ငါတို့က ညီအစ်ကိုတွေပဲ။
Vol. 167 Ch. 2331
ငွေရောင်သစ်သီးသည် မည်မျှ တန်ဖိုးရှိသည်ကို မည်သူမဆို ပြောနိုင်သည်။ ချီလင်တောင် တစ်ခုလုံးတွင် ငွေရောင်သစ်သီး ရနိုင်သူ အများအပြား မရှိချေ။
နဂါးသတ်အဆင့်တွင် ရှိသူများပင် ရွှေရောင်သစ်သီး မရနိုင်ဟု အာမခံဝံ့ချေသည်။ သွေးရိုးတံခါး၏ ပိုင်ယုက သူ့လက်ထဲရှိ ငွေရောင်သစ်သီးထံ ငုံ့ကြည့်၏။
မျက်မှောင်ကျုံ့ထား သမျှ ဖြေလျှော့ လိုက်ပြီနောက် စိတ်ဓာတ်ကျမှုများ အားလုံး ပျောက်ကွယ်သွားသည်။
ဤငွေရောင်သည် အုပ်စိုးရှင် တာအိုနှင့် သိုင်းရည်ရွယ်ချက်ကို တိုးတက်စေရန် အတွက် လုံလောက်သည်။ အနည်းဆုံး ကျင့်ကြံမှု ဆယ်နှစ်နှင့် ညီမျှ၏။
“ ပိုင်ယု ...မင်းတို့ သတင်းတွေ ငါ ကြားပါတယ် မင်းတို့ လင်းကျန်းရှန့်နဲ့ ဆုံတော့ ရှန်းထျန်းနန်က ထိတ်လန့်ပြီး ရှင်းဝူဟန်က ထွက်ပြေးသွားတယ် ... မင်းကတော့ ရိုက်နှက်ခံရလို့ စကားတောင် မပြောရဲဘူး ဟုတ်တယ်မဟုတ်လား။ ”
အောင်းကြွယ် စကားကြောင့် ပိုင်ယု၏ ကောင်းမွန်သော စိတ်ထားများ ပျောက်ကွယ် သွားတော့သည်။ အောင်းကြွယ်က ပြုံးပြီး၊
“ စိတ်လျှော့ပါ ... ဒီလို ကောလဟာလ တွေက ချဲ့ကားတတ်ပါတယ် ဖြစ်ပျက်ခဲ့တာ ပြန်ပြောပြပါဦး။ ”
“ ရှန်းထျန်းနန်နဲ့ ရှင်းဝူဟန်တို့က ဘာဖြစ်သွားတာလဲ ငါမသိဘူး ... ဒါပေမယ့် အဲဒီမိန်းမ လက်မှာ ငါနာကျင်ခဲ့ရတယ် ...
... ဒါက မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထား ခဲ့လို့ပါ။ ”
ပိုင်ယုက ပြန်ဖြေသည်။
“ လင်းကျန်းရှန့်မှာ နတ်အလင်းဓား ရည်ရွယ်ချက် ဆုပ်ကိုင်ထားလို့ မဟုတ်ဘူး လား။
အောင်းကြွယ်က ရယ်မောလိုသော အပြုံးဖြင့် ပြန်မေးသည်။
“ မင်း ငါ့ကို နှိမ့်ချနေတာလား၊ ကနဦး ကျွမ်းကျင်မှုသာရှိတဲ့ နတ်အလင်းဓားက ငါ့ကို အနိုင်ယူ နိုင်မယ် ထင်လား။ ”
“ မင်းက တကယ် ခေါင်းမာတာပဲ။ ”
“ ဘာပြော လိုက်တယ်။ ”
ပိုင်ယုကာ ဒေါသတကြီး ပြန်မေးသည်။
“ ဘာမှ မဟုတ်ပါဘူး ... မင်းက ခေါင်းမာတယ်လို့ပဲ ငါပြောတာ။ ”
“ ဟမ့် ... ။ ”
ပိုင်ယုက နှာခေါင်းရှုံ့ပြီး အောင်းကြွယ်ကို လျစ်လျူရှုလိုက်၏။ ထိုအချိန်တွင် မုရှို့ဟန်က ငွေရောင်သစ်သီးကို ကိုင်ကာ မျက်လုံး ဖွင့်လာသည်။
ပိုင်ယုနှင့် အောင်းကြွယ်တို့ကို မြင်သောအခါ၌ အကြည့်များ ရှုပ်ထွေးလာပြီး ဖိအားအချို့ ခံစားလိုက်ရသည်။
“ မုရှို့ဟန် ... မင်းလည်း ငွေရောင်ပဲ ရတာလား။ ”
အောင်းကြွယ်က မေးသည်။
“ ရွှေသစ်သီးက ထာဝရ တာအိုကို နားလည်စေနိုင်တယ် ဒါက ဖန်ဆင်းခြင်း တံခါး အပေါ် မြင်နိုင်ပြီး ... နတ်ဘုရားတွေရဲ့ အသံလည်း ကြားရနိုင်တယ် ...
