← Chapters

အမြန်နှုန်း ... ။

Vol. 167 Ch. 2335

အမြန်နှုန်း ... ။

Vol. 167 Ch. 2335

အမွေးအတောင်များသည် ဆဋ္ဌမအဆင့် သူတော်စင် သခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေ နိုင်သော်လည်း လင်းယွန် မပါဝင်ချေ။

ထို့ကြောင့် မိုးပြာနဂါး နတ်ခန္ဓာသည် မည်မျှ အစွမ်းထက်သည်ကို မြင်နိုင်၏။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

သတိပြန်ရလာပြီ ဖြစ်သော တစ္ဆေဇီးကွက်ခမျာ ထိတ်လန့်စွာ အော်ဟစ် လိုက်မိသည်။

လျှပ်စီး မြွေဟောက်နှင့် ကောင်းကင် သစ်သား၏ မျက်နှာများ ပြောင်းလဲသွားသည်။ လေထဲတွင် ပျံဝဲနေသော မိုးကြိုးသိမ်းငှက်မှာ ဒေါသထွက်လာ၏။

သူ့ထံမှ ရွှေရောင် အလင်းတန်းများ ထွန်းလင်းလာပြီး နက္ခတ်ကို ခေါ်လိုက်သည်။ သမုဒ္ဒရာထဲတွင် မြူးထူးနေသော ခွန်ပန် တစ်ကောင် ဖြစ်၏။

“ နဂါးမျိုးရိုးရဲ့ နတ်ဘုရား ကိုယ်လုံးကိုယ်ပေါက်က ရွှေတောင်ပံ ဂဠုန်ကို ယှဉ်နိုင်တယ်ဆိုတာ ငါမယုံဘူး။ ”

“ အဖြစ်မှန်ကို လက်မခံချင်ဘူးလား။ ”

လင်းယွန်က ပြုံးကာ မျက်ခုံးပင့် မေးလိုက်သည်။

“ ဟမ့် ... ရှေးခေတ် ရွှေတောင်ပံ ဂဠုန်က နဂါးတွေကို နေ့စဉ်စားပြီး ကြီးပြင်းလာခဲ့တာပါ၊ ဒီနေ့ မင်းကို ငါစားမယ်။ ”

မိုးကြိုးစွမ်းအင်၏ ကြောက်မက်ဖွယ် ကောင်းသော ဗီဇကြောင့် လူတိုင်းက ကျောရိုး တစ်လျှောက် အေးစက်ကုန်သည်။

“ နဂါးကို စားတာလား ... ဒါက နဂါးမဟုတ်ဘူး ... နာဂတွေပါ ... နာဂဆိုတာ နဂါးသွေးပါတဲ့ ပိုးမွှားတွေပဲ ... ငါ့ရုပ်ခန္ဓာ ကတော့ ထာဝရ နက္ခတ်လေးပါး ဖြစ်တဲ့ မိုးပြာနဂါး နတ်ခန္ဓာကိုယ်ပဲ။ ”

လင်းယွန်က သူ့အမှားကို ပြန်တည့် ပေးလိုက်၏။ (နာဂ ဟူသည် လူတစ်ပိုင်း နဂါး တစ်ပိုင်း တိရိစ္ဆာန်များ ဖြစ်သည်။ )

“ ဟား ဟား ဟား ... မင်းကို ဘယ်လို ခွဲပစ်မယ်ဆိုတာ ကြည့်စမ်း။ ”

ခွန်ပန် နက္ခတ်ကို ခေါ်ပြီးနောက် မိုးကြိုးသိမ်းငှက်၏ ရောင်ဝါများ တိုးလာသည်။ အစောပိုင်း အချိန်က အနည်းငယ် ပေါ့လျော့ မိခဲ့၏။

“ ခွန်ပန် ... အတောင်ပံဖြန့် ... ။ ”

ထို့ကြောင့် ဤတစ်ကြိမ်၌ အလေးအနက် ထားကာ ခွန်ပန်၏ အတောင်ပံများ ဖြန့်လျက် သမုဒ္ဒရာကို လှိုင်းကြီးများ ဖြစ်ပေါ်စေသည်။

