← Chapters

မိုးပြာ နတ်နန်းတော်။

Vol. 167 Ch. 2332

မိုးပြာ နတ်နန်းတော်။

Vol. 167 Ch. 2332

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေသည်။ ပိုင်ယုက လှောင်ပြောင်လိုသည့် အသွင်ဖြင့်၊

“ နဂါးသတ် အဆင့် သတ်မှတ်ချက်ကို သူ့လိုလူအတွက် အဆင့် ပြန်သတ်မှတ်ရတော့မဲ့ ပုံပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ရှင်းဝူဟန်ထက် လင်းယွန်ကို အောင်းကြွယ်က ပို၍ စိတ်ဝင်စားလာသည်။

“ အဲဒီလူက ဘယ်သူလဲ ... သူက ထူးထူးဆန်းဆန်း လျှောက်သွားနေပေမယ့် လင်းကျန်းရှန့်နဲ့ ရှန်းထျန်းနန်က သူ့ကို ကာကွယ်ချင်နေတယ်။ ”

“ သူဟာ ကောင်းကင်ဓား ခန်းမရဲ့ ဧည့်သည်ဖြစ်နိုင်တယ် ... ဒါပေမယ့် တကယ်ပဲ သန်မာတဲ့ လူသာဆိုရင် ရှန်းထျန်းနန်နဲ့ လင်းကျန်းရှန့် အပေါ် အားကိုးနေစရာ မလိုပါဘူး။ ”

ထိုအချိန်တွင် လင်းကျန်းရှန့်က လင်းယွန်ကို ကြည့်သည်။ ရှင်းဝူဟန် လက်ဖဝါး အပေါ် ခံနိုင်ရည်ရှိရန် မလွယ်ချေ။

“ မင်း ... အဆင်ပြေရဲ့လား။ ”

“ အဆင်ပြေပါတယ်။ ”

သူမ မေးခွန်းကို လင်းယွန်က ပခုံးတွန့်ကာ ပြုံးပြသည်။ ရှန်းထျန်းနန်က ရှေ့လှမ်းထွက်ပြီး သူ့လက်ထဲမှ ကျောက်တုံးကို ညွှန်ပြကာ၊

“ ငါ့ကို ကောင်းချီးပေးပါဦး။ ”

-ဟု တောင်းဆိုလိုက်သည်။

“ ကောင်းချီးပေးရမှာလား။ ”

လင်းယွန်က ပြုံးလျက် နိဗ္ဗာန်တာအိုကို ပစ်လွှတ်ပေး လိုက်၏။ ရှန်းထျန်းနန်က ပြုံးပြီး

“ ဟီးဟီး ... အစ်ကိုလင်း မင်းကို နောက်တစ်ခါ နှောက်ယှက်လာရင် ဒီကောင်ကို ငါကူပြီး အသေရိုက်ပေးမယ် ... သူ့လို လူတွေနဲ့ တရားမျှမှု အကြောင်း ပြောနေစရာ မလိုဘူး။ ”

-ဟု ကတိ ထပ်ပေးလာ၏။

“ မင်းက ရှင်ဝူဟန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ”

လင်းယွန်စကားကြောင့် ရှန်းထျန်းနန်က ရှက်ရွံ့စွာ ပြုံးပြီး၊

“ ငါ သိတယ်။ ”

-ဟု ပြန်ပြောလာသည်။

လင်းယွန်က ဆက်မပြောတော့ဘဲ ကျောက်တိုင်ထံ ပြန်လှည့်ကြည့်ကာ အပြုံးများ ပျောက်ကွယ်သွားသည်။

ရှင်းဝူဟန်ထံမှ ရန်လိုသည့် အကြည့်ကို ခံစားရသော်လည်း လျစ်လျူရှုလျက် လှည့်ပတ် တော့သည်။

“ သူ ဘာလုပ်နေတာလဲ။ ”

လင်းကျန်းရှန့်က ကျိကျစ်ရှီကို ကြည့်ပြီး မေးသည်။

“ အစ်ကိုကြီးလင်းက အုပ်စိုးရှင် ကျောက်တိုင်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားနေတာ။ ”

ကျိကျစ်ရှီက တည်ငြိမ်စွာ ပြန်ဖြေ၏။ သို့သော် လင်းကျန်းရှန့်က မယုံချေ။ လင်းယွန် ခွန်အားကို သံသယ ဝင်မိခြင်းမျိုး မဟုတ်ဘဲ ကျောက်တိုင်၏ လျှို့ဝှက်ချက်ကို မည်သူမျှ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း သိထား သောကြောင့် ဖြစ်သည်။

