← Chapters

ကလေးကို ကယ်တင်ပါ

Vol. 1 Ch. 14

ကလေးကို ကယ်တင်ပါ

Vol. 1 Ch. 14

ကျူကဲကျန်းသည် ရေနွားခရိုင်သို့ ပြန်လာပြီး ခရိုင်က ကိစ္စများကို ဖြေရှင်းနေသည်။ ခရိုင်ရဲ့ လုပ်ပုံကိုင်ပုံကို မကျေနပ်သဖြင့် ဂန္ထဝင်သမိုင်းပညာရှင် အဖြစ်မှ နှုတ်ထွက်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ဂန္တဝင်သမိုင်း ပညာရှင်အနေဖြင့် သူ၏ဆက်ခံသူ အောင်မြင်စေရန် အရာအားလုံးကို ထိန်းသိမ်းထားလိုသည်။

"လူကြီးမင်း...ဒီငယ်သား ဟွမ်ဖောရွာ အနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်​တွေကို မေးမြန်းပြီး အဆောင်ဆွဲဆရာ ချန်ယင်တုရဲ့ ဘဝနဲ့ အတိတ်ကို မေးမြန်းပြီး စာရွက်စာတမ်းနဲ့ ပြုစုလာခဲ့ပါတယ်...."

တံခါးပေါက် အစေခံတစ်ဦးသည် ခန်းမထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကာ စာရွက်စာတမ်းများကို တင်ပြသည်။

"လူကြီးမင်း.... ဟွမ်ဖောရွာက ရှင်းရှန်ခရိုင်ရဲ့ တရားစီရင်ပိုင်ခွင့် အောက်မှာရှိပြီး ကျွန်တော်တို့ရဲ့ ရေနွားခရိုင် တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိပါဘူး.... ရှင်းရှန်ခရိုင်ဘက်က ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ရင် အရှုပ်အထွေးတွေ အလွယ်တကူ ဖြစ်လာစေနိုင်ပါတယ်"

"ငါနားလည်ပြီ မင်းအရင် သွားတော့..."

ကျူကဲကျန်း သူ့လက်ကို ဝှေ့ယမ်းတော့မယ်အလုပ် တစ်စုံတစ်ခုကို သတိရသွားပြီး "ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရဘူး... ခရိုင်တရားသူကြီးက မေးရင်တောင်မှ ပြောလို့မရဘူး"

ထိုအငြိမ်းစား အရာရှိလည်း ပြန်ထွက်သွားသည်။

ကျူကဲကျန်းလည်း စာရွက်ကို ဖွင့်ဖတ်လိုက်ရင်း တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။ ကြိုးနှစ်ချောင်းက ဆက်ထားသလို ဖြစ်နေတဲ့အပြင် မဖြည်နိုင်သော ထုံးတစ်ခုလို ဖြစ်လာ​ပြီ။

"ဒီဟွမ်​ဖောရွာငယ်လေးနဲ့ အနီးအနားမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တယ်... ကျင့်ကြံသူတွေလည်း အများကြီး ပျောက်ကွယ် သွားဖူးတယ်တဲ့လား?"

ဟွမ်ဖော ရွာအနီးတွင် ဖြစ်ပျက်သမျှ အရာအားလုံးဟာ ရေနွားခရိုင် အတွင်းမှာသာ ဖြစ်ပျက်ခဲ့လျှင် ကြီးကြီးမားမား ကိစ္စတစ်ခုအဖြစ် သတ်မှတ်ခံရမှာပဲ ဖြစ်သည်။ ပျောက်ဆုံးသူက ဆယ်ဦးကျော် ရှိပြီး အားလုံးက လူကောင်းများ ဖြစ်သည်။

"ချွမ်ကျိုးက လီရှန်း၊ တန်းကျန်းက ဟဲချင်းဟဲ... ကျောက်မိသားစုက ဒုတိယသခင်မလေး၊ လင်မိသားစုက လင်ဖေးရွှမ်း၊ ယွမ်ယင်းနယ်ပယ်က ရှောက်ကျူ....."

ကျူကဲကျန်းမှာ ဦးရေပြားတွေ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ထိုလူအများစုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ပျောက်ကွယ်သွားသူများသာ ဖြစ်သည်။

"ချန်ယန်တောင်မှာ ဘုရင်ကျန်းရဲ့ သင်္ချိုင်းတစ်ခု ရှိတယ်လို့ ကောလဟာလတွေ ထွက်နေတယ်... အဲဒီလူအများစုက လျှို့ဝှက်ချက်တွေနဲ့ ရတနာတွေကို ရှာဖွေဖို့ ရည်ရွယ်ချက်နဲ့ ဘုရင်ကျန်းရဲ့ အုတ်ဂူဆီက ဆွဲဆောင်ခံခဲ့ရကြပေမယ့် ချန်ယန်တောင်မှာ ပျောက်ဆုံးသွားခဲ့ကြသူတွေ အများကြီးပဲ... အထူးသဖြင့် ဘုရင်ကြီးရဲ့ အုတ်ဂူမှာ ရတနာတွေ ရှာဖွေရင်း သေဆုံးခဲ့ရတာတော့ အံ့သြစရာ မရှိပါဘူး..."

