လင်းကျန်းရှန့်၏ ခွန်အား။
Vol. 167 Ch. 2329
လင်းကျန်းရှန့်က ကျိကျစ်ရှီကို မေးမြန်းပြီးနောက် မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံကို တိုက်ခိုက်သည်။
သားရဲသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထား သော်လည်း ပြန်လည် ဖိအားပေးနိုင် ခဲ့သည်။
ဘေးမှ စောင့်ကြည့်နေသော တပည့်ငယ်များက ဤအဆင့် တိုက်ပွဲတွင် မပါဝင်နိုင်မှန်း သိလိုက်ကြ၏။
လင်းကျန်းရှန့်နှင့် မျောက်ဝံကြား အရွယ်အစား ကြီးမားစွာ ကွာခြားသော်လည်း ဓားရောင်ဝါက ပိတ်ဆို့ထားနိုင်သည်။
“ ဘယ်လောက် အစွမ်းထက်လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ ”
ဤမြင်ကွင်းကို မြင်သောအခါတွင် လင်းယွန်က အံ့အားသင့်သွား၏။ နတ်ခန္ဓာမျိုး မပိုင်ဆိုင်သော်လည်း လင်းကျန်းရှန့်သည် ဖိအားကို ခံနိုင်ရည် ရှိနေသည်။
“ ဂါး ... ။ ”
အကြိမ်အနည်းငယ် လဲလှယ်ပြီးနောက် မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံက အားကုန် သုံးကာ ထွက်သွားရန် ပိုင်းဖြတ်လိုက်၏။
သို့သော် လင်းကျန်းရှန့်က ခွင့်မပြုဘဲ အမည်ခံ နတ်အလင်းဓားကို ထုတ်လွှတ် လိုက် တော့သည်။
ဓားအလင်းများ တောက်ပလာပြီး မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံကို နှစ်ပိုင်းခွဲ သွားခဲ့၏။
ခန္ဓာကိုယ် ကွဲသွားသောအခါတွင် သူတော်စင် မူလနှင့် ရွှေကံကြမ္မာ ပေါ်လာသည်။ ရွှေကံကြမ္မာသည် ကြယ်ကဲ့သို့ တောက်ပစွာ ထွန်းလင်းနေ၏။
“ ဖျစ် ... ။ ”
၎င်းမှ ဖိအားကြောင့် ကောင်းကင်မှ မိုးကြိုးတိမ်တိုက်များ ကျဆင်းလာကာ လျှပ်စီး လက်စပြုလာပြီး ကောင်းကင်နှင့်မြေကြီး ယိမ်းထိုးသွားသည်။
လင်းကျန်းရှန့်က ဓားပြန်သိမ်းပြီး သူတော်စင် မူလ၊ သားရဲ အမြုတေနှင့် ရွှေကံကြမ္မာကို လက်လှိုင်းဖြင့် ဆင့်ခေါ် လိုက်သည်။
“ ရွှေကံကြမ္မာ ... ။ ”
ကောင်းကင်ဓားခန်းမ၏ တပည့်များ စိတ်လှုပ်ရှား ကုန်သည်။ ဝူယုဟွာက အတွင်းရှိ ရှေးဟောင်း ရူရ်တစ်လုံးကို သတိထားမိ၏။
လူတိုင်း လင်းကျန်းရှန့် အနားတွင် စုရုံးလိုက်ကြသည်။ သူမက ရွှေကံကြမ္မာကို ကျိကျစ်ရှီထံ ကမ်းပေးလိုက်၏။
ကျိကျစ်ရှီက အနည်းငယ်မျှ တုံ့ဆိုင်းသွား ပြီးနောက်၊ ‘ကျေးဇူးတင်ပါတယ် အစ်မလင်း’ -ဟု ပြောကြား လိုက်သည်။
“ ဒီလို မျက်နှာတောင် မပြဝံ့တဲ့ ရုပ်ဆိုးမကို ဘာလို့ပေးရတာလဲ။ ”
ရှလောက အော်ဟစ် လိုက်သည်။ သည့်နောက် ပြန်လုယူတော့မည့် အချိန်တွင် အေးစက်စွာ စိုက်ကြည့်နေသော လင်းယွန် အကြည့်နှင့် မျက်လုံးချင်း ဆုံမိ၏။
