မင်း ဘယ်သူလဲ။
Vol. 167 Ch. 2338
တစ္ဆေဇီးကွက်နှင့် လျှပ်စီး မြွေဟောက်က လင်းယွန် အောင်မြင်မှုမရအောင် တားဆီးရန် ပြေးဝင်လာသည်။
သို့သော် ကျိကျစ်ရှီမှ ဖီးနစ်သွေးများ ပွက်ပွက်ဆူလာပြီး ၎င်းတို့နှစ်ဦးကို ဟန့်တား လာသဖြင့် လိုရာ မရောက်တော့ချေ။
“ ဖီးနစ် သွေးသား ... ။ ”
“ သူက ဘယ်သူလဲ ... ။ ”
“ လင်းယွန်ရဲ့ ဝိသေသလက္ခဏာက မရိုးရှင်းဘူး ထင်ရတယ် ... ဒါပေမယ့် ငါတို့က သူ့အကြောင်းကို အရင်က မကြားဖူးဘူး။ ”
လူတိုင်း အံသြသွားကြသည်။ အဆုံးတွင် ဖီးနစ်သွေးသည် စကြဝဠာထဲ၌ အလွန်မွန်မြတ် ချေ၏။
သူမ ကဲ့သို့သော လူတစ်ယောက်မှ လင်းယွန်အနား ရှိနေသည်မှာ နားမလည်နိုင် ဖြစ်မိသည်။
မုရှို့ဟန်နှင့် အောင်းကြွယ်က ကျိကျစ်ရှီထံ ထိတ်လန့်စွာ ကြည့်မိသည်။ အောင်းကြွယ်က မနာလိုစွာဖြင့်၊
“ သူ့မှာ ကံကြမ္မာရှိတယ် ... ရွှေသစ်သီး ကိုးလုံးကို ရရှိခဲ့ရုံသာမကဘူး ... လှပတဲ့ ဖီးနစ် အဖော်လည်း ရှိနေတယ်။ ”
“ ဘာဖြစ်လဲ ... ဝမ်ကြွယ်ရဲ့ လက်မှာ သူသေလိမ့်မယ် ... ဆဋ္ဌမအဆင့် သူတော်စင် သခင်က ကစားပွဲကို လှည့်နိုင်မယ် ထင်နေလား။ ”
မုရှို့ဟန်က အေးစက်စွာ ကျိန်ဆဲသည်။
“ ဝမ်ကြွယ်က ... နတ်ဘုရားတစ်ပါးရဲ့ ကိုယ်တိုင် လမ်းပြမှု ရရှိထားတဲ့ အတွက် သူ့မှာ အကာအကွယ်တစ်ခု ရှိနေလိမ့်မယ်လို့ မင်းထင်လား။ ”
“ ရှိနိုင်တယ် တခြား နတ်တပည့်တွေနဲ့ ... ထိပ်တိုက်တွေ့စရာ ရှိလို့သာ မဟုတ်ရင် သူက အခုလို အချိန်ဖြုန်းချင်မှာ မဟုတ်ဘူး။ ”
အောင်းကြွယ်မေးခွန်းကို မုရှို့ဟန်က အေးစက်စွာ ပြန်ဖြေ၏။
“ လင်းကျန်းရှန့်နဲ့ ရှန်းထျန်းနန်တို့က ... သူ့ကို ကူညီဖို့ ဆန္ဒရှိနေတာနဲ့ပဲ ... အနိုင်ရမယ် ထင်နေတာ။ ”
တိုက်ပွဲသည် ဖရိုဖရဲ ဖြစ်ခဲ့သော်လည်း လင်းယွန်ကို မည်သူမျှ အကောင်းမြင်ခြင်း မရှိ ခဲ့ချေ။ သူသည် မာနကြီးလွန်း၏။ အမှန်ဆိုသော် ထွက်သွားသင့်သည်။
ကောင်းကင်ဓားခန်းမ၏ တပည့်များက ဤအဆင့်တိုက်ပွဲတွင် မပါဝင်နိုင်သောကြောင့် စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေရသည်။
“ ငါ့မှာ ဒေါသ မရှိဘူးလို့ ... မင်းထင်လား။ ”
အလောင်းဘုရင် ဆယ်ပါး၏ ဝိုင်းရံခြင်း ခံရပြီးနောက် ဝမ်ကြွယ်တစ်ယောက် ပြင်းစွာ ဒေါသ ထွက်လာခဲ့သည်။