ကျူကဲကျန်းရဲ့ မျက်လုံးများ တောက်ပလာသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လူတော်တော်များများ ပျောက်သွားခဲ့တယ်... ဆိုလိုချင်တာက ဟွမ်ဖောရွာမှာ လူသတ်နတ်ဆိုး တစ်ကောင် ရှိတယ်...အဲဒီနေရာကို ရောက်လာတဲ့ ကျင့်ကြံသူ အားလုံးကို သတ်ပစ်တဲ့ လူသတ်နတ်ဆိုးကြီးပဲ... အဲဒီလူက အဆောင်ဆွဲဆရာ ချန်ယင်တု ဖြစ်နိုင်ပါ့မလား သူက တကယ်ကို အဲဒီလို အစွမ်းသတ္တိ ရှိနိုင်လား... ကျင့်ကြံသူတွေ အများကြီးကို သတ်ပစ်ရတဲ့ ရည်ရွယ်ချက်က ဘုရင်ကျန်းရဲ့ သင်္ချိုင်းတွင်းက စည်းစိမ်ဥစ္စာတွေကို လက်ဝါးကြီး အုပ်ဖို့များလား?”

သူသည် သတင်းအချက်အလက်များကို ဆက်လက် ရှာဖွေခဲ့ရာ ဟွမ်ဖောရွာမှ ချန်ယင်တုသည် သာမန် ဆရာတစ်ဦးသာ ဖြစ်ပြီး သူသည် ပန်းချီနှင့် အ​ဆောင်စာရွက် ရောင်းခြင်းတို့ဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုနေခဲ့ကြောင်း တွေ့ရသည်။

သူ့တွင် ချန်ထန် အမည်ရှိ သားတစ်ယောက်ရှိပြီး ပြည်နယ်မြို့တော်သို့ သွားရောက်ကာ အသက်မွေးဝမ်းကြောင်း ပြုနေသောကြောင့် ပြန်လာခဲသည်။

ချန်ယင်တု၌ အချိန်အတော်ကြာ ဆုံးပါးသွားခဲ့သော မြေးတစ်ဦး ရှိသေး၏။ လွန်ခဲ့သည့် ၂ နှစ်ခန့်က ရုတ်တရက် အသက်ပြန်ရှင်လာကာ သူသည် လူမိုက်ဖြစ်ပြီး ဝိညာဥ်များနဲ့ သရဲတစ္ဆေများကပင် မုန်းတီး​လေသည်။

ကျူကဲကျန်းရဲ့ မျက်လုံးများ ပြူးကျယ်လာ၏။ သူက သတင်းက မှန်ကန်ကြောင်း အတည်ပြုရန် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့သည်။ စာရွက်စာတမ်းထဲမှာ ရေးထားတဲ့အရာက အမှန်တော့ ချန်ယင်တုရဲ့ မြေး၊ ချန်ထန်ရဲ့သားက သေဆုံးသွားတာ အချိန်အတော် ကြာပြီဖြစ်ကာ ရုတ်တရက် အသက်ပြန်ရှင်လာခဲ့တာကလည်း အမှန်ပဲ ဖြစ်နေသည်။

"ကျေးလက်မှာ မကောင်းဆိုးဝါးတွေ အများကြီး ရှိတယ်... အများစုက အလောင်းတွေ ပိုင်ဆိုင်ထားတဲ့ ရှဲ့နဲ့ ဆွေ့တွေပဲ"

ကျူကဲကျန်း ငြိမ်သက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"မကောင်းဆိုးဝါးတွေကို ရှဲ့၊ ဆွေ့၊ မော်၊ ကျိုင်း၊ အယ့် ဆိုပြီး ခွဲခြားထားတယ်... ချန်ယင်တုရဲ့မြေး ပိုင်ဆိုင်တဲ့ အရာက ရှဲ့အဆင့် ဒါမှမဟုတ် ဆွေ့အဆင့်ပဲ ဖြစ်သင့်တယ်... အဆင့်က မရှင်းလင်းသေးဘူး... ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပျောက်ကွယ်သွားခဲ့တဲ့ လူအများစုက ချန်ယင်တုရဲ့ မြေးနဲ့ သက်ဆိုင်နေလောက်တယ်..."

