ဒီကောင်က တကယ် ချစ်ဖို့ကောင်းတယ်။
Vol. 167 Ch. 2330
အုပ်စိုးရှင် ကျောက်တိုင်သည် ချီလင် အမည်ရှိသော တောင်တန်း အတွင်း၌ တည်၏။ တောင်တန်းကြီး တစ်ခုလုံးသည် ရှေးဟောင်း အပျက်အစီး နယ်မြေ တစ်ခု ဖြစ်သည်။
ကျောက်တိုင်သည် မြင့်မားပြီး မျက်နှာစာတိုင်း၌ မတူညီသော ပုံသဏ္ဍာန်များ ရေးထွင်းထားသည်။
သို့သော် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းထားသောကြောင့် မည်သည့်အရာများ ဖြစ်သည်ကို ကောင်းစွာ မမြင်နိုင်ချေ။ လျှို့ဝှက် ဆန်းကြယ် နေချေပြီ။
ဤနေရာသည် ကောင်းကင်ဘုံ လွင်ပြင်ရှိ အခွင့်အလမ်းများအနက် အရေးကြီးဆုံး ဒေသ တစ်ရပ် ဖြစ်သည်။
ထို့ကြောင့် စောင့်ဆိုင်း နေကြသူ အများအပြား ရှိနေသည်ကို တွေ့လိုက်ရ၏။ အနက်ရောင်မြူများကြောင့် ၎င်းတို့က ကျောက်အနား မကပ်ရဲသေးချေ။
စောင့်ဆိုင်းနေစဉ် အတွင်း အနားရှိ နတ်ဆိုးသားရဲများကိုသာ လိုက်လံ ဖမ်းဆီး နေခဲ့ကြသည်။
သုံးရက် အကြာတွင် မြူများ ပျောက်ကွယ်လာသဖြင့် ပတ်ဝန်းကျင်ရှိ လူများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။
လူတိုင်း နက်နဲမှုကို ရယူရန် ကြိုးစား ကြတော့၏။ လင်းယွန်က ကျောက်တုံးကြီးကို ကြည့်လိုက်ရာ စိတ်ဝိညာဉ် လွင့်ထွက်သွား တော့သည်။
ဖရိုဖရဲ အခြေအနေအောက်၌ စူးရှသော ရောင်ဝါတစ်ခု ပေါ်လာသည်။ ဤသည်မှာ ကနဦးဓား ဖြစ်၏။
“ ထူးဆန်းတယ် ... သူက ငါမြင်တာကို ဘာလို့ လိုက်မြင်နေရတာလဲ။ ”
လင်းယွန် အကြည့်များ ပြန်ရုတ်ကာ ညည်းတွားလိုက်သည်။
“ ဟား ဟား ဟား ... တောသားပဲ။ ”
ချန်ကျွင့်က ရယ်မောလိုက်သည်။
“ အုပ်စိုးရှင် ကျောက်တိုင်က ... မင်း ဆန္ဒရှိတာ မှန်သမျှ မြင်ခွင့်ပေးတယ် အုပ်စိုးရှင် တာအိုတောင် ချွင်းချက် မရှိဘဲ။ ”
ဝူယုဟွာက ရှင်းပြသည်။
“ ရှေးဦးခေတ် ကတည်းက သူက တည်ရှိနေတာ ... ဒီလိုဖရိုဖရဲ အခြေအနေမျိုးကို ဖြတ်ကျော်ပြီး ဘယ်သူမှ ကျောက်တိုင်ရဲ့ အနှစ်သာရကို မမြင်နိုင်ကြဘူး။ ”
လင်းယွန်က ပြုံးရုံသာ ပြုံးပြီး နိဗ္ဗာန် တာအိုကို ဖြန့်ကျက်လျက် ပြန်ကြည့်လိုက်သော အခါ၊ ဖရိုဖရဲ အခြေအနေမှာ ချက်ချင်း ရှင်းလင်းသွားသည်။
ဝိညာဉ်ရေးရာ ရူရ်များ ပေါ်လာပြီး ဖရိုဖရဲကမ္ဘာကြီးက တည်ငြိမ်သွား၏။ ရူရ်တိုင်း ဓားတာအို၏ အနှစ်သာရများ ပါသည်။ ခဏမျှ အာရုံစိုက်ရုံဖြင့် ဓားတာအိုတွင် ရာဂဏန်းမျှ တိုးလာ၏။
တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်ကို ပို၍ စုစည်းလာနိုင်သည်။ ကြယ်ဓားနှစ်လက်တွင် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။
