သူထပ်ပြီးဒဏ်ရာရပြန်ပြီ
Vol. 75 Ch. 1486
နတ်ဘုရားအဆင့်သည် ၁၀ ယောက်ကျော်ပါဝင်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်၏မျက်လုံးထဲ၌ သူတို့သည် တရုတ်ဂေါ်ဖီထုပ်လိုပင်။ သားရဲစိတ် ဝိညာဉ်များ၏ခုခံမှုမပါဘဲနှင့် သူတို့၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် မည်မျှ သန်မာသည်ကို လူအများအား သိအောင်ပြုလုပ်နေသည်။
အရင်လက်ဦးမှုယူရမည်။
“တိုက်ခိုက်မယ်”
ပေထင်းဟွမ် ပြင်ဆင်သည်ကိုပင် မစောင့်ဘဲနှင့် မင်စူး၏အသံသည် ရဲတင်းပြီးအေးစက်စွာထွက်လာပြီး ပေထင်းဟွမ်ဆီသို့ အရင်ဦးစွာရှေ့တိုးလာ သည်။ သူ့အနောက်မှ နတ်ဘုရား ၁၀ ယောက်ကျော်သည် ပေထင်းဟွမ်အနား တွင် ကျိုင်းကောင်များကဲ့သို့ကပ်လာသည်။
ဓားပျော့သည် လှံတံကဲ့သို့ဖြောင့်တန်းနေပြီး ပေထင်းဟွမ်၏ ခြေဖျားထိပ် များသည် လေထဲတွင်အနည်းငယ်မြောက်နေသည်။ ဖုန်းယင်လျင်မြန်သော အရည်အချင်းများပြနေသည်မှာ သူ့အား လျှပ်စီးကဲ့သို့မြန်ဆန်စေပြီး ဝိုင်းထား ရာမှ လျင်မြန်စွာဖောက်ထွက်နိုင်လေသည်။ သူမ၏လက်ထဲမှဓားပျော့သည် မင်စူး၏ဦးခေါင်းကို ချိန်ရွယ်ကာ ခပ်ပြင်းပြင်းရိုက်ချလေသည်။
ပေထင်းဟွမ်သည် တစ်ချက်တည်းရိုက်ချရန် ရှုံးနိမ့်သွားပြီး သွက်လက် စွာဖြင့် နောက်ဆုတ်ကာ အဝေးရှိလေထဲတွင်ရပ်ကာ ပြိုင်ဘက်စခန်းဘက်သို့ ကြည့်လိုက်သည်။
မင်စူးသည် ခေါင်းငုံ့ထားကာ ခါးကိုကြည့်လိုက်သည်။ အနီရဲရဲသွေးများ သည် လက်ထဲတွင်ပါလာရာ သွေးအနံ့သည် မင်စူးအား ရူးသွားစေသည်။
သူသည် ထပ်မံဒဏ်ရာရပြန်သည်။ တစ်ချက်တည်းနှင့်... ဤကောင်စုတ် လေး၏ တစ်ချက်တည်းနှင့် သူဒဏ်ရာရသွားသည်။
သူသည် ခေါင်းကိုဖြည်းဖြည်းချင်းမော့ကြည့်သည်။ ထိုအခိုက်အတန့်တွင် မင်စူး၏မျက်နှာသည် အကျည်းတန်သည်ထက်ပင် ပိုသေးသည်။ အစက မိန်းကလေးဆန်သောမျက်နှာသည် စက္ကူကဲ့သို့ဖြူဖျော့သွားပြီး သူ၏ ညှို့ဓာတ် ပြင်းသောမျက်လုံးများသည် ဒေါသကြောင့် နီရဲတွတ်နေကာ သူ၏ပုံစံမှာ ငရဲမှ တက်လာသည့် နတ်ဆိုးတစ္ဆေတစ်ကောင်ကဲ့သို့ဖြစ်နေသည်။