၎င်းက ဆက်လက်၍ “ချန်ယင်တုရဲ့ မြေးဖြစ်သူက ချန်ရှီလို့ ခေါ်တယ်တဲ့...ချန်ရှီ.... ချန်.. ချန်ရှီ??"

ကျူကဲကျန်း တုန်လှုပ်သွားပြီး ရုတ်တရက် ထရပ်ကာ စာရွက်စာတမ်းများကို သူ့လက်ထဲကပါ ပစ်ချလုနီးပါး ဖြစ်သွားသည်။

ဤချန်ရှီသည် လီရှောင်တင်တို့ လူကိုးယောက်ကို သတ်ခဲ့သော၊ ရေသရဲကလေး သုံးယောက်ရဲ့ အရိုးစုများကို ကောက်ယူပြီး ဆွေမျိုးများထံ ပေးအပ်ခဲ့သည့် အပြစ်ကင်းပုံ ပေါ်သော ချန်ရှီပဲ ဖြစ်သည်။

"သူ့မျိုးရိုးနာမည်က ချန်... သူနဲ့ ချန်ယင်တုက တစ်မိသားစုတည်းကပဲ!"

ကျူကဲကျန်းမှာ သူ့ဦးရေပြားတွေ အလွန်အမင်း ထုံကျင်လာနေတာကို ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် ချန်ရှီသည် နတ်ဆိုးများကြောင့် သေရာမှ ပြန်ရောက်လာခဲ့ပါက ဟွမ်ဖောရွာရှိ ရွာသူရွာသားများ အားလုံးဟာ အစောကတည်းကပင် အစားခံရလောက်ပြီ။

ဟွမ်ဖောရွာ မပြောနဲ့၊ အနီးနားက ရွာတွေနဲ့ မြို့တွေအားလုံးကို သူ လုံးဝ စားပစ်မှာကိုတောင် ကြောက်ရသည်။ သို့သော် ချန်ရှီပုံစံမှယ အလွန်ကြင်နာတတ်ပုံရပြီး နတ်ဆိုးများ မ၀င်ရောက်ထားတာ ထင်ရှားသည်။ သူ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး စာရွက်ကို ကောက်ယူကာ ဆက်ဖတ်သည်။

"ဟွမ်​ဖောရွာက ရွာသားတွေက လွန်ခဲ့တဲ့ တစ်လခွဲလောက်က ချန်ယင်တုကို ဆုံးသွားတယ်လို့ ပြောတယ်...ဘာ! ချန်ယင်တုလည်း သေသွားပြီလား?"

ဤစာကိုဖတ်ပြီး ခေတ္တရပ်ကာ အသက်ရှုကြပ်သွားတာကို သက်သာအောင် လုပ်ပြီးမှ ဆက်လက်၍ ဖတ်ရလေသည်။

“သဂြိုလ်ပြီး ဒုတိယနေ့ကျတော့ ချန်ယင်တုက သေဆုံးသွားသလို ဟန်ဆောင်ပြီး ခေါင်းတလားမှာ ထိုင်နေရင်း ဖယောင်းတိုင်စား၊ နံ့သာကို အနံ့ခံ... အခေါင်းထဲမှာပဲ အိပ်တတ်တယ်... ရွာကလူတွေက တိရစ္ဆာန်တချို့ သေဆုံးပြီးရင် သွေးတွေက ခြောက်သွားတယ်လို့ ပြောတယ်... ရွာသားတွေက ဖုတ်ကောင်လုပ်တာလို့ ထင်နေကြတယ်…”

ကျူကဲကျန်းရဲ့ ဦးရေပြားက လုံးဝကို ထုံနေပါပြီ။ ​​ဒီချန်ယင်တုကမှ ဆွေ့ပဲ။

ချန်ယင်တုက ဆွေ့ကို ဖမ်းထားရင် ဒါမှမဟုတ် သူကိုယ်တိုင်က အသေကောင် ဖြစ်သွားရင် ဟွမ်​ဖောရွာက ရွာသူရွာသားတွေ အားလုံးကို မစားပစ်လို့ ထူးဆန်းနေပြီ။

"တစ်လခွဲအတွင်းမှာ ဒီဆွေ့က နေရာအနှံ့ စားသောက်နိုင်​နေပြီ... သူစားချင်တဲ့ ပထမဆုံးသူကတော့ သူ့ဘေးနားက ချန်ရှီပဲ ဖြစ်ရမှာ... ဘာလို့ တစ်ခါမှ မကိုက်ခဲ့တာလဲ"

