← Chapters

မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံ။

Vol. 167 Ch. 2328

မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံ။

Vol. 167 Ch. 2328

“ လူတွေအများကြီးပဲ။ ”

ရေကန်ဘေးတွင် စိတ်ရှည်ရှည် စုဝေးနေကြသော လူအုပ်ကြီးကို ကြည့်ကာ လင်းယွန်က ပြောလိုက်သည်။

လင်းကျန်းရှန့်က၊

“ အုပ်စိုးရှင် ကျောက်တိုင်ဆီကို အတင်းအကြပ်ဝင်လို့မရဘူး၊ သူဖွင့်တဲ့ အချိန်ထိ ဒီမှာ စောင့်နေရမယ်။ ”

-ဟု ရှင်းပြလာ၏။

“ ဟိုမှာ ... အောင်းကြွယ်။ ”

ဝူယုဟွာက ကြောက်စိတ်ဖြင့် တိုးတိုးပြောသည်။ ချန်ကျွင့်နှင့် ရှလောမှာ မျက်နှာများ ပြောင်းသွား၏။

အောင်းကြွယ်သည် သဏ္ဍာန်မဲ့ နန်းတော် တပည့်ခေါင်းဆောင် ဖြစ်ပြီး မိုးတိမ်နယ်မြေတွင် အသန်မာဆုံးသော ဓားသမားဖြစ်သည်။

“ အရင်က ဆုံဖူးလို့လား။ ”

လင်းယွန်က ဝူယုဟွာကို မေးမိ၏။

“ အင်း ... တစ်ကြိမ် တိုက်ဖူးတယ် ခေါင်းဆောင်သာ အချိန်မီ ရောက်မလာခဲ့ရင် ငါတို့ သေသွားပြီး ဖြစ်နိုင်တယ် အဲဒီတုန်းက သူ့ဓားတောင် မဆွဲခဲ့ဘူး။ ”

ထိုအချိန်တွင် အောင်းကြွယ်သည် လင်းကျန်းရှန့် ခွန်အားအပေါ် စမ်းသပ်လိုသော ကြောင့်သာ မဟုတ်ပါက သူတို့ သေသွားပေ လိမ့်မည်။

သူ့နောက်တွင် သဏ္ဍာန်မဲ့ နန်းတော်၏ တပည့်များ ပါရှိသည်။ ၎င်းက လင်းကျန်းရှန့်ကို မြင်ချိန်၌ ပြုံးပြီး နှုတ်ဆက်၏။

“ လင်းကျန်းရှန် ... ငါတို့တွေ့ပြီ။ ”

“ ငါ နင့်ကို စောင့်နေမယ်။ ”

အောင်းကြွယ်က ပြုံးလျက် အနီးနားရှိ အခြာလူများထံ ကြည့်၏။ အကြည့် ခံရသူတိုင်း ကျောရိုးတစ်လျှောက် အေးစက်ကုန်သည်။

“ မုရှို့ဟန် လာပြီ။ ”

များမကြာခင် ရွှေကျောက်စိမ်း ခန်းမ၏ တပည့်ကြီး ရောက်ရှိလာ၏။ သူသည်လည်း မိုးတိမ် နယ်မြေတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ တစ်ဦး ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက မိုးတိမ်နယ်မြေ၏ ခေါင်းဆောင် လေးယောက်တွင် အသန်မာဆုံး အဖြစ် သတ်မှတ် လိုက်ကြသည်။

“ သွေးရိုး တံခါးလည်း ရောက်ပြီ။ ”

ထိုအင်အားစု၏ တပည့်ကြီးမှာ ပိုင်ယု ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ကျွမ်းကျင် သူများ ပိုမိုရောက်ရှိလာပြီး ရေကန်တဝိုက် စည်ကားနေတော့သည်။

“ ကောင်းကင်ဓားခန်းမက ငါတို့လို နတ်ဆိုးဂိုဏ်း သုံးဂိုဏ်းကို ရပ်တန့် နိုင်မယ် ထင်နေတာလား။ ”