... ပုံမှန်အတိုင်းပြောရရင် ရွှေရောင် သစ်သီးကို ထုတ်ပေးဖို့ မဖြစ်နိုင်ဘူး ... ငါက ဘာများ အံ့သြစရာ ရှိလို့လဲ။ ”
မုရှို့ဟန်က ပြန်ဖြေသည်။ သူတို့သုံးယောက်ပင် ရွှေသစ်သီးကို မရနိုင်ပါက အခြား မည်သူမျှ ရရှိနိုင်မည် မဟုတ်ဟု ယုံကြည် လိုက်ကြသည်။
ဤသည်မှာ ကောင်းကင် လွင်ပြင်၏ အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး သူတော်စင် အသီးအနှံများနှင့် နတ်ဆိုး ကံကြမ္မာများထက် များစွာပို၍ အစွမ်းထက်သည်။
ကောင်းကင်ဓားခန်းမ အဖွဲ့တွင် လင်းကျန်းရှန့်က ငွေရောင်သစ်သီးကို ကြည့်နေ လေသည်။
၎င်းကို မကျေနပ်နိုင်ချေ။ ပြန်လှည့် ကြည့်လိုက်ရာ လင်းယွန်နှင့် ကျိကျစ်ရှီကို မတွေ့သဖြင့်၊
“ လင်းယွန် ဘယ်သွားလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ဝူယုဟွာက ချန်ကျွင့်၊ ရှလောနှင့် လင်းယွန်တို့၏ ပဋိပက္ခကို တိုးတိုးလေး ရှင်းပြ လိုက်သည်။ ထိုစကားကြား ပြီးနောက် လင်းကျန်းရှန်က ခေါင်းခါလျက်၊
“ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ ”
-ဟု မှတ်ချက်ပေး၏။
ဝူယုဟွာက စူးစမ်းချင်စိတ် ပြင်းပြလာပြီး၊
“ ခေါင်းဆောင် ... မင်းက လင်းယွန်ကို ဘာလို့ ခြားနားစွာ ကြည့်နေရတာလဲ။ ”
-ဟု မေးမိ၏။
ဤအရပ်၌ သူတို့နှစ်ဦးသာ ရှိသဖြင့် လင်းကျန်းရှန်က ဖုံးကွယ်ထားခြင်း မရှိချေ။
“ ခွန်လွန်ဆိုတာ နဂါးပြာ ဘိုးဘေးရဲ့ နေအိမ်ပဲ ... သူတို့ရဲ့ အကောင်းဆုံး အချိန်တွေ တုန်းက ... ကောင်းကင်ဘုံ လွင်ပြင်ထက် အများကြီး၊ ...
... သာလွန်ကြတယ်၊ ကောင်းကင်လမ်း ဖျက်ဆီးလိုက်လို့သာ သူတော်စင် တာအိုတွေက ကျင့်ကြံမှုကို နှေးကွေးသွားစေတာ ... သူတို့မှာ ဉာဏ်ကြီးရှင်တွေ မရှိဘူးလို့ မဆိုလိုဘူး ... လင်းယွန်က ထူးခြားတယ်။ ”
“ မှားပြီး ခန့်မှန်းမိတာလည်း ဖြစ်နိုင်ပါတယ်။ ”
“ ငါအမှား လုပ်မိတော့ရော ဘာဖြစ်လဲ ... ငါ့မှာ ဆုံးရှုံးမှု ရှိလို့လား ... မိုးတိမ်နယ်မြေက ဖြောင့်မတ်တဲ့ ကျင့်ကြံသူတွေ အပေါ် ... ဂရုစိုက်သလို ...
