← Chapters

ရှဲ့

Vol. 1 Ch. 15

ရှဲ့

Vol. 1 Ch. 15

ရှဲ့၊ ကလေးတစ်ရာ!

လီခယ်ဖာတို့ အားလုံးတွင် မြို့ထဲတွင် နတ်ဆိုးများ အလွန်နည်းပါးကြကြောင်း၊ အများစုမှာ ကျေးလက်တွင်သာ ရှိနေကြောင်း ကြားသိခဲ့ရသော်လည်း အခုလို နတ်ဆိုးကိုတော့ မတွေ့ဖူးကြချေ။

ဤအရာကို ကျေးလက်သို့ မကြာခဏ သွားလေ့ရှိသော အစိုးရအမှုထမ်း အနည်းငယ်သာ သိကြသည်။ ကလေးတစ်ရာသည် ညဘက်တွင် ပေါ်လာပြီး လူတွေရဲ့ အသံကို အတုယူတတ်သူဟု ဆိုထားသည်။ အခုလည်း ကလေးငိုသံကို အတုယူထား၏။

ကလေးတစ်ရာဆိုသော ရှဲ့မကောင်းဆိုးဝါး ရှိရာ ရွာကို မည်သူမဆို သွားရောက်စစ်ဆေးမည် ဆိုပါက ၎င်းတို့သည် အဝတ်အစား ဝတ်ထားသော လူအသားအရေသာ ကျန်တော့တဲ့အထိ အစားခံလိုက်ရမှာ သေချာ​ပေသည်။

ကလေးတစ်ရာသည် လူ့အသားအရည်ကို ထိန်းချုပ်ပြီး၊ လူ့အပြောအဆိုကို အတုယူကာ ရွာသားများကို အပြင်ထွက်လာအောင် လှည့်စားတတ်သည်။ ပြီးရင်တော့ ထိုလူများကိုသာ စားပစ်မည် ဖြစ်သည်။

တစ်ချိန်ကဆို ကလေးတစ်ရာသည် ရှင်းရှန်ခရိုင်ရှိ ကျန်းယန်ရွာဟု ခေါ်သော ရွာကို လှည့်စားခဲ့ရာ ရွာရှိလူအယောက် ၆၀% အထိ လှည့်စားခံရပြီး သက်ကြီးရွယ်အို၊ အားနည်းသူ၊ မကျန်းမမာနှင့် မသန်စွမ်းသူများသာ ကျန်ခဲ့သည်။

ကလေးတစ်ရာသည် အလွန်ရှားပါးပြီး ရှဲ့များကြားတွင် အတော်လေး အစွမ်းထက်သော ဘီလူးတစ်ကောင်လည်း ဖြစ်လေ၏။ သူတို့မှာ ညဘက် ကျေးလက်တောရွာတွင် ပထမဆုံးအကြိမ် လမ်းလျှောက်ထွက်လာရာမှ ကလေးတစ်ရာနဲ့ သွားဆုံလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"သတ်!"

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်ပြီး ကျန်အစိုးရ အမှုထမ်း​များနှင့် လီမိသားစု ကျင့်ကြံသူတွေသည် ဝိညာဥ်စွမ်းအင်များ တစ်ပြိုင်တည်း ပစ်ခတ်လိုက်ကြသော်လည်း ၎င်းတို့ရှေ့မှ လေထုသာ အနည်းငယ် တုန်ခါသွားတာ မြင်လိုက်ရသည်။ ဓားစွမ်းအင်များက ရှဲ့၏ ခန္ဓာကိုယ် အရေပြားကိုသာ ပွတ်တိုက်၍ မီးပွားများ နေရာအနှံ့ ပျံ့လွင့်သွား​စေခဲ့သည်။

ကျစ်ဝူ လူဆိုးသတ်ဓားသိုင်းသည် သာမန်မျက်စိဖြင့် မမြင်နိုင်အောင် လျင်မြန်သည်။ ၎င်းသည် စစ်မှန်သော ချီစွမ်းအင်နှင့် နတ်တန်ခိုးကို ခုခံရန်ခက်ခဲသော ဓားသိုင်းအဖြစ် ပေါင်းစပ်ထားတာပဲ ဖြစ်သည်။

နောက်ထပ် ကျစ်ဝူဓားသိုင်း၏ ဓားရှည်များစွာသည် ရှဲ့ကို ခုတ်ပိုင်းပစ်ဖို့ မအောင်မြင်ဘဲ အနားရှိ သစ်ပင်များကိုသာ ဓားတစ်ချောင်းဖြင့် ခုတ်ထစ်လိုက်သကဲ့သို့ ဖြတ်ပြေးသွား၏။ ထူထဲသော သစ်ပင်များကို ထိမှန်သွားတဲ့ စွမ်းအားက အံ့မခန်းပင်။ ဒီလောက် အစွမ်းထက်တဲ့ ဓားစွမ်းအင်က ကလေးတစ်ရာရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအနည်းငယ်ကို ဖြတ်တောက်ပြီး ဒဏ်ရာရအောင် မလုပ်နိုင်သေးချေ။

"ဒင်း! ဒင်! ဒင်!"