“ ခွန်လွန်မြေက ... သူငယ်ချင်း တစ်ယောက်ကို ပံ့ပိုးပေးနေတာပါ ... သူက မင်းထက် ပိုသင့်လျော်တယ်။ ”
လင်းကျန်းရှန့်က ဂရုမစိုက်ဘဲ ပြန်ဖြေလေသည်။ လင်းယွန်က အတွေးနက် သွား၏။ လင်းကျန်းရှန့် တစ်ယောက် တစ်ခုခုကို သတိပြု မိသွားပုံပေပင်။
“ ဒုက္ခတော့ ရောက်ပြီ ... ။ ”
လင်းကျန်းရှန့်က ခေါင်းမော့ကြည့်ကာ ပြောသည်။ သူမစကား မဆုံးခင် ကောင်းကင်မှ လူသုံးဦး ဆင်းသက်လာ၏။
၎င်းတို့က မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံ အလောင်းကို ကြည့်ကာ အံသြဒေါသ ထွက်လာ ကုန်သည်။
ဤသည်မှာ ပိုင်ယု၊ ကျန်းထျန်းနန်နှင့် လင်းယွန် မသိသော အဖြူဝတ် လူငယ်လေး တစ်ယောက် ဖြစ်၏။
သို့သော် ထိုလူသည် ပိုင်ယု၊ ရှန်းထျန်းကျန့် တို့နှင့်အတူ လိုက်ပါနိုင်သောကြောင့် နဂါးသတ် အဆင့် ပါရမီရှင် ဖြစ်ရပေမည်။
ရှန်းထျန်းနန်၊ အဖြူဝတ် လူငယ်တို့ကို ဘေးဖယ်ထားကာ ပိုင်ယုနှင့်ပင် လင်းကျန်းရှန့် တစ်ယောက် ကိုင်တွယ်ရ ခက်ခဲချေပြီ။
၎င်းသည် ဂိုဏ်းလေးဂိုဏ်း၏ တပည့်ကြီး လေးဦးအနက်မှ တစ်ဦး ဖြစ်ချေ၏။ ရက်စက် ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးသည်။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူမည်မျှ ရက်စက်ခဲ့ သည်ကို လူတိုင်း ကြုံတွေ့ ထားဖူး၏။
သုံးယောက်လုံး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိထားသည်။ ဆိုလိုသည်မှာ မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံကို ကနဦး အမဲလိုက် နေသူများ ဖြစ်၏။
လင်းကျန်းရှန့်ကို မြင်သောအခါ ရှန်းထျန်းနန်က အဆင်ပြေနေသေး သော်လည်း လင်းယွန်ထံ ကြည့်မိစဉ် မျက်နှာပြောင်း သွားတော့၏။
လင်းယွန်ထံမှ ပြုံးစိစိ အမူအရာကို မြင်သောအခါ သာ၍ ဆိုးသွားသည်။ ထို့ကြောင့်၊
“ ငါ့မှာ လုပ်စရာတွေ ရှိလို့ ... သွားနှင့်မယ်။ ”
-ဟု နှုတ်ဆက်ကာ ချက်ချင်း လှည့်ထွက်သွားသည်။
အဖြူဝတ် လူငယ်နှင့် ပိုင်ယုက အံ့သြစွာ ပြန်လှည့်ကြည့်၏။ သို့သော် တစ်ဖက်လူသည် တုန့်ဆိုင်းခြင်း မရှိဘဲ ထွက်ခွာသွားချေပြီ။
“ လင်းကျန်းရှန့် ... နင်က သူတပါးပိုင်တဲ့ အရာတွေကို လုယူဖို့ ... တကယ် ရဲရင့်လာတာပဲ မင်းက ဝါစဉ်အရ ဆိုရင် ငါ့ဂျူနီယာ အဆင့်ပါ။ ”
ဤလူနှစ်ယောက်သည် အသက်ငယ် ပုံရသော်လည်း လင်းကျန်းရှန့်က ပို၍ ငယ်၏။
“ နင်သာ ... ဉာဏ်ကောင်းတဲ့ လူ တစ်ယောက် ဆိုရင် ... ရွှေကံကြမ္မာ သားရဲ အမြုတေနဲ့ သူတော်စင် မူလကို လွှဲပေးပါ ...
