← Chapters

နတ်ဘုရား တပည့်။

Vol. 167 Ch. 2333

နတ်ဘုရား တပည့်။

Vol. 167 Ch. 2333

ဝမ်ကြွယ်က ကြောက်စရာ ကောင်းသော ရောင်ဝါများ ထုတ်ဖော်လျက် ပြုံးပြနေ ခဲ့သည်။

“ ဒီလူက မိုးပြာ နတ်နန်းတော်ရဲ့ နတ်ဘုရားတပည့်ပဲ ... မိုးပြာ နတ်နန်းတော် ဆိုတာ စကြာဝဠာကြီးမှာ ရှေးအကျဆုံး အင်အားစု တစ်ခု ဖြစ်ပြီး ကောင်းကင်ဓား ခန်းမက သူ့ကို မယှဉ်နိုင်ဘူး။ ”

ရှန်းထျန်းနန်က တိုးတိုးလေး ပြောသည်။ နတ်ဘုရား တပည့် တစ်ယောက်၏ ရာထူးသည် လူတိုင်းကို ဖိအားပေးရန် လုံလောက်၏။

သည့်ပြင် ဝမ်ကြွယ်သည် စကြဝဠာ၌ နာမည်ကြီးသူ ဖြစ်၏။ ဤမျိုးဆက်၏ ပထမ တန်းစား ပါရမီရှင်များ အနက်မှ တစ်ပါး ဖြစ်သည်။

မိုးတိမ် နယ်မြေ၏ တပည့်ကြီး လေးယောက်သည် သူ့ထက် တစ်ဆင့် နိမ့်ကျ ချေ၏။

မိုးပြာ နတ်နန်းတော်တွင် နတ်ဘုရား အစောင့်ပေါင်း (၇၂)ယောက် မွေးမြူထားပြီး အသီးသီးသော နတ်ဘုရားတပည့်များ အတွက် အစေခံရန် တာဝန်ရှိသည်။

ဝမ်ကြွယ် အနားရှိ လေးယောက်မှာ ထိုနတ်ဘုရားအစောင့် (၇၂)ယောက် အနက်မှ မိုးကြိုး သိမ်းငှက်၊ တစ္ဆေ ဇီးကွက်၊ လျှပ်စီး မြွေဟောက်နှင့် ကောင်းကင် သစ်သား ဟု ခေါ်သော လေးယောက် ဖြစ်သည်။

ထိုလေးယောက်က လူတိုင်းထံမှ ကြောက်ရွံ့မှုကို မြင်သောအခါ အထင်အမြင် သေးစွာဖြင့် ပြုံးလေသည်။

“ ဝမ်ကြွယ်... မင်း ဘာလုပ်ချင်တာလဲ။ ”

ပိုင်ယုက မေးခွန်းထုတ်သည်။ မိုးကြိုးသိမ်းငှက်က ဝမ်းကြွယ် ရှေ့ထွက် လှမ်းထွက် လာပြီး၊

“ မင်းတို့ရဲ့ တာအို သစ်သီးတွေကို လာငှားတာ ... သူတို့ တကယ် စွမ်း-မစွမ်း သိချင်နေတာ ကြာပြီ။ ”

-ဟု ပြောလည် ဖြေကြားလာသည်။

ထိုသို့ပြောသော အခါတွင် လူတိုင်း၏ မျက်နှာများ မည်းမှောင် ကုန်၏။ ဤသည်မှာ ဓားပြတိုက်နေခြင်း ပေပင်။

“ ဒါက မင်းတို့ရဲ့ မိုးပြာ နတ်နန်းတော် မဟုတ်ဘူး မိုးတိမ် နယ်မြေပဲ... မင်းတို့ကို ကြောက်နေတယ်လို့ ထင်တာလား။ ”

မိုးပြာ နတ်နန်းတော်သည် နာမည်ကြီး သော်လည်း လူတိုင်းက လက်မလွှတ် လိုချေ။ အခက်အခဲများ ကြားမှ သစ်သီးများကို ရရှိထားခြင်း ဖြစ်သည်။