ကလေးတစ်ရာ၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းသဖြင့် ဓားစွမ်းအင်တွေ သူ့အသွေးအသားထဲသို့ ပြတ်တောက်သွားသောအခါ သွေးများ ရုတ်တရက် ပျံ့နှံ့သွားသည်။ တချို့က ကလေးတွေရဲ့ လည်ပင်းတွေကို ဖြတ်တောက်ပစ်တာကြောင့် ခေါင်းတွေ ပြတ်သွားရာ ကလေးတွေရဲ့ လက်တွေ ခြေထောက်တွေက ယက်ကန်ယက်ကန်ဖြင့် ရှုပ်ပွကုန်ကာ ခေါင်းတွေက အော်ဟစ်နေကြတာကို တွေ့လိုက်ရ၏။

သို့သော် တွားသွားလာတာကတော့ တဖြေးဖြေး နှေးလာကာ တဖြည်းဖြည်း အသက်ရှုသံတွေ ဆုံးရှုံးပြီး မနှစ်မြို့ဖွယ် အနံ့အသက်ဆိုးဖြင့် ပုပ်ပွနေသော အသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

အနီးနားရှိ သစ်ပင်များသည်လည်း ရုတ်တရက် ဘေးဥပဒ်ဒဏ်ကို ခံစားခဲ့ရတာကြောင့် တဟုန်ထိုး ပြိုလဲကျသွားသည်။ ကလေးတစ်ရာလည်း ရှုံးသွားတာကြောင့် တစ်လမ်းလုံးက သစ်ပင်တွေကို ဝင်တိုက်ရင်း တောနက်ထဲ ပြေးဝင်ကာ မြေပြင်မှာ သွေးစိမ်းစိမ်းတွေသာ ကျန်ခဲ့သည်။

လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့တစ်ဦးစီမှာ ကြောက်ရွံ့ထိတ်လန့်နေသော အရိပ်အယောင်တွေ ရှိနေဆဲ ဖြစ်သည်။ လီခယ်ဖာ တစ်ချက် လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် လူငါးဆယ်ကျော် ပျောက်ဆုံးနေခဲ့သည်။

ချွီကျီး တိုးတိုးလေး ကပ်ပြောလာသည်။

"လူကြီးမင်း... စခန်းချဖို့ နေရာရှာချင်လို့လား..."

သို့သော် လီခယ်ဖာက သူ့ကို အုံ့မှိုင်းတဲ့ အကြည့်တွေ ပေးလာတာကြောင့် ချွီကျီးလည်း ဆက်မပြောရဲတော့ချေ။

"ဆက်သွား.... ဒီည ဟွမ်ဖောရွာကို အရောက် သွားရမယ်!"

လူအုပ်ကြီးသည် လီခယ်ဖာ ပတ်ပတ်လည်တွင် စုရုံးပြီး ဟွမ်ဖောရွာဆီသို့ ဆက်၍ ဦးတည်လာခဲ့ကြသည်။

အနောက်မှာ လမ်းလျှောက်နေတဲ့ အစိုးရအမှုထမ်း အနည်းငယ်မှာ အလိုလိုကို တုန်လှုပ်ခြောက်ခြား နေတော့သည်။ ဒီတောင်တွေနဲ့ တောအုပ်တွေထဲမှာ တခြား နတ်ဆိုးတွေ ပုန်းအောင်းနေပြီး သူတို့နောက်ကို လိုက်လာနေမလား သံသယရှိနေကြ၏။

"တစ်လျှောက်လုံး သံသယ၀င်မ​နေနဲ့... အမြဲတမ်း နောက်ပြန် လှည့်မကြည့်နဲ့!!"

သူ့ဘေးနားက အမှုထမ်းလေးတစ်ယောက်က ပြုံးပြီး ပြောလေသည်။

"မင်းပြန်​ပြန် ကြည့်​နေတော့ ငါတောင် ရှက်လာပြီ..."

