ရှိသော်လည်း နီးကပ်လွန်းသဖြင့် အချိန်မီ မတုံ့ပြန် နိုင်ခဲ့ချေ။

“ ဝှစ် ... ။ ”

အလောင်း သုံးလောင်းက သူ့ထံ ဝင်ရောက်ကာ ချွန်ထက်သော လက်သည်းရှည် များနှင့် ကုပ်ဆွဲသည်။ တစ်ဆက်တည်းမှာပင် အစွယ်ဖြူဖြူများဖြင့် ကိုက်ချလာပြန်၏။

“ ထွက်သွား ... ။ ”

ရွှေဆေးပြား ထုတ်လွှတ်ကာ အလောင်းများကို ပြန်လည် တွန်းထုတ်လိုက် တော့၏။

သို့တိုင် အသားများ ပဲ့ပါသွားသဖြင့် မျက်နှာရှုံ့မဲ့သွားမိသည်။ အဆိပ်အတောက်များ တဟုန်ထိုး ပျံ့နှံ့လာ၏။

“ အလောင်းအဆိပ် ... ။ ”

ရှန်းထျန်းနန်က အသက်ပြင်းပြင်းရှူပြီး မျက်နှာ ပြောင်းသွားသည်။ ခေါင်းမော့ကြည့် လိုက်သောအခါ အလောင်းကောင်များက သူ့ထံမှ အသားစကို လုယက်နေကြ၏။

ထို့နောက် အလောင်း (၃)လောင်း၏ ပါးစပ်ထဲသို့ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင် စီးဝင်ကာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။

“ အလောင်းဘုရင်တွေပဲ ဘယ်လောက်တောင် ကံမကောင်းလိုက်လဲ။ ”

ကျန်ရှိနေသော အလောင်းကောင် ခုနစ်ကောင်ကလည်း ချက်ချင်း ခုန်ပေါက် ဝင်ရောက် လာသည်။

သူတို့က စားကောင်းသောက်ဖွယ် အဖြစ် ရှန်းထျန်းနန်ကို မြင်၏။ ပုံမှန်အားဖြင့် ဆိုသော် ဤသို့သော အလောင်းများနှင့် ရင်ဆိုင်ရပါက ချက်ချင်း ထွက်ပြေးမိပေမည်။

ယခုမူ အလောင်းအဆိပ်သည် သူ့ ရွှေဆေးပြားအတွင်းသို့ စိမ့်ဝင်လာပြီး ခွန်အား (၃၀%)ကိုသာ အသုံးပြု နိုင်သဖြင့် ကံဆိုးသွား လေသည်။

“ ဝှစ် ... ။ ”

ရုတ်တရက် ဒါဇင်ပေါင်းများစွာသော ဓားရောင်ခြည်များက ထိုအလောင်းများပေါ်သို့ ကျရောက်လာသည်။

“ ဝှီး ... ။ ”

အလောင်းများက နောက်ပြန် မဆုတ်ဘဲ ဓားရောင်ခြည်ကို ပယ်ဖျက်ပစ်၏။ လင်းယွန်မှ သူ့ရှေ့ ဆင်းသက်လာပြီး လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။

“ ညီအစ်ကို ... ခဏ ထိန်းထားဦး ငါ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အရင် ဖယ်ရှားမယ် ပြီးရင် ကူညီမယ်။ ”

ရှန်းထျန်းနန်က တောင်ကြား အပြင်သို့ လှည့်ပြေးသည်။ လင်းယွန်က ရှန်းထျန်းနန်ကို လျစ်လျူရှုပြီး ဖဲကြိုးကိုးချောင်းဖြင့် ပစ်ခေတ် လိုက်သည်။

ဖဲကြိုးများတွင် မိုးပြာနဂါး နတ်ရူရ်များ ရေးထိုးထားသည်။ ၎င်းတို့သည် နဂါးကိုးကောင် အလား အလောင်းများကို အဝေးသို့ ပျံသန်းစေခဲ့၏။

“ သူတို့ကို ထိုးဖောက်လို့ မရဘူး။ ”

ဦးခေါင်း ပြတ်နေသည့် အလောင်းထံ ကြည့်ကာ ပြောကြား လိုက်လေသည်။ သို့သော် အလောင်းသည် အသက်နေရှင်ဆဲ ဖြစ်ပြီး လည်ပင်းမှ အဆိပ်ပြင်းသော မြူများ ထွက်လာ၏။