ဤသို့ ထူးခြားသော မြင်ကွင်းမျိုးသည် ချီလင်တောင် တစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ လှိုင်းလုံး ကိုးလုံး ဆင်းသက် လာသည်။

“ ကောင်းကင်ဘုံ ခွန်ပန် လက်သီးပဲ။ ”

လူတိုင်းက လက်သီး နည်းစနစ်ကို အသိအမှတ်ပြုမိပြီး အော်ပြော လိုက်ကြသည်။ ဤလက်သီး နည်းစနစ်သည် ကမ္ဘာသုံးထောင်၌ ကျော်ကြားပြီး အစွမ်းအထက်ဆုံး လက်သီး နည်းစနစ် သုံးခုထဲမှ တစ်ခု ဖြစ်သည်။

လင်းယွန်သည် သွေးအကျဉ်းထောင် တောင်တန်းပေါ်၌ မူလနဂါး မဟာ သူတော်စင် သွန်သင်ချက်များကို ပြန်သတိရလာသည်။

“ ဟိတ် ... ။ ”

ထိပ်တိုက် တွေ့ဆုံ ကြပြီးနောက် မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားမှုပေါင်း တစ်ရာကျော် ဖလှယ်ပြီး ဖြစ်၏။

မိုးကြိုးသိမ်းငှက်သည် အားသာချက် အချို့ရရှိရန် ကောင်းကင်ဘုံ ခွန်ပန်လက်သီးနှင့် ခွန်ပန်နက္ခတ်အပေါ် အားကိုးခဲ့သည်။

သို့သော် လက်သီးချင်း ထိပ်တိုက် တွေ့ဆုံသောအခါတွင် ထင်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်လာ၏။

“ ဟား ဟား ဟား ... ဒါက ကျေနပ်စရာကောင်းတဲ့ တိုက်ပွဲပဲ။ ”

လင်းယွန်က ပွဲစဉ်တစ်လျှောက် ခြေလှမ်းတစ်လှမ်းမျှပင် ဆုတ်ခွာခြင်း မပြုချေ။ သူ့သွေးများ ပွက်ပွက်ဆူ နေ၏။

နောက်ထပ် သုံးကြိမ် ထိုးသတ်ပြီးနောက် မိုးကြိုးသိမ်းငှက် ရင်ဘတ်ပေါ်သို့ လက်သီးချက် ကျရောက်သွားသည်။

“ ဝှီး ... ။ ”

“ မဟုတ်ဘူး … ။ ”

မိုးကြိုး သိမ်းငှက် တစ်ယောက် ဤတစ်ကြိမ်၌ မျက်လုံးထဲ ကြောက်ရွံ့မှုများ ဖြတ်ပြေး သွားသည်။

“ ဘုန်း ... ။ ”

သို့သော် အရာအားလုံး နောက်ကျ သွားချေပြီ။ ရင်ဘတ်၌ ကြီးမားသော အပေါက် တစ်ခု ဖြစ်ပေါ်လျက် လွင့်စဉ်သွား၏။

“ ငှက်တစ်ကောင်က နဂါးကို စားချင်သလား။ ”

သွေးမြင်သောအခါ လင်းယွန် တစ်ယောက် ပို၍ ရွှင်မြူးလာသည်။

“ ရပ် ... ။ ”

ကောင်းကင် သစ်သားက စိုးရိမ်စွာဖြင့် ပြေးထွက်လာသည်။ သို့သော် လင်းယွန်သည် နဂါးသွေးများ ပွက်ပွက်ဆူကာ အရိုင်းစိတ်ဝင် နေပြီဖြစ်သဖြင့် ရပ်မရတော့ချေ။

“ ဂျွတ် ... ။ ”

မိုးကြိုးသိမ်းငှက်၏ အတောင်ပံများကို ဆွဲကိုင်ကာ ဆုတ်ဖြဲ ကိုင်ပေါက်ပစ်လိုက်သည်။ ကောင်းကင် သစ်သားက ဖမ်းယူပြီး ဒဏ်ရာ များကို အမြန် စစ်ဆေး၏။