တပည့်ကြီး လေးယောက်အနက်မှ အသန်မာဆုံးဖြစ်သော မုရှို့ဟန်က၊

“ ဝမ်ကြွယ် မိုးတိမ်နယ်မြေ တစ်ခုလုံးကို မင်းတစ်ယောက်တည်းနဲ့ စိန်ခေါ်ချင်တာလား။ ”

-ဟု ဝင်မေး၏။

“ ဟား ဟား ဟား ... ။ ”

ဝမ်ကြွယ်က ရယ်သည်။ နတ်ဘုရား အစောင့်လေးပါးကလည်း လှောင်ပြုံး ပြုံးကုန် ကြ၏။

“ ငါတို့က နဂါးသတ် အဆင့်မှာ အဆင့်တူတွေလို့ ... မင်းကိုယ်မင်း ထင်နေလား ဆက်ပြောရင် နတ်ဘုရားတပည့် တစ်ပါးက မင်းကို အနိုင်ကျင့်နေတယ် မပြောနဲ့။ ”

မုရှို့ဟန် တစ်ယောက် မျက်နှာ ဖြူဖျော့လာပြီး စကား မပြောနိုင်မီ ရှင်းဝူဟန်က လှမ်းထွက်လာသည်။

“ ဝမ်ကြွယ် ... မင်းကို ရင်ဆိုင်ပါရစေ။ ”

အစောပိုင်းက ရှန်းထျန်းနန်နှင့် လင်းကျန်းရှန့်ကြောင့် ရရှိလာသည့် အရှက်တရားကို သန့်စင်လို၏။

ထို့ပြင် ဝမ်ကြွယ်ကဲ့သို့ ပြိုင်ဘက်မျိုး ရရှိရန် ရှားချေပြီ။ ရှုံးခဲ့လျှင်ပင် နတ်တပည့် တစ်ပါးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြွားဝါနိုင်မည်။

“ မင်းလို လူမျိုးကို တစ်ကြိမ်တည်းနဲ့ မရိုက်ရင် ... ငါ့ရဲ့ အရှုံးလို့ မှတ်ယူပါ။ ”

“ ဘယ်လို မာနကြီးလဲ ... ။ ”

ရှင်းဝူဟန်က လှောင်ပြောင် ခံလိုက်ရ သောကြောင့် ဒေါသ ထွက်လာသည်။ ဝမ်ကြွယ် ထံမှ ဆယ်ကြိမ်အထိ ခုခံနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်၏။

မဟာယန်တာအိုနှင့် သူ့သိုင်း ရည်ရွယ်ချက်ကို ပေါင်းစပ်ပစ်လိုက်ရာ နေမင်းကြီး တစ်စင်း ပေါ်လာသည်။

မီးလျှံများ လောင်ကျွမ်း လာချိန်၌ မဟာနေမင်းရောင်ခြည် ဒိုမိန်းကောက်ကြောင်း ဖြစ်ပေါ် လာ၏။

“ အဟက် ... ။ ”

ဤသည်မှာ ဝမ်ကြွယ်ကို စိန်ခေါ်ရသည့် သူ၏ ယုံကြည်မှု ဖြစ်သည်။ သို့သော် ဝမ်ကြွယ် အနားရှိ အမျိုးသမီးက လှောင်ရယ်လာ၏။

ဤအမျိုးသမီးကို နတ်အစောင့် တစ္ဆေ ဇီးကွက်ဟု ခေါ်သည်။ သူမသည် ရှန်းဝူဟန်မှ မဟာနေမင်း ဒိုမိန်းကို ဖြိုခွဲရန် လက်ဖဝါး တစ်ချက်သာ တွန်းထုတ် ပစ်၏။

“ ဝှစ် ... ။ ”

“ အာ ... ။ ”

ယင်းကြောင့် ရှင်းဝူဟန်ခမျာ မျက်နှာ ပြောင်းသွားပြီး ညည်းတွားလျက် ခြေလှမ်း အနည်းငယ် ဆုတ်သွားရသည်။

“ မဟာ နေမင်း ဒိုမိန်းလား ... ရယ်စရာ ကောင်းလိုက်တာ။ ”

တစ္ဆေဇီကွက်က ပြုံးလျက် လှောင်ပြောင် လိုက်သည်။ သူမ မျက်ဝန်း၌ နတ်ဆိုး မီးလျှံများ တောက်လောင်လာ၏။