“နိဗ္ဗာန် …” ဟု ရေရွတ်လျက် ကျောက်တိုင်ကြီးကို ပြန်ကြည့်လိုက်သောအခါ ၎င်းက တုန့်ပြန်မှု မပြချေ။ သူ့စိတ်ဝိညာဉ်မှာ ပုံမှန်အတိုင်း ဖြစ်ပြီး ပုံရိပ်ယောင် ကမ္ဘာမှ ဖယ်ကျဉ်ခြင်း ခံထားရသည်။
“ အိုး ... ။ ”
ဓားတာအိုကို ပြန်လည် တွေးတောမှ သာလျှင် ပုံရိပ်ယောင် ကမ္ဘာကြီး ပြန်ပေါ်လာ နိုင်သည်။ ဤကျောက်တိုင်သည် ထာဝရ တာအိုကို အမှန်ပင် မပြနိုင်ချေ။
လင်းယွန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူတိုင်း ကျောက်တိုင်ထံ အာရုံ စိုက်နေကြသည်။
အချို့မှာ ရွှင်မြူး နေကြ၏။ အချို့မှာ မျက်မှောင်ကြုတ်လျက် သူတို့ မြင်ခဲ့ရ သမျှကို ပြန်လည် တွေးကြည့်နေသည်။
မည်သို့ပင် ဆိုစေကာမူ လူတိုင်း၏ တာအိုသည် လျင်မြန်စွာ တိုးတက်နေသည်။ တစ်ဖက်တွင် လင်းယွန်က နိဗ္ဗာန် တာအိုဖြင့် ကျောက်တိုင်ကို ရှင်းလင်းစွာ မြင်နိုင်လာ၏။
ဆန္ဒရှိသည့်အတိုင်း ဓားတာအိုကို အလွယ်တကူ မြှင့်တင်နိုင်သည်။
“ အစ်ကိုကြီးလင်း၊ ဘာကိစ္စ ရှိလို့လဲ။ ”
ကျိကျစ်ရှီက မေးလိုက်သည်။
“ ဒီကျောက်တိုင်က ငါ ထင်ထားတာထက် ပိုရိုးရှင်း ပုံရတယ်။ ”
ဓားတာအို တိုးပွားလာခြင်းကြောင့် သဘာဝအတိုင်း ဝမ်းမြောက် ထိုက်ပေသည်။ သို့သော် အံ့သြဖွယ် မရှိသေးချေ။
ဤမျှ နာမည်ကြီးသော ကျောက်တိုင်မှ အံ့သြဖွယ် တစ်စုံ တစ်ရာကို ပေးသင့်သည်ဟု မြင်သည်။
“ အထဲမှာ ဖီးနစ်မီးလျှံကို မြင်မိတယ်။ ”
“ နတ်ဓားတစ်လက်ကို ငါမြင်တယ် ... ဒါတကယ့်ကို မှော်ဆန်တယ် ဓားကိုကြည့်ရုံနဲ့ နတ်ဘုရားတွေရဲ့ လမ်းညွှန်မှုကို ကြားလိုက်ရ သလိုပါပဲ ... ဒါပေမယ့် ဓားက ဆွဲလို့မရဘူး ဓားဖျားကိုပဲ မြင်လိုက်ရတယ်။ ”
ရှလောက ဝမ်းသာအားရ ရေရွတ်လျက် မျက်ခုံးပင့်ကာ လင်းယွန်ထံ ကြည့်ပြီး၊
“ ဟား ဟား ဟား ဒါကို ရိုးရှင်းတယ်လို့ တစ်စုံတစ်ယောက်က ကြွားလုံး ထုတ်နေတုန်းပဲ ကြည့်ရတာ ဘာကိုမှ မမြင်နိုင်ပုံရတယ်။ ”
-ဟု လှောင်ပြောင် လိုက်သည်။
လင်းယွန်က ပြုံးသည်။ သူမ ဓားသည် ထင်ယောင်ထင်မှား တစ်ခုမျှသာ ဖြစ်ကြောင်း သူ ပြောနိုင်၏။
ဓားတာအိုကို ဆုပ်ကိုင် မထားနိုင်ပါက အကောင်းဆုံး ရလာဒ်သည် ဓားရေးများအပေါ် အနည်းငယ် ပို၍ ကျွမ်းကျင်လာခြင်း ပေပင်။
“ နင် ဘာရယ်တာလဲ။ ”
ရှလောက ဒေါသထွက်သွားသည်။
“ တကယ်ပဲ နတ်ဓားတစ်လက် ရှိတယ် ဆိုရင် အုပ်စိုးရှင်ကျောက်တိုင်က ထင်ရှားစေပြီး မင်းကို အဲဒီအကျိုးကျေးဇူး အချို့ စုပ်ယူခွင့် ပြုလိမ့်မယ်၊ ...