ဤသည်မှာ လူတိုင်းကို ထိတ်လန့် တုန်လှုပ်စေသော မြင်ကွင်းတစ်ရပ်ပေပင်။

“ လင်းယွန်က ဒီလောက်တောင် တန်ခိုးကြီးသလား ... သူ ဘယ်ကလာတာလဲ။ ”

“ မိုးကြိုး သိမ်းငှက်ကို နှိမ်နင်းဖို့ လက်ဗလာနဲ့ တိုက်ခဲ့တယ် ဓားတောင်မဆွဲဘူး ဉာဏ်ကြီးရှင်ပဲ ဒါပေမယ့် ငါတို့က ဘာလို့ သူ့နာမည်ကို အရင်က မကြားဖူးတာလဲ။ ”

ယခုအချိန်၌ ပိုင်ယုနှင့် ကျန်သူများက လင်းယွန်သည် သူတို့ထက် အဆပေါင်းများစွာ သန်မာကြောင်း ဝန်ခံရမည် ဖြစ်သည်။

“ ဟား ဟား ဟား ... မိုးပြာ နတ်နန်းတော် မင်းတို့ ငါတို့ရဲ့ တာအို သစ်သီးတွေကို ယူချင်နေ တာလား။ ”

“ ဒီမှာ လင်းယွန်နဲ့ မင်းကောင်တွေ မာနကြီးဖို့ နေရာမရှိဘူး ... ထွက်သွားကြစမ်း။ ”

မိုးတိမ် နယ်မြေ၏ နတ်ဆိုး ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားပြီး စတင် ကြွားလုံးထုတ် ကြတော့၏။

“ မင်းက တကယ် ရဲရင့်တယ် ... ငါသတ်ချင်တဲ့ လူကို ကူညီဝံ့သလား။ ”

လင်းယွန် မျက်ဝန်း၌ လူသတ်ရန် ရည်ရွယ်ချက်များ လက်လာပြီး ကောင်းကင် သစ်သားကို မေးလိုက်သည်။

တစ္ဆေဇီးကွက်နှင့် ယှဉ်လျှင် မိုးကြိုး သိမ်းငှက်ကို အမှန်တကယ် ဒေါသထွက်မိသည်။ ရွှေတောင်ပံတစ်စုံ ငှက်သည် သူ့ကို စားချင် နေ၏။

ဤလူသည် သူ့ဘဝ တစ်လျှောက်တွင် နဂါးမျိုးရိုး အသွေးအသားကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ အများအပြားကို စားခဲ့ပုံရသည်။

တစ်ဖက်တွင် ကောင်းကင် သစ်သား ဟူသည် နတ်အစောင့် လေးယောက်တွင် ရာထူး အကြီးဆုံး ဖြစ်ပြီး ဝမ်ကြွယ်၏ ကျွန်ဖြစ်၏။

လင်းယွန်မှ ထိုလူကို ဤလေသံဖြင့် ပြောဝံ့လေရာ နတ်ဆိုးကျင့်ကြံသူများ ခမျာ ပို၍ စိတ်လှုပ်ရှား လာတော့သည်။

“ ဒီလိုဆိုတော့ မင်းတို့နှစ်ယောက် အတူတူ သေနိုင်ပြီ။ ”

လင်းယွန်က ကောင်းကင် သစ်သားကို သတ်ဖြတ်လိုသော ရောင်ဝါဖြင့် ကန့်သတ်ပစ် လိုက်သည်။

ရှင်းဝူဟန် အပါအဝင် လူတိုင်း တုန်လှုပ် လာသည်။ ချန်ကျွင့်နှင့် ရှလောက ကြောက်ဒူး တုန်နေ၏။

ရုတ်တရက် ပြောင်းလဲလာသော ပတ်ဝန်းကျင် အပူချိန်ကြောင့် ကောင်းကင် သစ်သားက ဝမ်ကြွယ်ထံ ပြန်ကြည့်သည်။

ဝမ်ကြွယ်က ငြိမ်သက်နေလျက်မှ၊

“ ဒါဆို သူနဲ့ ကစားပေးလိုက်ပါ ... ရွှေရောင်တာအိုသစ်သီးတွေ သူ့မှာ ရှိကောင်း ရှိနိုင်တယ်။ ”

-ဟု မှတ်ချက်ပေး၏။

“ ဟုတ်ကဲ့ ... ။ ”

