သတ် ... ။
Vol. 167 Ch. 2336
ကောင်းကင်သစ်သား၏ ဦးခေါင်း ပြုတ်ကျသံကို ကျယ်လောင်စွာ ကြားလိုက် ရသည်။
အောင်းကြွယ်နှင့် မုရှို့ဟန်က အကြည့်ချင်း ဖလှယ်မိ၏။ ဤလင်းယွန်သည် ကြောက်စရာ ကောင်းချေပြီ။
တစ္ဆေဇီးကွက်နှင့် မိုးကြိုးသိမ်းငှက် ရှုံးနိမ့်မှုသည် သတိလက်လွတ် ဖြစ်ခြင်းဟု ဆင်ခြေ ပေးလာသော် ကောင်းကင်း သစ်သားသည် အမှိုက် မဟုတ်ချေ။
အရေးအကြီးဆုံးမှာ လင်းယွန် လွှတ်လိုက်သော နောက်ဆုံးဓားအပေါ် မမြင် နိုင်ခြင်းဖြစ်၏။ လမ်းကြောင်းသည် မှုန်ဝါးလွန်း ချေပြီ။
“ ဒါက နည်းနည်း ကြောက်စရာ ကောင်းတယ် မဟုတ်ဘူးလား။ ”
ရှန်းထျန်းနန်က တံတွေးမြိုချကာ အံ့သြသွားသည်။ ပွင့်ပွင့် လင်းလင်း ဝန်ခံရပါက သူ အနည်းငယ် ကြောက်ရွံ့သွား၏။
လင်းယွန်ထံမှ လုယက်ရန် စိတ်ကူးဖြင့် တစ်ချိန်က လိုက်ပါခဲ့ဖူးသည်။ ထိုစဉ်ကသာ အကောင်ထည် ဖော်မိသော် မည်သို့သေဆုံး သွားမည်ကိုပင် သိလိုက်မည် မဟုတ်ချေ။
တွေးကြည့်လိုက်ရုံဖြင့် အေးစက်သော ချွေးသီးများ ဖုံးလွှမ်းလာသည်။ လင်းကျန်းရှန့် သည်လည်း အံ့အားသင့်သွား၏။
လင်းယွန် သန်မာသည်ကို သူမ သိသော်လည်း ဤမျှလောက် အစွမ်းထက် လိမ့်မည်ဟု မမျှေည်လင့်ထားချေ။
ဤအခိုက်အတန့်တွင် ရှလောက နောင်တရသွားကာ၊
“ ဒီလောက် ကြည့်ကောင်းတဲ့ သူ့ကို ငါဘာလို့ သတိ မထားမိရတာလဲ စောစောက ငါ့ရဲ့အာရုံစိုက်မှုကိုတောင် လိုချင်နေခဲ့တာ။ ”
-ဟု ညည်းတွားတော့သည်။
“ ..... ။ ”
ဝူယုဟွာက ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။ ရှလောသည် သူမကိုယ် သူမ တကယ့် အလှတရားဟု ထင်နေပေ၏။
ကျိကျစ်ရှီ၏ ခြေဖျားကိုပင် မမီသော သူမအသွင်အပြင်က လင်းယွန်ကို ဆွဲဆောင်နိုင် လိမ့်မည်ဟု ထင်နေသည်မှာ ရယ်စရာ ပေပင်။
“ ဖြောင်း ... ဖြောင်း ... ဖြောင်း ... ။ ”
ထိုအချိန်တွင် လက်ခုပ်တီးသံသုံးချက် ထွက်ပေါ်လာသည်။ ဝမ်ကြွယ်က ပြုံးလျက်၊
“ ရှင်းဝူဟန်က လိမ်ပုံမရဘူး မင်းမှာ ရွှေရောင် တာအို သစ်သီးတွေ ရှိတယ်ဆိုတာ ငါပြောရဲတယ်။ ”
-ဟု ပြောကြား တော့သည်။
ထို့နောက် ရိပ်ခနဲ လှုပ်ရှားပြီး ကောင်းကင်သစ်သား ဦးခေါင်းကို လည်ပင်းပေါ် ပြန်တပ်ပေးလိုက်သည်။