... မဟုတ်လို့ နတ်ဘုရားအသံတွေ ကြားနေရပြီး ဘာကိုမှ စုပ်ယူလို့ မရဘူးဆိုရင် ဒါက လှည့်စားခံနေရတာပဲ။ ”
လင်းယွန်က ပြန်ဖြေ၏။
“ နင် ... လျှောက်ပြောမနေနဲ့ ဒီကနေ ထွက်သွားစမ်း ... ။ ”
ရှလောက ရှက်ရွံ့စွာ အော်ဟစ်သည်။
“ နင့်ကိုယ်နင် ဉာဏ်ကောင်းတယ်လို့ ထင်နေတာလား ... အဲဒါဟာ လှည့်စားမှု တစ်ခု မဟုတ်ဘူး ဆိုတာ ငါတို့အားလုံး သိကြတယ်၊ စစချင်းမှာ ဒီလောက်တော့ ဖြစ်မှာပဲ ... ၏
... ဒါဟာ နတ်ဘုရား တစ်ပါးရဲ့ ... ဆန္ဒအမှန်ဖြစ်တယ်ဆိုရင် နင့်ကို အလွယ်တကူ နားလည်ခွင့်ပေးပါ့မလား ... နတ်ဘုရားတွေကို မရိုမသေလုပ်ရင် ခံစားရလိမ့်မယ်။ ”
“ ဖြစ်နိုင်ပါတယ်။ ”
လင်းယွန်က ပေါ့ပေါ့ပါးပါးပင် လက်ခံလိုက်သည်။ ငြင်းဆန်ခြင်း မပြုချေ။
“ ညီမလေး ... သူ့ကို အာရုံစိုက် နေစရာ မလိုပါဘူး ... သူတို့က အရိုင်းမြေက လာတာပါ ဘယ်လိုလုပ် နတ်ဘုရားတွေကို မြင်ဖူးမှာလဲ အချိန်မဖြုန်းနဲ့။ ”
ချန်ကျွင့်က လှောင်ပြောင်သည်။ ထို့နောက် ပြုံးလျက်၊
“ သူက မင်းရဲ့ အာရုံစိုက်မှုကို လိုချင်လို့ ဟန်ဆောင်နေတာ ဖြစ်ရမယ်။ ”
-ဟု ထင်ကြေး ပေးလိုက်သည်။
ချန်ကျွင့် စကားကြောင့် ရှလောက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး လင်းယွန်ထံ အထင်သေးစွာ ကြည့်၏။
လင်းယွန်က စကား မပြောနိုင်တော့ဘဲ ပြုံးသည်။ ကျိကျစ်ရှီက ဒေါသထွက်လာသည်။ ဤအမျိုးသမီးသည် သူ့ကိုယ်သူ မည်သို့ ထင်နေသနည်း။
သည်မျှ ရုပ်ဆိုးသော အမျိုးသမီး တစ်ယောက် အပေါ် အစ်ကိုကြီးလင်းသည် စိတ်ကူးစရာ အကြောင်း မရှိချေ။ ပန်းသင်္ချိုင်း အတွက် အလှ မရှားသည်ကို ပြသလို၏။
“ တခြား နေရာတွေကို သွားရအောင်။ ”
လင်းယွန်က ကျိကျစ်ရှီလက်ကို ဆွဲခေါ်သွားသည်။ ခဏအကြာ၌ လင်းယွန်နှင့် ကျိကျစ်ရှီသည် အိုးကြီးတစ်လုံး အနားသို့ ဆင်းသက်လိုက်သည်။ ဤနေရာသည် ဆိတ်ငြိမ်ရာ အရပ်ဖြစ်၏။
ရှန်းထျန်းနန်သည် လင်းယွန် ရောက်ရှိလာသည်ကို မြင်သောအခါ ပြုံးလျက်၊
“ ကောင်းကင်ဓားခန်းမနဲ့ မင်းရဲ့ဆက်ဆံရေးက ထင်သလောက် ကောင်းပုံ မရဘူး။ ”
-ဟု သုံးသပ်လ,သည်။
“ အဲဒါကို မင်း စိတ်ပူမနေပါနဲ့။ ”
လင်းယွန်က ပြန်ပြောသည်။
“ တကယ်တော့ ... မိုးတိမ် နယ်မြေမှာ ကောင်းကင်ဓား ခန်းမက ... ဘာမှမဟုတ်ပါဘူး အဲဒီမိန်းမ လင်းကျန်းရှန့် ကြောင့်သာ နာမည် ကြီးတာ၊ ဒီမိန်းမအကြောင်း ပြောရရင် ...