... ခွန်လွန်က သူတို့ကိုလည်း ငါဂရုစိုက်ရမယ် လင်းယွန်က ဘယ်လို သစ်သီး ရလဲ ငါသိချင်တယ် ... သူ ပြန်လာတဲ့ အခါ မေးကြည့်ရအောင်။ ”
စကားဆုံးသည်နှင့် လင်းကျန်းရှန့်က အုပ်စိုးရှင် ကျောက်တိုင်ကို တစ်ဖန် ပြန်ကြည့် လိုက်ကာ ပုံရိပ်ယောင် နယ်မြေထဲ ပြန်ဝင် သွားသည်။
“ ဘယ်လို ခံစားရလဲ ... ။ ”
လင်းယွန်က မေးသည်။ ကျိကျစ်ရှီသည် ရွှေရောင် သစ်သီးကို သန့်စင်နေသဖြင့် အကျိုး သက်ရောက်မှုအပေါ် သိချင်လာမိသည်။
“ တံခါးတစ်ခုနဲ့ တီးတိုးစကားသံ တစ်ချို့ကို ကြားနေရတယ်။ ”
ကျိကျစ်ရှီက စိတ်လှုပ်ရှားစွာ ပြန်ဖြေ၏။
“ အဲဒီဘာသာ စကားမျိုး ငါတစ်ခါမှ မကြားဖူးဘူး ... ဒါက နတ်ဘုရား တစ်ပါးရဲ့ အသံ ဖြစ်မယ် ... သူက လမ်းပြနေတာလို့ ခံစားခဲ့ရတယ် ...
... အရေးကြီးတာက တံခါးနောက်မှာ အဆုံးမရှိတဲ့ ရွှေကံကြမ္မာတွေ ရနေသေးတာပဲ တိတိကျကျ ပြောရရင် အရာရာတိုင်းရဲ့ မူလ ရောင်ဝါပဲ ...
... ရွှေကံကြမ္မာဆိုတာ ဒါကို အမည် ပေးထားတာ ဖြစ်မယ် မဟာ နေမင်း တာအိုက ၅၀% လောက် တိုးတက်လာပြီ။ ”
လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။ (၅၀%) တိုးခြင်းသည် ဓားတာအို၌ သူတော်စင်တာအိုကြိုး (၅၀၀၀) တိုးလာမည် အဓိပ္ပါယ်ရချေပြီ။
နတ်ဘုရား၏ အသံ မပါဝင်လျှင်ပင် ရွှေရောင်သစ်သီးသည် ရတနာ တစ်ပါးဖြစ်၏။ အနည်းငယ် တုံ့ဆိုင်းသွား ပြီးနောက် ကျိကျစ်ရှီက၊
“ ဒါပေမယ့် ဒီမှာ သန့်စင်တာက ဖြုန်းတီးနေသလိုပဲ ... နေရာတစ်ခု ရှာပြီး သန့်စင်ရင် ပိုပြီး အကျိုး သက်ရောက်မှု ရှိလာနိုင်တယ်။ ”
“ ကောင်းပြီ ... အလျင် လိုနေစရာ မလိုပါဘူး ... ငါတို့မှာ အချိန် ရှိပါသေးတယ်။ ”
လင်းယွန်က ပြုံးလိုက်သည်။ အုပ်စိုးရှင် ကျောက်တိုင်သည် လေးနာရီတစ်ကြိမ် တာအို သစ်သီးတစ်လုံးကို ထုတ်ပေးမည်ဖြစ်ပြီး အခွင့်အလမ်း ရှစ်ကြိမ် ရှိကြောင်း ရှန်းထျန်းနန်မှ ပြောပြထား၏။
အနီရောင် ပင့်ကူ လီလီက မထိန်းနိုင်တော့ဘဲ ပခုံးပေါ်တက်လာကာ လင်းယွန်ထံ မော့ကြည့်သည်။
“ မင်းရော စမ်းကြည့်ချင် လို့လား။ ”
လင်းယွန်က ပြုံးပြီး မေးလိုက်သည်။ အနီရောင် ပင့်ကူလီလီက တဖျပ်ဖျပ်နှင့် ခေါင်းညိတ်ပြ၏။
“ ဒီပန်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