စကားမဆုံးခင်မှာ သူက သူ့ခေါင်းကို လှည့်လိုက်ရာ သူ့လည်ပင်းကနေ ရုတ်တရက် အသံတစ်သံ ထွက်လာပြီး ခေါင်းက ပျော့ခွေကျသွားတော့သည်။ သူ့လည်ပင်းမှာ အရိုးတွေ မရှိသလို၊ ခေါင်းက နောက်ပြန် ဆွဲချထားသလို ဦးခေါင်းက နောက်ကျောမှာ ကပ်နေပြီ။

နံဘေးက အမှုထမ်းမှာလည်း အလွန်ထိတ်လန့်သွားသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ထိုစဥ် ရုတ်တရက် သန်မာသော လက်တစ်စုံက သူ့လည်ပင်းကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။

"ဂျွတ်!"

အသံဆုံးတာနဲ့ လည်ပင်းကျိုးပြီး ဦးခေါင်းက အနောက်ကို လည်ထွက်သွားသည်။ တခြားအမှုထမ်းများလည်း ပို၍ ထိတ်လန့်သွားကြသည်။ သို့သော် တစ်စုံတစ်ယောက်က ခေါင်းလှည့်သည့် အခါတိုင်း လည်ပင်းက ချက်ချင်းကျိုးသွားလိမ့်မည်။

ရှဲ့ ၊ ခေါက်ချိုးမကောင်းဆိုးဝါး!

"အားလုံး နောက်လှည့်မကြည့်နဲ့!"

ချွီကျီး အေးစက်စက် ချွေးတွေ ထွက်ကျလာသည်။

"ဒါက မကောင်းဆိုးဝါး တစ်မျိုးပဲ ဖြစ်ရမယ်.... လှည့်ကြည့်လိုက်ရင် မင်းတို့လည်ပင်း ကျိုးသွားလိမ့်မယ်... လှည့်မကြည့်ရင် ဘာမှမဖြစ်ဘူး!"

အားလုံးက တုန်တုန်ယင်ယင်ဖြင့် ရှေ့ကိုသာ ဆက်လျှောက်ရန် တွန်းအားပေးရတော့သည်။ ထိုအခိုက် လူတစ်​​ယောက်​က သက်​ပြင်း​လေးချကာ ပြုံးပြုံးရွှင်​ရွှင်​ဖြင့်​ ပြောလာ၏။

"ဆရာကြီးချွီက တကယ်​​ အမျှော်အမြင် ရှိသားပဲ..."

ဝုန်း---

ကြီးမားသော စွမ်းအားက ရုတ်တရက် ကောင်းကင်သို့ ခုန်တက်သွားသည်။ လူတိုင်းလည်း မျှော်ကြည့်လိုက်ကြရာ လေထဲမှ ထွက်ပေါ်လာသော အော်သံများကိုသာ တုန်လှုပ်ချောက်ချားဖွယ် ကြားလိုက်ရ၏။ ထို့နောက် ကြောက်မက်ဖွယ် အရှိန်ဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

ရှဲ့၊ သင်းကွပ်ကောင်။

"တတိယ ရှဲ့မကောင်းဆိုးဝါး!"

လီခယ်ဖာသည် နတ်အသွင်ပြောင်းနယ်ပယ်က လူတစ်ဦးဖြစ်သော်လည်း ဤအခိုက်အတန့်တွင် တိတ်တဆိတ် နောင်တရနေကာ လူတိုင်းကလည်း ချွေးများပင် အေးခဲသွားကြသည်။

"ဒီရှင်းရှန် ကျေးလက်ဒေသက ဘယ်လိုလုပ် ဒီလောက် ဆိုးသွမ်းနေရတာလဲ"

ထိုအချိန်တွင် တံပိုးသံများနှင့် သီချင်းဆိုသံများ ထွက်ပေါ်လာပြန်သည်။ လူတိုင်း အသံလာရာဘက်သို့ ကြည့်လိုက်ရာ လရောင်အောက်တွင် မတ်တတ်ရပ်ကာ တီးမှုတ်သီဆို၊ ကခုန်နေကြတဲ့ လူတစ်စုကို တွေ့လိုက်ရသည်။

သူတို့နောက်တွင် သွေးနီရောင် ရထားလုံးတစ်စင်းသည် လေထဲတွင် လွင့်ပျံကာ သီချင်းသံနှင့်အတူ လှုပ်ယမ်းနေ၏။

ရထားလုံးရဲ့ ကန့်လန့်ကာ လေတိုက်၍ လွင့်သွားစဥ် ဖီးနစ်သရဖူနှင့် လှပသော ၀တ်စုံပါသော သတို့သမီးတစ်ဦးကို တွေ့လိုက်ရသည်။ နံဘေးတွင် ကြောက်လန့်တကြား ထိုင်နေသော စာသင်သားတစ်ယောက်လည်း ရှိသည်။ ၎င်းက မိုးမမှောင်ခင် ရွာထဲမှာ ပုန်းဖို့ အချိန်မရသူ ဖြစ်ပေမည်။

နောက်ထပ် လေပြင်းကြောင့် ကန့်လန့်ကာ လွင့်စင်သွားသောအခါ သတို့သမီးသည် လှပဆဲဖြစ်သော်လည်း စာသင်သားက မရှိတော့ဘဲ အဖြူရောင်အရိုးစု တစ်ခုသာ ကျန်ခဲ့တော့သည်။ ထို့နောက် တောက်ပသော အနီရောင် ရထားလုံးက ပို၍ပင် တောက်ပလာခဲ့သည်။

"အဲဒါဆွေ့ပဲ!"