သူ၏ အငွေ့အသက်များ လွင့်စင် သွားသောအခါ ဘဝ၊ မရဏနှင့် ဝါးမြိုခြင်း တာအိုတို့ စုံလင်စွာ ပေါင်းစပ်သွား၏။
ထိုဖြစ်စဉ်က ဘဝ-မရဏ ဒိုမိန်းတစ်ခု ထွက်ပေါ်လာစေသည်။ ထို့နောက် အလောင်း ဘုရင် ငါးပါး၏ ဦးခေါင်းများထံ ဘဝ-မရဏ အုပ်စိုးရှင် တံဆိပ်ကို ပစ်ထုတ်လိုက်၏။
“ ဝှစ် ... ။ ”
“ လာ ခဲ့ ... ။ ”
ဤသည်မှာ အကုန် မဟုတ်ချေ။ လက်ဝှေ့ယမ်းလျက် ကြောက်မက်ဖွယ် စုပ်ဝဲ တစ်ခုဖြင့် လင်းကျန်းရှန့်၏ ဓားရောင်ခြည် များကို ဝါးမြိုပစ်ပြန်သည်။
“ ရှေးဟောင်း ကောင်းကင် ဝါးမြိုခြင်း တံဆိပ် ... မင်း ပြန်ယူနိုင်တယ် ... ။ ”
သည့်နောက် သူ့လက်ကို တွန်းလိုက်ရာ ထိုစုပ်ယူထားသော ဓားရောင်ခြည်များ အားလုံး လင်းကျန်းရှန့်ထံသို့ ပြန်လှည့်လာ၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
လင်းကျန်းရှန် ခမျာ သူ့ဓားနှင့်သူ ပြန်လည်ထိုးနှက်ခံရကာ လွင့်စဉ်သွားသည်။ အသက်-မရဏ အုပ်စိုးရှင် တံဆိပ်သည်လည်း အလောင်းဘုရင် ဆယ်ပါးထံ ဖုံးလွှမ်းသွား၏။
အလောင်း ဘုရင်များမှာ ဖိအားကို မခံနိုင်တော့ဘဲ လွင့်စဉ်ကုန်၏။ ဝမ်ကြွယ်က ကောင်းကင်မှ ဆင်းသက်ပြီး ရှန်းထျန်းနန် ခေါင်းကို ဖိချပစ်လိုက်သည်။
“ ဒူးထောက် … ။ ”
“ ခေါင်းတလား။ ”
ဤသည်မှာ သေစေနိုင် သဖြင့် ရှန်းထျန်းနန်က ရွှေရောင် ခေါင်းတလားကို ခေါ်လိုက်ရသည်။
“ ဝေါ့ ... ။ ”
ရွှေခေါင်းတလား ပေါ်လာပြီး သူ့ကို ခေါင်းတလားအတွင်းသို့ ဆွဲသွင်းသွားတော့၏။ သို့တိုင် လက်ဖဝါးလှိုင်း ရိုက်မိကာ သွေး တစ်လုတ် အန်ခဲ့သေးသည်။
“ ဟား ဟား ဟား ... မင်းက နတ်ဘုရားတပည့် ဖြစ်တော့ရော ဘာဖြစ်လဲ မင်းငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး။ ”၏
“ ဝှီး ... ။ ”
“ ဒုန်း ... ဒုန်း ... ဒုန်း ... ။ ”
အလောင်းဘုရင်များ ထွက်လာသည့် ခေါင်းတလားများ အားလုံးက သူ့ရှေ့၌ နံရံ တစ်ခုလို ကာကွယ်ပေးလေသည်။
“ သေစမ်း ... ။ ”
ဝမ်ကြွယ်တစ်ယောက် ဒေါသ ထွက်သွားသည်။ ခေါင်းတလား အားလုံးကို ဖျက်ဆီးတော့၏။ သို့သော် ရွှေခေါင်းတလားက ပျက်စီးခြင်း မရှိချေ။ အဖုံးပိတ်လျက် ကြံကြံခံ နေသည်။
“ ဝုန်း ... ။ ”
