ကြယ်စုတန်းအသွင်ပြောင်းခြင်း၊ ကြယ်တာရာခုတ်ချက်
Vol. 75 Ch. 1488
၎င်းသည် မင်စူး၏ကြီးမားသောတိုက်ကွက်ပင်ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသောတိုက်ကွက်ကို ထုတ်ပြရန် မင်စူးအတွက် မလွယ်ကူလှပေ။ သို့သော် သူသည် ပေထင်းဟွမ်၏မျက်လုံးထဲမှ တည်ကြည်သောမျက်နှာထား ကို မြင်သောအခါ အနည်းငယ် ကျေနပ်သွားသယောင်ရှိသည်။ သူ၏ နှုတ်ခမ်းရဲရဲများသည် ကျောချမ်းလောက်စရာ ပြုံးလေသည်။ သတ္တုနှင့်တူသော နှုတ်ခမ်းများမှ အေးစက်သောစကားလုံးများထွက်လာသည် “ပေထင်းဟွမ် ငရဲ သွားလိုက်တော့”
“ကြယ်စုတန်းအသွင်ပြောင်းခြင်း၊ ကြယ်တာရာခုတ်ချက်”
အင်အားကြီးမားသောကြယ်စုတန်းတွင် ဤကမ္ဘာမှစွမ်းအားအားလုံး စုစည်းနေသည်။ ကြယ်စုတန်းသည် ကမ္ဘာကြီးကိုပြောင်းပြန်လှန်လိုက်သကဲ့သို့ နောက်ပြန်သွားကာ ကြီးမားပြီး ဖျက်ဆီးတတ်သောစွမ်းအင်ကိုသယ်ဆောင် ကာ ပေထင်းဟွမ်ဆီသို့ တိုးဝင်လေသည်။
ကောင်းကင်နှင့်မြေကြီး မြည်ဟိန်းလာပြီး မိုးကြိုးတိမ်တိုက်များစုဝေးလာ ကာ ကောင်းကင်နှင့်မြေကြီး၏လှုပ်ရှားမှုသည် ရှီရှောင်မိုတို့ဘက်မှ တိုက်ပွဲကို ရပ်တန့်သွားစေသည်။ သူ၏လက်ထဲမှ လက်သည်းများသည် အေးစက်စွာ တောက်ပကာ ပေထင်းဟွမ်ဆီသို့ ပျံတော့မည်ပြုသည်။ သို့သော် ရှင်သန်ရေး အရှင်တစ်ယောက်က တားလေသည်။
“ဟင်း ဒီကလေးကို ကယ်ချင်သေးတာလား မဖြစ်နိုင်ဘူး” အရှင်သည် ရက်စက်စွာပြောလေသည်။ “ဒီတစ်ခေါက် သခင်လေးက တကယ်ကြီးလှုပ်ရှား လိုက်ပြီ၊ ဘယ်သူမှ အဲကလေးကို ကယ်နိုင်မှာမဟုတ်တော့ဘူး”
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ပုံရိပ်လည်း လှုပ်ရှားသွားကာ ကိုးရောင်အလင်းလှုံ့ဆော်မှုအောက်တွင် ကြီးမားသောမုန်တိုင်းနဂါးသည် ပေထင်းဟွမ်၏ဓားထိပ်ဖျားတွင် အရွယ်အစားနှစ်ဆကြီးမားလေသည်။ လက်သည်းငါးခုပါရွှေနဂါး၏အသွင်အပြင်သည် ထန်းရှန့်ရွှေကဲ့သို့ မည်းနက် သွားလေသည်။ မုန်တိုင်းနဂါး၏မျက်လုံးသည် အနည်းငယ်ပြောင်းလဲသွားကာ နဂါးအမြီးသည် အနောက်တွင် အသာအယာလှုပ်ခတ်နေသည်ကို ရှီရှောင်မို မြင်ရလေသည်။
၎င်း၏စွမ်းအားသည် ကြယ်စုတန်းပြောင်းပြန်သွားသည်ထက်ပင် ပို၍ အားကောင်းလေသည်။
“ဒီကောင်က လူတွေကို အံ့ဩအောင်တကယ်လုပ်တာပဲ၊ သူလှုပ်ရှား လိုက်တဲ့အချိန်တိုင်း အရင်တစ်ခေါက်တွေကထက် အများကြီးကို တိုးတက်လာ တာ၊ သူက လူသားကိုမဟုတ်တော့ဘူး” ရှီရှောင်မိုသည် အရှင်ကြီးအဆင့် ခွန်အားရှိရာ ပေထင်းဟွမ်၏လှုပ်ရှားမှုသည် အဟုန်ပြင်းစွာရွေ့လျားနိုင်စွမ်းရှိ သည်ကို သေချာပေါက်သိသည်။ နဂါးသည် ကြောမော့သည့်ဟန်ပန်ရှိသည်။