“ ဟား ဟား ဟား ... ။ ”

ကျိကျစ်ရှီသည် သူမ အသံကို မလျှော့ဘဲ ပြောကြားလာခြင်း ဖြစ်သဖြင့် လူတိုင်းကြားကာ ရယ်မောလာကြသည်။

“ ဟား ဟား ဟား ... ဒီလူက အုပ်စိုးရှင် ကျောက်တိုင်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတာတဲ့ ... ဟာသပဲ။ ”

“ အုပ်စိုးရှင် ကျောက်တိုင် သမိုင်း တစ်လျှောက်မှာ သူ့ လျှို့ဝှက်ချက်ကို ဘယ်သူမှ မဖော်ထုတ်နိုင်သေးပါဘူး ... သူ့ကိုယ်သူ ဘယ်သူများ ထင်နေလဲ။ ”

“ ဘယ်လောက် မိုက်လိုက်လဲ ... အစတုန်းကတော့ သူ့ကို ဟန်ရေးပြနေတယ် ထင်တာ ... တကယ် လူပြက်တစ်ယောက်ပဲ။ ”

“ ရွှေသစ်သီးရအောင် ကြိုးစားတာမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်တာထက် ပိုနီးစပ် ဦးမယ်။ ”

ဆွေးနွေးသံများကို ကြားနေရ သော်လည်း လင်းယွန်မှ ဂရုမစိုက်ချေ။ အဆုံး၌ ထူးခြားချက် တစ်ခုကို သတိထားမိလာပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့် အမျှ ကျောက်တိုင်သည် ရှစ်ကြိမ် တိုင်တိုင် ထွန်းပပြီး လင်းယွန်ကို ရွှေရောင်သစ်သီး ရှစ်လုံး ပေးအပ်လာခဲ့၏။

ကျန်လူများမှာ ငွေရောင်သစ်သီးကိုသာ ရရှိကြ၏။ နောက်ဆုံး တစ်ကြိမ် ထွန်းတောက် ရန်သာ ကျန်ရှိတော့သည်။

လင်းယွန်က နေရာ ရှစ်ဆယ်အထိ ပြောင်းလဲ ကြည့်ရှုပြီးနောက် ကွဲပြားသော အရာ တစ်ခုကို မြင်လိုက်ရသည်။

နိဗ္ဗာန်တာအိုကို အသက်သွင်း ပြန်ကြည့်လိုက်ရာ မရေမတွက်နိုင်သော ရွှေပူဖောင်းများ မြင်လာရ၏။

ပူပေါင်း တစ်ခုစီသည် တာအိုကို နားလည်နိုင်သော ရူရ်တစ်လုံး ဖြစ်လေသည်။ ပူဖောင်းများအတွင်း လူများစွာ ရှိနေ၏။

လူတိုင်းက နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ အချို့မှာ သက်ဆိုင်ရာ ပူဖောင်းကို ဖြတ်ကျော် ပြီးနောက် ဒုတိယ ပူဖောင်းတစ်လုံးထဲ ထပ်မံ ရောက်ရှိသွားသည်။

လင်းယွန် တစ်ယောက်တည်း သည်သာ ပူဖောင်းအတွင်းမှ လွတ်ကင်း နေခဲ့သည်။ သူက ပူဖောင်းများ ထွက်လာရာ အရင်းအမြစ်ထံ လှမ်းကြည့်မိ၏။

ဤသည်မှာ နတ်နဂါး တစ်ကောင် အိပ်ပျော်နေခြင်း ဖြစ်သည်။ ၎င်းက နှာသီးဖျားမှ ထွက်သက်ကို မှုတ်ထုတ် လိုက်တိုင်း ပူဖောင်းများ အဆုံးမဲ့ ထွက်နေ၏။

“ ဒင် ... ။ ”

သူ အိပ်စက်ရာ အရပ်သည် မြူခိုးများ ဖုံးလွှမ်းနေသော ကျွန်းကြီးတစ်ကျွန်း ဖြစ်သည်။ ကျွန်းပေါ်မှ တေးဂီတသံများ ထွက်နေရ၏။

“ နောက်ဆုံးတော့ တွေ့ပြီ။ ”