“ ဝုန်း ... ။ ”
“ ဝုန်း ... ။ ”
အလောင်း ဘုရင်များ၏ ခေါင်းတလားများကို ရိုက်ထုတ်ပြီး ဘဝ-မရဏ အုပ်စိုးရှင် တံဆိပ်သည် ရွှေခေါင်းတလားအပေါ် အဆက်မပြတ် ပြုတ်ကျနေခဲ့သည်။ သို့သော် ခေါင်းတလားမှာ မပွင့်လာတော့ချေ။
“ ဟား ဟား ဟား ... မင်းက အရမ်း အားနည်း နေသေးတယ်။ ”
“ ဘုန်း ... ဘုန်း ... ။ ”
ရှန်းထျန်းနန်က ခေါင်းတလား အတွင်းမှ ရယ်မော လိုက်သည်။ နောက်ထပ် နှစ်ကြိမ်ထိုး ပစ်လိုက်သော်လည်း မထူးခြားခဲ့ဘဲ ဝမ်ကြွယ် လက်မှ သွေးများသာ စီးကျလာ၏။
“ ဟားဟားဟား ... ရှန်းထျန်းနန်က တကယ့်ကို မာယာများတယ် ... ဒီနည်းလမ်းက အလုပ်ဖြစ်သား။ ”
“ ဟား ဟား ဟား ... နတ်တပည့် တစ်ယောက်တောင် သူ့အပေါ် ဘာမှမလုပ်နိုင် တော့ဘူး။ ”
လူတိုင်း ရယ်မောလိုက်ကြ၏။ သူတို့၏ ရယ်မောသံသည် ဝမ်ကြွယ်ကို ဒေါသ ပိုထွက် စေသည်။ သို့သော် လုပ်စရာ နည်းလမ်း မရှိသဖြင့် နောက်ဆုတ်လိုက်ရ၏။
“ ကျွီ ... ။ ”
ထိုအချိန်တွင် ခေါင်းတလား အဖုံး လျှောခနဲ ပွင့်လာပြီး၊
“ ဟေး ... မင်း ဘယ်သွားမလို့လဲ။ ”
-ဟု နှုတ်ဆက်လိုက်သည်။
“ ဘုန်း ... ။ ”
သို့သော် ဝမ်ကြွယ်က လျှပ်စီးအလား ပြန်လှည့်လာပြီး လက်သီးဖြင့် ထိုးချလိုက်လေ သည်။ ခေါင်းတလားအဖုံး ပြန်ပိတ်သွားကာ လက်သီးက အဖုံးပေါ် ကျသွား၏။
“ ဟား ဟား ဟား ... မင်း အရမ်းနှေးတယ်။ ”
ရှန်ထျန်းနန် ရယ်သံက ခေါင်းတလား အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ကြွယ်ခမျာ တဝုန်းဝုန်း ထပ်မံ ထိုးနှက်တော့၏။
“ ဟား ဟား ဟား ... ။ ”
သူ ပြန်လှည့် ထွက်လိုက်သည်နှင့် ခေါင်းတလား အဖုံးပွင့်လာ ပြန်သည်။
“ ငါ ပြန်လာပြီ ... ။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
ဝမ်ကြွယ် ပြန်လှည့်ကာ ထိုးပြန်၏။ ရှန်းထျန်းရှန့်မှာ သူ့ထက်ခြေတစ်လှမ်း ပိုမြန်ပြီး ခေါင်းတလား အဖုံးကို ပြန်ပိတ်လိုက်သည်။
ဤမြင်ကွင်းက ရပ်ကြည့်နေ သူများကို အံသြသွားစေ၏။ ရှန်းထျန်းရှန့်သည် ဝမ်ကြွယ် တစ်ယောက် ရူးသွပ်သွားအောင် သည်အမှုကို ထပ်ခါထပ်ခါ ပြုလုပ်နေခဲ့သည်။
“ ငါ ပြန်လာပြီ ... ။ ”
“ ဝှစ် ... ။ ”
“ မိုးပြာနတ်တံဆိပ် ... ။ ”