ပေထင်းဟွမ်၏ စစ်မှန်သော ဓား ၁ လက်ဧကရာဇ်မဟုတ်လျှင် သူမ၏ ခြေထောက်အောက်မှ ကိုးထောင့်ကြယ်စီအရင်ကိုကြည့်ပြီး ပေထင်းဟွမ်သည် အသိစိတ်ဘုံ၏နောက်ဆုံးအဆင့်သို့ရောက်နေပြီဟု အားလုံးထင်ကြမည်ပင်။
အရှင်ကို ဘုံသုံးဘုံခွဲခြားထားသည်။ ကစဥ့်ကလျားဘုံ၊ ထိုးထွင်းဘုံနှင့် အသိစိတ်ဘုံဟူ၍ရှိသည်။ ဘုံတစ်ခုချင်းစီကို ကနဦး၊ အလယ်အလတ်နှင့် နောက်ဆုံးအဆင့်ဟူ၍ခွဲခြားထားသည်။ ကစဥ့်ကလျားဘုံမှာ နာမည်အတိုင်း ပင် ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏ချီကိုသာ ရွှေ့ပြောင်းနိုင် သည်။ သူတို့သည် မည်သည့်ပုံစံကိုမဆိုစုစည်းနိုင်ပြီး ကောင်းကင်နှင့်မြေကြီး ချီ ၏ကျင့်ကြံမှုကိုနားလည်လျှင် ကစဥ့်ကလျားဘုံ၏နောက်ဆုံးအဆင့် အရှင်ဖြစ် ရန်လုံလောက်သည်။
ထိုးထွင်းဘုံသို့ဝင်လာချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ လေထုကို ခိုင်မာသောအသွင်အပြင်အဖြစ် စုစည်းနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် အရှင်သည် ကောင်းကင်နှင့်မြေကြီး၏လေထုကို ကျွမ်းကျင်ပိုင်နိုင်မှသာ ထိုးထွင်းအဆင့်၏ ခိုင်မာသောအဆင့်သို့ရောက်ခြင်းပင်။
ပေထင်းဟွမ်သည် ကြည်လင်သောမုန်တိုင်းနဂါးကို စုစည်းလိုက်ရာ သူမ သည် အသိစိတ်ဘုံ၏နောက်ဆုံးအဆင့် အားကောင်းသောအရှင်ဖြစ်လာပြီဟု ထင်ဖွယ်ရာရှိသည်။ အသိစိတ်ဘုံသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို နားလည်သည့်အဆင့်သို့ရောက်မှ အောင်နိုင်ခြင်းဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးရောင်ဝါသည် အသင်္ချေသောဓမ္မကို အသွင်ပြောင်းနိုင်မည်ပင်။
နတ်ဘုရားအဆင့်သို့ရောက်ပြီးနောက် စွမ်းအင်စုဆောင်းမှုသည် အရေးမကြီးတော့ပေ။ ခွန်အားကွာခြားမှုသည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းကို နားလည်မှုနှင့် ကောင်းကင်နှင့်မြေကြီးရောင်ဝါကို ထိန်းချုပ်မှု ပေါ်တွင် အဓိကကျသည်။
ပေထင်းဟွမ်သည် ကြီးမားသောလုပ်ငန်းစဉ်ကို ပြုလုပ်နိုင်သည်မှာ မထူးဆန်းတော့ပေ။ သို့သော် သူမ၏စွမ်းအင်ဆုဆောင်းမှုသည် ဓား ၁ လက် နတ်ဘုရားဧကရာဇ်အဆင့်သာရှိသေးသည်။
နဂါး၏စွမ်းအားသည် ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်ကာ မုန်တိုင်းနဂါး၏ ကြေးခွံသည် အားကောင်းသောမုန်တိုင်းအဖြစ် လှိမ့်တက်လေသည်။ နဂါး၏ မာန်သံသည် ကောင်းကင်ကိုထိုးဖောက်မတတ်ပင်။ ၎င်းသည် ကြယ်စုတန်း ပြောင်းပြန်ဆီသို့ မကြောက်မရွံ့ရိုက်ချလေသည်။ နဂါးအမြီးသည် ကြယ်စုတန်း အစွန်တွင် ရိုက်ချမိလျက်သားဖြစ်လေသည်။ ကြယ်စုတန်း၏ တောက်ပသော ကြယ်တာရာ ၃၆ စင်းသည် မှေးမျိန်သွားလေသည်။ ပါဝင်သောစွမ်းအင်သည် မိုင်ပေါင်းထောင်ချီ ဖြာထွက်သွားလေသည်။