အလောင်းကောင် အဆိပ်သည် အခြားသူများအား သေစေနိုင်သော်လည်း လင်းယွန်အတွက် အသုံးမဝင်ချေ။

မိုးပြာနဂါး ဖဲကြိုးသုံးရာဖြင့် မြေပြင်ပေါ် ဆင်းသက်လာခဲ့သည်။ ထို့နောက် ဖဲကြိုးများက ပေါင်းစပ်သွားပြီး အလောင်း ခုနစ်လောင်းကို မြေပေါ်၌ သံမှိုကဲ့သို့ ရိုက်ဆွဲထား၏။

သို့သော် အလောင်းများက ဇွဲမလျှော့ဘဲ ဆက်လက် ရုန်းကန်နေခဲ့သည်။ ၎င်းတို့အပေါ် လျစ်လျူရှုပြီး ဝိညာဉ်စွမ်းအင်များကို ဝါးမျို နေသော အလောင်းဘုရင် သုံးကောင်ထံ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

သူ့ဓားက ကြောက်ရွံ့တုန်လှုပ်နေပြီး၊

“ ဒီနတ်ဆိုးတွေက ဘာလဲ … ။ ”

-ဟု ရေရွတ်မိစေ၏။

နောက်ထပ်တွေးဖို့ အချိန်မရှိတော့ဘဲ လင်းယွန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖဲကြိုး နှစ်ထောင်ဖြင့် ပစ်ခတ်လိုက်ရသည်။

ဖဲကြိုးများက အလောင်းဘုရင်သုံးပါးကို အထပ်ထပ် ရစ်ပတ်ကာ ဝိညာဉ်စွမ်းအင်များ ဝါးမြိုခြင်းမပြုရန် ပိတ်ဆိုပစ်၏။

“ ထောင်း ... ။ ”

သို့သော် အလောင်းဘုရင် သုံးပါးက ဖဲကြိုးများကို အပိုင်းအပိုင်း ဖြတ်တောက် လိုက်လေသည်။

ညည်းညူသံ ပြုလျက် နောက်သို့ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ကာ မျက်နှာ ပြောင်းသွား တော့၏။

“ သေ လိုက် စမ်း ... ။ ”

အလောင်း ဘုရင်သုံးပါး ထံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ဖြာထွက်လာလေသည်။

“ ရှန်းထျန်းနန် ဘာလုပ်နေတာလဲ။ ”

လင်းယွန်တစ်ယောက် စိတ်ထဲမှ တုန်လှုပ်သွားသော်လည်း ဖိအားများအောက်၌ ပိတ်ဆို့မှုများ ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။

“ ငါ အဆင့်ချိုးဖြတ်သွားတာလား ... ။ ”

မျက်လုံးထဲတွင် ရွှေရောင် အလင်းများ တောက်ပလာ၏။ ဤသည်မှာ တောက်ပသော ရောင်ခြည်တော်ဓား အဆင့်သို့ ရောက်ရှိ သွားခြင်း ဖြစ်သည်။

ဓားရည်ရွယ်ချက်က နတ်ဆိုး ရောင်ခြည်များအပေါ် ဖြိုခွဲကာ ကောင်းကင်ရှိ တိမ်တိုက်များကို လွင့်စင်သွားစေ၏။

အလောင်းဘုရင်များ မလှုပ်ရှားနိုင်မီ ဖီးနစ်ဖဲကြိုး၊ သတ္တုဖဲကြိုးများဖြင့် ထုပ်ပိုးလျက် လောင်မြိုက် ပစ်လိုက်သည်။

ရှန်းထျန်းနန် မျက်လုံးများ ဖွင့်ကြည့်လိုက်ချိန်တွင် ထိုမြင်ကွင်းကြောင့် အံသြသွားခဲ့၏။

အရာအားလုံး ပြီးဆုံးသွားသောအခါ အလောင်း (၃)လောင်းသည် ပြာအဖြစ်သို့ ပြောင်းလဲလျက် ရွှေကံကြမ္မာ သုံးလုံး ထွက်ပေါ်လာစေသည်။

မြေကြီးပေါ်တွင် သပ်ရိုက်ခံထားရသော အလောင်း ခုနစ်လောင်း သည်လည်း ပြာကျ သွားပြီး နက်ပြာရောင် ကံကြမ္မာ ခုနစ်လုံး ဖြစ်ကျန်ရစ်ခဲ့၏။

