← Chapters

ရွှေတောင်ပံ ဂဠုန် ... ။

Vol. 167 Ch. 2334

ရွှေတောင်ပံ ဂဠုန် ... ။

Vol. 167 Ch. 2334

လူတိုင်းက လင်းယွန်ထံ လှည့်ကြည့်သည်။

“ ရှင်းဝူဟန် ရူးနေတာလား ... ဒီလူက ကျောက်တိုင်ကို လှည့်ပတ်နေတာ ဘယ်လိုလုပ် ရွှေရောင်သစ်သီး ရမှာလဲ။ ”

ရှင်းဝူဟန် စကားကြောင့် လူတိုင်း ဆွေးနွေးမှုများ ထွက်ပေါ်လာစဉ် ဝမ်ကြွယ်က မျက်ခုံးပင့်ကြည့်သည်။

“ ကောင်လေး ... မင်းက တော်တော် ကြည့်ကောင်းတာပဲ၊ မင်းရဲ့ တာအို သစ်သီးတွေ ထုတ်ပြပါ။ ”

တစ္ဆေ ဇီးကွက်က ချစ်စရာကောင်းသော အပြုံးမျိုးဖြင့် လှမ်းပြောသည်။

“ မေ့လိုက်ပါ ... ငါကိုယ်တိုင် လာယူလိုက်မယ်။ ”

ထို့နောက် လင်းယွန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ တစ္ဆေပုံရိပ် နှင့်အတူ မီးလုံး ကိုးလုံး တောက်ပလာသည်။

လူတိုင်း၏ ကျောရိုးများ အေးစက်သွား ပြီးနောက် ဝိညာဉ်များ တုန်လှုပ်ကုန် ကြသည်။ ထွက်ပေါ်လာသော ဖိအားကြောင့် လူအချို့ အငိုက်မိ သွေးအန်သွား၏။

“ နတ်ဆိုး ... သူက နတ်ဆိုး တစ်ပါးပဲ။ ”

လူတိုင်း၏ မျက်နှာများ ဖြူဖျော့ သွားကြသည်။ ရှန်းထျန်းနန်က မြန်လွန်းသော ဤအမျိုးသမီးကြောင့် အံ့အားသင့်စွာ မျက်မှောင်ကြုတ် လိုက်၏။

တစ္ဆေ မီးတောက်များက ပန်းပွင့်ကဲ့သို့ ပွင့်လာပြီး လူ ဒါဇင်ပေါင်းများစွာကို တွန်းဖယ် ပစ်ခဲ့သည်။

“ မရဏ ထွက်သက် ... ။ ”

တစ္ဆေဇီးကွက်က လက်ဝှေ့ယမ်းလျက် လင်းယွန်ကို ဆုပ်ကိုင်ရန် ကြိုးစားလာတော့၏။ အရာအားလုံးက မြန်ဆန်လွန်းပြီး လင်းယွန် ကြေမွှသွားတော့မည်ဟု ထင်မိကုန်သည်။

အဆုံးတွင် ဤတိုက်ခိုက်မှုဖြင့် ပိုင်ယုကို အနိုင်ယူခဲ့၏။ ထိုစဉ် လင်းယွန်က လက်အတွင်း ဓားလောင်းထည့်ကာ ပြန်လည် ကုပ်ခြစ်ပစ် လိုက်သည်။

စူးရှသော ရောင်ဝါတစ်ခု သူ့လက်ချောင်းများမှ ထွက်လာပြီး ဓားသမား အားလုံး၏ ဓားများ တုန်ယင်လာတော့၏။

လင်းယွန်မျက်လုံး၌ ရွှေရောင်များ တောက်ပလာသည်။ နတ်အလင်းဓားက တစ္ဆေ ဇီးကွက်၏ သူတော်စင် စွမ်းအင်များကို ဖြတ်တောက်ပစ်၏။ ၏

“ ဖောင်း ... ဖောင်း ... ဖောင်း ... ။ ”