နောက်ဆုံးတွင် မှားယွင်းစွာ တွက်ချက်မိခဲ့သည်။ ဝမ်ကြွယ်နဖူး၌ ရူရ်တစ်လုံး လင်းလာပြီး လက်သီးဖြင့် ထိုးနှက်လာ၏။
“ ဘုန်း ... ။ ”
၎င်းက ကြက်သွေးရောင် ဖြစ်ပြီး ခေါင်းတလား မပိတ်ခင် အဝေးသို့ ထိုးထုတ် နိုင်လိုက်သည်။
ရှန်းထျန်းနန်ခမျာ ပြန်ဝင်ချိန် မရတော့ သဖြင့် အရိုးများကွဲလျက် သွေးများ စွန်းကာ ရပ်ကျန်ရစ်ခဲ့၏။
“ ငါ နည်းနည်း လွန်သွားပုံရတယ် … ။ ”
ကူကယ်ရာမဲ့စွာ ဝမ်ကြွယ်ထံ ကြည့်ပြီး ပြုံးပြလိုက်သည်။ အစောပိုင်း လှောင်ပြောင်မှု များသည် လင်းယွန်ထက် သူ့ကို ပို၍ သတ်ချင်စေ၏။
“ ငါတော့သေပြီ ... ။ ”
ထင်သည့်အတိုင်း ပေပင်။ ဝမ်ကြွယ်က သူနှင့်စကားပြောရန် ဆန္ဒမရှိတော့ဘဲ ချက်ချင်း သတ်ရန် ကြိုးစားလာ၏။ သက်ပြင်းချလျက် သေခြင်းကို စောင့်ဆိုင်းနေမိသည်။
အဝေးမှ ရပ်ကြည့်နေသည့် ကျိကျစ်ရှစ် တစ်ယောက် မျက်နှာ ပြောင်းသွားခဲ့သည်။ သူမ ကူညီချင်သော်လည်း အလှမ်းဝေး နေ၏။
“ ဝှစ် ... ။ ”
သူမရှေ့ရှိ ပြိုင်ဘက် နှစ်ယောက်က ခွင့်မပြုချေ။ လင်းကျန်းရှန်ကသာ ရှန်းထျန်းနန် ရှေ့သို့ ဝင်ရပ်လိုက်ရသည်။
“ ရွှပ် ... ။ ”
သူမက ဓားကိုလွှဲကာ အလင်းများ ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ ဓားအလင်း ငါးလက် ဖြစ်၏။
ဤအရာက ကမ္ဘာကြီးအတွင်း ပေါင်းစပ် ပျော်ဝင်နေသည့် ဒြပ်စင်ငါးပါးတာအို ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းလှ၏။
“ ဝှစ် ... ။ ”
ဓားငါးလက်က မိုးပြာ နတ်တံဆိပ်ကို ဖြတ်တောက် လိုက်ပြီး ဝမ်ကြွယ်ထံသို့ ဆက်၍ ပြေးဝင်သွားသည်။
ဝမ်ကြွယ် တစ်ယောက် ထိတ်လန့်စွာဖြင့် မီတာရာဂဏန်း အကွာသို့ ချက်ချင်း ဆုတ်ခွာ လိုက်ရသည်။
“ ဒြပ်စင်ငါးပါး … ။ ”
တစ်ဖက်လူတွင် ဒြပ်ငါးပါး တာအိုကို ဆုပ်ကိုင်ထား သောကြောင့် အံ့ဩ သွားမိ၏။ သို့သော် နောက်ဆုံး ဓားထွက်လာပြီးနောက် လင်းကျန်းရှန့် ဒူးထောက်ကျ သွားသဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
အကြောင်းမှာ သူမသည် ဤအရာကို လုံးလုံးလျားလျား ဆုပ်ကိုင်နိုင်ခြင်း မရှိချေ။ အတင်းအကျပ် သုံးစွဲခဲ့ခြင်းကြောင့် အကျိုးဆက် ခံနေရ၏။
“ သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ် တစ်ကောင်ပဲ။ ”