ပိုင်ယုက လင်းကျန်းရှန့်ထံ ကြည့်ကာ ပြောလိုက်သည်။

“ ငါ့မှာလည်း တူညီတဲ့ ... အတွေးတွေ ရှိတယ် စမ်းကြည့်ကြမလား ... ငါလှုပ်ရှားမှု မလုပ်ရတာ ကြာပြီ။ ”

အောင်းကြွယ်မှ ဝင်ပြော၏။

“ ဒါက ရန်ဖြစ်ရမဲ့ အချိန်မဟုတ်ဘူး လမ်းရှင်းဖို့ အချိန်ကျပြီ ... ဒီလိုစောင့်နေရတာ အဓိပ္ပါယ်မရှိဘူး။ ”

မုရှို့ဟန်က ထောက်ပြလာသည်။ သူ့စကားကြောင့် လူအုပ်ကြီးမှာ မျက်နှာများ ပြောင်းသွားပြီး ဆုတ်ခွာကုန်တော့၏။

“ လွတ်မြောက်နိုင်မယ် ထင်လား။ ”

ပိုင်ယုက ပြုံးပြီး ကောင်းကင်ပေါ် ပျံတက်သွား၏။ ဧရာမ ကြက်သွေးရောင် အရိုးစု တစ်ခု ပေါ်လာပြီး ဆုတ်ခွာနေသော သူတော်စင် သခင်ငါးယောက်ကို ဆုပ်ကိုင်လိုက်သည်။

“ ဟိတ် ... ။ ”

အောင်းကြွယ်နှင့် မုရှို့ဟန် မှလည်း ကျန်လူအချို့ကို ဖမ်းဆုပ်ကာ ကောင်းကင်ပေါ် ခုန်တက်လာသည်။ ဤမြင်ကွင်းက ကျိကျစ်ရှီကို အံ့အားသင့်စေ၏။

“ သူတို့ ဘာလုပ်တာလဲ။ ”

ကျိကျစ်ရှီက မေးသည်။

“ သူတို့အတွက် လမ်းရှင်းပေးဖို့ ... ဒီလူတွေကို အသုံးချချင် နေကြတာ … ။ ”

လင်းယွန်က ကူကယ်ရာမဲ့စွာ ဖြေကြား လိုက်သည်။ ထိုစဉ် သူတော်စင်သခင် သုံးဦးကို အုပ်စိုးရှင် ကျောက်တိုင်ထံ ကိုင်ပေါက်ပစ် လိုက်လေသည်။

“ ဝုန်း ... ။ ”

ကျောက်တိုင်နှင့် ထိမှန်သော အခါ ပေါက်ကွဲသွားပြီး သူတော်စင် မူလများ ပျံဝဲ ကုန်တော့၏။

တစ်ဖက်တွင် ကျောက်တိုင်မှ ထုတ်လွှတ်သော ဖိအားများ အနည်းငယ် လျော့ကျ သွားသည်ကို ခံစားမိသည်။

“ သွားကြရအောင် ... ။ ”

ပိုင်ယုက ပြုံးပြီး ထိုကျောက်တိုင်ထံ ဦးတည်တော့သည်။ ရွှေကျောက်စိမ်း ခန်းနှင့် သဏ္ဍာန်မဲ့ နန်းတော် သည်လည်း နောက်ကျခြင်း မရှိချေ။

“ အုပ်စိုးရှင် ကျောက်တိုင်က အားနည်းသွားပုံရတယ် ... ငါတို့ အခုသွားလို့ ရပြီ ... ။ ”

“ သွားကြရအောင် ... ။ ”

လူတိုင်း အသိများ ဝင်လာပြီး ချက်ချင်း ရေကန်ပေါ် ဖြတ်ပြေး လိုက်ကြတော့သည်။

“ ခေါင်းဆောင် ... ။ ”

