← Chapters

ဂိုဒေါင်

Vol. 75 Ch. 1481

ဂိုဒေါင်

Vol. 75 Ch. 1481

“စီရင်ချက်နတ်ဘုရား”

မင်သည် လူအများရှေ့တွင် ပေထင်းဟွမ်မှ ဝိညာဉ်နတ်ဘုရားကို ဤကဲ့သို့ ကျိန်ဆဲနေသည်ကို ဘာကြောင့်ခွင့်ပြုရမည်နည်း။ ချက်ချင်းပင် သူ သည် သူ၏ပုံမှန်ပြောဆိုပြုမူပုံကိုပင် ထိန်းနိုင်တော့ဘဲ ဒေါသထွက်လေသည်။ မင်စူး၏လက်သည် လေထဲတွင်ဝေ့ယမ်းသွားသည်နှင့် မင်ဟွမ်၏ စီရင်ချက် လှံတံနှင့်တူသော လှံတံသည် လက်ထဲတွင်ပေါ်လာလေသည်။ မီးခိုးရွှေရောင် နတ်စွမ်းအား တရဟောထိုးတက်လာပြီး ပေထင်းဟွမ်အားထိမှန်လေသည်။

သို့သော် ထိုအခိုက်အတန့်တွင် စိမ်းလန်းသောတောင်အနီးရှိ သတ္တုတွင်း စခန်းဘက်တွင် မီးတောက်များရုတ်တရက်တောက်လာပြီး တိုက်ခိုက်ရေးသံ များထွက်လာသည်။ နှင်းဖုံးနေသည့် ကြီးမားသာစပါးအုံးမြွေသည် ကောင်းကင် ကိုဖြတ်ကာ ကြီးမားသောအမြီးကိုဝေ့ယမ်းနေသည်။ ရုတ်တရက် မွှေနှောက်မှု နှင့်အတူ လေသည် ရုတ်တရက်ထိုးတက်လာပြီး မူလကမှောင်မိုက်သော ကောင်းကင်သည် ထူထဲသောမှင်ရောင်တိမ်တိုက်အလွှာဖြင့် ဖုံးအုပ်ထားလေ သည်။ သွေးရောင်မြူခိုးသည် ကြီးမားသောစပါးအုံးမြွေမှ မြေကြီးပေါ်သို့ ထွက် ကျလေသည်။ ၎င်းသည်လေထဲတွင် တွေ့သောအခါ သွေးရောင်မီးတောက်များ အဖြစ်ပြောင်းလေသည်။ စခန်းတစ်ခုလုံးသည် မီးတောက်ပင်လယ်ထဲ ကျရောက်သွားလေသည်။

ထိုနေရာတွင်ရှိနေသော အပြင်လူနှင့်အစောင့်အကြပ်များသည် ကောင်းကင်နှင့်မြေကြီး ခွန်အားတချို့ရှိသူများသာဖြစ်ကြသည်။ ထိုနတ်ဘုရား မီးပွားများကို ခုခံရန်ခွန်အားမရှိကြပေ။ မီးတောက်များ သူတို့ပေါ်သို့ကျသည် နှင့် ထိလိုက်လျှင်သေသွားနိုင်သည်။ သေခြင်းနှင့်ရှင်ခြင်းအကြားတွင် သတ္တု တွင်းတစ်ခုလုံးတွင် အရေးအကြီးဆုံးနေရာကို စောင့်ကြပ်နေရသည်ဟုပင် မတွေးနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးကြလေသည်။

“အဲဒီမှာ...” ချက်ချင်းပင် မင်ဟူးသည် ပေထင်းဟွမ်ဆီသို့ ပစ်လွှတ်တော့ မည်အပြုတွင် လေထဲတွင်ရပ်ကာ မယုံနိုင်စွာဖြင့် ပြောလေသည် “မှော် အရင်းအမြစ်ကျောက်တုံးဂိုဒေါင်ရှိတယ်”

ဂိုဒေါင်ရှိတယ်။

ထိုနေရာတွင် မှော်အရင်းအြမစ်ကျောက်တုံး ကတ်တီ ၁ သိန်းသိုလှောင် ထားသည်။ ၎င်းသည် ဝိညာဉ်နယ်ပယ်တစ်ခုလုံးအတွက် နှစ်တစ်ဝက်စာ ဝင်ငွေ ပင်ဖြစ်သည်။ ထိုမှော်အရင်းအမြစ်ကျောက်တုံးများကိုသာ ပေးလိုက်ရပါက ဝိညာဉ် နယ်ပယ်ခွန်အားများ လျော့သွားမည်ဖြစ်ကာ မကြာခင်တွင် တခြား နယ်ပယ်နှစ်ခု၏ ဝါးမျိုခြင်းကိုခံလိုက်ရနိုင်သည်။

