ခွန်အား။
Vol. 167 Ch. 2326
“ အုပ်စိုးရှင် ကျောက်တိုင် ထွက်ပေါ် လာပြီလား။ ”
လင်းယွန် စကားကြောင့် ရှန်းထျန်းနန်က ရယ်၏။
“ အဲဒီလိုလည်း မဟုတ်သေးဘူး။ ”
“ ဟမ့် ... ဒါဆိုဘာလဲ ။ ”
လင်းယွန်က မေးသည်။
တစ်ဖက်လူသည် အုပ်စိုးရှင် ကျောက်တိုင်အကြောင်း မသိသည်ကို မြင်ချိန်၌ ရှန်းထျန်းနန်မှ အံ့သြသွားပြီး၊
“ မင်းတကယ်ပဲ ခွန်လွန်ကလား။ ”
-ဟု မေးလာ၏။
“ အတိအကျပဲ။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေသည်။
“ ခွန်လွန်လို အရိုင်းမြေက ... မင်းလို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို တကယ် မွေးဖွား ပေးလိုက်တာပဲ။ ”
လင်းယွန်မှ အလောင်းဘုရင်များကို သတ်ခဲ့သည့် မြင်ကွင်းက သူ့ကို အလွန်ပင် တုန်လှုပ် စေခဲ့သည်။
နောက်ဆုံးတွင် သူသည် နဂါးသတ် အဆင့်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းက မည်သည့်အရာကို ဆိုလိုကြောင်း နားလည်သည်။
ဆိုလိုသည်မှာ လင်းယွန်၏ ဓားသည် မိုးတိမ်နယ်မြေမှ ဓားသမားများထက် မနိမ့်ကျ လှချေ။ အထူးသဖြင့် လင်းကျန်းရှန့်နှင့် အဆင့်တူ ဖြစ်၏။
“ ကောင်းပြီ ငါရှင်းပြမယ် ... မင်းကို အရင်က ကောင်းကင်ဓား ခန်းမရဲ့ လူလို့ထင်ခဲ့ မိတာ ... ကောင်းကင်ဓားခန်းမရဲ့ အင်အားက နယ်မြေအနှံ့မှာ လွှမ်းခြုံထားနိုင်တယ် ...
... အုပ်စိုးရှင် ကျောက်တိုင်ဟာ အနှစ်တစ်သောင်းမှာ တစ်ကြိမ်သာပေါ်ပြီး ကောင်းကင် လွင်ပြင်ရဲ့ ဆွဲဆောင်မှု အရှိဆုံး အရာတွေထဲက တစ်ခုပဲ၊
... သူ့မူလကို ဘယ်သူမှ မသိဘူး ... ဘိုးဘေးနတ်ဘုရား တစ်ပါးက ချန်ထားခဲ့တာ ဖြစ်မယ် ... တာအို နက်နဲသိမ်မွေ့မှု ပါတယ်လို့ သတင်းကြီးတယ် ...
... ဘယ်တာအို ဖြစ်ဖြစ် ဉာဏ်အလင်း ရရှိနိုင်တယ် မင်းမှာ ဓားတာအိုရှိရင် ဓားတာအို အပေါ် မြှင့်တင်နိုင်မယ် ... ကံကောင်းရင် ရွှေကံကြမ္မာထက် အဆတစ်ရာ သာတဲ့ ...
... မဟာ တာအိုသစ်သီးကိုတောင် ရနိုင်တယ် ... ဒါက နှစ်တစ်ရာ ကျင့်ကြံမှုနဲ့ ညီမျှတဲ့ အကျိုးကျေးဇူးမျိုးမျိုးပဲ။ ”
“ ငါ သိပြီ။ ”
တပည့်ကြီး လင်းကျန်းရှန့် ပြောသလိုပင်။ ထိုအုပ်စိုးရှင် ကျောက်တိုင်သည် မဖြစ်မနေ သွားသင့်သည့် အရပ် ဖြစ်ချေ၏။
“ ထာဝရ တာအိုရော နားလည်နိုင်မလား။ ”
“ ဒါဟာ ထာဝရကျောက်တိုင် မဟုတ်ဘူး အုပ်စိုးရှင် ကျောက်တိုင်ပဲ ... ဒါကြောင့် သဘာဝ အတိုင်း မရနိုင်ပါဘူး ... ဒါပေမယ့် ရဖူးတဲ့ ဒဏ္ဍာရီတစ်ခုတော့ ရှိတယ်။ ”
“ ဟုတ်လား ပြောပြပါဦး။ ”
“ အုပ်စိုးရှင် တာအိုနဲ့ ထာဝရတာအို ပိုင်ဆိုင်ကြတဲ့ လူငယ်နှစ်ယောက်ကို အုပ်စိုးရှင် ကျောက်တိုင်က သက်ဆိုင်ရာ တာအို သစ်သီးတွေ ပေးခဲ့တယ်။ ”
