Chapters

အကောင်းဆုံးခုခံမှုက တိုက်ခိုက်ရေးပဲ

Vol. 75 Ch. 1487

အကောင်းဆုံးခုခံမှုက တိုက်ခိုက်ရေးပဲ

Vol. 75 Ch. 1487

မင်စူး၏လှုပ်ရှားမှုများသည် မချမ်းမြေ့ဖွယ်ရာပင်။ လဲကျပြီးနောက်တွင် လက်ထဲမှစီရင်ချက်လှံတံကို ကိုင်ပြီးသားဖြစ်သော်လည်း ဓားပျော့သည် စီရင်ချက်လှံတံကိုဖြတ်ကာမင်စူးဆီသို့ ဓားထိပ်ဖျားဝင်သွားပြီဖြစ်သည်။ မင်စူး ၏ ကျောဘက်တွင် အရိုးထဲထိစူးဝင်သွားသောနာကျင်မှုခံစားရလေသည်။ 'စွက်' ဆိုသည့်အသံနှင့်အတူ တစ်ကိုယ်လုံးသည် ရုတ်တရက်အေးစက်သွား လေသည်။

ပေထင်းဟွမ်သည် ခန္ဓာကိုယ်အရည်အချင်းနှင့် အလွန်မြန်ဆန်သော ဖိနပ်ကြောင့် မင်စူးနှင့်တခြားသူများ၏ ဝိုင်းထားခြင်းမှ လွတ်မြောက်သွားပြီဖြစ် သည်။ လေထဲတွင်ရပ်ပြီး ခြေထောက်အောက်မှ ကိုးရောင်မီးတောက်များသည် ဘီးလုံးပူပူတွင်ရပ်နေသလိုထင်ရလေသည်။ လက်ထဲတွင် ဓားပျော့ကို တင်းကြပ်စွာကိုင်ထားပြီး ပေထင်းဟွမ်သည် အံ့ဩနေလေသည်။

မင်စူး၏ အနီရောင်ဝတ်ရုံကျောဘက်သည် ပေထင်းဟွမ်၏ ဓားပျော့ ကြောင့် ပြဲသွားကာ သူ၏ခန္ဓာကိုယ်မှ အဖိုးတန်ချပ်ဝတ်တန်ဆာ ထိပ်ပိုင်းပေါ် လာလေသည်။ ဓားပျော့စိုက်သွားသည့် ရတနာချပ်ဝတ်တန်ဆာပေါ်တွင် သေးငယ်သောအက်ကြောင်း ပေါ်လာသည်။

ပေထင်းဟွမ်၏သန့်စင်မှုအတွေ့အကြုံရ ၎င်းသည် အရှင်အဆင့် ချပ်ဝတ်တန်ဆာဖြစ်ကြောင်းကို ကြည့်လိုက်သည်နှင့်ပြောနိုင်သည်။ အရှင်အဆင့်တိုက်ခိုက်ရေးလက်နက်ကသာ အရှင်အဆင့်ခွန်အားနှင့်တွဲဖက် လိုက်လျှင် ဤရတနာချပ်ဝတ်တန်ဆာ၏ခုခံမှုကို ချိုးဖောက်နိုင်မည်ဖြစ်သည်။

ပေထင်းဟွမ်သည် အရှင်အဆင့်ခွန်အားမဟုတ်ပေ။ ၎င်းသည် ပြဿနာ တစ်ခုကိုသာ ရှင်းနိုင်သည်။ သူမ၏လက်ထဲမှဓားပျော့သည် အရှင်အဆင့် အထက်ရှိသည့် ရတနာဖြစ်သည်။

ပေထင်းဟွမ်သည် အတွေးပြောင်းသွားသည်။ သူမသည် လက်မထဲမှ လှံတံကို ပို၍တင်းသထက်တင်းအောင် ကိုင်လိုက်သည်။ ရတနာချပ်ဝတ်တန် ဆာအက်ကွဲမှုကြောင့် မင်စူးသည် အမှန်တရားကိုနားလည်လာသည်။ သူသည် ပေထင်းဟွမ်အား တောက်လောင်သောခံစားချက်များဖြင့် ကြည့်လေသည်။

အကောင်းဆုံးခုခံမှုသည် တိုက်ခိုက်ရေးသာဖြစ်သည်။

မင်စူးသည် အရှင်အဆင့်ချပ်ဝတ်တန်ဆာဝတ်လျှင်တောင် မည်သို့ အရေး ပါမည်နည်း။ ပေထင်းဟွမ်၏လက်ထဲမှ အရှင်အဆင့်ရတနာ၏ ပေါက်ခွဲမှုမှ မလွတ်မြောက်နိုင်ပေ။ သူသာ ထိုဓားပျော့ကိုရလိုက်လျှင် ယခုအချိန်မှစပြီး အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် ပြိုင်ဘက်အနည်းငယ်သာရှိတော့မည်။