လူတိုင်း အထိတ်တလန့်ဖြစ်ကာ မြေခွေးများနှင့် ရထားလုံးကို တိုက်ခိုက်ရန် အမျိုးမျိုးသော ဓားစွမ်းအင်များကို ထုတ်သုံးလာကြတော့၏။

ဓားစွမ်းအင်မျိုးစုံသည် လေထဲ၌ အရည်ပျော်ကျသွားသလိုပဲ ပျောက်သွားသည်။ ရုတ်တရက် လေတစ်ချက် တိုက်သွားစဥ် ကန့်လန့်ကာသည် လွင့်ထွက်သွားပြီး သရဲသတို့သမီး ဘေးတွင် သမိုင်းပညာရှင်ကြီး ချွီကျီးက ထိုင်လျက်သား ပေါ်လာပြီး ထိတ်လန့်သော အကြည့်များဖြင့် သူ့တို့အား ကြည့်နေလေသည်။

လီခယ်ဖာလည်း အေးစက်စွာ အော်ဟစ်လိုက်ပြီး အစွမ်းကုန် ထုတ်တော့သည်။ နတ်ကွန်းရှိ နတ်သန္ဓေသားလေးသည် ရုတ်တရက် အလွန်ကြီးမားလာကာ အနီရောင် ရထားလုံးကြီးကို ကိုင်ဆွဲလိုက်၏။

ဂီတသံကလည်း ကျယ်လောင်စွာ မြည်လာကာ မြေခွေးသည် ပျော်ရွှင်စွာ တီးမှုတ်လာကုန်သည်။ လီဖယ်ဖာ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားကာ သူ့အသက်ရှုသံများ ပြန့်ကျဲသွားကာ နတ်သန္ဓေသားက ရထားလုံးကို မဖမ်းနိုင်တော့ပေ။ လူအုပ်ကြီးက ခရိုင်တရားသူကြီး လီခယ်ဖာကို ဝိုင်းပြီး အလျင်စလို ပြေးကြပေမဲ့ သူတို့ ဘယ်ကိုပဲ ပြေးနေပါဟေ တံပိုးသံတွေနဲ့ သီဆိုသံတွေက သူတို့ရှေ့ချည်း ကြိုရောက်နေလေသည်။

အနီရောင် ကန့်လန့်ကာလေး မြှောက်လိုက်တိုင်း လူတစ်ယောက် ပျောက်သွားပြီး ရထားလုံးထဲမှာ ပေါ်လာ၏။

လီခယ်ဖာ ဝန်းကျင်ရှိ လူအရေအတွက်လည်း တဖြည်းဖြည်း နည်းလာသည်။ သူတို့ အဝါရောင် ရွှံ့ကုန်းတစ်ခုအနီးသို့ ပြေးလာသောအခါတွင် ကြမ်းတမ်းသော တံပိုးသံများနှင့် ဆူညံသံများ ရုတ်တရက် ပျောက်ကွယ်သွားကာ မြေခွေးအဖွဲ့နှင့် အနီရောင် ရထားလုံးက ၎င်းတို့နောက်ကသာ လိုက်လာကြ​တော့သည်။

သူတို့ရှေ့က ရွာကို အရမ်းကြောက်နေတဲ့ အတိုင်းပင်။

ဤတော့မှ လီခယ်ဖာရဲ့ တုန်လှုပ်ချောက်ချားမှုမှာလည်း ငြိမ်သက်သွားသည်။ လူအရေအတွက်ကို ရေတွက်ကြည့်ရာ သူ့ပတ်ဝန်းကျင်တွင် လူသုံးယောက်သာ ကျန်တော့သည်။ လူငါးဆယ်ကျော် ခရီးသွားခဲ့ကြသော်လည်း ဟွမ်​ဖောကျေးရွာသို့ မရောက်မီတွင် လေးဦးသာ လွတ်မြောက်ခဲ့သည်။

လီခယ်ဖာ: "ကျေးလက်က လူတွေက မကောင်းဆိုးဝါးတွေ ပေါက်ဖွားလာ​စေချင်တဲ့ နှလုံးသားတွေ ရှိကြတယ်တဲ့..."