ရှန်းထျန်းနန် စကားကြောင့် လင်းယွန်က အံ့အားသင့် သွားမိ သော်လည်း မကြာမီ မဖြစ် နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ထာဝရ တာအိုဟူသည် မယုံနိုင် လောက်အောင် လေးနက်ပြီး ၎င်းတို့အပေါ် နားလည်ရန် အချိန်ပေးရ၏။
“ မင်း မယုံဘူး မဟုတ်လား ... ငါလည်း မယုံဘူး ... အုပ်စိုးရှင် ကျောက်တိုင်က ထာဝရ တာအိုကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ ... ဒါက ဒဏ္ဍာရီတစ်ပုဒ်ပါပဲ။ ”
“ ဒီလိုမျိုးလည်း ဖြစ်နိုင်ပါတယ် ... စဉ်းစားကြည့် .... ထာဝရတာအို နားလည်တဲ့ လူငယ်ကို တာအိုသစ်သီးပေးပြီး အကူအညီ ရစေတာ ဆိုရင်ရော။ ”
ကျိကျစ်ရှီက ဝင်ပြောလာသည်။ သူမစကားကြောင့် လင်းယွန်နှင့် ရှန်းထျန်းကျန့် တို့မှာ အကြည့်ချင်း ဆုံသွား၏။
အုပ်စိုးရှင် ကျောက်တိုင်သည် ထာဝရ တာအိုကို မပေးနိုင်သော်လည်း မဟာတာအို သစ်သီးဖြင့် ကူညီပေးနိုင်မည်။ ဤသို့ဆိုက ဒဏ္ဍာရီသည် အတုမဟုတ်ချေ။
“ မိန်းကလေး ... မင်းက ထက်မြက်တယ် ငါတို့ ဒါကို မတွေးမိဖူးဘူး။ ”
ရှန်းထျန်းနန်က ချီးကျူးစကား ဆိုသည်။
“ ဒါနဲ့ ... ဒါက အုပ်စိုးရှင် ကျောက်တိုင် မဟုတ်သေးဘူး ဆိုတာ ဘာကို ပြောတာလဲ။ ”
လင်းယွန်က သတိတရ ပြန်မေးသည်။ ရှန်းထျန်းနန်က ပြုံးလိုက်ပြီး၊
“ ဒီရောင်ဝါက တံဆိပ် ပြေလျော့ရုံပါ ... အုပ်စိုးရှင် ကျောက်တိုင် အပြည့်အဝ မပေါ်သေး ပါဘူး ... အနည်းဆုံးတော့ နောက်ထပ် တစ်လ လောက် စောင့်ရဦးမယ် ...
... ဒီကျောက်တိုင် အတွက် ငါတို့ မိုးတိမ် နယ်မြေရဲ့ အင်အားစုတွေပဲ မြင်နိုင်ကြတာတော့ မဟုတ်ဘူး ... အခြား ဒေသရဲ့ အင်အားစု တွေလည်း ဒီကိုလာနိုင်တယ်၊ ...
... နဂါးသတ် အဆင့် ကျွမ်းကျင်သူတွေနဲ့ မြင့်မြတ်မြေတွေလည်း လာတော့မှာ ဆိုတော့ လင်းကျန်းရှန့်တောင် ဖြေရှင်းနိုင်မယ် မထင်ဘူး။ ”
လင်းယွန်က ခေါင်းညိမ့်ပြီး ထိုအလင်းတန်းထံ ဦးတည်လိုက်တော့သည်။ ရှန်းထျန်းနန်က လမ်းခွဲရန် ဆန္ဒမရှိဘဲ သူတို့နောက် လိုက်ပါလာ၏။
၎င်း၏ အကြံအစည်ကို လင်းယွန်က သိသည်။ တစ်ဖက်လူသည် ကံကြမ္မာကို ငှားချင် သည်ဟု ဆိုသော်လည်း ခွန်အားများ ပြန်၍ ရရှိ ပြီးနောက် ရွှေကံကြမ္မာများကို စိတ်ကူးယဉ် နေချေပြီ။
နဂါးသတ် အဆင့်မှ တစ်စုံ တစ်ယောက် အနေဖြင့် ခွန်အားအပြည့် မည်မျှ အားကောင်း သည်ကို သူ သည်လည်း သိချင်၏။ သို့သော် ပြုံးလျက် လိုက်ပါစေလိုက်သည်။
ခုနစ်ရက်အကြာတွင် သူတော်စင် နတ်ဆိုးသားရဲ တစ်စုနှင့် ဆုံ၏။ အားလုံးသည် ဆဋ္ဌမအဆင့် သူတော်စင် သခင်များ ဖြစ်ပြီး ကိုးကောင်တိတိ ရှိသည်။