ချန်ကျွင့်က လင်းကျန်းရှန့်ထံ လှည့်ကြည့်၏။ ကျောက်တိုင်သည် ဖိအားများ လျော့ကျသွားသော်လည်း ကောင်းကင်ဓား ခန်းမမှ တပည့်ငယ်များကို သတ်ပစ်နိုင် သေးကြောင်း သိထားသည်။

“ မင်း ဘယ်လိုထင်ပါလဲ။ ”

ထို့ကြောင့် လင်းကျန်းရှန့်က လင်းယွန်ထံ လှည့်မေး၏။

“ စောင့်လက်စနဲ့တော့ ငါတို့ အလျင်လို နေစရာ မလိုပါဘူး။ ”

“ ဒါဆို စောင့်ကြည့်ရအောင်။ ”

လင်းကျန်းရှန့်က ခေါင်းညိတ်လိုက်၏။ သုံးရက်အကြာတွင် ကျောက်တိုင် ဖိအားများမှာ ပို၍ အားနည်းလာပြီး ရေကန်တစ်လျှောက် ငြိမ်သက်သွားသည်။

ရေကန် ပတ်ဝန်းကျင်တွင် ကောင်းကင် ဓားခန်းမ၏ တပည့်များမှ လွဲ၍ အခြားမည်သူမျှ မရှိတော့ချေ။

“ ခေါင်းဆောင် ... ငါတို့ အချိန်ကျပြီ။ ”

ချန်ကျွင့်က စိုးရိမ်တကြီးပြောသည်။

“ ဒီရက်တွေ တစ်လျှောက် ငါတို့ စောင့်ကြည့်ခဲ့ပြီး .. ဒီရေကန်က မလုံခြုံသေးဘူး ကျောက်တိုင် ဖိအားကို ခံနိုင်ရည်ရှိတယ် ဆိုခဲ့ ရင်တောင် လူတော်တော်များများက လမ်းတစ်ဝက်မှာ သေနိုင်တယ်။ ”

ဝူယုဟွာက လင်းကျန်းရှန့် အစား ဝင်ပြောသည်။ အုပ်စိုးရှင် ကျောက်တိုင်ထံသို့ သွားရာလမ်းတွင် မလုံခြုံသေးကြောင်း မြင်ရုံဖြင့် သိနိုင်၏။

“ သွားကြရအောင်။ ”

လင်းကျန်းရှန့်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ ရေကန်ပေါ် ဆင်းသက်သော အခါတွင် အေးစက်စက် အငွေ့အသက်များ ခံစားလိုက်ရ၏။

လမ်းတစ်လျှောက် အလောင်းများစွာ ပျံ့ကျဲနေသည်။ ကျောက်တိုင် ဖိအားအောက်၌ မပျံနိုင်ဘဲ ပြေးလွှားရုံသာ တတ်နိုင်၏။

အလောင်း အများစုသည် ပဉ္စမအဆင့် သူတော်စင် သခင်များ ဖြစ်ကြောင်း တွေ့ရှိရပြီး လူတိုင်း ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။

သို့မှသာ လင်းကျန်းရှန့်က နောက်ဆုံးမှ သွားရန် ရွေးချယ်ရသည့် အကြောင်းရင်းကို လူတိုင်း နားလည် လာတော့၏။

ရုတ်တရက် အလောင်းကောင် အမြောက်အမြား ပျံထွက်လာပြီး သူတို့ကို တိုက်ခိုက်ပြန်သည်။

“ ဝှီး ... ။ ”

သို့သော် အလောင်းများသည် ဉာဏ်ရည်ဉာဏ်သွေး မရှိသဖြင့် အလွယ်တကူ ဖြတ်ကျောက် နိုင်ခဲ့သည်။

သို့သော် နောက်ထပ် အလောင်း ကောင်များ၏ ဝိုင်ရံခြင်း ခံရချိန်၌ အနည်းငယ် အခက်တွေ့လာ၏။