“အရမ်းကောင်းတယ်” မင်စူးသည် အလွန်ဒေါသထွက်စွာနှင့် လက်ထဲမှ စီရင်ချက်လှံတံကိုခပ်မြင့်မြင့်မြှောက်ကာ ကောင်းကင်ပေါ်မှကြယ်နှင့်တူသော လက်ကိုင်မှကျောက်မျက်ရတနာကိုကြည့်ပြီး သူ၏မျက်လုံးများသည် အရောင် လက်လာသည်။ အေးစက် ပြတ်သားသည့်အသံနှင့် အံကြိတ်ပြီးပြောလေသည် “မင်းက ငါ့ကို ဒီလှည့်ကွက်သုံးအောင်ဖိအားပေးလိုက်တာပဲ၊ ပေထင်းဟွမ် မင်း နောင်တမရဘဲ သေရတော့မယ်”

သည်လှည့်ကွက်ပင်။

သေချာပေါက်ပင် ပင်မတိုက်ကြီးတွင်ရှိစဉ်က မင်ဟွမ်သည် စီရင်ချက် လှံတံကို အသုံးပြုပြီး ကြယ်တာရာစွမ်းအားကိုဆွဲသည့်လှည့်ကွက်ပြုလုပ်ခဲ့ သည်ကို ပေထင်းဟွမ်မှတ်မိတုန်းပင်။ ထိုအချိန်က မင်ဟွမ်သည် နတ်ဘုရား အဆင့်သာရှိသေးသည်။ ယခုအခါ မင်စူးသည် နတ်ဘုရားဧကရာဇ်ထိပ်ဆုံး အဆင့်ရောက်နေပြီဖြစ်ရာ မည်မျှကြီးသည့်လှုပ်ရှားမှုလုပ်လာမည်ကို မသိပေ။

ကောင်းကင်ပေါ်တွင် ခပ်မှိန်မှိန်လပြည့်ရှိနေသည်။ စီရင်ချက်လှံတံ အထက်တွင် သလင်းကျောက်အလင်းတန်းရောင်ခြည်သည် သွေးကဲ့သို့လက် နေကာ လရောင်ကျလာသည်နှင့် သလင်းကျောက်အလင်းတို့ ချိတ်ဆက်မိကြ လေသည်။ ထို့နောက် ကြယ်စုမှကြယ်များ ရောင်ပြန်ဟပ်လာသည်။

သို့သော် အမှောင်နတ်မိစ္ဆာဘုံတွင် ကြယ်အများအပြားမရှိပေ။ ဤကြယ်စုသည် ကြယ်အနည်းငယ်သာရှိသည်။

မင်စူး၏အဓိပ္ပာယ်သည် ထိုသို့ဖြစ်ပါက ပေထင်းဟွမ်သည် အားလုံးကို ထွက်ခိုင်းသင့်သလားဟု တုံ့ဆိုင်းနေသည်။

ပေထင်းဟွမ်၏စိတ်ကို ထိုးဖောက်မြင်ရသည့်အလား မင်စူးသည် အေးစက်စွာနှာမှုတ်လိုက်သည်။ သူသည် လက်မြှောက်ကာ သူ၏ လက်ကောက်ဝတ်မှ မြေကြီးခွဲနဂါးဦးခေါင်းမှသန့်စင်ထားသော ပုတီးစေ့ ၃၆ လုံးသည် တစ်လုံးချင်းစီအရောင်တောက်လာကာ ကြယ်မြစ်ကဲ့သို့ဖြစ်လာ၏။ ထို့နောက် ကြယ်စုဆီသို့ကျသွားကာ ကြယ်များအဖြစ်ပြောင်းလေသည်။

ထိုအရာကိုမြင်ပြီးနောက် တိုက်ပွဲတွင်ရှိနေသည့် ကြောက်လန့်နေသော မင်စူး၏လက်အောက်ငယ်သားများသည် မင်စူး၏အနောက်တွင် ပုန်းကြလေ သည်။ ထိုအချိန်တွင် ကြယ်စုတန်းတွင် ကြီးမားသောလှိုင်းဂယက်လိမ့်လာဟန် တူကာ ကောင်းကင်နှင့်မြေကြီးအကြားမှ ရောင်ဝါနှင့် မှော်စွမ်းအင်တို့သည် ကြယ်စုတန်းဆီသို့ ဦးတည်လေသည်။