ဉာဏ်ရည်ထက်မြက်ကာ သူတို့၏ ဘိုးဘေးများအမွေကို အသွေးအသားများမှ ပြန်လည် ရယူနိုင်စွမ်း ရှိကြ၏။
လင်းယွန်၏ အစွမ်းသတ္တိကို သိချင်သောကြောင့် ရှန်းထျန်းနန် တစ်ယောက် မျက်လုံးများ တောက်ပလာခဲ့သည်။
“ ဝှစ် ... ။ ”
ထိုစဉ် ငွေရောင်ရေတံခွန် တစ်ခုလို ဖဲကြိုးသုံးထောင်က ကောင်းကင်ပေါ် ဖြာတက် သွားသည်။ တစ်ချက်တည်းဖြင့် သားရဲများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကုန်၏။
ဖဲကြိုးများသည် လင်းယွန်ထံ ပြန်သွားသောအခါ မြေပြင်၌ ပြန့်ကျဲနေသော အသားများသာ ကျန်ရစ်ခဲ့သည်။
နတ်ဆိုးသားရဲများ ခမျာ ရွှေဆေးပြားများကိုပင် မလွှတ်နိုင်ဘဲ ချက်ချင်း အသတ်ခံလိုက်ရ၏။
လင်းယွန်က လှည့်ပတ် ကြည့်ရှုပြီး သူ့ကျင့်ကြံမှုကို ခိုင်မာအောင် ပြုလုပ်ရန် ရွှေဆေးပြားများ ကောက်ယူသည်။
ပြီးသောအခါတွင် ဓားတာအိုကို သန့်စင်ရန်အတွက် ရွှေကံကြမ္မာ သုံးလုံး ထုတ်ယူကာ ချက်ချင်း စုပ်ယူ၏။
ရွှေကံကြမ္မာများ၏ သက်ရောက်မှုသည် ပထမအကြိမ်ကဲ့သို့ သိသာ ထင်ရှားလာခြင်း မရှိတော့ချေ။
( ငါ့ရွှေကံကြမ္မာတွေ ... ။ )
ထိုမြင်ကွင်းက သူ့ အသည်းနှလုံးကို စားသုံးနေသကဲ့သို့ နာကျင်ခံစားခဲ့ရသော်လည်း ရှန်းထျန်းနန်ခမျာ သည်းခံလိုက်ရသည်။
သုံးရက်အကြာတွင် ဆဋ္ဌမအဆင့် သူတော်စင်သခင် နတ်ဆိုးသားရဲတစ်ကောင်နှင့် ထပ်မံ တွေ့ဆုံပြန်၏။
ဤစပါးအုံးမြွေသည် မွေးစတည်းကပင် ဝါးမြိုခြင်း အုပ်စိုးရှင် တာအိုကို ဆုပ်ကိုင်ထား လေသည်။
မီး၊ ရေခဲနှင့် မိုးကြိုး ကဲ့သို့သော မဟာ တာအိုများလည်း ပါရှိသေး၏။ ဘုန်းသူတော်စင် လက်ရာပင် ဒဏ်ရာ မပေးနိုင်ချေ။
“ အခွင့်အရေးပဲ ... ။ ”
ရှန်းထျန်းနန် မျက်လုံးများ တောက်ပ လာ၏။ သို့သော် ဤတစ်ကြိမ်၌ ဖဲကြိုးများက မိုးပြာနဂါးအဖြစ် စပါးအုံးမြွေကို ချုပ်နှောင်ကာ ဓားဖဲကြိုးများက မျက်လုံးထံ ပျံသန်း သွားသည်။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် နောက်ထပ် ဖဲကြိုးသုံးထောင်က နတ်ဖီးနစ်အဖြစ် ဖွဲ့စည်းပြီး စပါးအုံးမြွေကို မီးလောင်တိုက် သွင်းတော့၏။
အဆုံးတွင် လင်းယွန်က နဂါးထွက်သက်ကို ထုတ်ဖော်ကာ ချေပစ်သည်။ အဝေးမှ ရပ်ကြည့် နေသည့် ရှန်းထျန်းနန်တစ်ယောက် အသက်ပင် မရရှူရဲ ဖြစ်သွား၏။
ပြီးနောက် လင်းယွန်က စပါးအုံးမြွေ၏ ရွှေဆေးပြားနှင့် ရွှေကံကြမ္မာ သုံးလုံး ထုတ်ကာ ထပ်မံ သန့်စင်ပြန်သည်။ ဓားတာအိုသည် ကိုးထောင်အထိ ရောက်ရှိလာ၏။