ထိုအချိန်တွင် အဝေး မလှမ်းမကမ်းမှ လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းကင်မှာ တောက်ပနေတဲ့ လမင်းနဲ့ ပတ်သတ်လို့ ရှဲ့တွေ ပေါ်လာတာပါ... ငါတို့ရွာသားတွေရဲ့ နှလုံးသားနဲ့ ဘာဆိုင်လို့လဲ.... ကျေးဇူးပြုပြီး လူကြီးမင်းလီက စိတ်မခုစမ်းပါနဲ့...."

"ဘယ်သူလဲ??"

အစိုးရအမှုထမ်း သုံးဦးသည် လီခယ်ဖာကို ဝန်းရံလျက် ဘုရားကျောင်း အနောက်ဘက်သို့ အလျင်အမြန် ရွှေ့လာခဲ့သည်။ ဘုရားကျောင်းမှ အလင်းတန်းများ ထွက်လာပြီး အသံအတိုင်း ပြေးလာခဲ့ကြသည်။

တောင်စောင်းမှာ အရပ်ရှည်ရှည် အဘိုးအိုတစ်ယောက် ရပ်နေ၏။ သူ့မုတ်ဆိတ်ဖြူဖြူက လေထဲမှာ တဖျပ်ဖျပ် ခတ်နေပေမယ့် သူ့မျက်လုံးတွေက လရောင်အောက်မှာ အနီရောင်တောက်နေတာကြောင့် ကြည့်မိတဲ့လူကို ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ခံစားမိစေသည်။

လီခယ်ဖာက အခွင့်အာဏာအပြည့်နဲ့ လှမ်းအော်သည်။

"မင်းဘယ်သူလဲ? ကောင်းကင်မှာ တောက်ပနေတဲ့ လမင်းနဲ့ မကောင်းတဲ့ဟာတွေ ဆက်စပ်နေတာကို မင်းဘယ်လိုလုပ် သိတာလဲ"

အရပ်ရှည်ရှည် အဘိုးအိုသည် သူတို့နှင့် စကားပြောနေသကဲ့သို့ ထူးဆန်းသော အကြည့်မျိုး ရှိနေပြီး သူ့ကိုယ်သူ ညည်းညူနေသည်-

"ဘာလို့လဲဆိုတော့ လရောင်မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခုကို ငါတွေ့လိုက်ရလို့ပဲ... အဲဒါကငါ့ကို ညတိုင်း စားချင်လာအောင် ဆွဲဆောင်နေတာ..."

သူက စကားမပြောတော့ဘဲ လက်ခုပ်ဆုပ်ပြီး "ဟွမ်​ဖောရွာရဲ့ အဆောင်ဆွဲဆရာ ချန်ယင်တု... လူကြီးမင်းလီကို ဂါဝရပြုပါတယ်"

"မင်းက အဆောင်ဆွဲဆရာ ချန်ယင်တုလား"

လီခယ်ဖာရဲ့ မျက်လုံးမျာက တောက်ပလာပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

"ငါ့သား လီရှောင်တင်ကို သတ်လိုက်တာ မင်းလား"

အရပ်ရှည်ရှည် အဘိုးအိုက ခေါင်းခါကာ "ငါသတ်တာ မဟုတ်ဘူး"

လီခယ်ဖာ အနည်းငယ် လန့်သွားသည်။

"ငါ့မြေး သတ်လိုက်တာ!"

အရပ်ရှည်ရှည် အဘိုးအို: "ငါက စခန်းအပြင်ကနေ သူ မထိန်းနိုင်တဲ့သူ ရှိမရှိကို စောင့်ကြည့်နေရုံပဲ... သူ လူသတ်သွားတာကို ကြည့်ပြီး အရမ်းပျော်သွားတယ်... နောက်ဆုံးတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ စွမ်းအားတွေ ရှိနေပြီလေ"

လီခယ်ဖာ၏ မျက်လုံးများက ပြင်းထန်စွာ ခက်ထန်လာသည်။ သူ့သားကို သတ်ပစ်တာဟာ ကိုယ့်ကိုယ်ကို လေ့ကျင့်တဲ့ နည်းလမ်းတစ်ခုလို့ ဒီအဘိုးကြီးက ပြောနေတာလား။ ဒီစကားက သူ့အတွက်ကတော့ အတော်လေး အရှက်ရစရာ ကောင်းပေသည်။

အဘိုးအိုက "လူကြီးမင်းလီက ရက်စက်တဲ့ပုံစံနဲ့ လာနေတာပဲ... မင်းသားအတွက် လက်စားချေဖို့ ငါ့မြေးကို လာသတ်တာလား... ရှေးခေတ်ကတည်းက လူသတ်မှုကို တစ်သက်လုံး ပိုက်ဆံနဲ့သာ ပေးနေရရင် မွဲသွားမှာသေချာတယ်...မင်း ငါ့မြေးကို သတ်ချင်တာက ဖြစ်သင့်ပါတယ်...ငါကလည်း ငါ့မြေးကို ကာကွယ်ဖို့အတွက် မင်းကို သတ်ပစ်ရတာက ကျိုးကြောင်းဆီလျော်တယ်...."