“ ဝှစ် ... ။ ”

ရှင်းဝူဟန် တစ်ယောက် စကား ပြန်မပြောနိုင်ခင် တစ္ဆေဇီးကွက်က သူ့ထံ ထပ်မံ ပြေးဝင်လာသည်။

ဤအရှိန်ကြောင့် ရှင်းဝူဟန်က သူ့ရင်ဘတ်ရှေ့ လက်ဖဝါးဖြင့် ကာလျက် မဟာ နေမင်း ရောင်ခြည်တော် ဒိုမိန်းကို အသက်သွင်း လိုက်ရ၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

သို့တိုင် ရှင်းဝူဟန် တစ်ယောက် လွင့်ပျံသွားပြီး ကျောက်တုံးကြီး တစ်တုံးနှင့် ကျောပြင်ရိုက်မိကာ ပြုတ်ကျသွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက် တစ္ဆေတစ်ကောင်၏ ပုံရိပ်ကို ဆင့်ခေါ်ထားသော တစ္ဆေဇီးကွက်ထံ ပြန်မော့ ကြည့်မိ၏။

သူမ နောက်တွင် နက်နဲပြီး နားမလည် နိုင်သောမီးလျှံများ လောင်ကျွမ်းနေသည့် တစ္ဆေ တစ်ကောင် ပုံရိပ် ရှိနေသည်။

“ ဝှစ် ... ။ ”

သူမက လက်ဝှေ့ယမ်းပြီး ရှင်းဝူဟန်ကို ဆွဲယူလျက် ရင်ဘတ်ပေါ် တက်နင်းလိုက်၏။

“ အွတ် ... ။ ”

“ တာအို သစ်သီးလွှဲပေးပါ။ ”

“ ပေးမယ် ... ပေးပါ့မယ်။ ”

ရှင်းဝူဟန်က ကြောက်လန့်စွာဖြင့် တာအိုသစ်သီးများကို အမြန် လွှဲပေး လိုက်၏။ ၎င်းတို့မှာ နက်ပြာရောင် ခြောက်လုံးနှင့် ငွေရောင်သုံးလုံး ဖြစ်သည်။

“ ရွှေရောင် သစ်သီး မရဘူးလား၊ ဟမ့် ... ဒါနဲ့များ ... နင့်ကိုယ်နင် နဂါးသတ် အဆင့်က ပါရမီရှင်လို့ ခေါ်ဝံ့သေးတယ်။ ”

“ ဘုန်း ... ။ ”

တစ္ဆေဇီးကွက်က ရှင်းဝူဟန်ကို ကန်ထုတ်ပစ်လိုက်သည်။ သည့်နောက် တာအို သစ်သီးများကို ဝမ်ကြွယ်ထံ ပေးအပ်၏။

အရာ အားလုံးသည် စက္ကန့်ပိုင်း အတွင်း ဖြစ်ပျက်သွားသည်။ လူတိုင်း သတိဝင်လာချိန်၌ ရှင်းဝူဟန် တစ်ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေပြီ ဖြစ်၏။

ဝမ်ကြွယ်က နက်ပြာရောင် တာအို သစ်သီးများကို လျစ်လျူရှုပြီး ငွေရောင် တာအို သစ်သီးထံ ကြည့်ကာ ပြုံးလိုက်သည်။

လူတိုင်းက ကြောက်ရွံ့စွာ တိတ်ဆိတ် ကုန်၏။ ရှင်းဝူဟန်သည် နဂါးသတ် အဆင့်တွင် အောက်ခြေ၌ သတ်မှတ် ခံရသော်လည်း အဆင့်တွင် ရှိနေဆဲ ပေပင်။

ထို့ကြောင့် သုံးကြိမ်အတွင်း ရှုံးနိမ့်ခဲ့ရ သည်ကို နားမလည်နိုင် ဖြစ်မိသည်။ ပိုင်ယုနှင့် အောင်းကြွယ်က အသက် ပြင်းပြင်းရှူလျက် တွေးတော နေ၏။

