ရွှေနဂါးနှင့်ရွှေဇာမဏီ
Vol. 75 Ch. 1485
သူမ၏ခန္ဓာကိုယ်မှ နတ်စွမ်းအားထွက်လာပြီး ထောင့်ကိုးထောင့် ကြယ်တာရာအစီအရင်သည် ပေထင်းဟွမ်၏ခြေထောက်အောက်တွင်ပေါ်လာ လေသည်။ အစီအရင်ပုံစံပေါ်တွင် ကိုးရောင်အလင်းတန်းလက်လာပြီး သန့်စင် သောဓားသည် ခြေထောက်ရှေ့တွင်ပေါ်လာကာ ဓား ၁ လက်နတ်ဘုရား ဧကရာဇ်ဖြစ်သည့် သူမ၏လက်ရှိခွန်အားကိုဖော်ပြလေသည်။
“အဆင့်တက်သွားတာကိုး ဟား ဟား ဟား ဒါပေမဲ့ ဒီသခင်လေးရဲ့ မျက်လုံးထဲမှာ ဓား ၁ လက်နတ်ဘုရားဧရာဇ်က မလုံလောက်သေးဘူး” မင်စူး သည် အရိုင်းဆန်စွာအော်ဟစ်လိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင် မနာလို ဖြစ်နေတုန်းပင်။ တစ်ရက်နှင့်တစ်ညသာကြာသေးသည်။ ဤကဲ့သို့ အားထုတ်မှု နှင့်ဆိုလျှင် ဤကောင်လေးသည် နောက်တစ်ဆင့်တက်နိုင်သည်။
ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်အရိုးစုချိတ်စည်းပိတ်ထားသည့် မှော်အရင်းအမြစ်ကျောက်တုံးကို စဉ်းစားမိလေ၏။ ထိုအရာသာ ပေထင်းဟွမ် ၏ လက်ထဲရောက်သွားပါက သူမ၏ခွန်အား တိုးပွားမှုမှာ များစွာထိုးတက်သွား နိုင်သည်။
သေချာပေါက် ဤကောင်လေးကို အနိုင်ရခွင့်မပေးနိုင်ပေ။
အပြစ်တင်ချင်လျှင် သူမကိုယ်သူမ အပြစ်တင်သင့်သည်။ မင်စူးသည် ပေထင်းဟွမ်အားမြင်ပြီးနောက် ဒေါသထွက်လွန်းသဖြင့် စိတ်ရူးပေါက်သွားလေ သည်။ သူသည် သူမအားသတ်ချင်သဖြင့် မှော်အရင်းအမြစ်ကျောက်တုံးကိုပင် မေ့လျော့သွားလေသည်။
သူသည် နှစ်ပေါင်းတစ်ရာကျော်နေထိုင်လာခဲ့ကာ သေအောင်အထိ ရိုက်ချင်သူဟူ၍ မရှိခဲ့ဖူးပေ။ အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် သခင်လေး မင်စူးဆိုသည့်နာမည်ကို မည်သူမသိသနည်း။ မည်သူက သူ့အား ထိခိုက်ရဲ သနည်း။
ပေထင်းဟွမ်သည် ပထမဆုံးဖြစ်သည်။
ကိုးရောင်အလင်းတန်းထဲတွင် သားရဲနှစ်ကောင်သည် တစ်ကောင်ပြီး တစ်ကောင်ထွက်လာသည်။ တစ်ကောင်မှာ နဂါးဖြစ်ပြီး နောက်တစ်ကောင် သည် ဇာမဏီဖြစ်သည်။ နဂါးသည် လက်သည်းငါးခုပါ ရွှေနဂါးဖြစ်ကာ ဇာမဏီ သည် ကိုးရက်ရွှေဇာမဏီဖြစ်သည်။ လုံဖန်းဂူ၏ အထွတ်အမြတ်သွေးသား ထက်ပိုသန့်စင်သည့် ထိုကြီးမားသောသားရဲနှစ်ကောင်၏ ရှေးဟောင်း အသွင်အပြင်ကို ကြည့်ပြီး မင်စူးသည် ငေးကြောင်နေသည်။
ထိုအချိန်တွင် ခေါင်းဆောင်နှစ်ယောက်နှင့်တိုက်ခိုက်နေသည့် ရှီရှောင်မို ပင်လျှင် ထိတ်လန့်သွားကာ ထိုဘက်သို့လျင်မြန်စွာကြည့်ကာ ချက်ချင်း အော် လေသည် “ဘုရားရေ ရှောင်ကျို့ မင်းက ဘာလို့အဲလောက်ကံကောင်းရတာလဲ”
ရှီရှောင်မို၏မီးဇာမဏီနှင့်ယှဉ်လျှင် ဤရွှေဇာမဏီ၏သွေးသားသည် တစ်ဆင့်ပိုမြင့်လေသည်။ ထို့ကြောင့်ပင် ရှီရှောင်မိုသည် မြင်လိုက်ရချိန်တွင် ပို အံ့ဩနေခြင်းပင်။