ကျူကဲကျန်း အံ့ဩသွားပြီး "ချန်ရှီကပါ ဖုတ်ကောင် ဖြစ်​နေလို့လား? ဒါမှမဟုတ် သူတို့နှစ်ယောက်စလုံးက ဆွေ့တွေမလို့ အဘိုးနဲ့ မြေးကြား သံယောဇဉ် မရှိတော့ဘူးလား... ဒါပေမဲ့ ချန်ရှီက ဖုတ်ကောင်မဟုတ်ဘဲ သက်ရှိလူသား တစ်ယောက်လိုပါပဲ.. ဒါ တစ်ခုတည်းသော ဖြစ်နိုင်ချေ... သူက ဆိုးပေမယ့် သူ့အမူအရာက ဆိုးပုံမပေါ်ဘူး..."

ဤအဘိုးနှင့် မြေးစုံတွဲကတော့ အလွန်ထူးဆန်းနေပါပြီ။ သို့သော် လူတိုင်းမှာ လျှို့ဝှက်ချက်များစွာ ရှိကြတယ် မဟုတ်ပါလား။

"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ပျောက်ကွယ်သွားခဲ့တဲ့ လူအများစုက ဒီထူးဆန်းတဲ့ မြေးအဘိုးနဲ့ သက်ဆိုင်တယ်... ဒီမကြာခဏဆိုသလို ပျောက်ဆုံးနေသူတွေက အင်အားကောင်းတဲ့ မိသားစုတွေကနေ လာကြတာ... သူတို့ကို လုံးဝ လွှတ်မထားသင့်ဘူး..."

ရှင်းရှန်ခရိုင်ထဲရှိ မြို့တော်မှာလည်း အင်ပါယာမြို့နယ်နဲ့ အင်ပါယာမြို့ဟု အမည်ပေးထားတဲ့ မြို့တွေ ရှိသည်။

အင်ပါယာမြို့နယ်၊ ဒီနာမည်က ဘာကို ဆိုလိုတာလဲ။

အင်ပါယာမြို့ရဲ့ ဂုဏ်သရေကို ထိဝံ့သူတော့ ရဲရင့်လှပေသည်။

ကျူကဲကျန်း သူ့နုတ်ထွက်စာကို စားပွဲပေါ်တင်ပြီး ထွက်သွားတော့မည်ဟု တွေးပြီးနောက် သူ ပြန်လာခဲ့ရ​တော့သည်။

"ကောင်းကင်ဘုံအတွက် တရားမျှတမှုကို ဆောင်တဲ့သူတွေက အပြစ်သားတွေ မဟုတ်ဘူး..."

သူသည် ချန်​မြေးအဘိုးနဲ့ ပတ်သက်သည့် စာရွက်စာတမ်းများကို မီးရှို့လိုက်သည်။

"ဒီမြေးအဘိုးက လူပျောက်ဆုံးမှု ကိစ္စနဲ့ ပတ်သက်သည် ဖြစ်စေ မပတ်သက်သည်ဖြစ်စေ..ချန်ရှီက ကောင်းကင်အတွက် မဟာလမ်းကို လေ့ကျင့်​နေသူပဲ ..."

သူ လှည့်ထွက်သွားသည်။

"ငါဒီမှာ မနေချင်ဘူး... ငါ့မှာနေစရာ နေရာရှိတယ်! ဒီနေရာ ဒီခရိုင်အစိုးရ ငါမနေဘူးဆိုရင် ထားခဲ့လို့ရပြီ..."

ရေနွားခရိုင်ရဲ့ ခရိုင်တရားသူကြီး လီခယ်ဖာမှာ မှုန်ကုပ်ကုပ်နဲ့ ကျူကဲကျန်းရဲ့ နုတ်ထွက်စာကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုက်လေသည်။

"ကျူကဲကျန်း ဆိုတာ ငါ့လီမိသားစုက မွေးမြူထားတဲ့ ခွေးတစ်ကောင်ပဲ... သူက သူ့ကိုယ်သူ တကယ်ပဲ လူလို့ သတ်မှတ်နေတာလား... မင်း မလုပ်ရင် တစ်ယောက်ယောက်က လုပ်လိမ့်မယ်!"