လက်ဝှေ့ယမ်းလျက် လင်းကျန်းရှန့်ကို လွင့်ပျံသွားအောင် ဖယ်ထုတ် လိုက်လေသည်။ ဤအမျိုးသမီးသည် နတ်တပည့် မဟုတ်ချေ။
သို့သော် နတ်ဘုရား တစ်ပါးနှင့် ပတ်သတ်မှုအချို့ ရှိသည်။ ကမ္ဘာသုံးထောင်တွင် နတ်ဘုရားနှင့် ပတ်သက်သည့် တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်း မပြုရန် အသံတိတ် စည်းမျဉ်း တစ်ခု ရှိနေသည်။
ဤသည်မှာ သတ်မှတ်ထားခြင်း မရှိသော သတ်မှတ်ချက် ပေပင်။ ထို့နောက် မျက်ခုံးပင့်ပြီး ရှန်းထျန်းနန်ကို ကြည့်၏။
“ ဘာလို့ စကား မပြောတော့တာလဲ။ ”
သူ့မေးခွန်းကို ရှန်းထျန်းနန်က နားမလည်ဟန်ဆောင်သည်။
“ မင်း ဘယ်သူ့ကို မေးနေတာလဲ။ ”
“ ဟား ဟား ဟား ... သေခြင်းတရားနဲ့ ရင်ဆိုင်နေရတာတောင် မင်းက လှည့်ကွက်တွေ ကစားဖို့ ကြိုးစားနေတုန်းလား။ ”
ဝမ်ကြွယ်က ရယ်မောလျက် ရှန်းထျန်းနန်ကို လှမ်းဆွဲလိုက်၏။
“ လင်းယွန် ... အခု မထသေးရင် မင်းငါ့ကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး။ ”
ရှန်းထျန်းနန်က ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ ဝမ်ကြွယ်၏ ကန့်သတ် စွမ်းအားကြောင့် သူလှုပ် မရတော့ချေ။
“ ဟမ့် ... ငါကို လူမိုက်များ ထင်နေလား၊ ဆယ့်ငါးမိနစ် အတွင်းမှာ တစ်စုံတစ်ယောက်က ဆဋ္ဌမအဆင့် ချိုးဖြတ်လို့ ပြီးမြောက်တာ မင်း မြင်ဖူးလား။ ”
“ ရွှပ် ... ။ ”
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သို့သော် သူ့စကားဆုံးသည်နှင့် ဓားရောင်ခြည်တစ်စင်း ပျံသန်းလာသဖြင့် လက်ပြန်ရုတ်ပြီး ချက်ချင်း နောက်ဆုတ် လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ရှန်ထျန်းနန်က ပြုံးလျက်၊
“ မင်း ကတိတည်တယ်။ ”
-ဟု အလေးပြု လိုက်သည်။
“ ငါက သူ့အာရုံကို နည်းနည်းလေး နှောက်ယှက်မိတာ ခွေးရူးတစ်ယောက်လို ငါ့ လိုက်သတ်နေတယ်။ ”
ရှန်းထျန်းနန်က ဝမ်ကြွယ်ထံ ကြည့်ကာ ပြောလိုက်သည်။ လင်းယွန်က ပြုံးရုံသာ ပြုံး၏။ ဝမ်ကြွယ်နေရာ၌ သူဆိုလျှင်လည်း အလွတ် ပေးမိမည် မဟုတ်ချေ။
“ သေစမ်း ... ဒီအရူး ထပ်လာပြန်ပြီ။ ”
ဒေါသဖြင့် ပြေးဝင်လာနေသည့် ဝမ်ကြွယ်ကိုမြင်ပြီး ရှန်းထျန်းနန် တစ်ယောက် ရွှေခေါင်းတလား ဆီသို့ လှည့်ပြေးသွား တော့သည်။