မီးလုံး ကိုးလုံး သည်လည်း ပေါက်ကွဲ သွားသည်။ ဤသည်မှာ အဆုံး မဟုတ်သေးချေ။ ဓားရောင်ခြည်က သူမ၏ လက်ချောင်းများကို တိခနဲ ဖြတ်ချသွားသည်။

လူတိုင်း တုန်လှုပ်ခြောက်ခြားမှုနှင့် မယုံကြည်စွာ ပြန်ကြည့်သည်။ ကူညီလိုသော ရှန်းထျန်းနန်နှင့် လင်းကျန်းရှန့် ခမျာ အံသြသွား၏။

“ ဒါ … ။ ”

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ချန်ကျွင့်နှင့် ရှလောက ခေါင်းပြူ ကြည့်လေသည်။ ဤသည်မှာ ကျောက်တိုင်ကို လှည့်ပတ် သွားလာနေသော လူမိုက် မဟုတ်လော။

“ ဒီလူက ဘယ်သူလဲ ... ။ ”

“ မသိဘူး ... လင်းယွန်လို့ ခေါ်သံတော့ ကြားတယ်။ ”

လူတိုင်း ထိတ်လန့် တုန်လှုပ်မှုမှ ပြန်၍ ကောင်းမွန်လာပြီး စတင် စူးစမ်း တော့သည်။

“ အစ်ကိုကြီးလင်းက ပြိုင်ဘက်ကင်းပဲ ... ။ ”

ကျိကျစ်ရှီက စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်သည်။ ဤသည်မှာ ခွန်လွန်၌ သူမ သိသော ပြိုင်ဘက်ကင်း ပန်းသင်္ချိုင်း လင်းယွန် ဖြစ်သည်။

ကောင်းကင်လွင်ပြင်၌ပင် ပြိုင်ဘက် ကင်းရပေမည်။ ယင်းသည် သူမ နှလုံးသားမှ လာသော ယုံကြည်ချက် ဖြစ်၏။

ဝမ်ကြွယ်၊ မိုးကြိုးသိမ်းငှက်၊ လျှပ်စီး မြွေဟောက်နှင့် ကောင်းကင် သစ်သား တို့၏ မျက်နှာများ ပြောင်းလဲသွားသည်။

“ ဝှစ် ... ။ ”

မိုးကြိုး သိမ်းငှက်က လျင်မြန်စွာ ရွေ့လျားလျက် တစ္ဆေဇီးကွက်ကို ဆွဲထုတ်လိုက် လေသည်။ တစ္ဆေ ဇီးကွက်ခမျာ နာကျင်မှု များကြောင့် မေ့မျောသွားခဲ့၏။

“ စတုတ္ထညီမ ... ။ ”

မိုးကြိုးသိမ်းငှက်၏ မျက်နှာ မည်းမှောင် လာသည်။ ပြတ်တောက် သွားသော လက်သည် အသစ် ပြန်ပေါက်လာ နိုင်သော်လည်း ဓားကို ထုတ်ပစ်ရန် မလွယ်ချေ။

“ ငါ မင်းကို သတ်မယ်။ ”

ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့လက်ဖဝါးကို တွန်းထုတ် ပစ်လိုက်သည်။ လျှပ်စီးများ လက်ဖဝါး၌ စုရုံးလာ ပြီးနောက် ကြောက်မက်ဖွယ် ရောင်ဝါများ ထွက်လာ၏။

ရောင်ဝါက လင်းယွန် တစ်ဝိုက်ရှိ လေဟာနယ်ကို အက်ကြောင်းများ ဖန်တီးကာ အာကာပြင် ပြိုကျလာစေသည်။