ထိုရွှေနဂါးနှင့်ရွှေဇာမဏီနှစ်ကောင်ပေါ်လာသည်ကိုကြည့်ပြီး မင်စူး၏ လက်အောက်ငယ်သားများ၏ သားရဲများမှအသွင်ပြောင်ထားသည့် ချပ်ဝတ်တန်ဆာများသည် ခန္ဓာကိုယ်မှကွာကျကာ သားရဲစိတ်ဝိညာဉ်များသည် ထွက်ပြေးကုန်ကြလေသည်။ ထင်ရှားစွာပင် သူတို့သည် ရွှေနဂါးနှင့်ရွှေဇာမဏီ တို့၏ သွေးဖိအားကို ခံနိုင်ရည်မရှိကြခြင်းပင်။
နတ်ဘုရားအဆင့်ကျွမ်းကျင်သူများသည် အများဆုံးမှ သူတို့ထက် တစ်ဆင့်သာမြင့်သည့် သားရဲစိတ်ဝိညာဉ်များကို ဆင့်ခေါ်နိုင်ကြသည်။ သာမန် သားရဲစိတ်ဝိညာဉ်များသည် ဤကဲ့သို့နဂါးနှင့်ဇာမဏီတို့၏ ဖိအားကို မည်သို့ ခံနိုင်ရည်ရှိကြမည်နည်း။
“ဖုန်းချန်းရဲ့ တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာဆင်ထားတယ်၊ နတ်မိစ္ဆာ အပိုင်းကို ဝတ်ထားတာ” ပေထင်းဟွမ်၏အသံထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းနှစ်ခုသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ဖုံးအုပ်လေသည်။ တိုက်ပွဲ ချပ်ဝတ်တန်ဆာသည် ရှေးဟောင်းသွေးသား သားရဲမှအသွင်ပြောင်းထားခြင်း ဖြစ်ပြီး အရောင်စုံအလင်းတန်းနှင့်ပြည့်နေသော ရွှေရောင်မှာ မြင်သာထင်သာ ရှိပြီး နဂါးကြေးခွံပုံစံသည် ပြောင်မြောက်ပြီးတောက်ပသည်။ သို့သော် အရည်အသွေးမြင့်ပုံမရပေ။ ဆန့်ကျင်ဘက်အနေနှင့် တိုက်ခိုက်ရေးချပ်ဝတ် တန်ဆာပေါ်တွင် အေးစက်သောသတ္တုအရောင်ရှိသည်။ ရွှေရောင်မှထွက်လာ သည့်အတိုင်း ၎င်း၏အားကောင်းသောခုခံရေးစွမ်းအားကို အာရုံခံရန် မခက်ခဲ လှပေ။
နဂါးသည် ၎င်း၏အားကောင်းသောတိုက်ခိုက်ရေးနှင့် ခုခံရေးအစွမ်းအစ များကြောင့် ကျော်ကြားသည်။ နဂါးသည် ကောင်းကင်၏သင်္ကေတဖြစ်သည်။
ရွှေဇာမဏီသည် တိုက်ခိုက်ရေးဖိနပ်များအဖြစ် အသွင်ပြောင်းလေသည်။ ရွှေရောင်တိုက်ခိုက်ရေးဖိနပ်ပေါ်တွင် ရွှေရောင်ဇာမဏီသည် ခေါင်းမော့ကာ မြည်တွန်နေသဏ္ဍာန်ရှိသည်။ ၎င်း၏ပေါ့ပါးသောပုံရိပ်သည် တိုက်ခိုက်ရေးဖိနပ် ၏ မယှဉ်နိုင်သောအရှိန်နှုန်းကို ပြသနေသယောင်ရှိသည်။
ပေမင်းနှင့်တခြားသူများပြောသည့်အတိုင်းပင် သားရဲငါးကောင်သည် ကျိန်စာမြေမှ ထွက်လာစဖြစ်ကာ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အားဖြည့် မှုရှိသော်ငြား သူတို့၏ခွန်အားသည် အပြည့်အဝပြန်မကောင်းသေးပေ။ တိုက်ခိုက်ရန်အတွက် မသင့်တော်ပေ။
ပေထင်းဟွမ်သည် သူတို့၏ခွန်အားကိုအသုံးပြုရန်ဆင့်ခေါ်ခြင်း မဟုတ်ဘဲ ခုခံရေးအတွက်သုံးရန်ဖြစ်သည်။
လူငယ်သည် ရွှေရောင်စစ်နတ်ဘုရားနှင့်တူပြီး ရွှေရောင်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာပေါ်တွင် ရွှေနဂါးသည် သူမအား ရစ်ပတ်ထားသလိုထင်ရ၏။ သူမ၏ရှည်လျားသောရွှေရောင်ဆံပင်သည် ညလေတွင်လွင့်နေပြီး ရွှေရောင် မျက်အိမ်သည် အေးစက်လှသည်။ သူမသည် နှင်းဖြူရောင်ဓားကိုလက်တွင် ကိုင်ထားကာ ကိုးရောင်နတ်စွမ်းအားဖြင့် ရစ်ပတ်ထားသည်။ ငွေရောင် မိုးကြိုးသွားများသည် မြွေများကဲ့သို့ လူများကို ကြည့်လိုက်ရုံနှင့်ကြောက်လန့် သွားစေသည်။