လင်းကျန်းရှန့်၏ ဓားရည်ရွယ်ချက်များ သည်ပင် ၎င်းတို့ကိုအပေါ် ဒဏ်ရာ မပေးနိုင်ချေ။ တောင်ပံများ တစ်ဖျပ်ဖျပ် ခတ်လျက် အမှောင် ထဲမှ ထွက်ပေါ်လာသည်။

မျက်လုံးများအတွင်းရှိ အလင်းရောင်ကို အခြေခံ၍ ဉာဏ်ရည် ဉာဏ်သွေးများ ပိုင်ဆိုင် ထားကြောင်း ပြောနေ၏။

“ အရမ်း များနေတယ်။ ”

ချန်ကျွင့်က ဖြူဖျော့သော မျက်နှာဖြင့် ညည်းညူလိုက်သည်။ ပထမလှိုင်းလေးသည်ပင် ကိုင်တွယ်ရ ခက်ခဲနေ၏။

“ ဒါက ရက်ရှာဆာလို့ ခေါ်တဲ့ မှင်စာတွေ ... သူတို့ဟာ ငရဲနယ်မြေက ဖြစ်ပြီး ... ကောင်းကင် လွင်ပြင်မှာ တွေ့ရခဲပါတယ်။ ”

လင်းကျန်းရှန့်က အဖွဲ့ကို ဝင်္ကပါ ဖန်တီးစေ၏။ သူမက လင်းယွန်နှင့် ကျိကျစ်ရှီ တို့ကို ဝင်္ကပါ ဗဟိုတွင် နေစေခဲ့သည်။

ထို့နောက် လူတိုင်းက ကောင်းကင် ဘုရင်ဓားကို ထုတ်ဖော်ကာ ဓားအလင်းဖြင့် သူတို့လမ်းကြောင်းရှိ အရာအားလုံးကို သတ်ပစ်လိုက်တော့၏။

“ ..... ။ ”

လင်းကျန်းရှန့်က ဆံပင်များကို သပ်တင်ကာ ဓားကို ပြန်သိမ်းလိုက်သည်။

“ ကောင်းပြီ ... ဒါက ငါတို့ရှေ့က ထွက်သွားတဲ့လူတွေ အတွက် ပိုမိုများပြားတဲ့ ဆုံးရှုံးမှုမျိုး ခံစားရစေမှာ သေချာတယ်။ ”

လင်းယွန်က သုံးသပ်စကား ဆို၏။

“ ငါလည်း မျှော်လင့်ပါတယ်။ ”

ထို့နောက် ခရီးဆက်လာခဲ့သည်။ လမ်းတစ်လျှောက် ရက်ရှာဆာ မှင်စာဘီလူး များနှင့် ကြုံရသော်လည်း လုံခြုံ၏။

နေ့တဝက် ကုန်လွန်ပြီးနောက် အုပ်စိုးရှင် ကျောက်တိုင် ကောက်ကြောင်းကို မြင်တွေ့လာ ရသည်။

လူတိုင်းက ရောက်လုနီးပြီ ဖြစ်သဖြင့် အရှိန်ပြင်းပြင်းနှင့် ခရီးဆက်မိခဲ့သည်။ သို့သော် ကြောက်စရာ ကောင်းသော အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရပြန်၏။

“ ဖျစ် ... ။ ”

ကောင်းကင်တွင် တိမ်ညိညိုများ စုစည်းလျက် လျှပ်စီးများ လက်လာပြီးနောက် လေဟာနယ် ကွဲအက်ကုန်သည်။

ဤသည်မှာ ယခင် စပါးအုံးမြွေထက်ပင် ပိုမိုအစွမ်းထက် နေသောကြောင့် လင်းယွန်နှင့် ကျိကျစ်ရှီ မျက်နှာများ ပြောင်းလဲသွား၏။

“ ဂါး ... ။ ”