လင်းယွန်၏ အသိစိတ်သည် ရွှေပူဖောင်းများကို နင်းဖြတ်လျက် ကျွန်းပေါ် ဆင်းသက်လိုက်သည်။

အနင်းခံရသော ပူဖောင်းများထဲရှိ ကျင့်ကြံသူများမှာ ကြောက်လန့်တကြားဖြင့် သွေးများ အန်ကုန်၏။

ကျွန်းရှိ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် အဖြူဝတ် လူတစ်ယောက်က ဗျပ်စောင်းကို တီးခတ်နေသည်။ ၎င်းဘေး၌ နတ်နဂါးကြီးက အိပ်ပျော်နေ၏။

အဖြူဝတ် လူက သူ့ကို မြင်သောအခါ အံ့သြခြင်း မရှိဘဲ၊

“ မင်းဘာလို့ အတင်းအကြပ် လုပ်နေရတာလဲ။ ”

-ဟု မေးခွန်းထုတ်လိုက်သည်။

“ မင်းက ငါ့ကို ပေးမဝင်ချင်ဘူးလား။ ”

လင်းယွန်က ပြုံးကာ ပြန်မေး၏။

“ မင်းမှာ နိဗ္ဗာန်တာအိုကို ... ဆုပ်ကိုင် ထားနိုင်ပြီပဲ ... ငါ့အမွေ မလိုပါဘူး နောက်ပြီး ငါ မင်းကို လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ပေးခဲ့တယ် မဟုတ်လား။ ”

ဤသည်မှာ ရွှေရောင်သစ်သီးများ ပေးခြင်းကို ဆိုလို၏။ လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက်၊

“ မင်းအမွေကို ဆက်ခံဖို့ ... ငါ့မှာ သင့်တော်တဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ ”

-ဟု ဆိုကာ လက်ဝှေ့ယမ်းပြီး ကျိကျစ်ရှီ ပါရှိသော ရွှေပူဖောင်းကို ခေါ်ယူလိုက်မိသည်။

“ သင့်တော်ပါတယ် ... ဒါပေမယ့် သူမက ဖီးနစ်တစ်ကောင် ဖြစ်တာကြောင့် သနားစရာ ပါပဲ။ ”

အဖြူဝတ် လူက တစ်ချက်သာ ကြည့်လိုက်ပြီး ငြင်းဆန်သည်။ လင်းယွန်က လက်မလျော့သေးဘဲ လင်းကျန်းရှန့်ထံ လက်ညှိုးညွှန်ပြ ပြန်၏။

“ ဒီကောင်မလေးရဲ့ အရည်အချင်းက လုံလောက်တယ် ... ဒါပေမယ့် သူ့ကို သင့်တော် တယ်လို့ ယူဆနိုင်ရင် ... မင်းက သူ့ထက် ပိုသင့်တော်သင့်တယ် မဟုတ်လား။ ”

ထိုစကားကြောင့် ဤလူသည် ဓားသမား မဟုတ်ကြောင်း လင်းယွန် သိလိုက်သည်။ သူက ရှန်းထျန်းနန်ထံ လက်ညှိုး ထိုးပြလိုက်၏။

“ ဒီလူရော ဘယ်လိုလဲ။ ”

ရွှေရောင် ပူဖောင်းတစ်လုံးထဲတွင် ရှန်းထျန်းနန်က သင်္ချိုင်းတစ်ခုအတွင်း ဂူဖောက် နေခဲ့သည်။

“ ကြည့်စမ်း ... ငါဒီမှာ သင်္ချိုင်းတွေ တူးလို့ရတာပဲ ... ဒါ နတ်ဘုရားသင်္ချိုင်း ဖြစ်မယ်၊ ဟား ဟား ဟား ... အရမ်း မိုက်တယ် မင်းက ဘယ်နတ်ဘုရား ဖြစ်ဖြစ် ငါ့လက်နဲ့ တူးမယ်။ ”

ရှန်ထျန်းနန်၏ အတွေးကို သူတို့နှစ်ယောက်လုံး ကြားလိုက်ရလေသည်။

“ ငါ့အမွေဆက်ခံသူက အရည်အချင်း မကောင်းရင်တောင် ... ပုံမှန်စိတ်မျိုး ရှိရမယ်။ ”

အဖြူဝတ် လူက ဒေါသတကြီး ပြန်ပြော၏။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်က ဟန်မဆောင်နိုင်တော့ဘဲ ရယ်လိုက်မိသည်။