ဤသည်မှာ ကျွန်တစ်ယောက်သာ ဖြစ်သည်။ ဝမ်ကြွယ် မလှုပ်သေးချေ။

“ ဒါက မိုးတိမ်နယ်မြေရဲ့ အစွမ်းလား။ ”

တစ္ဆေဇီးကွက်က လှောင်ပြောင်လိုက်၏။

“ ဒီလိုဆိုရင် ကောင်းကင်ဘုံ သူတော်စင် တောင်တန်း ပေါ်လာတဲ့အခါ ... ကိုယ့်ကိုကိုယ် အရှက် မခွဲကြပါနဲ့။ ”

“ ဟမ့် ... ဘယ်လို မာနကြီးလဲ ... ။ ”

ရုတ်တရက် ပိုင်ယုက လှမ်းထွက်လိုက်သည်။

“ မင်းက ကျွန်တစ်ယောက်ပဲ ... မင်းကို ဆုံးမနိုင်တဲ့ ယောက်ျားတွေ မရှိဘူးလို့ ထင်နေ တာလား။ ”

သူသည် ဆဋ္ဌမအဆင့် သူတော်စင် သခင်ဖြစ်ပြီး ရက်စက်မှုကြောင့် ကျော်ကြား၏။ စကားဆုံးသည်နှင့် ကြက်သွေးရောင် အလင်းဖြင့် ဖုံးအုပ်ထားသည်။

ထိုရောင်ဝါသည် အစွမ်းထက်ကာ သတ္တမအဆင့် သူတော်စင် သခင် ဖြစ်ရန် ခြေလှမ်း တစ်ဝက်သာ လိုပေ၏။

“ ပိုင်ယုက ရက်စက် ကြမ်းကြုတ်ပေမယ့် အနည်းဆုံးတော့ သူ့မှာ သတ္တိတွေ ရှိသေးတယ် မိုးတိမ်နယ်မြေမှာ ဘယ်သူမှ မရှိဘူးလို့ ဘယ်သူပြောလဲ။ ”

“ မှန်တယ် ... ငါတို့အတွက် တိုက်ပါ။ ”

လူတိုင်းက ၎င်းတို့၏ ပိုင်ဆိုင်မှုကို မပေးလိုသဖြင့် စိတ်အား ထက်သန်စွာ ကြည့်ရှု လာခဲ့ကြသည်။ တစ္ဆေဇီးကွက်က ပြုံးပြီး၊

“ မင်း မဆိုးပါဘူး ... ငါတို့ သခင်လေးရဲ့ ကျွန်ဖြစ်ချင်ရင် ... မင်းကို တောင်ပေါ် ခေါ်သွားပေးမယ်။ ”

ဟု ပြောကြားလိုက်သည်။ သူမစကားကို ဝမ်ကြွယ်က ခေါင်းရမ်းလျက်၊

“ သူက တောင်ပေါ်တက်ဖို့ အရည်အချင်း မရှိသေးပါဘူး။ ”

-ဟု ငြင်းဆန်လိုက်၏။

ပိုင်ယု မျက်နှာ မည်းမှောင်သွားသည်။ ယခင်က သူ့အပေါ် ဤပုံစံမျိုးဖြင့် မည်သူမျှ စော်ကားခြင်း မရှိကြချေ။

“ မင်းရဲ့ နတ်ဘုရားအစောင့်ကို သုံးကြိမ်အတွင်း ငါရိုက်ပြမယ်။ ”

“ ဟား ဟား ဟား ... ။ ”

တစ္ဆေ ဇီးကွက်က ရယ်လျက်၊

“ ငါ့အနား ... ခြေလှမ်း သုံးလှမ်း အကွာထိ လာနိုင်ပြီးမှ စကားပြောရအောင်။ ”

ထို့နောက် တစ္ဆေသရဲ အူသံများ ဆူညံလာကာ အကန့်အသတ်မဲ့ ခရမ်းရောင် အငွေ့အသက်များ ပျံ့နှံ့လာ၏။ ချီလင်တောင် သည်ပင် လှုပ်ခါသွားသည်။

“ ဝှစ် ... ။ ”

သူမက ပိုင်ယုရှေ့ လျှပ်စီးအလား ရွေ့လျားသွားသည်။ နောက်ကျောရှိ တစ္ဆေ ပုံရိပ်သည်လည်း လိုက်ပါလာ၏။