... ဒီလိုမှ မဟုတ်ရင် ... အုပ်စိုးရှင် ကျောက်တိုင်ကို မင်းမြင်ခွင့် မရတော့မှာ ငါ ကြောက်မိတယ်။ ”
ပိုင်ယုစကားကြောင့် လင်းကျန်းရှန့်က ပြုံးပြီး၊
“ နင့်မှာ သတ္တိရှိရင် လာယူပါ။ ”
-ဟု ပြတ်ပြတ်သားသား အဖြေပေး လိုက်သည်။ သူမ၏ တုံ့ပြန်မှုသည် ကောင်းကင် ဓားခန်းမမှ လူတိုင်းကို စိတ်လှုပ်ရှားစေ၏။
“ မိန်းမ တစ်ယောက်က ... ငါ့ရှေ့မှာ ဒီလောက် မာနကြီးဖို့ သတ္တိရှိတယ်လား ... အသက် ရှင်ရတာ ပင်ပန်းနေပုံပဲ ။ ”
ပိုင်ယုတစ်ယောက် ဒေါသ ထွက်သွားပြီး သူတော်စင် ယပ်တောင် တစ်လက်ပေါ် လာ၏။ ယပ်ခတ်ပစ် လိုက်သောအခါ ကြက်သွေးရောင် ရောင်ဝါက မိုင်တစ်ရာကို ဖုံးလွှမ်းသွားသည်။
ဤသည်မှာ လင်းယွန်၏ ဓားဒိုမိန်းနှင့် ဆင်တူသည်။ နဂါးသတ်အဆင့် ပါရမီရှင်များ၌ အားနည်းချက် ရှိပုံမရချေ။
“ မင်းကို မကြောက်ဘူး။ ”
လင်းကျန်းရှန့်ကလည်း လက်ဝှေ့ယမ်းကာ ဓားထုတ်ယူ၏။ ကြက်သွေးရောင် ဒိုမိန်းအတွင်း အပေါက်များ ဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံး နောက်ပြန် ဆုတ်ပေးလိုက်ရသည်။
ပိုင်ယုခမျာ အံ့သြလျက် လင်းကျန်းရှန့်ထံ ပြန်ကြည့်သည်။ တစ်ဖက်လူ၏ မျက်ဝန်းများ၌ ရွှေရောင် မီးပွားများ ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။
ဤသည်မှာ အမည်ခံ နတ်အလင်းဓား အဆင့်မျိုး မဟုတ်တော့ချေ။ နတ်အလင်းဓား နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ ပိုင်ယု၊ ငါ မင်းနဲ့ မပြိုင်တော့ဘူး။ ”
အဖြူဝတ် လူငယ်က လိမ္မာပါးနပ်စွာဖြင့့် ပြုံးပြီး ထွက်သွားတော့၏။ လင်းကျန်းရှန့်သည် နတ်အလင်းဓားကို နားလည်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူနှင့် ပိုင်ယု ပူးပေါင်းကာ အနိုင်ယူနိုင်လျှင်ပင် မည်သည့် အကျိုးကျေးဇူးမှ ရရှိနိုင်မည် မဟုတ်ချေ။
သူသည် ဉာဏ်ကောင်းပြီး တာအို သစ်သီး အတွက်သာ ယှဉ်ပြိုင်လို၏။ ပိုင်ယုက စိတ်ထဲမှ ကျိန်ဆဲလျက်၊
“ မင်းမှာ နတ်အလင်းဓားကို ဆုပ်ကိုင်ထားတာကြောင့် ပြိုင်ဘက်ကင်းပြီလို့ မထင်လိုက်နဲ့ ... ငါမှာ နည်းလမ်းတွေ အများကြီး ရှိတယ်။ ”