လက်ဖြင့်သပ်လိုက်ရုံဖြင် ခေါင်းနှင့် ခန္ဓာကိုယ် ပြန်လည် တွဲစပ်ကာ ပကတိအတိုင်း ဖြစ်လာ၏။ အသက်ဓာတ်များ စီးဆင်းလာပြီး ကောင်းကင် သစ်သား၏ မျက်လုံး ပွင့်လာ လေသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း၏ နှလုံးသားများ ခုန်ထွက်သွား၏။ သေသူကို အသက် ပြန်သွင်းနိုင်သည်လော။ အဓိပ္ပါယ် မရှိချေ။
သူတော်စင်များ၏ အသက်စွမ်းအားသည် မြဲမြံပြီး ဤလူသည် လုံးလုံး မသေကြောင်းကို သူတို့ သိသည်။
သို့သော် ခေါင်းဖြတ်ခံရပြီးနောက် လျင်မြန်စွာ ပြန်လည်သက်သာလာ နိုင်သည်မှာ သဘာဝကို လွန်ဆန်နေ၏။
လင်းယွန် မျက်လုံးများ မှေးစင်းသွား တော့သည်။ တစ်ဖက်လူ အနေဖြင့် ဘဝတာအို အပေါ် ထူးထူးခြားခြား နားလည်ထားကြောင်း ပြောနိုင်၏။
ထို့အပြင် ကောင်းကင် သစ်သား၏ ဦးခေါင်းတွင် ရှိနေသော သူ့နတ်အလင်းဓားကို လက်ဖြင့်သပ်ရုံဖြင့် ဖယ်ရှားပေးခဲ့သည်။ အထင်ကြီးစရာ ဖြစ်၏။
ဆိုလိုသည်မှာ သူ့ဓားကို ဖယ်ရန် ၎င်းတွင် အုပ်စိုးရှင် တာအို တစ်ခု ပိုင်ဆိုင်ထားခဲ့ကြောင်း အဓိပ္ပါယ်ရသည်။
တစ်ချိန်တည်းမှာပင် တစ္ဆေ ဇီကွက်နှင့် မိုးကြိုးသိမ်းငှက် သည်လည်း ဤနည်းလမ်းနှင့် လုံးဝ သက်သာလာသည်။
နောက်ဆုံးတွင် လူသေကို ကယ်တင်ခြင်းသည် လူသတ်ခြင်းထက် ပို၍ ခက်ခဲ ချေပြီ။
“ သခင်ငယ် ... ။ ”
“ မင်းတို့ နှစ်ယောက်က ဒဏ်ရာတွေ ကုသဖို့ အာရုံစိုက်။ ”
အပြစ်ရှိသလို တောင်းပန်လာသော ကျွန်နှစ်ယောက်ကို ဝမ်ကြွယ်က လက်ရမ်းပြ လိုက်သည်။ ထိုအချိန်တွင် ရှင်းဝူဟန်က အပြုံးတစ်ပွင့်ဖြင့်၊
“ နတ်တပည့် ဆိုတဲ့ အတိုင်း ... အစ်ကိုဝမ်ကြွယ်က အစွမ်းထက်လွန်းပါတယ်၊ ဒီနည်းလမ်းက လူတိုင်းကို နှိမ်နှင်းနိုင်ပြီး သူတော်စင် တောင်ထိပ်မှာ ပြိုင်ဘက် ကင်းမယ်လို့ ယုံကြည်မိတယ်။ ”
-ဟု မြှောက်ပင့်ပေးလိုက်သည်။
လင်းယွန်၏ ခွန်အားသည် သူ့အပေါ် ခြိမ်းခြောက်မှု ပေးသဖြင့် ၎င်းကို ဖယ်ရှားရန် လက်အငှား အသုံးပြုလိုခဲ့သည်။
“ အစ်ကိုဝမ် ... သူ့မှာ ရွှေရောင် တာအို သစ်သီး တစ်လုံးထက် ပိုရထားတာ ငါသက်သေ ခံနိုင်တယ်။ ”
သူ့စကားကြောင့် ဝမ်ကြွယ်က ပြုံးကာ လင်းယွန်ထံ မျက်ခုံးပင့် ပြလိုက်သည်။
“ ကြားလား ... မင်းရဲ့ ရွှေသစ်သီးတွေ ငါ့ကိုပေးရင် ဖြစ်ပျက်ခဲ့သမျှ ခွင့်လွှတ်ပြီး မင်းကို ငါနဲ့အတူ တောင်ပေါ် ခေါ်သွားပေးမယ်။ ”
“ ဟား ဟား ဟား ... မင်းလိုချင်လား ကောင်းပြီ ဒီမှာကြည့် ရွှေရောင် သစ်သီးတွေ ... ရှင်းဝူဟန် မင်းပြောတာမှန်တယ်။ ”