“ ရွှေကံကြမ္မာ ... ။ ”

ရှန်းထျန်းနန် တစ်ယောက် ခုန်ထွက်လာသည်။ သို့သော် လင်းယွန်က သူ့ထံ လှည့်ကြည့်သဖြင့် ဒေါသထွက်သွား၏။

( သေစမ်း ... အရမ်း ရက်စက်တယ်။ )

စိတ်ထဲမှ ကျိန်ဆဲလျက် ဒေါသဖြင့်

“ ဘာလို့ ငါ့ကို ကြည့်နေတာလဲ ... ငါသူတို့ကို သိမ်းယူဖို့ ကြိုးစားနေတယ်လို့ မင်း ထင်နေတာလား ... ငါက မင်းအတွက် ကောက်ယူပေးတာ ... ဒီမှာ ရော့။ ”

-ဟု လက်ဖဝါး ဖြန့်ကာ ရွှေကံကြမ္မာကို လွှဲပေးလိုက်မိသည်။

“ ရွှေကံကြမ္မာ ... ရွှေကံကြမ္မာ ... ။ ”

နှမျောစိတ်ဖြင့် တတွတ်တွတ် ရေရွတ်ပြီး နက်ပြာရောင် ကံကြမ္မာများကို စုဆောင်းရန် ဦး လှည့်သွားခဲ့သည်။

သူသည် ရွှေကံကြမ္မာကို ပေးခဲ့ပြီးပြီ ဖြစ်သောကြောင့် ဤနက်ပြာရောင် ကံကြမ္မာ အပေါ် မစွန့်လွှတ်နိုင်ချေ။ သို့သော်၊

“ ဟဲဟဲ ... ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ... ဒီမှာ မင်းအတွက် ငါ စုဆောင်းပေးထားပြီ။ ”

-ဟု နာကျင်သော အပြုံးဖြင့် ကမ်းပေးလိုက်ရသည်။ လင်းယွန်က ငြင်းဆန်ခြင်း မပြုချေ။

ရှန်းထျန်းနန်က ဒေါသပေါက်ကွဲ လိုသော်လည်း အလောင်းအဆိပ်များ ရှိနေသေး သဖြင့် ပြုံးမြဲ ပြုံးနေရသည်။ ထိုစဉ် လင်းယွန် လက်တစ်ဖက်က သူ့ပခုံးကို လာကိုင်၏။

( မင်းငါ့ကို ထိဝံ့ရင် သတ်ပစ်မယ်။ )

စိတ်ထဲမှ အံကြိတ် ကြုံဝါးလိုက်သော်လည်း လက်တွေတွင် ဒူးများပျော့ခွေလျက်၊

“ ညီအစ်ကို ... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ... ငါ့မှာ ရတနာတွေ မရှိဘူး ... ဒါဆို မင်းဘာလို့ ဒီအိုးကို မယူရတာလဲ။ ”

“ ဟမ့် ... ဘာတွေ ပြောနေတာလဲ ... မင်းခန္ဓာမှာ အလောင်းအဆိပ်တွေ ရှိနေသေးလို့ ကူညီပေးတာပါ။ ”

အလောင်းကောင်အဆိပ်သည် နှစ်ထောင်ပေါင်းများစွာ သက်တမ်း ရှိသဖြင့် ဒုက္ခ ဖြစ်စေမှန်း လင်းယွန် သိသည်။

ထို့ကြောင့် ရှန်းထျန်းနန်သည် သဘာဝအတိုင်း ၎င်းကို ချက်ချင်း ဖယ်ရှား နိုင်မည် မဟုတ်ကြောင်း သိရှိထား၏။

ခဏအကြာတွင် ရှန်းထျန်းနန်ထံမှ မချိမဆံ့နာကျင်ခြင်းနေသော အသွင်အပြင်များ ပြသလာကာ အဆုံးတွင် တည်ငြိမ်သွားသည်။

“ အရမ်းကောင်းတဲ့ အရည်အချင်းပဲ။ ”

ရှန်းထျန်းနန်က ခြေလက်များ လှုပ်ရှား ကြည့်ကာ၊

“ ပြန်ကောင်းလာပြီးရင် ... မင်းကို ငါတိုက်မှာ မကြောက်ဘူးလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟန်ဆောင်တာကို ရပ်လိုက်ပါ ... အစ်ကိုကြီးလင်း အလောင်းကောင်ဘုရင်တွေကို သတ်တာ မြင်ထဲက နင့်မျက်နှာ သွေးမရှိ တော့ဘူး ဆိုတာ ငါမြင်တယ်။ ”