ဤတိုက်ခိုက်မှုသည် လျင်မြန်လွန်းပြီး ရက်စက် ကြမ်းကြုတ်သောကြောင့် ဆုတ်ခွာရန် လမ်းကြောင်း မရှိချေ။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က သူ့ထက် ပိုမြန်၏။ ရာနှင့်ချီသော ဖဲကြိုးများ ပစ်ထုတ်ကာ လျှပ်စီး များကို ခွဲပစ်လိုက်သည်။

လျှပ်စီးများ ပျောက်ကွယ် သွားသော အခါတွင် မီးလျှံများ ပြန့်ကျဲလျက် မြေပြင်၌ အပေါက်များ ထွက်ပေါ်လာ၏။

ဆဋ္ဌမအဆင့် သူတော်စင် သခင်သည်ပင် ဤမီးလျှံနှင့် ထိတွေ့ပါက ပြာဖြစ် သွားပေမည်။ ယင်းကြောင့် မိုးကြိုးသိမ်းငှက် မည်မျှ အစွမ်း ထက်ကြောင်း မည်သူမဆို ပြောနိုင်၏။

“ နတ်အလင်းဓား ရည်ရွယ်ချက်။ ”

မိုးကြိုးသိမ်းငှက်က လင်းယွန်ဓားကို အာရုံခံမိသွားသည်။ ဤသည်မှာ ပြီးပြည့်စုံသော ကျွမ်းကျင်မှု ဖြစ်၏။

“ စတုတ္ထညီမ ... ဒီလောက် မြန်မြန် ရှုံးသွားတာ အံ့သြစရာ မရှိတော့ပါဘူး ... မင်းရဲ့ ဓားနဲ့တင် ကောင်းကင် လွင်ပြင် သူတော်စင် တောင်ကို တက်ဖို့ အရည်အချင်း ပြည့်မီတယ် ဒါပေမယ့် မင်းငါနဲ့တွေ့တာ ကံဆိုးတယ်။ ”

မိုးကြိုးသိမ်းငှက်က မထိန်ချန်တော့ဘဲ သူ့ရွှေဆေးပြားကို အသက်သွင်း လိုက်သည်။ ဆူညံသံများ ထွက်လာပြီး ရှေးဟောင်း သွေးသားများ လောင်ကျွမ်းလာ၏။

သူ့နောက်၌ ရွှေတောင်ပံတစ်စုံ ထွက်ပေါ်လာကာ အလင်းများ ပျံနှံ့လာတော့ သည်။

“ ရွှေတောင်ပံ ဂဠုန် ... ။ ”

“ နတ်ဘုရား အစောင့်တွေ အားလုံးက စွမ်းအား ကြီးမားပါပေတယ်၊ သူတို့အားလုံးမှာ ရှေးဦး နတ်ဆိုးသားရဲ သွေးကို ... ပိုင်ဆိုင် ထားပုံရတယ်။ ”

“ သူ့ကျင့်ကြံမှုနဲ့ ရွှေတောင်ပံ ဂဠုန်ရဲ့ သွေးသားကြောင့် ဆဋ္ဌမအဆင့် သူတော်စင် သခင်တွေ ကြားမှာ ပြိုင်ဘက်ကင်းမယ်။ ”

ရွှေတောင်ပံ ဂဠုန်က ရှေးဦးခေတ် ဖျက်ဆီးခြင်း သားရဲကြီး ဖြစ်ကာ မြစိမ်းရောင် နတ်မိစ္ဆာ မျောက်ဝံထက်ပင် ပိုမို အစွမ်း ထက်သည့် ကမ္ဘာဦးသားရဲ ပေပင်။

မိုးကြိုး သိမ်းငှက်၏ လက်များ၌ အကြေးခွံများ ပေါ်လာပြီး လက်သည်းများ ချွန်ထွက်လာ၏။

“ မင်း သေလိုက်တော့။ ”

မိုးကြိုး ပစ်ချလိုက်သကဲ့သို့ လင်းယွန်ထံ လှမ်းကုပ်၏။ သို့သော် လင်းယွန်မှ လက်သီးနှင့် ပြန်၍ ထိုးနှက်လိုက်သည်။