ကောင်းကင် သစ်သားက ပြုံးလိုက်သည်။ လက်ကို လှိုင်းသဖွယ် ဝှေ့ရမ်းလျက် အလင်းများ တဖျပ်ဖျပ် တောက်ပနေသော အဖြူရောင် ဓားတစ်လက် ထုတ်ယူလိုက်သည်။

“ ဒီဓားရဲ့ နာမည်က ကောင်းကင် တစ္ဆေလို့ ခေါ်တယ် ... ဘုန်းဝိညာဉ်တော်ငါးပါး လက်ရာပဲ မင်းကို ဓားသမားဆိုတာ ဘာလဲ ငါပြပါရစေ။ ”

တန်ခိုးကြီးသော ဓားရောင်ခြည်များ ဘုန်းဝိညာဉ်ငါးပါး လက်ရာမှ ထွန်းလင်းလာ ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားသည် စူးစူးရဲရဲ အော်မြည်လာ၏။ ၎င်းသည် နတ်အလင်းဓား၏ အလတ်အလတ် ကျွမ်းကျင်မှု ဖြစ်သည်။

ဤသည်မှာ အဆုံး မဟုတ်သေးချေ။ သူ့နောက်တွင် မြောက်များစွာသော ဓားအလင်း ပွင့်လာနေသည်။ ဓားအရိပ်ပေါင်း သုံးသောင်းကျော် ရှိ၏။

ကောင်းကင် သစ်သားသည် သန်မာကြောင်း လူတိုင်းသိသည်။ သို့သော် ဤမျှအစွမ်းထက်နေ လိမ့်မည်ဟု မထင်ထား ခဲ့ကြချေ။

ဘုန်းဝိညာဉ် ငါးပါးဓား၊ နတ်အလင်းဓား ရည်ရွယ်ချက်နှင့် ဓားတာအို လေးသောင်းနီးပါး ပိုင်ဆိုင်ထားသည်။

“ သခင်လေး ... အစ်ကိုကြီး အခြေနေ ကောင်းရဲ့လား ။ ”

သို့တိုင် တစ္ဆေ ဇီးကွက်က စိုးရိမ်သော လေသံဖြင့် မေးမိသည်။ ဝမ်ကြွယ်က ပြုံးကာ၊

“ ဒီလူက သန်မာပေမယ့် ... ကောင်းကင် သစ်သားထက် သူ့အုတ်မြစ် အများကြီး နိမ့်ကျ ပါတယ် ... စိတ်မပူနဲ့။ ”

ထိုအချိန်တွင် လင်းယွန်နှင့် ကောင်းကင်သစ်သားက တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့သည်။

လူချင်း မတိုက်ခင် ရောင်ဝါများ တိုက်နေခြင်း ဖြစ်၏။ နှစ်ယောက်လုံးတွင် နတ်အလင်းဓား ရည်ရွယ်ချက်များ ရစ်သိုင်းနေသည်။

ဓားရောင်ဝါက ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အက်ကွဲကြောင်းများ ဖန်တီး ပေး၏။

“ နတ်အလင်းဓားကို အလယ်အလတ် ကျွမ်းကျင်မှုလား၊ မင်းရဲ့ ယုံကြည်မှုက ဘယ်က လာတာလဲ။ ”

လင်းယွန်က မထီမဲ့မြင် ပြုသည်။

“ ဟား ဟား ဟား ... မင်းနဲ့ ဆက်ဆံဖို့ လုံလောက်တာထက် ပိုပါတယ်။ ”

ကောင်းကင် သစ်သားက ရယ်မောပြီး လှုပ်ရှားလာ၏။ နတ်အလင်းဓား ပေါက်ကွဲကာ ကောင်းကင်နှင့် မြေကြီး တုန်ယင်လာသည်။

ဤတိုက်ခိုက်မှုကို ဟန့်တားရန် အတွက် လင်းယွန်က သူ့လက်ချောင်းများကို ဓားအဖြစ် အသုံးပြုလိုက်သည်။

“ ရွှပ် ... ။ ”

“ ထန် ... ထန် ... ။ ”