လင်းယွန်က ရွှေရောင် သစ်သီး ကိုးလုံး ထုတ်ပြလိုက်သည်။ တစ်ဆက်တည်းမှာပင် ရှင်းဝူဟန်ထံ လှည့်ကြည့်ရန် မမေ့ခဲ့ချေ။
ရွှေရောင် သစ်သီး ကိုးလုံးကြောင့် လူတိုင်းမှင်တတ်ကုန်သည်။ အောင်းကြွယ်နှင့် မုရှို့ဟန်ပင် အံသြသွား၏။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
“ အိုး ...သေစမ်း ... ဒါက တကယ့် ရွှေရောင်သစ်သီးတွေပဲ ... ကိုးလုံး ... ဒီလူ ဘယ်လို လုပ်လိုက်တာလဲ ။ ”
“ အုပ်စိုးရှင် ကျောက်တိုင် သမိုင်းမှာ ရွှေရောင်သစ်သီး ကိုးလုံးကို ဘယ်သူမှ မရဖူး သေးပါဘူး။ ”
“ သေစမ်း ... ။ ”
ရှင်းဝူဟန်က မနာလိုစိတ်ဖြင့် ကျိန်ဆဲလိုက်သည်။ ရှန်းထျန်းနန်က မျက်လုံးကို ပွတ်သပ်လျက်၊
“ တကယ်ပဲ ရွှေရောင်သစ်သီးတွေ ... ။ ”
-ဟု အော်ဟစ်နေခဲ့သည်။
လူတိုင်း၏ အကြည့်များသည် ရွှေရောင်သစ်သီးများကြောင့် လောဘရိပ်များ ထင်ဟပ်လာခဲ့သည်။
သို့သော် ကျိကျစ်ရှီက သက်ပြင်းချ၏။ ဤအရာကို လူတိုင်းမြင်အောင် ထုတ်ပြခြင်းဖြင့် လင်းယွန်သည် လူသတ်ပေတော့မည်။
ပန်းသင်္ချိုင်းသည် တစ်စုံတစ်ယောက်ကို နှစ်သက် သဘောကျပါက ရွှေသစ်သီး မဆိုနှင့် သူ့အသက်ပင် ပေးနိုင်၏။
မဟုတ်သော် နတ်ဘုရား တပည့် ဖြစ်နေလျှင်ပင် ချမ်းသာပေးမည် မဟုတ်ချေ။
“ ငါ့ကို ပေးပါ ... အနာဂါတ်မှာ မင်း ငါ့ကျွန်ဖြစ်နိုင်တယ်။ ”
ဝမ်ကြွယ်က လောဘဖြင့် ပြောသည်။
“ မင်းလိုချင်ရင် သွားယူ။ ”
“ ဝှစ် ... ။ ”
လင်းယွန်က ရွှေသစ်သီး ကိုးလုံးကို ကောင်းကင်ပေါ် ပစ်ထုတ်လိုက်ရာ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ဘယ်လက်ဖြင့် ဓားရောင်ခြည် နှစ်စင်း ပစ်လွှတ်ကာ မိုးကြိုး သိမ်းငှက်နှင့် ကောင်းကင်သစ်သားတို့ထံ တိုက်ခိုက်လိုက်သည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
၎င်းတို့ နှစ်ဦးသည် ယခုလေးတင် အသက် ပြန်ရှင်လာခဲ့ကြသဖြင့် မရှောင်တိမ်းနိုင်တော့ဘဲ ပေါက်ကွဲ သေဆုံးသွားတော့၏။
ဤလုပ်ရပ်က စိတ်လှုပ်ရှားစရာ ကောင်းလွန်းပြီး သွေးဆာနေသော နတ်ဆိုး ကျင့်ကြံသူတိုင်းကို ဗလောင်ဆူစေသည်။
“ ကောင်းကင်သစ်သား ... မိုးကြိုးသိမ်းငှက်။ ”
ဝမ်ကြွယ်က မျက်နှာ ပြောင်းသွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် သူ့နောက် လိုက်နေသည်မှာ ကြာပြီ ဖြစ်သည်။ အချင်းချင်း ဆက်ဆံရေးမှာ သခင်နှင့် ကျွန်ထက်ပို၏။