ကျိကျစ်ရှီ စကားကြောင့် ရှန်းထျန်းနန် တစ်ယောက် ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။

“ ရိုးရိုးသားသား ပြောရရင် မင်းကို ရွှေကံကြမ္မာ ပေးချင်ပါတယ် ... ဒါပေမယ့် ငါက ခွန်လွန်ကနေ လာတာ ... နတ်ဆိုး ကံကြမ္မာကို ငါ့အတွက် လိုအပ်တယ် ... အသီးအနှံတွေ ... ရတနာတွေ ထပ်တွေ့ရင် မင်းကို လျော်ကြေးပြန်ပေးပါ့မယ်။ ”

လင်းယွန်က ရှင်းပြလိုက်သည်။

“ အဲဒါကို မတွေးနဲ့ ... ငါတို့ကြားမှာ ဒီလောက်အထိ မလိုပါဘူး။ ”

စကားအဖြစ်သာ ပြောလိုက်ရသော်လည်း ရှန်းထျန်းနန် မျက်ဝန်းများက ဝမ်းနည်းရိပ်များ ထင်ဟပ်နေ၏။

လင်းယွန်က ဤအရာကို သတိပြုမိပြီး ရှန်ထျန်းနန်သည် ပေါင်းသင်းဆက်ဆံကောင်း ဖြစ်နိုင်ကြောင်း အသိအမှတ် ပြုခဲ့သည်။

“ ဒါနဲ့ စောစောက မင်းဘာတွေပြောခဲ့လဲ ... ငါ့ကံကြမ္မာကို ငှားတယ်ဆိုတာလေ။ ”

“ ဒီလို ခေါင်းတလားတွေကို ဖွင့်တာက လျှို့ဝှက်ဆန်းကြယ်တဲ့ သေတ္တာတွေ ဖွင့်တာနဲ့ အတူတူပါပဲ ... ဒါပေမယ့် ငါက ကံမကောင်း တတ်ပါဘူး ... ဒါကြောင့် ငါ့ကိုယ်ငါ ကံဆိုးသူ အဖြစ် အယူသီးလာတယ်၊ ...

... ညီအစ်ကိုလင်း ကံကောင်းတာကို မြင်တော့ မင်းကံကို အသုံးချဖို့ ကြိုးစားမိတယ် ဒါပေမယ့် ခုတော့ ကံဆိုးနေတုန်းပဲ။ ”

“ ဒီလို အစွဲအလမ်းမျိုးတွေ ရှိတာလား။ ”

လင်းယွန်က ရေရွတ်ပြီး ပြုံးကာ ခေါင်းယမ်းလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် ဒီကျေးဇူးကို ငါမှတ်ထားပါ့မယ် ... အနာဂါတ်မှာ လျှို့ဝှက် ဆန်းကြယ်တဲ့ သေတ္တာတချို့ တွေ့ရင် မင်းကံကို ငါငှားသုံးရလိမ့်မယ်။ ”

ရှန်းထျန်းနန်က စိတ်အားထက်သန်စွာ ပြောသည်။ ကျိကျစ်ရှီက သူမ ပါးစပ်ကို ဖုံးကာ ပြုံးလိုက်ပြီး၊

“ နင်က အစ်ကိုကြီးလင်းရဲ့ ကံကြမ္မာကို ဒီလိုတော့ အလကား သုံးလို့မရပါဘူး။ ”

-ဟု နောက်ပြောင်မိ၏။

သူမ၏ အသံသည် ငြိမ့်ညောင်းပြီး ဆည်းလည်းသံများ ကဲ့သို့ လွင်လွင်လေး ထွက်လာသည်။

“ ဟား ဟား ဟား ... မင်းက တကယ် ဉာဏ်ကောင်းတယ်၊ အစ်ကိုလင်း ငါမင်းရဲ့ကံကို ယူသုံးမိရင် မင်းစိတ်မဆိုးဘူး မဟုတ်လား။ ”

“ အင်း ... ။ ”

လင်းယွန်က ပြုံးပြီး ခေါင်းညိမ့်ပြလိုက်၏။ သူတို့စကားပြောနေစဉ် ရွှေရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ပေါ် ထိုးတက် လာလေသည်။

“ အုပ်စိုးရှင် ကျောက်တိုင် ... ။ ”

***

All Chapters