လီခယ်ဖာသည် ကျယ်လောင်စွာ အော်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ခေါင်း အနောက်ဘက်ရှိ နတ်ကွန်းကြီး တုန်လှုပ်သွားကာ အလင်းရောင်က ဘုရားကျောင်းဆောင်ကြီး တစ်ခုကဲ့သို့ပင် တောက်ပသွားသည်။ နတ်သန္ဓေသားက နတ်ကွန်း အလယ်တွင် ထိုင်လျက်ရှိကာ နတ်တန်ခိုးတွေက ကြီးမားလှသည်။

သို့သော် ဓားစွမ်းအင် မပြင်ဆင်ရသေးခင်မှာပဲ ကြီးမားသော မီးလုံးကြီးက သူ့မျက်နှာကို ရုတ်တရက် ထိမှန်သွားသည်။

လီခယ်ဖာသည် ထိုမီးလုံးကို တွန်းလှန်နေချိန်တွင် လီမိသားစု၏ လျှို့ဝှက်ကျင့်စဥ်ကိုလည်း အသက်သွင်းနေခဲ့သည်။ ယင်ကျောက်စိမ်းဘီးခြောက်ခုနှင့် ယင်ချီတို့သည် ထိုအရပ်ရှည်ရှည် အဘိုးအိုဆီသို့ လှည့်ပတ်နေသော ဘီးများနှယ် ပြေးဝင်သွား၏။

ယင်ချီက သာမန်မျက်စိနဲ့ မမြင်နိုင်ဘဲ ကောင်းကင်မှာ လှည့်နေတဲ့ ခြောက်ဘီးပုံသဏ္ဌာန် အရာဝတ္ထုတွေကိုသာ ခပ်ဝါးဝါးမြင်ရပြီး ရှင်းရှင်းလင်းလင်း မမြင်ရချေ။

သူ့နတ်သန္ဓေသား၏ လက်များက အလင်း တဖျပ်ဖျပ်ခတ်သွားသည်။ လက်ချောင်းများက ပျံသွားကာ ပို၍ပင် အစွမ်းထက်လှသည့် ကျောက်စိမ်းဘီးများကို ထိန်းချုပ်ထားလိုက်သည်။

သို့သော်လည်း စွမ်းအင်အနည်းငယ်သာ ရှိပုံရသော မီးသည် လီခယ်ဖာခန္ဓာကိုယ်ကို အကာအကွယ် ပေးထားသည့် စွမ်းအင်ကို ထိမှန်ကာ ပေါက်ကွဲသွား၏။ ချက်ချင်းဆိုသလို ဧကပေါင်းများစွာ ကျယ်ဝန်းသော နေရာသို့ လေလှိုင်းများ ရိုက်ခတ်သွားခဲ့သည်။

ကျန်သုံးယောက်မှာ အပိုင်းပိုင်း ပြတ်တောက်သွားသည်။ မီးထဲတွင် ၎င်းတို့ရဲ့ အသွေးများက အငွေ့ပျံကာ ညည်းတွားရန်ပင် အချိန်မရှိလိုက်ပေ။

လီခယ်ဖာ ခန္ဓာကိုယ်ပေါ်တွင် တောင်တန်းကြီးလို အကာအကွယ် အဆောင်စာရွက်၊ အသက်ကယ် အဆောင်စာရွက်နဲ့ အသက်ရှည်ခြင်း အဆောင်စာရွက်တို့ ပါဝင်သည်။ ဤအဆောင်စာရွက် သုံးမျိုးသည် လီမိသားစု၏ ပိုအရေးကြီးသော တပည့်များအတွက် အသက်ကယ် ရတနာများသာ ဖြစ်ကာ လီမိသားစုမှ အကြီးအကဲများ ရေးဆွဲထားသည်။

မတူညီတဲ့ ထိုးနှက်ချက်တိုင်းကို အဆောင် အမျိုးအစားအလိုက် ခံနိုင်ရည်ရှိသည်။ အခု သုံးမျိုးစလုံးကို ပေါင်းစပ်ထားသော်လည်း မီးထဲတွင် တစ်ခဏမျှသာ ခံနိုင်ပြီး တစ်ခုပြီးတစ်ခု ​ပေါက်ကွဲသွားသည်။

