မင်းက သခင့်အတွက် ပြိုင်ဘက်မဟုတ်သေးဘူး
Vol. 75 Ch. 1484
ပြောရမည်ဆိုလျှင် ချင်းရှန့်ရွာအနီးတိုက်ပွဲဖြစ်ခဲ့စဉ်က မင်စူး ပေထင်းဟွမ်အားအရှုံးပေးလိုက်ရသည်မှာ ခွန်အားချို့တဲ့ခြင်းကြောင့်မဟုတ်ဘဲ သတိမဲ့ခြင်းနှင့် ရန်သူအားအထင်သေးမိခြင်းကြောင့်ပင်။
ပေထင်းဟွမ်ပြုံးလိုက်သည် “မင်စူး ငါ့သခင်က မင်းကို အရှင်းသေခိုင်း တာ၊ မင်းက ငါ့သခင်ထက် အဆင့်တစ်ဆင့်လုံးမြင့်ရင်တောင် ငါ့သခင်ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး”
ပေထင်းဟွမ်၏နယ်ပယ်သည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် ဤကဲ့သို့အားကောင်းသောရန်သူနှင့် ရင်ဆိုင်ရသည်မှာ သခင်လေး သည် ဤလူငယ်လက်ထဲတွင်သေသွားလျှင်တောင် သခင်လေးနောက်လိုက်သူ များသည် နောက်ဆုတ်မည်မဟုတ်ပေ။ ထိုအချက်တွင် မင်စူးအနောက်တွင် ရှီရှောင်မိုနှင့်တိုက်ခိုက်နေသည့် အရှင်သုံးယောက်မှလွဲ၍ တခြားနောက်လိုက် များသည် ဤအမှန်တရားကိုနားလည်ကြသည်။
ထိုအချိန်တွင် သူတို့သည် ပေထင်းဟွမ်၏ခွန်အားကို ကြောက်ရွံ့လျှင် တောင် ထိုလူများသည် သူတို့၏လက်နက်များထုတ်ကာ ပေထင်းဟွမ်ဆီသို့ ပြေးသွားရန်မှလွဲပြီး တခြားရွေးချယ်စရာမရှိပေ။
“ရှောင်ကျို့ ခဏလောက် တောင့်ထားပေးဦး” ရှီရှောင်မိုသည် သူမ၏ အရည်အချင်းကိုခဏဘေးချကာ အာရုံထွေပြားစွာဖြင့် ပေထင်းဟွမ်အား အော် လိုက်သည် “ငါ မကြာခင်ပြီးတော့မယ် ခဏနေရင် မင်းကိုလာကူမယ်”
ရုတ်တရက်ဆိုသလိုပင် ရှီရှောင်မိုနှင့်တိုက်ခိုက်နေသော အရှင်သုံးဦး သည် လက်ဦးမှုမရသဖြင့် ဒေါသကြောင့် ဖြူဖျော့လာသည် “ဟေ့ကောင် ငရဲ သွားလိုက်တော့”
“မိုးနတ်မင်းရေ” ရှီရှောင်မိုသည် ချက်ချင်းပင် ကျိန်ဆဲလေသည်။ သူမ သည် အရှင်သုံးယောက်ကို တစ်ယောက်တည်းတိုက်ခိုက်နေရသော်လည်း သားရဲကိုမဆင့်ခေါ်ပေ။ သူမ၏ လက်သည်းများသည် ထိုလူ၏ဦးခေါင်းကို ရက်စက်စွာရိုက်ချလေသည်။
အလင်းငါးခုသည် ရောင်ခြည်ကဲ့သို့လင်းလာပြီး ထိုလူ၏ဦးခေါင်းထဲသို့ တိုက်ရိုက်ဝင်သွားလေသည်။ ထိုမြင်ကွင်းသည် စစ်မြေပြင်အထဲအပြင်မှ လူများကို လုပ်လက်စများမှ ရပ်တန့်သွားစေသည်။ ကြောက်လန့်သောမျက်လုံး များသည် အလင်းရောင်ခြည်ဆီသို့ကြည့်ကြသည်။ ခမ်းနားသောအရှင်အဆင့် ကျွမ်းကျင်သူ၏ ဦးခေါင်းသည် တိုက်ရိုက်ပင် ထိုးစိုက်ခံလိုက်ရကာ ဦးနှောက် များသည် အဝတ်စုတ်ကဲ့သို့ ထွက်လာလေသည်။ သူသည် လေထဲသို့ ထိုးကျ သွားလေသည်။
အားကောင်းလိုက်သော ခွန်အားပင်။