အထူးသဖြင့် သူသည် ပေထင်းဟွမ်၏နှုတ်ခမ်းထောင့်မှ လှောင်ပြောင်နေ သည့်အလား အေးစက်သော အပြုံးကိုမြင်သောအခါ မင်စူးသည် သည်းမခံနိုင် တော့ဘဲ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအား အားလုံးကို လှုံ့ဆော်လိုက်သည်။ လက်ထဲမှ စီရင်ချက်လှံတံကိုမြှောက်ပြီးနောက် ပေထင်းဟွမ်အား ထပ်မံဖြတ် သွားလေသည်။
ပေထင်းဟွမ်၏ ပုံရိပ်သည် သစ်ကျုတ်ကဲ့သို့မြန်ဆန်ကာ ရွှေရောင်မျက်လုံးတစ်စုံသည် အေးစက်ပြီး ညှာတာမှုကင်းမဲ့သည်။ သူမသည် လက်ထဲမှဓားပျော့ကိုမြှေဦက်ကာ အနားသို့ကပ်လာသောလူကို အားပါပါ ခုတ် ချလေသည်။ ရုတ်တရက်ပင် ထိုလူ၏ဦးခေါင်းသည် ပေါက်ကွဲပြီး မြေပေါ်သို့ အရုပ်ကြိုးပြတ်ကျလေသည်။
ထိုမြင်ကွင်းသည် သတ္တုကြောကိစ္စအား တွေးနေသည့် မင်စူး၏ လက်အောက်ငယ်သားများကို ချက်ချင်းပင်ငြိမ်ကျသွားစေသည်။ သေရမည်ကို ကြောက်သည့် တက်ကြွမှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ ပေထင်းဟွမ်သည် ထပ်မံခုန် လိုက်ကာ လက်ထဲမှဓားပျော့ကိုမြှောက်ပြီး မင်စူးအား ထပ်မံခုတ်လိုက်သည်။ လှည့်ကွက်မရှိဘဲ ရိုးရှင်းသောခုတ်ချက်တစ်ခုနှင့်ပင် ရှေးအကျဆုံးအားပါသည့် ထိပ်တိုက်တွေ့မှုနှင့် လူမဆန်သောတိုက်ခိုက်ရေးပုံစံရောက်သွားစေသည်။
ဘုန်း..
အေးစက်သောသံမဏိထိပ်တိုက်တွေ့မှုပေါ်ပေါက်လာပြီး မီးပွားများ ပွင့် ထွက်လာသည်။ ဓားပျော့ပေါ်တွင် မိုးကြိုးနှင့်လျှပ်စီးစွမ်းအားရှိနေပြီး ဓားပျော့ နှင့် စီရင်ချက်လှံတံတို့ ထိလိုက်သည့်အချိန်တိုလေးကို အခွင့်ကောင်းယူကာ စီရင်ချက်လှံတံဆီသို့ ပြေးဝင်သွားပြီဖြစ်သည်။ ငွေရောင်လျှပ်စီးသည် သေးငယ်သောငွေရောင်မြွေကဲ့သို့ မင်စူး၏လက်ကောက်ဝတ်တစ်လျှောက် တွားသွားတက်ကာ သူ၏သွေးကြောထဲသို့ စိမ့်ဝင်လေသည်။
ဓားပျော့နှင့် စီရင်ချက်လှံတံတို့သည် ထိပြီးသည်နှင့် ပြန်ကွဲသွားသည်။ သို့သော် မင်စူး၏ခန္ဓာကိုယ်သည် သုံးပေအကွာတွင်လဲကျသွားလေသည်။ သူနှင့်ပေထင်းဟွမ်တို့ကြားမှ ခွန်အားယှဉ်ပြိုင်မှုတွင် သုံးပေကွာဝေးသွားစေ သည်။
ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် မြန်ဆန်လွန်းကာ စကားနှင့်ပင်ဖော်ပြ၍ မရပေ။ သူမလှည့်လာသောအခါတွင် ဓားပျော့သည် လေထဲတွင် လှပစွာကွေး နေပြီး မင်စူး၏ ခါးကိုအားပါပါရစ်ပတ်လေသည်။