... လင်းကျန်းရှန့်က တကယ်ကို ရက်စက်တယ် ... ပိုင်ယု တစ်ယောက် ဒေါသနဲ့ ပြန်လာပြီး ဘာမှမလုပ်ရဲတော့ဘူးလို့ ကြားတယ်။ ”
“ ဟေ့ ... နင်စကားပြောတာကို ကြည့်ပြောပါ၊ အစ်မလင်း အကြောင်း ဒီလိုမျိုး ပြောခွင့် မပေးဘူး။ ”
ရုတ်တရက် ကျိကျစ်ရှီက ပြန်အော်သည်။
“ အိုက်ရား ... ငါက သူ့ကို ... ချီးကျူးနေတာပါ ... ဟုတ်တယ် မဟုတ်လား ညီအစ်ကိုလင်း။ ”
ရှန်းထျန်းနန်က ဒေါသထွက်နေသော ကျိကျစ်ရှီကို ကြည့်ကာ ပြုံးပြီး ရှင်းပြလာသည်။
“ အခြေအနေ ဘယ်လိုလဲ။ ”
လင်းယွန်က မေးသည်။ ရှန်းထျန်းနန်က အုပ်စိုးရှင် ကျောက်တိုင်ထံ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်ကာ၊
“ ဒီကျောက်တိုင်ဟာ တကယ့်ကို ဆန်းကြယ်ပါတယ် ... ငါထင်တာကို ပြပေးပြီး ငါ့ရဲ့ ဝါးမြိုခြင်းတာအိုအပေါ် ခဏလေးနဲ့ တိုးတက်စေတယ် ...
... ဒါပေမယ့် မြူတွေ အရမ်းထူပြီး ရှင်းရှင်းလင်းလင်း မမြင်ရလို့ သာမန်တာအို သစ်သီးပဲ ရမှာ ကြောက်မိတယ်။ ”
“ တာအို သစ်သီးကို ဘယ်လိုရနိုင်လဲ။ ”
“ မင်းနားလည်မှု အပေါ် အခြေခံပြီး လေးနာရီကို တစ်ကြိမ် သူက ဆုချပေးလိမ့်မယ်၊ အရောင်က အဖြူရောင်၊ နက်ပြာရောင်၊ ငွေနှင့် ရွှေ ဆိုပြီး လေးရောင်ရှိတယ်၊ ...