ပေထင်းဟွမ်သည် ရှီရှောင်မို၏လက်ထဲမှ စွမ်းအင်ဘီးလုံးကိုကြည့်လိုက် သည်။ ထိုဘီးလုံး၏ဒီဇိုင်းသည် ပတ္တမြားကမ္ဘာအတွက် ထူးခြားလွန်းကာ ၂၁ ရာစုတွင်သာ အသုံးပြုသည့် လက်နက်မျိုးဖြစ်သည်။ အထူးမွမ်းမံထားသော အစုအဝေးအခြေခံသဘောတရားကို မွေးစားထားသည်။ ဧကရာဇ်မိုသည် ၂၁ ရာစုတရုတ်ပြည်မှ ဤနယ်မြေသို့ရောက်လာသောလူမှန်ချေပြီ။
ရှီရှောင်မိုသည် ဘီးလုံးထဲသို့ စွမ်းအင်များထပ်ခါထပ်ခါ သိပ်ထည့်လေ သည်။ နောက်ဆုံးတွင် တန်းစီထည့်လိုက်ပြီးနောက် ထုတ်လိုက်ချိန်တွင် ဖိအား သည် များစွာတိုးတက်လာသည်။ ၎င်း၏သေစေနိုင်လောက်သည်စွမ်းအားသည် စွမ်းအင်မထည့်ရသေးခင်ကထက် အဆပေါင်း ၁၀ ဆပိုလေသည်။ ထို့ကြောင့် ပင် ရှီရှောင်မိုသည် အရှင်အဆင့်ကို သားရဲဆင့်မခေါ်သလို သားရဲအရည်အချင်း ကိုမသုံးဘဲ သတ်နိုင်ခြင်းပင်။
ရှီရှောင်မို၏လှုပ်ရှားမှုကိုကြည့်ပြီး ပေထင်းဟွမ်သည် တစ်စုံတစ်ခုကို သိလိုက်ရပြန်သည်။ စွမ်းအင်ကို သိပ်ထည့်ရမည်။ ထိုအခါတွင် သေစေလောက် သည့်စွမ်းအား တိုးလာနိုင်သည်။ ၎င်းကိုထိုနည်းလမ်းအတိုင်းလုပ်ပါက သူမ၏ မုန်တိုင်းနဂါးသည် ပိုအားကောင်းလာနိုင်သည်။
“ပေထင်းဟွမ် မင်းရဲ့သူငယ်ချင်း မင်းကိုလာကယ်ဖို့ မျှော်လင့်မနေနဲ့၊ မင်း ကိုသတ်ပြီးရင်တော့ သူ့ကိုသတ်ပေးမယ်” မင်စူးသည် ဤနေရာတွင် ပေထင်းဟွမ်အား ဖျက်ဆီးရန် ဆုံးဖြတ်ပြီးသားပင်။ သူခေါ်လာသည့် အရှင်သုံး ဦးသည် ရှီရှောင်မိုအား တိုက်ခိုက်နိုင်ပုံမရပေ။ ထို့ကြောင့် သူ့ဘက်မှဖိအားမှာ ပိုများလာသည်။
“ဒီနေရာမှာ ပေထင်းဟွမ်ကိုသတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ယောက်ျား လေးဆို သတ္တုကြောပေးမယ်၊ မိန်းကလေးဆို ငါနဲ့လက်ထပ်ပြီး ငါသခင်လေးရဲ့ ဇနီးမယားအဖြစ်တင်မြှောက်မယ်”
မင်စူး၏စကားဆုံးသည်နှင့် သူ့အနောက်မှလူ ဒါဇင်ကျော်သည် သားရဲ စိတ်ဝိညာဉ်များကိုဆင့်ခေါ်ကာ သေခြင်းတရားကိုပင်မကြောက်ဘဲ ပေထင်းဟွမ်ဆီသို့ပြေးဝင်လေသည်။ မင်စူးသည် လူများ၏ရင်ကိုလှုံ့ဆော်ရာ တွင်ဆရာတစ်ဆူပင်။ သူ ကတိပေးသည့်ဆုသည် လူများ၏ရင်ကိုထိသွားစေ သည်။
ပေထင်းဟွမ်သည် သူ၏အရှက်ကင်းမဲ့မှုကိုလေးစားမိသည်။ နတ်ဘုရား အဆင့်ကျွမ်းကျင်သူသည် သူမဆီသို့ ဒေါသတကြီးပြေးဝင်လာသည်ကိုကြည့် ရာ ထိုလူများ၏ခွန်အားသည် သူမနှင့်ယှဉ်နိုင်သည်ကိုတွေ့လိုက်ရသည်။ သို့သော် ပြိုင်ဘက်မှာများလွန်းသည်။ ပေထင်းဟွမ်သည် သားရဲကိုဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။