“ ဝှစ် ... ။ ”
လင်းယွန်က အရိပ်လို ပြေးထွက်ပြီး ဝမ်ကြွယ်နှင့် ထိပ်တိုက် ရင်ဆိုင်၏။ စက္ကန့်ပိုင်း အတွင်း လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်သွားသည်။
လင်းယွန်၏ ရွှေဆေးပြားနှင့် ကြယ်ဓားနှစ်လက် တောက်ပလာပြီး နဂါး-ဖီးနစ် ကမ္ဘာဖျက်ဓားကျမ်းကို အသက် သွင်းထားရ၏။
ခရမ်းရောင် နန်းတော်အတွင်း ကမ္ဘာဖျက် ဆေးအိုးကြီး သည်လည်း လွင့်ဝဲလျက် ခန္ဓာအနှံ့ စွမ်းအင်များ ပေးပို့ပေးလာသည်။
အစောပိုင်း အချိန်က သူတော်စင် စွမ်းအင်များကို ရွှေဆေးပြားမှ ဝါးမျိုလိုက် သောကြောင့် ၎င်းက မကျေမနပ်ချေ။
“ ဘုန်း ... ။ ”
ထိုကြောင့် လင်းယွန်က လက်သီး ပြင်နေသည်ကို မြင်သောအခါ သူ့ဒေါသအား ဝမ်ကြွယ်အပေါ် ပစ်တင်လိုက်သည်။
ဝမ်ကြွယ်ခမျာ ပါးစပ်မှ သွေးများ စီးကျလျက် လွင့်ပျံသွားတော့သည်။ မြေပြင်ပေါ် ရောက်ချိန်၌ ခြေလှမ်းများစွာ နောက်ပြန် ဆုတ်ရသွား၏။
ဤရလာဒ်က သူ့ကို မျက်လုံးပြူးသွားစေသည်။
“ မင်း ဘယ်သူလဲ ... မင်းက အမည်မဲ့ တစ်ယောက်တော့ မဖြစ်နိုင်ဘူး။ ”
ဆေးအိုးကြီး၏ ဖျက်ဆီးလိုသော ရောင်ဝါများ ထုတ်ဖော်လျက် ပန်းသင်္ချိုင်းကို ဆွဲထုတ်လိုက်ကာ လင်းယွန်က ပြုံး၏။
“ ငါ ... ဘယ်သူလဲ သိချင်လား ... ငါက ပန်းသင်္ချိုင်း လင်းယွန် ... ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေးတယ်။ ”
သူ့ကိုယ်သူ မိတ်ဆက်ပေး ပြီးသည်နှင့် နိဗ္ဗာန်တာအို အသက်သွင်းကာ ကောင်းကင်ပေါ် ပျံတက်လိုက်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ဝမ်ကြွယ်က ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ကာ တုန့်ပြန်ရန် ပြင်လိုက်သော်လည်း လင်းယွန်မှာ သူ့အနား ရောက်မလာခဲ့ချေ။
“ ဝှီး ... ။ ”
သို့သော် ဓားပန်းတစ်ပွင့် ရွေ့လျားလာပြီး သူ့ရင်ဘတ်ပေါ် ထိမှန်လျက် သွေးများပန်းထွက် လာတော့သည်။
သေခြင်းတရား မြင်လိုက်ရသကဲ့သို့ သူ့ဝိညာဉ်ခမျာ တဆက်ဆက် တုန်ယင်သွား ခဲ့၏။
ထိုအချိန်တွင် လင်းယွန်က လေထုအလယ် ပျံဝဲလျက် သူ့ထံ ရပ်ကြည့်နေသည်ကို မြင်လိုက် ရသည်။ သူ့ကို လုံးဝ မတိုက်ခိုက်ခဲ့ဖူးသူ တစ်ယောက် ကဲ့သို့ ခံစားလာရ၏။
***