၎င်းမျက်ဝန်းရှိ မီးလျှံများက အနားရှိ အာကာပြင်ကို ကွဲသွားစေသည်။ ကြီးမားသော ဖိအားတစ်ခု ပေးစွမ်းလာ၏။

ပိုင်ယု မျက်နှာသည် ပြောင်းသွားပြီး နက္ခတ်ကို ဆင့်ခေါ်လိုက်ရာ ကြက်သွေးရောင် အရိုးစုကြီးက သူ့ရှေ့၌ တောင်ကြီးကဲ့သို့ ထွက်ပေါ်လာသည်။

“ ဝုန်း ... ။ ”

ပြိုင်ဘက်၏ လက်ဖဝါးက အရိုးစုပေါ် ဖုံးလွှမ်းသွားသည်။ တစ္ဆေဇီးကွက်က လက်ဖဝါး သုံးချက် ပေးပို့လာခြင်း ဖြစ်၏။

ပိုင်ယုတစ်ယောက် ကြက်သွေးရောင် အရိုးစုအတွင်း ဝင်ကာ ခေါင်း(၃)လုံးနှင့် လက် (၆)ချောင်း အဖြစ် ထင်ရှားစေလိုက်သည်။

နဖူး၌ ကြက်သွေးရောင် တံဆိပ် ထွက်ပေါ်လာပြီး ဘုန်းသူတော်စင် လက်ရာကို လက်(၆)ခေျာင်း၌ ကိုင်ဆောင်ထား၏။

ဤသည်မှာ သွေးရိုး တံခါး၏ အပြင်းထန်ဆုံးသော ကိုယ်ခံပညာ တစ်ရပ် ပေပင်။ သို့မှသာ အခြေအနေကို တည်ငြိမ် သွားစေ၏။

ကြက်သွေးရောင် အရိုးစုက ထင်ရှားပြီး လက်တွေ့ဆန်လာသည်။ လက်နက်များပင် အနီရောင် ပြောင်းလာကာ ဒိုမိန်းတစ်ခု ပေါ်လာ၏။

“ စိတ်ဝင်စားစရာပဲ... ငါ လေးနက်ရတော့မယ် ထင်တယ်။ ”

သွေးအရိုး ဒိုမိန်းကို မြင်ချိန်၌ တစ္ဆေဇီးကွက်တစ်ယောက် စိတ်လှုပ်ရှား သွားသည်။

သူမထံမှ အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ဤသည်မှာ အုပ်စိုးရှင် တာအို သုံးဆယ့်ခြောက်ပါး အနက်မှ တစ်ပါးဖြစ်သော မရဏတာအို ဖြစ်သည်။

“ ဟိတ် ... ။ ”

နှစ်ဦးသား ၎င်းတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို လွှတ်ကာ တိုက်ပွဲအဟုန် မြှင့်လိုက်ကြ၏။

“ ဝူး ... ။ ”

တစ္ဆေပုံရိပ်က မီးတောက် ကိုးလုံးပါသော လက်ဖဝါးဖြင့် ရိုက်ချလာသည်။ လက်ဖဝါးပေါ်၌ နတ်ရူရ်များ ပါရှိနေ၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ပိုင်ယုတစ်ယောက် ကြောက်ရွံ့မှုဖြင့် တုန်ယင်လာသည်။

“ မရဏ ထွက်သက်။ ”

ဤသည်မှာ မရဏတာအို ပါ၀င်သည်။ ထို့ကြောင့် သူ့ ဒဏ်ရာများတွင် အသားများ ပုပ်ရိလာ၏။

လေထုအတွင်း အနက်ရောင် အငွေ့အသက်များက နွယ်ပင်များ အလား သူ့ကို ရစ်ပတ်လာပြန်သည်။

“ ဟား ဟား ဟား ... ။ ”

