အသက်ကိုညှာတာပေးမယ်
Vol. 75 Ch. 1482
“ပေထင်းဟွမ် ဒီမှော်အရင်းအမြစ်ကျောက်တုံးပေး ဒီသခင်လေးက သခင်ပဲ ငါ မင်းအသက်ကိုညှာတာပေးမယ်” မင်စူးသည် တောင့်ခံပြီးရင်း တောင့်ခံလေသည်။ ပေထင်းဟွမ်နှင့်တိုက်ခိုက်ပြီးနောက် မင်စူးသည် ပေထင်းဟွမ်၏ စိတ်သဘောထားကို ကောင်းစွာသိသွားပြီဖြစ်သည် “မင်းကို အမှောင်နတ်မိစ္ဆာဘုံနဲ့ ဝိညာဉ်ဘုံမှာတွေ့ရင်တောင် ရှောင်သွားမယ်လို့ ဒီသခင် လေးကတိပေးတယ်”
“ချင်းရှန့်ရွာကရွာသားတွေကိုတော့ သူတို့ကို ငါတို့လွှတ်ပေးနိုင်တယ်” ရာထူးမြင့်သည့်အရှင်တစ်ယောက် ထပ်ပေါင်းပြောလေသည်။
မှော်အရင်းအမြစ်ကျောက်တုံးကိုရပြီးသည်နှင့် အဂူးသည် ပိတ်လှောင် လိုက်ပြီဖြစ်သည်။ ဂိုဒေါင်ကိုအပြတ်မရှင်းနိုင်လျှင်တောင် အနည်းဆုံး လိုအပ် သည့် မှော်အရင်းအမြစ်ကျောက်တုံး ပမာဏကို ယူပြီးဖြစ်လိမ့်မည်။
“မင်း သက်ညှာဖို့ကို ငါကလိုအပ်တယ်ပေါ့်လေ၊ ဟာသပဲ” ပေထင်းဟွမ် သည် အထင်သေးစွာပြောပြီး လက်ထဲမှဓားပျော့ကိုလှုပ်ယမ်းကာ မင်စူးနှင့် တခြားသူများကို တိုက်ခိုက်ရန်အသင့်ပြင်လေသည်။ သူသည် ဤဘက်တွင် တိုက်ခိုက်ကာ အဂူးကို အချိန်အနည်းငယ်ပေးရမည်။
“ဒီအတိုင်းပဲ ခွက်မြောက်ရုံပဲလေ တကယ်ကြီးမသောက်ခိုင်းပါဘူး၊ ဒီသခင်လေးက မင်ဟွမ်လိုမျိုး ငတုံးလို့ထင်နေတာလား” မင်စူးသည် အရှင် သုံးယောက်ကို အမိန့်ပေးပြီးသားဖြစ်လေသည် “မင်းတို့သုံးယောက် သူ့ကို သါားသတ်လိုက်ကြ၊ တစ်ယောက်ကို မှော်မူလကျောက်တုံး ၁၀၀ ကတ်တီစီရ မယ်၊ မင်းတို့ ကစဥ့်ကလျားဘုံကနဦးအဆင့်ကနေ ကစဥ့်ကလျားအလယ် အဆင့်ကိုရောက်ဖို့ လုံလောက်ပါတယ်”
မှော်မူလကျောက်တုံး ၁၀၀ ကတ်တီဟုကြားသည်နှင့် အရှင်သုံးယောက် တို့သည် ကြက်သွေးနှင့်အရိုက်ခံလိုက်ရသလို ခံစားရလေသည်။ ပေထင်းဟွမ် သည် အကြီးအကဲချန်းကို ရက်စက်စွာသတ်ခဲ့သည်ကိုမြင်ပြီးသည့်တိုင်အောင် ကျောချမ်းမိတုန်းပင်ဖြစ်သည်။ သို့သော် သည်တစ်ခေါက်တွင် ကြီးလေးသော ဆုအောက်တွင် သတ္တိရှိသောလူရှိစမြဲပင်။ အရှင်သုံးယောက်သည် သူတို့သုံးဦး ၏ ခွန်အားနှင့်ဆိုလျှင် ပေထင်းဟွမ်အား ခေါင်းဖြတ်ရန် အဟန့်အတားမရှိနိုင် ဟု တွေးသည်။
အရှင်သုံးယောက်သည် လက်နက်များကိုကိုင်ကာ ပေထင်းဟွမ်ဆီသို့ ပြေးဝင်လေသည်။ မင်စူးနှင့်တခြားသူများသည် အဂူးဆီသို့ လျင်မြန်စွာ ပြေး သွားကြသည်။ မင်စူး၏အရှိန်သည်မြန်ဆန်သည်။ သို့သော် ပေထင်းဟွမ်သည် ပိုမြန်သည်။ သူလှုပ်ရှားသည်နှင့် လေထဲတွင် ပုံရိပ်များပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို သေချာစွာထိန်းချုပ်သော အရှင်သုံးဦးပင် လျှင် လေထဲတွင်လှုပ်ခါနေသော ပေထင်းဟွမ်၏ အရိပ်အယောင်ကိုမမြင်ရပေ။