-ဟု ဆိုလျက် သူမအပေါ် ဒေါသကို ထုတ်ပစ်ရန် ကြံရွယ်လိုက်သည်။ ထို့ကြောင့် ရွှေဆေးပြားက လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ပွင့်ထွက် လာခဲ့၏။
“ ဟိတ် ... ။ ”
တစ်ချိန်တည်းမှာပင် နက္ခတ်နှင့် အရိုးချပ်ဝတ် ကိုလည်း ဆင့်ခေါ်လိုက်သည်။ လင်းကျန်းရှန့်က ကောင်းကင်ပေါ် ခုန်တက်ကာ တန်ပြန် လှုပ်ရှားမှုများ ပြုလုပ်၏။
အဝေးမှ ရပ်ကြည့်နေသည့် ကျိကျစ်ရှီတစ်ယောက် ထိတ်လန့်သွားသည်။ လင်းယွန်နှင့် ယှဉ်နိုင်စွမ်းရှိသော ဓားသမားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
တစ်ခုတည်းသော ကွာခြားချက်မှာ လွှမ်းမိုးချုပ်ကိုင်မှု ကင်းမဲ့နေခြင်းပေပင်။ ဖဲကြိုး သုံးထောင်ဖြင့် မီးနဂါး ဦးခေါင်းပေါ် ရပ်နေချိန် လင်းယွန် မည်မျှ ကြီးစိုးခဲ့သည်ကို မမေ့နိုင် သေးချေ။
“ ဒါက အကောင်းကြီးတော့ မဟုတ်ဘူး။ ”
လင်းကျန်းရှန့်သည် အမြင်၌ အသာစီးရနေသော်လည်း ကျိကျစ်ရှီက စိုးရိမ် လာခဲ့သည်။
“ ထိန်းထားရတယ် ... ဒါ သူ့အတွက် အခွင့်အရေးပဲ ... မဟုတ်ရင် လွတ်သွားလိမ့်မယ် ဒါပေမယ့် ပိုင်ယုကလည်း ဒါကို သိနေတယ်၊ ဒါကြောင့် သူ့ကို ဒဏ်ရာ ပြင်းပြင်း ထန်ထန် ပေးဖို့ ကြိုးစားနေတယ်။ ”
ကျိကျစ်ရှီက မျက်လုံးများ တောက်ပလာပြီး၊
“ ဒါပေမယ့် အစ်ကိုကြီးလင်း တုန်းက ဘာလို့ အဲဒီလို မဖြစ်တာလဲ။ ”
-ဟု ပြန်မေး၏။
“ ငါလည်း ကြုံရတယ် ... အသက်နဲ့ သေခြင်းကို အကြိမ်ကြိမ် တွေ့ကြုံခံစားပြီးမှသာ နတ်အလင်းဓားရဲ့ အနှစ်သာရကို ရခဲ့တာ။ ”
တိုက်ပွဲအပြီးတွင် နားလည်မှုသည် စိတ်ကူးမယဉ် နိုင်လောက်အောင် မြင့်မားပြီး လေးနက်လာခဲ့သည်။ ထို့ကြောင့် သူ့ဓားမှာ အချိန်တို အတွင်း ထက်ရှလာခြင်း ဖြစ်၏။
ဆယ်ကြိမ် လှုပ်ရှား ပြီးနောက် လင်းယွန် ပြောသော အခွင့်အရေးမှာ ရောက်ရှိ လာသည်။ ဓားအလင်းများက ဧရာမဓားကြီး (၁၂)လက် ကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။
ဤသည်မှာ စစ်မှန်သော နတ်အလင်းဓား ဖြစ်ချေ၏။ ပိုင်ယု အရိုးချပ်ဝတ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားသည်။