အရူးတစ်ယောက်လို ရယ်မောလျက် တစ္ဆေဇီးကွက်က ဆက်လက် တိုက်ခိုက်ခဲ့သည်။ ဆယ်ကြိမ် လှုပ်ရုံမျှဖြင့် ပိုင်ယု ခန္ဓာကိုယ်တွင် ပုပ်ရိနေသော ဒဏ်ရာများ ပြည့်နှက်သွားကာ မြေပြင်ပေါ် ဒူးထောက် ကျသွား၏။

“ မင်းလို လူတစ်ယောက်က တပည့်ကြီးဖြစ်ဖို့ .. အရည်အချင်း ပြည့်မီရဲ့လား ပြန်စဉ်းစားပါ။ ”

“ ဖြောင်း ... ။ ”

တစ္ဆေဇီးကွက်က ဒူးထောက်နေသော ပိုင်ယုကို ပါးရိုက် ပစ်လိုက်ရာ အံသွားများ ကျွတ်ထွက်ကုန်သည်။

ဤအရာသည် သွေးရိုးတံခါးမှ လူတိုင်းကို တိတ်ဆိတ်သွားစေ၏။ ကောင်းကင် ဓားခန်းမမှ ချန်ကျွင့်နှင့် ရှလောက အလွန် ထိတ်လန့် သွားပြီး လင်းကျန်းရှန့် နောက်တွင် ဝင်ပုန်းလိုက်ကြသည်။

ဝူယုဟွာ သာလျှင် အံ့အားသင့်သွားပြီး၊

“ အစွမ်းထက်လွန်းတယ်။ ”

-ဟု မှတ်ချက် ပေးလိုက်၏။

လင်းယွန်က အဖြေရှာနေခဲ့သည်။ တစ္ဆေအရိပ်၏ မီးလုံးကိုးလုံးမှာ တိုက်ခိုက်ရေး အစီရင်တစ်ခု ဖြစ်ပေသည်။

“ ရပ် ... ငါပေးမယ် ငါပေးမယ်။ ”

ပိုင်ယုက သူ့သစ်သီး အားလုံးကို ကြောက်လန့်တကြား လွှဲပေးလိုက်သည်။

“ အဲဒါက ပိုတူတယ်။ ”

တစ္ဆေဇီးကွက်က ပြုံးရွှင်စွာဖြင့် ယူလိုက်သည်။ သို့သော် သစ်သီးကို မြင်ချိန်၌ အပြုံးများ ပျောက်ကွယ် သွားပြီး၊

“ ငွေရောင်ပဲလား ... အမှိုက်။ ”

-ဟု ကျိန်ဆဲကာ ချက်ချင်း ပါးရိုက် ချလိုက်သည်။

“ ဖြောင်း ... ။ ”

ထို့နောက် ခေါင်းမော့ပြီး မုရှို့ဟန်ထံ ကြည့်၏။ မုရှို့ဟန်ခမျာ မျက်နှာ ဖြူဖျော့လျက် တာအိုအသီးများ ပေးအပ်လိုက်သည်။

“ မင်းတို့ကိုယ် မင်းတို့ ... မိုးတိမ် နယ်မြေကြီးရဲ့ ပါရမီရှင်တွေလို့ ... ခေါ်ဝံ့သလား ဟမ့် ... ရွှေရောင် သစ်သီးတောင် မရနိုင်တဲ့ အမှိုက်တွေ ... ။ ”

တစ္ဆေ ဇီးကွက် စကားကြောင့် မုရှို့ဟန်က လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး၊

“ ငါ့ရဲ့ အရည်အချင်းက ညံ့တယ်။ ”

-ဟု ဝန်ခံလိုက်ရသည်။

“ မင်း အမှန်ကို မြင်တတ်တယ် ... ။ ”

သို့မှသာ တစ္ဆေဇီးကွက်က ကျေနပ် သွားသည်။ ထိုစဉ် ရှင်းဝူဟန်က သတိရသွားပြီး ကောက်ကျစ်သော အပြုံးဖြင့် ရုတ်တရက် လှမ်းထွက်ကာ၊

“ သခင်လေး ဝမ်ကြွယ် ... အဲဒီလူမှာ ရွှေရောင် သစ်သီးတွေ ရှိတယ် ... ငါ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့တယ်။ ”

-ဟု လင်းယွန်ထံ လက်ညိုး ထိုးပြလိုက်တော့သည်။

***

All Chapters