ရေနွားခရိုင်မှာ အစိုးရနေရာအတွက် လျှောက်ထားသူများ စုဝေး​နေပြီ။ အခြား အနီးနားရှိ ခရိုင်တစ်ဒါဇင်ကျော်မှ စာသင်သားများပင် ဤတရားဝင် ထမင်းပန်းကန်ကို စားရန် မျှော်လင့်နေကြတာ ဖြစ်သည်။ သူသည် စာမေးပွဲ ဖြေဆိုရန်နှင့် အရာရှိများကို ထပ်မံခေါ်ယူရန် အမိန့်ထုတ်ခဲ့သည်။

လီခယ်ဖာသည် အရည်အချင်းရှိသူ များစွာထဲမှ ချွီကျီးဟုခေါ်သော လူသစ်ကို ရွေးချယ်ခဲ့သည်။

ချွီကျီးသည် ရေနွားခရိုင်က အစိုးရအရာရှိများအား စုံစမ်းစစ်ဆေးရန် ချက်ချင်း ဦးဆောင်တော့သည်။ မကြာမီတွင် လီရှောင်တင် အသတ်ခံရသည့် နေ့တွင် ဟွမ်ဖောရွာက အဆောင်ဆွဲဆရာ ချန်ယင်တုသည် ယန်တန်ရွာ၌ အဆောင်စာရွက်များ ရောင်းချနေကြောင်း စုံစမ်းမိခဲ့သည်။

အစိုးရအရာရှိတစ်ဦးက "သခင်လေးလီကို သတ်ခဲ့တဲ့ အဆောင်ဆွဲဆရာက အရပ်ငါးပေလောက် ရှိတယ်... ဒါပေမယ့် ချန်ယင်တုက အရမ်း အရပ်ရှည်ပါတယ် သူက သခင်လေးလီကို သတ်တဲ့သူမဟုတ်မှန်း သိသာပါတယ်"

ချွီကျီးက လှောင်ပြောင်ပြီး ပြန်ပြော၏။

"အခု ကျူကဲကျန်းက သမိုင်းပညာရှင်လား ဒါမှမဟုတ် ငါက သမိုင်းပညာရှင်လား?"

သူသည် လီခယ်ဖာထံ ချက်ချင်း သတင်းပို့လိုက်သည်။ ယွိမန်ဌာနက အရာရှိအားလုံးနဲ့ လီမိသားစုက ကျင့်ကြံသူ လူငါးဆယ်ခန့်ကို ခေါ်ကာ ဟွမ်ဖောရွာသို့ တန်းတန်းမတ်မတ် ထွက်သွားခဲ့သည်။

ရေနွားခရိုင်ကနေ ဟွမ်ဖောရွာကို မိုင်ရာနှင့်ချီဝေးသည်။ တောင်ခြေရင်းဘက်သို့ သွားကြရင်း လူတိုင်းဟာ လမ်းမှာ ကမန်းကတန်း မြင်းစီးလာကြသော်လည်း ဟွမ်ဖောရွာသို့ မရောက်မီ နောက်ကျနေပြီ ဖြစ်သည်။

"လူကြီးမင်း ဒီကျေးလက်က ခရိုင်မြို့ထက် ပိုကောင်းတာ မဟုတ်ဘူး... ကျေးလက်မှာက ရှဲ့တွေ အများကြီးရှိလို့ အလျင်စလိုလုပ်ဖို့ မသင့်တော်ပါဘူး"

အစိုးရအရာရှိဟောင်း တစ်ဦးက ပြောလေသည်။ ချွီကျီးက ပြုံးပြီးပြော၏။

"အပိုတွေ ငါတို့အလုပ်မှာ စာပေပညာရှင် သုံးဆယ့်လေးယောက် နဲ့ ကျင့်ကြံသူ ဆယ့်ခုနစ်ယောက် ရှိတယ်... အားလုံးက နတ်သန္ဓေသား နယ်ပယ်အထိ လေ့ကျင့်ထားကြတာ...ဆွေ့ ရောက်လာရင်တောင်မှ ငါတို့ရဲ့နတ်အလင်းရောင်ကြောင့် နှင်းတွေလို အရည်ပျော်သွားလိမ့်မယ်!"

လီခယ်ဖာကလည်း လက်စားချေရန် စိတ်အားထက်သန်နေတာကြောင့် လှမ်းအော်လိုက်၏။

"ဆက်သွားကြ!"

အစိုးရအရာရှိများနှင့် လီမိသားစုက လူတစ်စုသည် တောင်တန်းများနှင့် သစ်တောများဆီ ရောက်လာစဥ် ချစ်စရာ ကောင်းသော လရောင်နှင့် မြူခိုးများ တက်လာတာ တွေ့လိုက်ရသည်။ ထိုအချိန်တွင် မနီးမဝေး တောအုပ်ထဲမှ ကလေးလေးရဲ့ ငိုသံလေး ထွက်ပေါ်လာသည်။

လီခယ်ဖာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ချွီကျီး: "လီယင်... သွားကြည့်စမ်း"