“ ဖျပ် ... ဖျပ် ... ဖျပ် ။ ”
“ အစ်ကိုကြီး ... ။ ”
သွေးရိုးတံခါးမှ တပည့်ငယ်များက ချက်ချင်းပြေးလာပြီး ပိုင်ယုကို ဖေးမလိုက် ကြသည်။
လင်းကျန်းရှန့် နောက်တွင်လည်း ကောင်းကင်ဓား ခန်းမ၏ တပည့်များ စုရုံးလာ တော့၏။
“ ပိုင်ယု ... မင်းမှာ ထင်မြင်ချက် ရှိသေးလား။ ”
ထိုမေးခွန်းက ပိုင်ယုကို ဒေါသထွက်လာစေ၏။ သို့သော် ဆက်တိုက်မည် ဆိုသော် အချည်းအနှီး ပေပင်။ ထို့ကြောင့် သွေးရိုးတံခါး၏ တပည့်များ ခေါ်လျက် လှည့်ထွက်လာခဲ့သည်။
“ ဒါက မပြီးသေးဘူး။ ”
အသံကို မည်သူမျှ ဂရုမစိုက်ချေ။ ကောင်းကင်ဓားခန်းမ တပည့်များက ရွှင်မြူးစွာ ပြုံးရယ်လာ၏။
“ ခေါင်းဆောင် နတ်အလင်းဓား ရည်ရွယ်ချက်ကို ကနဦး ကျွမ်းကျင်မှု ရရှိသွားပြီ။ ”
“ အစ်မလင်း ... နင်က အရမ်း အစွမ်း ထက်တယ် အုပ်စိုးရှင် ကျောက်တိုင်ကြီးရှေ့မှာ ဘယ်သူတွေ ကောင်းကင်ဓား ခန်းမနဲ့ ပြိုင်ဝံ့မှာလဲ။ ”
ကျိကျစ်ရှီက သူမအနား လျှောက်လှမ်းသွားပြီး ချီးကျူးလိုက်လေသည်။ လင်းကျန်းရှန့်က သူမကို ခေါင်းညိတ်ပြလျက် လင်းယွန်ထံ ကြည့်ကာ၊
“ ဒါနဲ့ယှဉ်ရင် ... ရှန်းကျန်းနန်က မင်းကိုတွေ့ပြီး ... ဘာကြောင့် ထွက်သွားတာလဲ ဆိုတာကို ... ငါ ပိုသိချင်နေပါတယ်။ ”
-ဟု စူးစမ်းလိုက်သည်။
ရှန်းထျန်းနန်သာ ထွက်မသွားခဲ့ပါက အဖြူဝတ် လူငယ် သည်လည်း ထွက်သွားမည် မဟုတ်ချေ။
ထိုအချိန်တွင် နတ်အလင်းဓား၏ ရည်ရွယ်ချက်ဖြင့်ပင် သူမ၌ အခွင့်အရေး မရှိဟု နားလည်ထားသည်။
“ ဒါက တိုက်ဆိုင်မှုပါ ... ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။
“ အဲဒီလို တိုက်ဆိုင်မှုမျိုး ထပ်မဖြစ်ဖို့ ဆုတောင်းပါတယ်။ ”
ကောင်းကင်ဓား ခန်းမ၏ တပည့်များက လင်းယွန်ကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်ကုန်သည်။
“ အစ်ကိုလင်း ... ငါ့ကို ကယ်ခဲ့တာ မင်းလား ... ရှန်းထျန်းနန်လား။ ”
ဝူယုဟွာက ခေါင်းကုတ်ပြီး မေးမြန်း လိုက်သည်။ လင်းယွန်က ပြန်မဖြေတော့ချေ။ သူ့ကို ကယ်တင်ခဲ့သော လူသည် မည်သူ ဖြစ်မည်ကို ပြန်လည် တွေးတောလျက် ဝူယုဟွာခမျာ ငြိမ်သက်သွား၏။
***