“မြန်လိုက်တာ”
ပေထင်းဟွမ်ဆီသို့ တိုက်ရိုက်လိုက်သောအရှင်များအကြားတွင် အားအကောင်းဆုံးလူထဲမှတစ်ယောက်သည် ရင်ထဲတွင်အေးစိမ့်လာသည်။ ဤမျှမြန်ဆန်သောအရှိန်နှင့်ဆိုလျှင် ပေထင်းဟွမ်အား တိုက်ခိုက်ရန် အရည်အချင်းရှိတော့မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် အမှောင်ထဲ၌ ကိုးရောင်မီးတံတိုင်းသည် ရုတ်တရက် ပေါ်လာပြီး မီးတောက်များသည် မင်စူး၏လမ်းကို တည့်တည့်ပင် ပိတ်ကာ သူတို့ထဲမှတစ်ယောက်သည် တားရန်အချိန်မရှိလိုက်ဘဲ ကိုးရောင် နိဗ္ဗာန်မီးတံတိုင်းနှင့် ပစ်တိုက်မိလေသည်။ မီးတောက် အနည်းငယ်စွဲသွားလျှင် တောင် ခမ်းနားသောနတ်ဘုရား၏ခြေလှမ်းသည် တစ်ခါတည်းပြာချပစ်လိုက် နိုင်သည်။
အမှောင်နတ်မိစ္ဆာဘုံသည် ပင်မတိုက်ကြီးတွင် ကွဲထွက်သည်။ အကြောင်းမှာ မှော်အရင်းအမြစ်ကျောက်တုံးပေါများပြီး ဝိညာဉ်နတ်ဘုရား မျိုးနွယ်မှ စေလွှတ်လိုက်သော အဆင့်မြင့်ဝိညာဉ် ကျင့်ကြံသူများမှလွဲ၍ ကျန်လူများသည် နတ်မိစ္ဆာကျင့်ကြံသူများသာဖြစ်ကြသည်။ အချိန်ကောင်းနှင့် နေရာကောင်းကို အခွင့်ကောင်းယူကာ ဤနေရာတွင် 'နတ်ဘုရားအဆင့် အောက်လူတွေအကုန်လုံးက ပုရွက်ဆိတ်တွေပဲ' ဆိုသည့်စကားကို ပြောကြ သည်။
သို့သော် ထိုအချိန်တွင် မှင်တက်လောက်သော နတ်ဘုရားအဆင့် အလှလေးမှာ မီးတောက်ထဲတွင်ပြာဖြစ်သွားသည်ကိုကြည့်ပြီး မင်စူးပင်လျှင် ကြောက်လန့်မိလေသည်။ သူသည် မျက်လုံးပြူကျယ်သွားကာ မျက်စိရှေ့မှ တံတိုင်းကိုကြည့်လိုက်သည်။ မင်စူးသည် ထိုကြောက်မက်ဖွယ်ရာမီးတောက် ရှေ့တွင် သက်ရှိအားလုံးသည် ပုရွက်ဆိတ်များဖြစ်သည်ဟု ခံစားရသည်။
ပေထင်းဟွမ်သည် ဤကဲ့သို့အားကောင်းသောစွမ်းအင်ကို အမှန်တကယ် ပင် ထိန်းချုပ်လေသည်။ ထို့ကြောင့်ပင် သူသည် ပင်မတိုက်ကြီးတွင် တစ်နှစ် ပင်မပြည့်သေးသည့်အချိန်မှာ ထောင်တက်လာပြီး နောက်ဆုံးတွင် မြေတစ်ပိုင်း ကိုသိမ်းပိုက်စိုးမိုးနိုင်ခဲ့သည်။ ၃၃ ကောင်းကင်ဘုံမှလွှတ်လိုက်သည့် သန်မာ သောလူများပင် သူမ၏လက်ထဲတွင်ကျဆုံးခဲ့သည်။
ထိုအခိုက်အတန့်တွင် မင်ဟွမ်သည် အသုံးမကျခြင်းမဟုတ်ဘဲ ပေထင်းဟွမ်သည် အလွန်သန်မာနေခြင်းဖြစ်သည်ကို မင်စူးသိလာသည်။
“ပေထင်းဟွမ် ဒီနေ့လင်းယွိက မှော်မူလကျောက်တုံးတွေ အကုန်လုံး ဆုံးရှုံးလိုက်ရင်တောင် ဒီသခင်လေးက မင်းကို ဒီမှာသေစေချင်တယ်” မင်စူး သည် အမှန်တရားကို နားလည်သည်။ သူသည် ပေထင်းဟွမ်အား မကြီးထွား လာစေချင်ပေ။ သူအနိုင်ရသင့်သည်။ သူမသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ် တစ်ခုလုံး၏ ရန်သူဖြစ်နေသည်မှာတော့ နှမြောစရာပင်။