နတ်ဆိုးသားရဲက ဆယ်မီတာအကွာသို့ ဆင်းသက်လာသောအခါ ၎င်း၏ ရောင်ဝါများက ပြန့်ကျဲသွားသည်။

ရွှေရောင် နတ်မိစ္ဆာ မျောက်ဝံဖြစ်ပြီး သွေးများ စီးကျနေသော ဒဏ်ရာ များစွာဖြင့် အသက်ရှူ ကြပ်နေခဲ့၏။ မျက်လုံးများမှာ မြစိမ်းရောင် ဖြစ်သည်။

“ မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံ။ ”

ဤနတ်ဆိုးသားရဲ၏ အမည်ကို လူတိုင်း သိရှိလိုက်သည်။ ၎င်းသည် ယခင် လင်းယွန်တို့ ကြုံတွေ့ခဲ့ရသည့် စပါးအုံးမြွေကို လွယ်လွယ် သတ်ပစ်နိုင်၏။

“ သူ ... ဒါဏ်ရာ ရထားတယ်။ ”

ချန်ကျွင့် တစ်ယောက် လောဘကြီးစွာဖြင့် မျက်ဝန်းများ တောက်ပလာသည်။

“ ခေါင်းဆောင် ... ဒီမြစိမ်းရောင် နတ်မိစ္ဆာမျောက်ဝံကို သတ်နိုင်ရင် ရွှေကံကြမ္မာ ရနိုင်မယ် ထင်တယ်၊ ကံကောင်းရင် တော်ဝင် ကံကြမ္မာတောင် ဖြစ်နိုင်မယ်။ ”

“ ဟုတ်တယ် သူ့ရဲ့ သူတော်စင်မူလနဲ့ သွေးလည်း ရတနာပဲ အစိတ်အပိုင်း တစ်ခုလုံး ပစ်ရက်စရာ မရှိဘူး။ ”

ရှေးခေတ်သားရဲများသည် ရှားပါးပြီး အဖိုးမဖြတ်နိုင်သော ရတနာအဖြစ် သတ်မှတ် နိုင်ပေ၏။

သို့သော် မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံကြီးသည် တစ်စုံတစ်ဦးထံမှ ထွက်ပြေး လာခြင်း ဖြစ်သည်ကို မေ့လျော့နေကုန်သည်။

ချန်ကျွင့်နှင့် ရှလောက လောဘဖြင့် လင်းကျန်းရှန့်ထံ လှည့်ကြည့်သည်။ သို့သော် လင်းကျန်းရှန့်က သူတို့ကို လျစ်လျူရှု၏။

ယင်းအစား ကျိကျစ်ရှီထံ လှည့်ကြည့် လိုက်ကာ၊

“ မင်းမှာ ... ရွှေကံကြမ္မာ မသန့်ဖူးသေးဘူး မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

လင်းယွန်သည် ရွှေကံကြမ္မာများကို သန့်စင်ထားကြောင်း သူမ ပြောနိုင်သော်လည်း ကျိကျစ်ရှီ မပါချေ။

ထိုမေးခွန်းကြောင့် ကျိကျစ်ရှီက အံ့ဩသွားစဉ် လင်းကျန်းရှန့်မှာ မျောက်ဝံထံ ပြေးဝင်သွားပြီ ဖြစ်သည်။

“ သူက တကယ့်ကို ... သူရဲကောင်းဆန်ပါတယ် ... ငါသူ့ကို လက်ထပ်ချင်လာပြီ ... ။ ”

ကျိကျစ်ရှီက ပြုံးပြီးပြော၏။ ထိုစကားကြောင့် လင်းယွန်ခမျာ နှာခေါင်းကို ပွတ်သပ်လျက်၊

“ အဟမ်း ... ဘာလို့ ငါ့ကို ထည့်မတွက် ရလာလဲ။ ”

-ဟု ပြန်လည် နောက်ပြောင် လိုက်တော့သည်။

***

All Chapters