... အဖြူရောင် သာမာန်ပဲ ... နက်ပြာရောင်က အဖိုးတန်တယ် ... ငွေက အုပ်စိုးရှင် တာအို ဖြစ်ပြီး ... ရွှေက ထာဝရတာအို။ ”
“ ဒါဆို ဒါက နတ်ဆိုးကံကြမ္မာတွေနဲ့ တူတာပေါ့။ ”
“ အဆင့်ခွဲပုံ တူပေမယ့် ... သူတို့က နတ်ဆိုးကံကြမ္မာ တွေထက် ပိုတန်ဖိုးရှိပါတယ် ရွှေကံကြမ္မာကို ရှာတွေ့နိုင်ပေမယ့် ရွှေတာအို သစ်သီးကို မတွေ့နိုင်ဘူး။ ”
“ မင်းရော ... ဘယ်အဆင့် သစ်သီးကို ရနိုင်မယ် ထင်လဲ။ ”
“ နက်ပြာရောင် ... အလွန်ဆုံး ရလည်း ငွေရောင်ပေါ့ ... ဒီမှာက မြူတွေ အရမ်းထူတယ် ငါသေချာ မမြင်နိုင်ဘူး။ ”
ရှန်းထျန်းနန်က ယုံကြည်မှု မရှိဘဲ ပြန်လည် ဖြေကြားလာ၏။ လင်းယွန်က စကား မပြောဘဲ နိဗ္ဗာန်တာအို ရောင်ဝါကို အနည်းငယ် ပစ်ပေး လိုက်သည်။
သူ့တွင် နိဗ္ဗာန်ကြိုး ဆယ်ချောင်းမျှသာ ရှိသဖြင့် အများကြီး မပေးနိုင်ချေ။ အယောင် မျှသာ ချန်ထားပေးနိုင်သည်။
“ မင်းဒီမှာ ထိုင်ပြီး ကြည့်လို့ရတယ်။ ”
“ ဘာပြောတာလဲ။ ”
လင်းယွန် စကားကို ရှန်းထျန်းနန်မှ နားမလည်ချေ။ နိဗ္ဗာန်ကြိုးကို မမြင်နိုင်သဖြင့် သဘာဝ ပေပင်။
“ ဒီနေရာက မြင်ကွင်းကောင်းတယ် ... ငါပြောတာကို ယုံ။ ”
ထို့နောက် လင်းယွန်က ကျိကျစ်ရှီကို ခေါ်ကာ လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ထွက်ခွာသွားတော့သည်။
“ အစ်ကိုကြီးလင်း၊ မင်း တစ်ခုခု တွေ့ခဲ့တာလား။ ”
လင်းယွန်က ပြန်မဖြေဘဲ နိဗ္ဗာန် ကြိုးတစ်ချောင်းကို ကျိကျစ်ရှီ ခန္ဓာကိုယ်ပေါ်၌ တင်ပေး ထားလိုက်သည်။
“ ကြည့်လိုက် ... ။ ”
ပြီးသည်နှင့် ကျောက်တိုင်ထံမှ နားလည်မှု ရယူရန် စတင်လိုက်တော့၏။ ဓားတာအိုသည် တဖြည်းဖြည်း တိုးလာသည်။
လေးနာရီအကြာတွင် အုပ်စိုးရှင် ကျောက်တိုင်က တောက်ပစွာ ထွန်းလင်းလျက် တာအိုသစ်သီးများ ထုတ်ပေးသည်။
လူတိုင်း မျက်လုံးများ ပွင့်လာကာ လက်ဖဝါးထဲရှိ သစ်သီး အဆင့်ကို ပြန်ကြည့် လိုက်ကြသည်။
လင်းယွန် လက်ထဲတွင် ရွှေသစ်သီး ဖြစ်သည်။ သူ့အနားရှိ ကျိကျစ်ရှီ သည်လည်း ရွှေသစ်သီး တစ်လုံးကို ကိုင်ဆောင်ထား၏။
“ အိုက်ရား ... အရမ်းမိုက်တယ်။ ”
ငွေရောင် သစ်သီးကို ကိုင်လျက် ရှန်းထျန်းနန်က ထအော်သည်။ မယုံကြည် နိုင်စွာဖြင့် သူထိုင်နေသော ကျောက်တုံးကို ပြန်ငုံကြည့်မိ၏။
ဤကျောက်တုံးသည် လင်းယွန် ရပ်နေခဲ့သော နေရာ ဖြစ်သည်။ ထို့နောက် ရွှင်လန်းစွာဖြင့် ကျောက်တုံးကို ပွေ့ဖက် နမ်းရှိုက်လိုက်တော့၏။
“ ဟား ဟား ဟား ... ဒီကျောက်တုံးကို ငါ့အတွက် သူ ထားခဲ့ပေးတာပဲ ... ဒီကောင်က တကယ် ချစ်ဖို့ကောင်းတယ်။ ”
***