မီးပွားများ ပွင့်ထွက်လာ၏။ ဘုန်းဝိညာဉ်ငါးပါးကို အသုံးပြု ပြီးသည့်တိုင် တစ်ဖက်လူက ဓားမဆွဲသေးသဖြင့် ကောင်းကင် သစ်သား တစ်ယောက် ရူးသွပ်သွားသည်။

“ ရွှပ် ... ။ ”

ရက်စက်သော အငွေ့အသက်များ ထွက်လာကာ လင်းယွန်နဖူးထံ ဦးတည်လျက် ဓားရောင်ခြည် ထုတ်လွှတ်လိုက်၏။

တစ်ဖက်လူသည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း သူ ယုံကြည် ထားခဲ့သည်။

လင်းယွန်မှလည်း ထိုဓားရောင်ခြည်ကို လက်ချောင်းဖြင့် မတားဆီးနိုင်မှန်း သိမိသည်။ ထို့ကြောင့် စောင်းငဲ့ ရှောင်တိမ်းလိုက်ရာ ပါးပြင်ကို ပွတ်ဆွဲခံလိုက်ရ၏။

“ မင်း ဟန်ဆောင်နေတာ ... ဘယ်လောက်ကြာကြာ ခံမလဲ ကြည့်ရအောင်။ ”

လင်းယွန်ထံမှ သွေးကို မြင်သဖြင့် ကောင်းကင် သစ်သား တစ်ယောက် ယုံကြည်မှု ပိုရလာသည်။ ရွှေဆေးပြား အသက်သွင်းလျက် ပွဲသိမ်းရန်ပြင်၏။

ရွှေဆေးပြား မီးတောက်လာသည်နှင့် တပြိုင်နက် ဓားရောင်ဝါများ ပို၍ သိပ်သည်း လာလေသည်။

“ အကြွင်းမဲ့ ခွန်အားတွေ ရှေ့မှာ လှည့်ကွက်တွေက အသုံးမဝင်ဘူး ကွာဟချက် အရမ်းကြီးတယ် ... လင်းယွန်က ဘာလို့ ဓားမဆွဲတာလဲ။ ”

ရှန်းထျန်းနန်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။ သူ့တင်မက ရပ်ကြည့်နေသူ များမှလည်း ရှုပ်ထွေးသွားသည်။

“ ဓားကို ဘာလို့ မဆွဲရတာလဲ ဆိုတော့ ... သူ့မှာ ဆွဲဖို့ အခွင့်အရေး မရှိတော့လို့ပေါ့ ဟား ဟား ဟား။ ”

ရှန်းထျန်းနန် ပြောသည်ကို ကြားမိသည့် ကောင်းကင် သစ်သားက အထင်အမြင် သေးစွာ ရယ်လေသည်။ ၎င်းက ဓားအလင်းဖြင့် ပစ်လွှတ်လျက်မှ၊

“ မင်း ... ဓားဆွဲဝံ့ရင် မင်းလက်ကို ငါဖြတ်မယ်။ ”

-ဟု ကြေငြာလိုက်သည်။

နက္ခတ်၏ စွမ်းပကားအောက်တွင် သူထုတ်လွှတ်လိုက်သော ဓားရောင်ခြည်သည် ကြောက်မက်ဖွယ် ကောင်းချေ၏။

ကောင်းကင်၌ အပေါက်ပေါင်းများစွာ ဖြစ်ပေါ်လာသည်။ ဤသည်မှာ ဓားသမား၏ စွမ်းအား ပေပင်။

ထိုဓားရောင်ဝါ အောက်၌ လင်းယွန်ပင် မခံနိုင်တော့ဘဲ နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျကာ လွင့်စဉ် သွားရ၏။

အဆုံးတွင် မြေပြင်၌ ဒူးတစ်ဖက် ထောက်လျက် နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး ပြန်ငုံကြည့်လိုက်သည်။

“ မျှော်လင့်ထားသလို ပါပဲ ... ငါတို့ရဲ့ သူတော်စင် တာအိုမှာ ကြီးမားတဲ့ ခြားနားချက် ရှိနေတယ်။ ”

လင်းယွန်က ပြုံးပြီး မှတ်ချက်ပေး လိုက်သည်။

“ အခု ဓားသမား စင်စစ်က ဘယ်သူလဲ ဆိုတာ မင်းသိပြီလား။ ”