ကျိကျစ်ရှီက ပြုံးကာ မှတ်ချက်ပေး၏။ လင်းယွန်က နိဗ္ဗာန် ကြိုးမျှင်ကို ၎င်းထံ ပေးအပ် လိုက်လေသည်။
“ ငါတို့ နေရာ ပြောင်းကြရအောင်။ ”
မိနစ် အနည်းငယ်ကြာ ပြီးနောက် လင်းယွန်တစ်ယောက် ကျောက်တိုင်အနှံ့ ပျံသန်း ကြည့်ရှုတော့၏။
ကျောက်တိုင်မှာ ထူးခြားချေပြီ။ သူ ဝင်ရောက်လိုက်သည့် အခိုက်တွင် စိတ်ကူးယဉ် ကမ္ဘာ ပြိုကွဲသွားပြီး ပြန်လည် တွန်းထုတ်၏။
“ ဝှစ် ... ။ ”
အခြားသူများ လေးနက်စွာ ငြိမ်သက်နေစဉ် သူ့အသွင်မှာ ဥယျာဉ်ထဲ လမ်းလျှောက်နေသည့် အလား ပေါ့ပေါ့ပါးပါး ပျံသန်းနေ၏။
“ ငါသွားနေတုန်း မင်းဒီမှာပဲနေ။ ”
အဆုံးတွင် အနီရောင် ပင့်ကူလီလီနှင့် ကျိကျစ်ရှီကို မှာကြားကာ လှည့်ပတ် သွားလာ တော့သည်။
ရွှေရောင် သစ်သီးသည် သူ့အတွက် လွယ်လွန်းနေ၏။ ထို့ကြောင့် စိတ်မဝင်စားမှု မရှိတော့ဘဲ ပုံရိပ်ယောင် နယ်မြေအတွင်း ဝင်ရန် ကြိုးစားနေမိသည်။
လမ်းလျှောက်လျက် ရှုထောင့် အမျိုးမျိုးမှနေ၍ အုပ်စိုးရှင် ကျောက်တိုင်ကို ပြန်ကြည့်ကာ ပုံရိပ်ယောင် နယ်မြေဖြင့် ဆက်သွယ်ကြည့်၏။
“ နိဗ္ဗာန် ... ။ ”
နေရာသစ် တစ်ခု ရောက်တိုင်း နိဗ္ဗာန်တာအိုကို အသက်သွင်းကာ ကြည့်သည်။ သို့သော် ဝင်ခွင့်မရချေ။
“ မင်း ... ငါ့ကို ဝင်ခွင့် မပေးဘူးလား။ ”
လင်းယွန်က ရယ်မောလိုသော အမူအရာမျိုးဖြင့် ကျောက်တိုင်ထံ စိုက်ကြည့်ပြီး ပြောကြားလိုက်သည်။
“ အဲဒီမှာ လျှောက်သွားနေတာ ... ဘယ်သူလဲ ... သူက ငါတို့နဲ့ မတူတာကို ရှာတွေ့ နိုင်မယ်များ ထင်နေလား။ ”
“ ဟား ... ဟား ... ဟား ... ဒီလူက ဘာမှ မမြင်နိုင်လို့ ... ရူးသွပ်ပြီး လျှောက်သွားနေတာ နေမယ်။ ”
ကျောက်တိုင်ကြီးကို ကောင်းကင်မှ လှည့်ပတ်ကြည့်ရှုနေသော လင်းယွန်လုပ်ရပ်မှာ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
“ ဟား ဟား ဟား ... ဒီကောင် ငါတို့အနားက ထွက်သွားတာ ကောင်းတယ် ... မဟုတ်ရင် ငါတို့ကို အရှက်ရစေလိမ့်မယ်။ ”
ချန်ကျွင့်က ပြောသည်။
“ ဟုတ်တယ် ... ဘယ်လောက် ရှက်ဖို့ကောင်းလဲ ... ဒါတောင် ခေါင်းဆောင်က သူ့ကို ရတနာအဖြစ် သဘောထား နေသေးတယ်။ ”
“ သူ့ကို ဂရုစိုက် မနေနဲ့ ... ရှလော နောက်ထပ် နက်ပြာ သစ်သီးရဖို့ ကြိုးစားပါ ... မင်းကို ငါကူညီပေးမယ်။ ”