“ ဟား ဟား ဟား ... ကောင်းပြီ စိတ်အေးအေးထားပါ ... ဘာကြောင့် ညှိနှိုင်းဖို့ မစဉ်းစား ရတာလဲ ... ထာဝရ တာအို သစ်သီး နှစ်လုံးပေးလိုက် ဒါဆို ငါဒီကို မလာခဲ့ဘူးလို့ ဟန်ဆောင်ပေးမယ်။ ”

“ ထွက် သွား စမ်း ... ။ ”

အဖြူဝတ်လူက ချက်ချင်း မောင်းထုတ်၏။ ဤဓားသမားသည် ရွှေရောင် သစ်သီး များစွာကို ရရှိထားပြီးသည့်တိုင် လောဘကြီးချေပြီ။

လင်းယွန်က ဒေါသမထွက်ဘဲ သူ့အကြည့်များ နတ်နဂါးပေါ် ပြောင်းသွား ခဲ့သည်။ ၎င်းအနား လျှောက်လှမ်းလျက်၊

“ ဒီနတ်နဂါးနိုးရင် ဘာဖြစ်နိုင်လဲ။ ”

-ဟု စူးစမ်းလိုက်၏။

“ ရပ် စမ်း ... ။ ”

အဖြူဝတ် လူက စိတ်ရှုပ်လာပုံရသည်။

“ ဘာမှားလို့လဲ။ ”

လင်းယွန်က မရပ်ချေ။ နတ်နဂါးကို နိုးရန် ကြံရွယ်လိုက်သည်။ သို့သော် ထူးခြားလှပသော ချည်မျှင်များ ရုတ်တရက် ထွက်ပေါ်လာ၏။

ဤသည်မှာ ကမ္ဘာပေါင်း များစွာမှ သက်ရှိများနှင့် ချိတ်ဆက်ထားပြီး တစ်ခုစီတွင် မြောက်များစွာသော အသက်စွမ်းအားများ ပါရှိလေသည်။

လင်းယွန် အနားသို့ တိုးကပ် သွားသော အခါတွင် နိဗ္ဗာန်တာအိုမှာ ဆုတ်ယုတ် သွား၏။

“ မျှော်လင့်ထား သလိုပါပဲ။ ”

လင်းယွန် တစ်ယောက် ရပ်တန့် လိုက်ရသည်။ သူ ထင်သည့်အတိုင်း ပေပင်။ တစ်ဖက် လူသည် ထာဝရတာအို တစ်ပါးကို ပိုင်ဆိုင် ထား၏။

မဟုတ်သော် သူ့ကို တားနိုင်မည် မဟုတ်ချေ။ အရာခပ်သိမ်းသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရသည်။

ဆိုလိုသည်မှာ ဤအဖြူဝတ် လူသည် ထာဝရတာအို ကိုးပါးအနက် အဆန်းကြယ်ဆုံး အကြောင်းတရားတာအို အပေါ် ဆုပ်ကိုင်ထား ချေပြီ။

“ နတ်နဂါးနိုးသွားရင် ဘာဖြစ်မှာမို့လဲ။ ”

လင်းယွန်က ဆက်မသွားတော့ဘဲ ထပ်မေးသည်။

အဖြူဝတ်လူက စိတ်ရှုပ်လာဟန်ဖြင့်၊

“ ဒါက နတ်နဂါးမဟုတ်ဘူး ကောင်းကင် နဂါးပဲ သူနိုးလာရင် အုပ်စိုးရှင် ကျောက်တိုင်က ဖိနှိမ်နိုင်မှာ မဟုတ်ဘူး၊ မဟုတ်ရင် ငါ့အတွေးက ဆက်ရှိနေဦးမယ် ထင်လား ... မေ့လိုက်ပါ ငါသဘောတူတယ်။ ”

ကောင်းကင် နဂါးဖြစ်ကြောင်း ကြားလိုက်ရသောအခါ လင်းယွန် မျက်လုံးများ တောက်ပလာသည်။

“ နှစ်လုံး ... ထာဝရ တာအိုသစ်သီး နှစ်လုံးပေးမယ်။ ”

အဖြူဝတ် လူ၏ ညှိနှိုင်းချက်အပေါ် လင်းယွန်က ခေါင်းငြိမ့်လိုက်သည်။ အဆုံးတွင် ကောင်းကင်နဂါး နိုးလာပါက သူ့အတွက် ကောင်းကျိုးမရှိချေ။