ကောင်းကင် သစ်သားက လင်းယွန် စကားကြောင့် အေးစက်စွာ ထပ်မေး လာသည်။

“ ဟမ့် ... ငါ့ဓားတောင် မဆွဲရသေးဘူး ဒီလိုမေးဖို့ မင်းရဲ့ယုံကြည်မှု ဘယ်က ရလာ တာလဲ။ ”

“ ဒါဆို မင်းဆွဲပါ ... ဆွဲတာနဲ့ မင်းလက်ကို ငါဖြတ်မယ်။ ”

“ စိတ်မကောင်းပါဘူး ... မင်းအတွက် ငါ့လက်ကို ဖြတ်ဖို့ အခွင့်အရေး မရှိတော့မှာ ကြောက်မိတယ်။ ”

ဤစကား အဓိပ္ပါယ်ကို နားလည် လိုက်သောကြောင့် ကောင်းကင် သစ်သားက မျက်လုံးများ မှေးစင်းသွားသည်။

“ စွပ် ... ။ ”

လင်းယွန်က ပြုံးလျက် ရင်ဘတ်ထဲက ဓားကို ဆွဲထုတ်သည်။ ကောင်းကင် သစ်သားက ဗီဇအသိဖြင့် ရှောင်တိမ်းလိုက်မိ၏။

သူထင်သည့်အတိုင်းပင် ဓားရောင်ခြည်က ဆံပင် အနည်းငယ်ကို ဖြတ်တောက် ကျော်လွန် သွားသည်။ သူ ရှောင်တိမ်းနိုင်ခဲ့ပြီ ဖြစ်၏။

“ ဟိတ် ... ။ ”

သက်ပြင်းချ နေစဉ် လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်လာကာ နှစ်ယောက် ခွဲထွက်သွားလေသည်။

“ ရွှပ် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

၎င်းတို့ထံမှ ဓားရောင်ခြည်နှစ်စင်း ပြေးထွက်လာရာ တုန်လှုပ် ချောက်ချားစွာဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ပြန်ဆုတ် လိုက်မိသည်။

ဝမ်ကြွယ် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွား၏။ ကောင်းကင် သစ်သားက ထိတ်လန့်စွာဖြင့်၊

“ မင်းဓားနာမည်က ဘာလဲ။ ”

-ဟု မေးမြန်းလိုက်မိသည်။

“ ပန်းသင်္ချိုင်း ... ။ ”

လင်းယွန်က ပြန်ဖြေ၏။

“ ဒီလောက်လည်း အထင်ကြီးစရာ မရှိပါလား။ ”

ကောင်းကင် သစ်သားက လှောင်ပြောင်လျက် ရယ်မောရန် ပြင်မိသည်။ သို့သော် သူရယ်၍ မရတော့ချေ။ လင်းယွန်က ဓားကိုင်လက်ကို လေထဲ လွှဲရမ်းပြပြီး၊

“ ဒီမှာ ... ဓားဆွဲပြီး ငါ့လက်တွေ ရှိနေသေးတယ် ဒါပေမယ့် မင်းခေါင်းကတော့ မရှိတော့ဘူး။ ”

-ဟု ပြောကြားလာ၏။

“ အစ်ကိုကြီး ... ။ ”

တစ္ဆေ ဇီးကွက်၏ ဆို့နစ်နေသော ငိုသံကြီးကြောင့် ကောင်းကင် သစ်သားခမျာ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။

ဤစတုတ္ထ ညီမလေးသည် သူ သေသွားသကဲ့သို့ ဝမ်းနည်းပက်လက် အသံဖြင့် အဘယ့်ကြောင့် အော်ခေါ် နေရသနည်း။

ပြိုင်ဘက် ဓားကို သူ ရှောင်တိမ်း နိုင်ခဲ့သည့်အပေါ် သတိ မထားမိ သည်လော။ ထို့ပြင် လူအုပ်ကြီးသည် အဘယ်ကြောင့် အသံ မထွက်တော့သနည်း။

“ ဂလုန်း ... ဒုန်း။ ”

***

All Chapters