ယွိမန်ဌာနမှ အစေခံတစ်ယောက်က နတ်သန္ဓေသားလေးကို သူ့ခေါင်းနောက်မှာ မီးပုံးတစ်ခုလို ထွန်းညှိရင်း ရှေ့လမ်းကို လင်းထိန်စေလိုက်သည်။ လီယင်ကလည်း ဝိညာဥ်စွမ်းအင်ကို အသင့် ပြင်ဆင်ကာ သတိကပ်ရင်း တောထဲသို့ တိုးဝင်လာခဲ့သည်။

ခဏအကြာတွင် အစိုးရအမှုထမ်း လီယင်ရဲ့ အသံထွက်လာ၏။

"လူကြီးမင်း... ဒီတောထဲမှာ စွန့်ပစ်ထားတဲ့ ကလေးငယ်တွေ အများကြီးရှိတယ်"

လီခယ်ဖာနဲ့ တခြားသူများလည်း အနည်းငယ် လန့်သွားသည်။

"ကလေးက တစ်ဒါဇင်လောက် ရှိတယ်!" လီယင်က ကျယ်လောင်စွာ လှမ်းအော်ပြောသည်။

"ကလေးတစ်ဒါဇင်?"

ရွာတွေမှာ စွန့်ပစ်ခံရသော ကလေးများ ရှိနေတာက အဆန်းမဟုတ်ပေ။ အချို့သော မိန်းကလေးများသည် အိမ်ထောင်မပြုမီ ကိုယ်ဝန်ရှိ၍ ကလေးများကို စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ကြသည်။ တချို့မိန်းကလေးများသည် သမီးများထက် သားကို ပိုနှစ်သက်ကြရာ မွေးပြီးနောက် တောထဲတွင် စွန့်ပစ်တတ်ကြသည်။

သို့သော် ထိုကဲ့သို့ အသိစိတ်မရှိသော ကလေးတစ်ဒါဇင်ကို တစ်ခါတည်း စွန့်ပစ်လိုက်တာမျိုးက ၎င်းတို့လည်း တစ်ခါမျှ မကြားဖူးပေ။ ချွီကျီးက နောက်ထပ် လူဆယ်ယောက်ကို အမိန့်ပေးလိုက်သည်။

"နတ်ဘုရားမှာ စိတ်ကောင်းရှိတာပဲ... လီယင်ကို သွားကူပြီး အဲဒီဒါဇင်နဲ့ချီတဲ့ ကလေးတွေကို ခေါ်လာပေးလိုက်..."

"လူကြီးမင်း... တစ်ခုခု ထူးဆန်းနေသလိုပဲ"

"ငါမင်းတို့ကိုသွားခိုင်းရင် မင်းတို့ သွားလိုက်!"

သို့နှင့် ဒါဇင်နဲ့ချီတဲ့ လူတွေကလည်း အော်ဟစ်ပြီး ထွက်သွားကြလေသည်။

ချွီကျီး: "လူကြီးမင်းသာ ကလေးတစ်ဒါဇင်ကို တစ်ရှိန်ထိုး ကယ်တင်လိုက်ရင် နတ်ဘုရားရဲ့ နှလုံးသားကို ထိသွားလိမ့်မယ်... ဒီကိစ္စသာ ပြန့်နှံ့သွားရင်တော့ တစ်ကမ္ဘာလုံးက လူတွေက လူကြီးမင်းကို ချီးမွမ်းကြလိမ့်မယ်"

လီခယ်ဖာဟာ သူ့သား လီရှောင်တင် သေဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုံးပြလာခဲ့သည်။

ကလေးတစ်ဦးကို ကယ်တင်ခြင်းက ရေနွားခရိုင်တွင် လုံးဝ တုံ့ပြန်မှု မဖြစ်စေသော်လည်း ကျေးလက်တွင် ကလေးတစ်ဒါဇင်ကို ညဘက်တွင် ကယ်တင်ခြင်းက ဒဏ္ဍာရီဆန်ဆန် ဖြစ်ပြီး ကမ္ဘာအနှံ့ ပျံ့နှံ့သွားလောက်အောင် ကောင်းတာမို့ လီခယ်ဖာရဲ့ ကောင်းမှု ကုသိုလ်များကို လူတိုင်း သတိပြုမိစေသည်။

"လီမိသားစုက ငါဘာတွေလုပ်ခဲ့လဲ ဆိုတာကို သိဖို့လိုတယ်... ဒါကြောင့် သူတို့က ငါ့ကို ပိုသုံးလိမ့်မယ် ငါက ငယ်သေးတယ်... ငါ အိမ်ထောင် ပြုနိုင်သေးတယ် အနာဂတ်မှာ သားတွေလည်း ထပ်မွေးနိုင်သေးတယ်"