“သွေးအကျဉ်းထောင်ထဲမှာ ခေါင်းသုံးလုံးစပါးအုံးမြွေရှိတယ်” မင်စူး အနောက်တွင် ကစဥ့်ကလျားအရှင်အစောပိုင်း လူတစ်ယောက်သည် အဂူး ကြီးမားသော ခေါင်းသုံးလုံးထုတ်သည်ကိုမြင်ပြီး အထိတ်လန့်အော်လေသည် “နတ်ဘုရာအးဆင့်မီးတောက်”

နတ်ဘုရားအဆင့်မီးတောက်ဟုကြားသည်နှင့် အားလုံးသည် မင်စူး နောက်မှလိုက်ကာ ထိတ်လန့်မိကြလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ရုတ်တရက်မြေကြီးပေါ်သို့ ရောက်လာသည်။ မုန်တိုင်း နဂါးသည် ပေထင်းဟွမ်၏ လက်နက်ဖြစ်ကာ ပေထင်းဟွမ်၏စိတ်နှင့် ချိတ်ဆက်နေသည်။ ပထမဆုံးအချက်နှင့်တင် ရှေးဟောင်းမှော်တိမ်တိုက် ကျားသစ်အရိုးစုချိတ်ပိတ်ထားသည့် မှော်အရင်းအမြစ်ကျောက်တုံးသည် ပေထင်းဟွမ်ဆီသို့ ပျံလာလေသည်။

ပေထင်းဟွမ်သည် မင်စူးအား မတိုက်ခိုက်ပေ။ မင်စူးကို တစ်ချက်တည်း နှင့်သတ်လိုက်ပါက တခြားသူများကို မသတ်လိုက်ရမည်ကို သူမ ကောင်းစွာ သိသည်။ ပေထင်းဟွမ်အတွက် အမှောင်နတ်မိစ္ဆာဘုံသို့လာရသည့် ရည်ရွယ် ချက်မှာ ဝိညာဉ်နတ်ဘုရားမျိုးနွယ် အခွဲများကို နှစ်သိမ့်ရန်မဟုတ်ဘဲ မိဘများ ကိုရှာရန်နှင့် ယန်ယဲ့ပြောသည့်အရာနှစ်ခုကိုလုပ်ရန်ဖြစ်သည်။

သေချာပေါက်ပင် ပေထင်းဟွမ်သည် ထိုဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အခွဲများမှ အတိုးရလျှင် ငြင်းဆန်မည်မဟုတ်ပေ။

ပေထင်းဟွမ်လှုပ်ရှားသည်နှင့် အားလုံးသည် ပေထင်းဟွမ်ဆီသို့ တိုးလာ ကြသည်။ သို့သော် ဒါဇင်မျှတိုက်ခိုက်ပြီးနောက် သူတို့သည် ပေထင်းဟွမ်၏ လက်ထဲမှမှော်အရင်းအမြစ်ကို မလုနိုင်ဘဲလွဲသွားလေသည်။ ကံကောင်းစွာပင် မျက်စိလျင်သောလူတစ်ယောက်သည် ထိုမှော်အရင်းအမြစ်ကျောက်တုံးမှာ ပေထင်းဟွမ်၏နေရာထဲသို့ရောက်သွားသည်ကိုမြင်လိုက်ရသည်။

“အဲဒါက အကြီးအကဲချန်းသတင်းပို့ထားတဲ့ ရှေးဟောင်းမှော်တိမ်တိုက် ကျားသစ်အရိုးစုပါတဲ့ မှော်အရင်းအမြစ်ကျောက်တုံးပဲ၊ အရေးအကြီးဆုံးက အသိစိတ်အလင်းတန်းမှာ အားကောင်းတဲ့စွမ်းအားရှိတုန်းပဲ” အရှင်များထဲမှ တစ်ယောက်သည် ရုတ်တရက်အော်လေသည်။

“အဲဒီအသိစိတ်အလင်းတန်းကနေ သယ်လာတဲ့ ကြီးမားတဲ့စွမ်းအင်ကို သန့်စင်နိုင်ရင် သခင်လေးရဲ့ခွန်အားက သေချာပေါက်တိုးတက်လာမှာပဲ” မင်စူး ဘေးမှ အလှလေးတစ်ယောက်သည် ဒေါသဖြင့်ပြောလေသည်။ ဤရတနာကို ပေထင်းဟွမ် ရသွားချေပြီ။

မင်စူးသည် အရင်ကတည်းက ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ချင်နေသည်ဟု ပြောနိုင်သည်။ ယခုအခါ လက်အောက်ငယ်သားများဆီမှ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်လုံးများနီရဲလာသည်။ ပေထင်းဟွမ်အား အမြစ်ဖြတ်ချင်သည့် နည်းလမ်းအမျိုးမျိုးသည် သူ၏ရင်ထဲမှ နာကြည်းချက်ကို ဖုံးမရတော့ပေ။

All Chapters