“ ကျေးဇူးတင်ပါတယ် အစ်ကိုချန် ... အစ်ကိုချန်ကသာ အကောင်းဆုံးပါ။ ”
လေးနာရီ ကုန်လွန်သွား ပြီးနောက် ကျောက်တိုင်ကြီး တောက်ပလာကာ လူတိုင်း၏ လက်ထဲသို့ အသီးအနှံများ ပေးအပ်လာ၏။
လင်းယွန်က သူ့လက်ထဲရှိ ရွှေရောင် သစ်သီးကို ကြည့်မိ၏။ သူသည် ပုံရိပ်ယောင် နယ်မြေထဲ မဝင်ဘဲ ဤရွှေရောင်သစ်သီးကို ရရှိလာခြင်း ဖြစ်သည်။
“ ဒါ ဘာအဓိပ္ပါယ်လဲ ... မင်းငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား။ ”
ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် ပြုံးပြီး ခေါင်းရမ်းလျက် ရွှေသစ်သီးကို သိမ်းဆည်း လိုက်သော အခါတွင်၊
“ မင်းလက်ထဲက ဘာလဲ ... တစ်ချက်လောက် ကြည့်ပါရစေ။ ”
-ဟူသော စကားသံ ကြားလိုက်ရသည်။
လင်းယွန် လှည့်ကြည့်လိုက်ချိန်၌ မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံနှင့်တိုက်ပွဲတွင် ဆုံတွေ့ခဲ့ဖူးသော အဖြူဝတ်လူငယ် ဖြစ်နေ၏။ ၎င်းနာမည်မှာ ရှင်းဝူဟန် ဖြစ်သည်။
“ မင်းနဲ့ ဘာဆိုင်လဲ။ ”
“ ဟမ့် ... မောက်မာလိုက်တာ မင်းက ကောင်းကင်ဓား ခန်းမရဲ့ တပည့် မဟုတ်လား လင်းကျန်းရှန့်တောင် မင်းကို ဒီမှာ မကာကွယ်နိုင်ပါဘူး။ ”
အစောပိုင်းအချိန်၌ တစ်ဖက်လူ၏ လက်ထဲတွင် ရွှေရောင်များ တလက်လက် တောက်ပ နေသည်ကို သူ တွေ့လိုက်သည်။
သို့သော် မသေချာသောကြောင့် ၎င်းကို စိစစ်ရန် ရောက်လာခြင်း ဖြစ်၏။ လင်းယွန်က သူ့ကို လျစ်လျူရှုသည်။
နတ်အလင်းဓား၏ ကနဦး ကျွမ်းကျင်မှုကိုပင် ကြောက်ရွံ့သူ တစ်ဦးသည် သူ့မျက်လုံးထဲ မဝင်နိုင်ချေ။
“ ဟမ့် ... ။ ”
ထိုအပြုအမူကြောင့် ရှင်းဝူဟန်က လေးနက်သွားပြီး လင်းယွန်ရှေ့ ပေါ်လာကာ လက်ဖဝါးကို ဆန့်ထုတ် လိုက်သည်။
“ မင်းလိုလူနဲ့ ... ငါက အချိန်ဖြုန်းမယ်များ ထင်နေလား။ ”
“ ဟူး ... ။ ”
လင်းယွန်က ကြယ်ဓား နှစ်လက်ကို လှည့်ပတ်ပြီး လက်ဖဝါးတစ်ချက် ပြန်လည် တွန်းထုတ်လိုက်ရာ အဝတ် အစားများ လွင့်ပျံကုန်၏။
“ ဘုန်း ... ။ ”
ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားပြီးနောက် ရှင်းဝူဟန် တစ်ယောက် ခြေလှမ်း သုံးလှမ်း ပြန်ဆုတ်လိုက်ရသည်။