နတ်ဘုရား တစ်ပါးပင် ၎င်းကို ကြောက်ရွံ့နေရသည်။ တစ်ချိန်တည်းမှာပင် ခွန်လွန်ရှိ ကောင်းကင်နဂါးအရိုး၏ တန်ဖိုးကို ပြန်သတိရ လာမိသည်။

ထိုအရာကို တောင်ပိုင်း ဧကရာဇ်မှ ပိုင်ဆိုင်ထားခဲ့ပြီး ဆုံးပါးသွားချိန်၌ ခွန်လွန်အနှံ ရုန်းရင်းဆန်ခတ် ဖြစ်သွားရသည်။

နဝမအကြိမ် ကျောက်တိုင်ထွန်းလင်း လာသောအခါတွင် ကြက်သွေးရောင် သစ်သီး နှစ်လုံးကို လင်းယွန် ရရှိလိုက်၏။

မျက်လုံးများ ပြန်ဖွင့်ကာ သစ်သီးကို သိမ်းမိသည်။ လူတိုင်းက သူတို့ သစ်သီးကိုသာ အာရုံ စိုက်နေကြသဖြင့် ဤအရာကို မမြင်လိုက်ကြချေ။

ရှန်းထျန်းနန်က စိတ်လှုပ်ရှားစွာဖြင့် လင်းယွန်ထံ လျှောက်လှမ်းလာသည်။

“ အစ်ကိုလင်း ... ပုံရိပ်ယောင် ကမ္ဘာမှာ ငါဘာတွေ လုပ်ခဲ့လဲ မင်းသိလား ခန့်မှန်းကြည့် လိုက်စမ်း ...

... ဟား ဟား ဟား ... အဲဒါ ရွှေရောင် ခေါင်းတလားကြီးပဲ ... နတ်ဘုရားခေါင်းတလား ဖြစ်နိုင်တယ် ... ဒါပေမယ့် ဖွင့်ကြည့်ဖို့ အချိန် မလောက်လို့ နှမျောစရာပဲ။ ”

လင်းယွန်က ပြုံးရုံသာ ပြုံးပြီး စကား မပြန်မိချေ။ အဖြူဝတ်လူသည် အဘယ့်ကြောင့် ဤမျှ ဒေါသထွက်နေခဲ့သည်ကို နားလည် လာမိ၏။

“ ဝူး ... ။ ”

ကျောက်တိုင်ကြီးက မြေကြီးထဲ ပြန်လည် နစ်မြုပ်သွားသည်။ လူအချို့က ပါးနပ်စွာဖြင့် ချက်ချင်း ထွက်ခွာတော့၏။

“ မြန်မြန် ... ။ ”

“ အား ... ။ ”

သို့သော် အတွေးကောင်းပြီး ကံမကောင်းချေ။ သွေးများ အန်လျက် ပြန်လည် လွင့်စဉ်လာတော့သည်။

ကြောက်မက်ဖွယ် အငွေ့အသက်များ ပျံ့နှံ့လာပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ကောင်းကင်၌ ပေါ်လာ၏။

“ မိုးပြာ နတ်နန်းတော် ... ။ ”

ထွက်ခွာရန် ကြိုးစား သူများကို ၎င်းတို့အဖွဲ့မှ ပြန်၍ မောင်းသွင်းလာပုံရသည်။ တစ်စုံ တစ်ယောက်က သူတို့၏ နောက်ခံကို မှတ်မိလာခဲ့၏။

၎င်းလေးယောက် အနက်မှ အပြာဝတ် လူငယ်တစ်ယောက်က ဖော်ရွေသော အပြုံးဖြင့် လှမ်းထွက်လာသည်။

ဤလူငယ်ကို မြင်သောအခါ ရှန်းထျန်းနန်မျက်နှာ ပြောင်းသွားပြီး

“ ဝမ်ကြွယ် ... ။ ”

-ဟု ရေရွတ် လိုက်၏။

ဝမ်ကြွယ်က ပတ်ဝန်းကျင်ကို ကြည့်ကာ၊

“ ငါ အချိန်မီ ရောက်လာ ပုံရတယ် ... မင်းတို့အားလုံး အုပ်စိုးရှင် ကျောက်တိုင်ဆီက လက်ဆောင်တွေ ရတယ် မဟုတ်လား။ ”

-ဟု မေးမြန်း လာတော့သည်။

***

All Chapters