မီးက တောက်လောင်နေဆဲ ဖြစ်ပြီး လီခယ်ဖာသည် တစ်ခဏချင်းပင် တောက်လောင်နေသော မီးထဲ၌ စူးစူးဝါးဝါး အော်ဟစ်လေ၏။ သူ့ရဲ့ နတ်ကွန်းနဲ့ နတ်သန္ဓေသားကလည်း အရည်ပျော်ကျသွားသည်။

သူရဲ့ မှော်ဘဲခြောက်ဘီးက ဆိုရင် ဘယ်သူမှ မထိန်းနိုင်ဘဲ ပျံ့လွင့်သွားသည်။

"ငါ ဗိုက်ဆာနေပြီ... လူသားစားချင်စိတ် ကြီးထွားလာနေတာကို ရပ်တန့်နိုင်အောင် ဒီအလောင်းတွေကို ဖျက်ဆီးပစ်ရမယ်!"

အရပ်ရှည်ရှည် အဘိုးအိုသည် တောက်ပသော လရောင်ကို ကြောက်ရွံ့သော အကြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်ကာ ရုတ်တရက် သစ်ပင်အောက်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

"ဒီလက ပိုထူးဆန်းလာနေပြီ..."

ပျက်စီး၍ မြုံနေသော တောင်ပေါ်ရှိ ဘုရားကျောင်းဝင်းတွင် ချန်ရှီသည် ဒူးများကို ပုခုံးအထိ ကွေးထားသည်။ တံတောင်ဆစ်များကလည်း ကွေးလျက် အသက်​ပြင်း​ပြင်း ရှုသွင်းလိုက်သည်။

သူ့ပတ်ဝန်းကျင်တွင် ကြယ်ရောင်၊ နေရောင်နှင့် လရောင်တို့သည် ပျံသန်းနေသော ပိုးစုန်းကြူးများကဲ့သို့ တစ်လုံးပြီးတစ်လုံး ကြွေကျလာကာ သူ့ကိုယ်ထဲသို့ တဖြည်းဖြည်း အရည်ပျော်ဝင်၍ သူ့ခန္ဓာကိုယ်ကို သန်မာလာစေသည်။

ပွဲတော်ပြီးနောက် သူအားလပ်ချိန်တိုင်းတွင် ပျက်စီးသွားသော တောင်ပေါ်ရှိ ဘုရားကျောင်းထဲ ထိုင်ကာ အလင်းသုံးပါးကျင့်စဥ်ကို ကျင့်သည်။ ဒီနေရာက နေနဲ့လဲ့ အလင်းတန်းနှစ်ခုကို စွဲဆောင်နိုင်တာကြောင့် အရင်ကထက် လျင်မြန်စွာ တိုးတက်လာနိုင်သည်။

ရုတ်တရက် ချန်ရှီသည် ထူးဆန်းတဲ့ လမ်းကြောင်းတစ်ခုပေါ် ဖြတ်ကျော်သွားမိသလို ကောင်းကင်မှ ထွက်လာသော အလင်းတန်းသုံးမျိုးက အလွန်များပြားလာတာကို မြင်လိုက်ရသည်။

ကြယ်ရောင်၊ ​နေလအလင်းရောင်တို့သည် သူ့ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း စုစည်းလာပြီး ဇွန်းပုံသဏ္ဌာန်ဖြင့် ကြယ်ခုနစ်လုံးကို ဖွဲ့စည်းလိုက်သည်။

"ဒါက အလင်းသုံးပါးကျင့်စဥ်မှာ ပြောထားတဲ့ မြောက်အရပ်ခုနှစ်စင်ကြယ်လား?"

ချန်ရှီ အံ့သြစွာဖြင့် ကြယ်ခုနစ်လုံးကို ကြည့်​နေသည်။ ခုနှစ်စင်ကြယ် အကြီးကြီးကို မပြောနှင့်။ ကောင်းကင်ပေါ်က ကြယ်တွေကိုတောင် မမြင်ဖူးခဲ့ပေ။ သူ သတိရလာပြီးကတည်းက ညကောင်းကင်မှာ လကလွဲလို့ ဘာမှမရှိခဲ့။

သူ ကျူးယိုချိုင်နဲ့ ရှေးဟောင်းစာအုပ်တွေ ဖတ်တုန်းက "မူး​နေရင် ကောင်းကင်က ရေထဲမှာ ရှိနေတာလား မသိတော့သလို ကြည်လင်တဲ့ အိပ်မက်တွေနဲ့ ပြည့်နေတဲ့ လှေတစ်စင်းက နဂါးငွေ့တန်းကြီးလား မသိတော့ပါ" ဆိုတဲ့ စာပိုဒ်ကို ဖတ်ဖူးသည်။