သူ့ခွန်အား (၃၀%)ကို အသုံးပြုထား သော်လည်း တစ်ဖက်လူ အပေါ် အနိုင်မယူ နိုင်ခဲ့ချေ။
“ မင်းကို အထင်သေးမိပုံပဲ။ ”
“ ဝူး ... ။ ”
“ ထွက်သွားစမ်း ... ။ ”
မျက်နှာ မည်းမှောင်လာပြီး ထပ်မံ တိုက်ခိုက်ရန် ပြေးဝင်လိုက်သည်။ သို့သော် ပုံရိပ် တစ်ရိပ် ထွက်ပေါ်လာကာ သူ့ကို ပြန်လည် တွန်းထုတ်ခဲ့၏။
“ ရှင်းဝူဟန် ... မင်းက ငါ့ညီအစ်ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာ သေချင်လို့လား။ ”
“ ရှန်းထျန်းနန် ... ။ ”
“ ဟုတ်တယ် ငါပဲ ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ... ဒီနေရာကနေ အခု ထွက်သွားစမ်း။ ”
ရှန်းထျန်းနန်က အိုးကြီးကို မြှောက်လျက် ကြိမ်းမောင်း လိုက်လေသည်။ ပုံမှန် အခြေအနေ များ၌ ရှင်းဝူဟန်ကို ဤသို့ မပြောရဲချေ။
သူ့အနေဖြင့် လင်းယွန်ကို ဖျော်ဖြေခွင့် မရှိတော့မည်ကို စိုးရိမ်ကာ ဟိန်းဟောက် မိခြင်း ဖြစ်သည်။ ထို့ပြင် လင်းယွန်မှ ရပ်ကြည့်နေမည် မဟုတ်ဟု ယုံကြည်၏။
“ ဝှစ် ... ။ ”
ထိုစဉ် ဓားရောင်ဝါ တစ်ခု လွင့်ပျံလျက် လင်းယွန် ရှေ့သို့ ကျရောက်လာ၏။
“ ရှင်းဝူဟန် ... နင် သူ့ကို ထိလို့ရတယ်လို့ ဘယ်သူပြောလဲ။ ”
ရှင်းဝူဟန်က ရှန်းထျန်းနန်ကို ဒေါသဖြင့် ကြည့်သည်။ သူ့အဆင့်သည် ဤတိရစ္ဆာန်ထက် မြင့်မား၏။ ၎င်းမှ ယခုကဲ့သို့ ပြောဝံ့သည်ကို မယုံနိုင်သေးချေ။
ထို့ကြောင့် ဒေါသဖြင့် အသေရိုက်သတ် တော့မည့် အချိန်တွင် လင်းကျန်းရှန့် ရောက်ရှိ လာခြင်း ဖြစ်သည်။
“ ရှင်းဝူဟန် ... မင်း နားလည်မှု လွဲနေတာလို့ ငါယုံတယ်။ ”
လင်းယွန်က ဝင်ပြောလိုက်သည်။
“ ကောင်းပြီ ... ဒါက နားလည်မှု လွဲနေတာပါ၊ ငါ့ရဲ့ စောစောက လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ ”
“ ကိစ္စ မရှိပါဘူး ... ။ ”
လင်းယွန်က ပြုံးလိုက်ပြီး ရှင်းဝူဟန်ကို ထွက်ခွာသွားရန် လက်ရမ်းပြ လိုက်လေသည်။ ဤအရာက ရှင်းဝူဟန်ကို ဒေါသ ဖြစ်စေ သော်လည်း ထွက်သွားလိုက်ရ၏။
“ ညီအစ်ကိုလင်း ... မင်းကို ဒီကောင် နောက်တစ်ခါ လာနှောက်ယှက်ရင် ပြောပါ၊ ငါ ရိုက်နှက်ပေးမယ်။ ”
ရှန်းထျန်းနန်က ရင်ဘတ်ကို ပုတ်ပြ၏။ ထိုစကားကို ကြားသွားခဲ့သော ရှင်းဝူဟန်သည် ဒေါသကြောင့် မူးမေ့လုနီးပါး ဖြစ်သွားသည်။
***