“ ဝုန်း ... ။ ”

စွမ်းအားနှစ်ခု တိုက်မိသွားသော အခါ မိုးကြိုးသိမ်းငှက် တစ်ယောက် ဆယ်လှမ်းခန့် နောက်ပြန် ဆုတ်လိုက်ရ၏။ လင်းယွန်က မူလနေရာ၌ ရပ်နေဆဲ ဖြစ်သည်။

“ ဒါ ... မင်းလုပ်နိုင်တာ ... အကောင်းဆုံး ဆိုရင် ငါ့ဓားဆွဲဖို့တောင် မင်းက အရည်အချင်း မပြည့်မီဘူး။ ”

လင်းယွန်က ပြုံးလျက် ပြောကြားလိုက်သည်။

“ မင်းဘယ်လို သတ္တိရှိလဲ ... ။ ”

မိုးကြိုး သိမ်းငှက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ ရွှေတောင်ပံ နတ်ခန္ဓာ။ ”

သူ့တွင် ရွှေတောင်ပံ ဂဠုန် သွေးသားနှင့် ရွှေတောင်ပံ နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက် တို့ကို ပိုင်ဆိုင်ထားသဖြင့် အရှုံးကို လက်မခံ လိုခဲ့ခေျ။

“ ဝှစ် ... ။ ”

သို့တိုင် လင်းယွန်နှင့် လှုပ်ရှားမှု ဆယ်ကြိမ်တိုင်တိုင် လဲလှယ်ပြီးနောက် နှိမ်နှင်း နိုင်ခြင်း မရှိကြောင်း သိရှိလာ၏။

သူ့ပြိုင်ဘက်သည် အဆုံးမရှိသော စွမ်းအားများ ပေးစွမ်းနိုင်သည့် မြစ်ကြီးတစ်စင်း ကဲ့သို့ မြေပြင်၌ ခိုင်မြဲစွာ ရပ်နေခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

မိုးကြိုး သိမ်းငှက်က လင်းယွန်ကို ထိတ်လန့်စွာ ပြန်ကြည့်၏။ သူက၊

“ ဒါက ဘယ်လို ဖြစ်ရတာလဲ ... ငါနတ်ဘုရား ကိုယ်လုံးကိုယ်ပေါက်ကိုတောင် ထုတ်ခဲ့တာ ဆိုတော့ မင်းလို ပဉ္စမအဆင့် သူတော်စင် သခင်က ခံနိုင်စရာ အကြောင်းမရှိသင့်ဘူး။ ”

“ ဟမ့် ... မင်းတစ်ယောက်တည်း နတ်ခန္ဓာရှိတယ်များ ထင်နေတာလား။ ”

လင်းယွန်က ထိုသို့ပြောပြီးနောက် မိုးပြာနဂါး နတ်ခန္ဓာကို ထုတ်ပြလိုက်တော့ သည်။ နဂါးဟောက်သံများ သူ့ခန္ဓာကိုယ်မှ ထွက်လာ၏။

ဆံပင်များ လေထဲ တဝဲလည်လည် ဖြစ်နေချိန်တွင် နဂါးသွေးများ ပွက်ပွက်ဆူ ကုန်သည်။

“ ဝှစ် ... ။ ”

သူ့လက်သီးကို ပစ်လိုက်သော အခါ၊ မိုးပြာနဂါး ဦးခေါင်းက ထင်ရှားစွာ ပေါ်လာ၏။ နဂါးခေါင်းတွင် နတ်ရူရ်တစ်လုံး ရှိနေသည်။

“ ဘုန်း ... ။ ”

လက်သီးက မိုးကြိုး သိမ်းငှက်ကို လွင့်ပျံ သွားစေသည်။ ရွှေတောင်ပံများသည် အမွေးများ ကျွတ်လျက် တဖွဲဖွဲ ပြုတ်ကျကုန်၏။

***

All Chapters