ဒါကို သူစဉ်းစားနေတဲ့ အချိန်မှာပဲ လီယင်ရဲ့ အသံကို ထပ်ကြားလိုက်ရသည်။

"လူကြီးမင်း ကျွန်​တော်တို့မှာ လူအင်အား မလုံလောက်ဘူး... နောက်ထပ် လူတွေလိုတယ်"

သူနဲ့တွေ့ဖို့ သွားခဲ့တဲ့ အစိုးရ အရာရှိတွေရဲ့ အသံတွေလည်း ထွက်ပေါ်လာ၏။

"လူကြီးမင်း... ဒီမှာ ကလေးတွေ ရှိသေးတယ်"

တောထဲမှာ ငိုနေတဲ့ ကလေးငယ်တွေဟာ အခုနတုန်းက တစ်ဒါဇင်လောက်သာ ရှိနေပေမယ့် အခုဆို ကလေးသုံးဆယ်၊ လေးဆယ်လောက် အတူတူ ငိုနေတော့သည်။ လီခယ်ဖာနှလုံးသည်လည်း ခုန်မြန်လာကာ ရုတ်တရက် တစ်ခုခုမှား​နေသလို ခံစားလိုက်ရသည်။

ဒီညမှာ လရောင်က တကယ်ကို ဆွဲဆောင်မှုရှိလေသည်။ မြို့ရဲ့ စည်ကားနေတဲ့ မီးရောင်ထဲမှာဆို ဒီလို ကြည်နူးစရာ လရောင်ကို ဘယ်လိုမှ မမြင်နိုင်ချေ။

သူ အနည်းငယ် မှင်တက်သွားသည်။

ချွီကျီးက မျက်မှောင်ကြုတ်ပြီး: "လူကြီးမင်း တစ်ခုခု မှားနေပြီထင်တယ်..."

လီခယ်ဖာသည် သူ့ကိုယ်ပေါ်က လရောင်၏ အနှောင့်အယှက်ကို ဘေးဖယ်ထားပြီး လှမ်းအော်လိုက်၏။

"မင်းတို့ရဲ့ နတ်သန္ဓေသားတွေကို ပြင်ဆင်ပြီး ကျစ်ဝူဓားကို သုံးဖို့ ငါ့အမိန့်ကို နားစွင့်ထား!"

ကျစ်ဝူဓားသိုင်းဟာ ကောင်းကင်နှလုံးချီကျင့်စဥ်ရဲ့ သိုင်းစွမ်းရည် ဖြစ်ပြီး ၎င်းသည် စစ်မှန်သော စွမ်းအင်နှင့် နတ်အလင်းကို စုဆောင်းကာ မမြင်နိုင်သော ဓားစွမ်းအင်အဖြစ် ပေါင်းစပ်ထားသည်။ ၎င်းက စာပေ ပညာရှင်များအတွက် သင်ယူရမည့် စွမ်းအင် ဖြစ်သည်။

လူတိုင်းသည် သိုင်းစွမ်းအင်များကို ပြင်ဆင်ထားကြသည်။ အရှေ့က လေသည် အနည်းငယ် လှုပ်သွားသော်လည်း ဓားစွမ်းအင်ကို မမြင်နိုင်ပေ။

ချွီကျီး: "လီယင်... မင်း ကလေးနဲ့ အရင်ပြန်လာခဲ့... ပြီးရင် ငါတို့ သွားကူလိုက်မယ်!"

ထို့နောက် တောထဲမှာ လမ်းလျှောက်သံတွေ ထွက်ပေါ်လာသည်။ လရောင်အောက်မှာ ကလေးလေးရဲ့ ငိုသံက တိုးတိုးတိတ်တိတ် လှုပ်ရှားနေပြီး သိပ်မကြာခင်မှာပဲ တောထဲမှ လူရုပ်တစ်ဒါဇင် ထွက်လာကြသည်။ တောအုပ်ထဲက လီယင်ဟာ အစိုးရအရာရှိတွေနဲ့ ကလေးငယ်တစ်ဦးစီကို လက်ထဲမှာ ပွေ့လာကြ၏။

လီယင်နဲ့ တခြားသူတွေက တောထဲကနေ ခြေလှမ်းနှစ်လှမ်း လှမ်းပြီး တစ်ယောက်ကို တစ်ယောက် တားရင်း အနားမကပ်ကြသေးဘဲ အရင်ပြောလေ၏။

"လူကြီးမင်း... အထဲမှာ ကလေးတွေ ရှိသေးတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါဦး!"