“ အစ်ကိုကြီး ... ဒုတိယ အစ်ကို။ ”
ကျန်ရှိနေသော တစ္ဆေဇီးကွက်နှင့် လျှပ်စီး မြွေဟောက်တို့က ထိတ်လန့် သွားတော့သည်။ ထိုအချိန်တွင် လင်းယွန်က နဂါးထွက်သက်ဖြင့် ရှင်းဝူဟန်ထံ လှမ်းဆွဲလိုက်၏။
“ ဖောက် ... ။ ”
“ ဘောင်း ... ။ ”
တိုးညှင်းသော ပေါက်ကွဲသံဖြင့် ဦးခေါင်းကြေမွသွားသည်။ မြန်ဆန်လွန်းသဖြင့် ဖြစ်စဉ်ကို မမြင်လိုက်ကြချေ။ ရှင်းဝူဟန် နေရာ၌ သွေးမြူများသာ မြင်ခဲ့၏။
“ သူ ... ဘာလုပ်လိုက်တာလဲ။ ”
“ ဟို ... ဟိုမှာ ရှင်းဝူဟန် မရှိတော့ဘူး။ ”
“ အရမ်းမိုက်တယ် ... သတ် လူတိုင်းကို သတ်။ ”
သွေးမြင်လာပြီ ဖြစ်သဖြင့် နတ်ဆိုး ကျင့်ကြံသူများက အော်ဟစ် ရုန်းကြွလာခဲ့၏။ ဤဓားသမားသည် ပြုံးနေသော်လည်း အရာ အားလုံးအပေါ် တွက်ချက်ထားပြီး ဖြစ်၏။
သူတို့ကဲ့သို့သော နတ်ဆိုး ကျင့်ကြံသူများ အတွက် သတ်ခြင်းသည် လေးစား ဂုဏ်ယူဖွယ် အရည်အချင်း တစ်ရပ် ဖြစ်ချေပြီ။
“ မင်း သေလိုက်တော့ ... ။ ”
ဝမ်ကြွယ်က လင်းယွန် ရှေ့ရောက်လာပြီး လက်ဖဝါးဖြင့် ရိုက်သည်။ ဓားရည်ရွယ်ချက်နှင့် သူတော်စင် စွမ်းအင်များ ဖိနှိပ်ခံလိုက်ရ၏။
“ ခရစ် ... ။ ”
ထို့ကြောင့် လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးကို ခေါ်လိုက်ရသည်။ သို့တိုင် ဖိအားကို ခဏမျှသာခံနိုင်ပြီး အိုး၌ အက်ကြောင်းများ ပေါ်လာ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်လိုက်ကာ ဝမ်ကြွယ် လက်ဖဝါးကို ရှောင် လိုက်ရသည်။ ဆေးကြိုအိုး ထုတ်ယူပြီးနောက် ရှုံးနိမ့်ခဲ့သည်မှာ ဤတစ်ကြိမ် ပထမဆုံး ဖြစ်ချေ၏။
“ ဝှစ် ... ။ ”
ကျိကျစ်ရှီ မျက်နှာ ပြောင်းလဲသွားပြီး လင်းယွန်အနားသို့ ချက်ချင်း ပျံသန်းရောက်ရှိ လာသည်။
ဝမ်ကြွယ်က ဆက်လိုက်ရန် ပြင်ချိန်၌ ရှန်းထျန်းနန်နှင့် လင်းကျန့်ရှန့်တို့ နှစ်ဦးက ကြားဝင် ဟန့်တားလာခဲ့သည်။
“ သတိထား ... ။ ”
လင်းယွန်က သတိ ပေးလိုက်သော်လည်း နောက်ကျသွား၏။ ဝမ်ကြွယ် လက်ဖဝါးချက်က ရှန်းထျန်းနန်နှင့် လင်းကျန်းရှန့်ကို အဝေးသို့ ရိုက်ထုတ်ပစ်တော့သည်။
ဝမ်ကြွယ်၏ တန်ခိုးကြီးသော ရောင်ဝါက ချီလင်တောင် တစ်ခုလုံးကို တုန်ခါ သွားစေ၏။ ဤသည်မှာ သတ္တမအဆင့် သူတော်စင်သခင် ရောင်ဝါ ဖြစ်ချေပြီ။
***