"ကြယ်တွေက မနေ့ညကလို မဟုတ်သလိုပဲ... ညသန်းခေါင်မှာ လေနဲ့ နှင်းတွေကြား ဘယ်သူတွေများ ရပ်နေတာလဲ" လို့ ဖတ်ဖူးတဲ့ စာသားကို သတိရမိတာကြောင့် ကြယ်တွေက ဘာမှန်းမသိခဲ့ရာ ကောင်းကင်ကို မော့ကြည့်ခဲ့ဖူးသည်။

ယခုမူ ခုနှစ်စင်ကြယ် အကြီးကြီးက သူ့ပတ်ဝန်းကျင်တွင် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပြီ။

ဤမြောက်အရပ် ခုနှစ်စင်ကြယ်က ကောင်းကင်က တကယ့်ကြယ်အစစ် မဟုတ်သော်လည်း ကြယ်စွမ်းအင်ဖြင့် အသွင်ပြောင်းထားသောကြောင့် ချန်ရှီကို စိတ်လှုပ်ရှားစေရန် လုံလောက်ပါသည်။

"စာအုပ်က ငါ့ကို မလိမ်ဘူးဆိုတာ ပေါ်လာပြီ... ကောင်းကင်မှာ တကယ်ကြယ်တွေ ရှိတယ်... တကယ့် ကြယ်ခုနစ်လုံးလည်း ရှိတယ်"

သူသည် စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ ခြေလှမ်းများကို အနည်းငယ် ရွှေ့လိုက်ရာ ခုနှစ်စင်ကြယ်ကြီးရဲ့ အနေအထားကလည်း သူ့လှုပ်ရှားမှုနှင့်အတူ ပြောင်းလဲသွားသည်။ ကြယ်များ ရွေ့လျားလာသည်နှင့်အမျှ ချန်ရှီသည် သူ၏ခန္ဓာကိုယ်အနှံ့ လေပူစီးကြောင်းကို ခံစားလိုက်ရပြီး သူ့အသွေးအသား အစိတ်အပိုင်းတိုင်းကို နွေးထွေးသွားစေ၏။

"ဟူး--"

ချန်ရှီသည် သံမဏိရည် ကျိုထားသော ဖားများကို ဆွဲထုတ်လိုက်သလိုမျိုး မှုန်ကုပ်နေသော လေကို ရှုရှိုက်လိုက်ရာ သူ့ရှေ့တွင် လေပြင်းများ တိုက်ခတ်လာပြီး သစ်ရွက်ခြောက်များ လွင့်ပျံလာခဲ့သည်။

ပထမ အသက်ရှုလိုက်တဲ့အခါ ငါးအနံ့တောင် ရလိုက်သေးပေမယ့် ထိုလေကို ရှူထုတ်ပြီး အသစ်ကို စုပ်ယူလိုက်တဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးတွေ သန့်စင်သွားသလို ခံစားလိုက်ရပေ၏။

"ဟေး... ဒါက..."

ချန်ရှီသည် သူအသက်ရှုနေတာနဲ့တင် နယ်ပယ်သစ်တစ်ခုထဲသို့ ဝင်ရောက်သွားတာကို သဘောပေါက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ချီသွေးများ ရှိနေကာ သူ့အတွေးများကို အာရုံစူးစိုက်နေသမျှတော့ ထိုချီများက စုစည်းလာလိမ့်မည်။

သူ့နှလုံးသားလေး အနည်းငယ် လှုပ်ရှားသွားသည်။ သူ့လက်မောင်းဆီသို့ ချီစွမ်းအင်နှင့် သွေးများ လှုပ်ရှားနေကာ ပကတိမျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပိုထူလာတာ တွေ့နေရ၏။ သူ့လက်မောင်းတစ်လျှောက်က သွေးကြောများ ဖောင်းထွက်လာကယ အရေပြားက သံတစ်ချောင်းလို ပိုမာလာသည်။

လက်ကို ဝှေ့ယမ်းပြီး တံခါးကို ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးကို ပြင်းပြင်းထန်ထန် ထိုးချကြည့်တဲ့အခါ ကျောက်တုံးထောင့် တစ်ဖက်က ပဲ့သွား၏။

ချန်ရှီ လန့်ပြီး ထတောင်ခုန်မိသွားသည်။ လက်သီးတစ်ချက်က ကျောက်တုံးတစ်တုံးကို ဖြိုခွဲနိုင်နေပြီ။

All Chapters