သေချာတာကတော့ တောထဲမှာ ကလေးတွေကလည်း ပို၍ ငိုလာတော့သည်။ လီခယ်ဖာ၊ ချွီကျီးနဲ့ တခြားသူများ ဤအခြေအနေကို မြင်သောအခါ သံသယ ဖြစ်လာခဲ့ကြသည်။

ချွီကျီး: "ကလေးတွေကို အရင်ပို့ပေး!"

လီယင်နှင့် အခြားသူများသည် မလှုပ်ရှားပေ။ ကလေးငယ်များကို ကယ်တင်ရန်အတွက် တောထဲ သွားရန်သာ တိုက်တွန်း​နေခဲ့သည်။ ထိုစဥ် လီခယ်ဖာက အမိန့်ပေး၏။

"ဆရာကြီးချွီ... သွားကြည့်စမ်းပါဦး သူတို့မှာ တစ်ခုခု မှားနေတယ်လို့ ငါ ခံစား​​နေရတယ်"

ချွီကျီးသည် ရှေ့သို့ လျှောက်လှမ်းသွားရန်မှလွဲ၍ ရွေးချယ်စရာလမ်း မရှိတော့ပေ။ အစိုးရအရာရှိ အများအပြားက ကလေးငယ်ကို လက်တစ်ဖက်နှင့် ကိုင်ကာ အခြားတစ်ဖက်ကတော့ ဝှေ့ယမ်းပြနေသည်။

"ဆရာကြီးချွီ ကလေး​တွေကို လာကယ်ပါဦး!"

ချွီကျီးခမျာ ပို၍ နီးကပ်လာသည်နှင့်အမျှ သူ၏ နှလုံးသားများ ခုန်ပေါက်လာသည်ကို ပို၍ ထူးဆန်းစွာ ခံစားရလေလေ၊

"လီယင် ကျေးဇူးပြုပြီး ကလေးကို လွှတ်လိုက်ပါ..."

"လွှတ်" ဟူသော စကားလုံးကို မဆိုမီတွင် ရုတ်တရက် တောထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ သားရဲတစ်ကောင်သည် လည်ပင်းရှည်ကာ သွယ်လျသော မြွေတစ်ကောင်ကဲ့သို့ပင် တောထဲမှ ထွက်လာခဲ့သည်။ ၎င်းလည်ပင်းတွင်ရှိသော အမွေး အရေအတွက်သည် ကလေးနှင့်တူသော ဦးခေါင်းများ ဖြစ်ကာ ကလေးအသံနဲ့ ငိုနေသည်။

လီယင်နှင့် အခြားအစိုးရ အမှုထမ်းများ၏ ရင်ခွင်ထဲတွင် ကလေးငယ်များစွာကို ချုပ်နှောင်ထားဆဲ ဖြစ်၏။ ယခုအချိန်တွင် ၎င်းတို့၏ လက်နှစ်ဖက်လုံးမှ ကလေးငယ်များသည် သွယ်လျသော လည်ပင်းများနှင့်အတူ အမှုထမ်းတို့၏ လက်မောင်းများကြားမှ ထလာကြသည်။

ခွာလေးခွာ ရှိသော သားရဲက ကြမ်းတမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကလေးကို မြန်မြန်ကယ်ပါ!"

ရာနှင့်ချီသော ကလေးငယ်များက အတူတကွ အော်ဟစ်ကာ လေထဲတွင် ကခုန်နေကြ၏။ ၎င်းတို့က ချွီကျီးအား စိတ်အားထက်သန်စွာ လိုက်​နေကြသည်။ ဒါပေမဲ့ လီယင်နဲ့ တခြားသူတွေကတော့ သူတို့ရဲ့လက်မောင်းမှာ ကလေးတွေ မရှိတော့ဘဲ ရုတ်တရက် သူတို့အားလုံး လေတွေ ယိုစိမ့်သွားသလိုမျိုး ရှုံ့တွသွားကြပါ၏။

ထိုအချိန်မှပင် ချွီကျီးနှင့် အခြားလူများလည်း လီယင်တို့အားလုံး အချိန်တိုလေးအတွင်း လူသားအရေခွံများ အဖြစ် ပြောင်းလဲသွားကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။

အခုလေးတင် သူတို့ဟာ ကလေးတွေကို ကိုင်ပြီး စကားပြောရင်း ရယ်နေပေမယ့် တကယ်တော့ ဒါဟာ သူတို့ရဲ့ အရိုးနဲ့ အသားတွေကို ကိုက်စားခံ​နေရပြီးသား ဖြစ်သည်။ သူတို့ရဲ့ အရေခွံတွေထဲကို ဝင်ကာ လမ်းလျှောက်ပြီး စကားပြော​နေကြတဲ့ အတုအယောင် သရဲတစ်ကောင်ပဲ မဟုတ်ပါလား။

All Chapters