၎င်းသည် လင်းကျန်းရှန့်ထက် နည်းပါး နေသေးသော်လည်း မဟာတာအိုများ ဖြစ်သည့် လေနှင့် မိုးကြိုးတာအိုမှာ တစ်သောင်းသို့ ရောက်ရှိလာ၏။
အဆုံးတွင် ရွှေကံကြမ္မာ ကိုးလုံးကို သန့်စင်ပြီးနောက် တစ်လုံး ပိုကျန်ရှိလေသည်။ ယင်းကြောင့် ရှန်းထျန်းနန်ထံ လှည့်ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိ၏။
လမ်းတစ်လျှောက်တွင် ဤရွှေကံကြမ္မာ များကို တစ်ဖက်လူ ရှေ့၌ ရည်ရွယ်ချက် ရှိရှိ သန့်စင် ပြခဲ့သည်။
သို့သော် ရှန်းထျန်းနန်သည် သူ့အပေါ် တိုက်ခိုက်ရန် လုယူရန် ဆန္ဒမရှိသေးသည်ကို မြင်ပြီးနောက် မစောင့်နိုင်တော့ချေ။
“ ကျစ်ရှီ ... မင်းက နေဦး ... ။ ”
လင်းယွန်က ကောင်းကင်သို့ ခုန်တက်ပြီး ကျိကျစ်ရှီ အနားသို့ ဆင်းသက်လာ၏။ ယင်းက ရှန်းထျန်းနန်ကို ထိတ်လန့်သွားစေသည်။
သူ့အတွေးများကို ဖမ်းမိသွားသည်ဟု ခံစားလိုက်ရ၏။
“ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်းရဲ့ကံကို ငှားချင်လို့ ... ငါလိုက်လာတာပါ မင်းပြောတော့ စိတ်မဆိုးဘူးဆို ... ။ ”
လင်းယွန်က ပြုံးလျက်၊
“ ရော့ ... ဒီရွှေကံကြမ္မာကို မင်း ယူနိုင်တယ်။ ”
-ဟု ကမ်းပေးလိုက်သည်။
“ ဟမ့် ... ငါ့ကို ပေးတာလား။ ”
“ ဟုတ်တယ် ... ရွှေကံကြမ္မာ တော်တော် များများကို သန့်စင်ပြီးပါပြီ၊ အကျိုးဆက်တွေက မထိရောက်တော့ဘူး။ ”
ရှန်းထျန်းနန်က မယုံကြည်နိုင်စွာဖြင့် လင်းယွန်ထံမှ ရွှေကံကြမ္မာကို ယူထားလိုက် လေသည်။
“ မင်းလိုလူမျိုး ကောင်းကင်ဘုံ လွင်ပြင်မှာ တွေ့ရတာ ထူးဆန်းတယ်။ ”
ကောင်းကင်လွင်ပြင်တွင် မည်သူမျှ သစ္စာမရှိချေ။ ရွှေကံကြမ္မာ ဝေမျှပေးမည့် သူများ မရှိသည်မှာ သဘာဝပေပင်။
“ မင်းကို မေးစရာ ရှိတယ်။ ”
“ ညီအစ်ကိုလင်း မေးပါ ... ။ ”
“ မင်း ... ဘာလို့ မလှုပ်ရှားတာလဲ။ ”
လင်းယွန် မေးခွန်းကြောင့် ထိတ်လန့်သွားကာ ရွှေကံကြမ္မာပင် ပြုတ်ကျလု နီးပါး ဖြစ်သွားသည်။
“ ငါ ... ငါ မလုပ်ပါဘူး။ ”
“ ဟား ဟား ဟား ... မင်းလိမ်တယ်။ ”
လင်းယွန်က ရယ်၏။ ရှန်းထျန်းနန် တစ်ယောက် အနည်းငယ်ရှက်ရွံ့ သွားပြီး၊
“ ငါလိုချင်ပါတယ် ... ဒါပေမယ့် မင်းရဲ့အစွမ်းသတ္တိကို မြင်ပြီးရင် ဘယ်သူက သတ္တိ ရှိတော့မှာလဲ။ ”
-ဟု ရိုးရိုးသားသား ဝန်ခံလိုက်သည်။
“ ဒါကမှ ပိုတူတယ်။ ”
လင်းယွန်က ပြုံးသည်။
“ အရေးကြီးဆုံးက မင်းရဲ့ဓားကို ငါမမြင်နိုင်တာပဲ။ ”
“ အစ်ကိုကြီးလင်း၊ တစ်ခုခုမှားနေပြီ။ ”
ထိုစဉ် ကျိကျစ်ရှီတစ်ယောက် ဦးတည်ရာ တစ်ရပ်ထံ မော့ကြည့်ကာ ပြောကြားလာသဖြင့် လင်းယွန်က၊
“ သွားကြည့်ရအောင်။ ”
-ဟု ဆိုလျက် ချင်ချင်း ပြေးလွှား လိုက်တော့သည်။
***