တိုက်ခိုက်ရေးဝိညာဉ်စုစည်းခြင်း
Vol. 75 Ch. 1490
မင်ဟွမ်သည် သတ်ဖြတ်ဝိညာဉ်လေဟာနယ်အတွင်းနက်ပိုင်းသို့ ပျံသွား ပြီဖြစ်သည်။ ရှီရှောင်မိုသည် တိုးညင်းသောအသံဖြင့် ကျိန်ဆဲကာ သူ့အနောက် သို့လိုက်သွားရန်ပြင်လသည်။ သို့သော် ပေထင်းဟွမ်သည် ဆွဲထားလေသည် “မှော်အရင်းအမြစ်ကျောက်တုံးရဖို့က ငါတို့ပန်းတိုင်ပဲ၊ အဲဒါတွေက တိုးဝင်လာ တဲ့ လူရွှင်တော်တွေပဲ၊ အချိန်ဖြုန်းစရာမလိုဘူး”
“အာ.. ဟုတ်ပြီ” ရှီရှောင်မိုသည် ခေါင်းကုတ်လေသည် “ရှောင်ကျို့ ငါ့ကို အပြစ်မတင်ပါနဲ့၊ ခုနက ငါသာ အာရုံစိုက်မိလိုက်ရင် အဲကောင် ထွက်ပြေးသွား မှာမဟုတ်ဘူး”
ပေထင်းဟွမ်သည် သူမ၏နှာတံလေးကို ဆိတ်ကာ နောက်ပြောင်စွာဖြင့် ပြောလေသည် “ဒါဆို ငါ မင်းကိုအပြစ်ပေးမယ် ငါ့နာမည်အောက်ကနေ ဒီ မှော်အရင်းအမြစ်ကျောက်တုံးတစ်ဝက်ကို ၃၃ ကောင်းကင်ဘုံကို ယူသွားပြီး ငါ့ အစ်ကိုကြီးကိုပေးပြီး ငါ့ကိုပြန်လာပေး၊ ဟုတ်တယ် ငါ့အစ်ကိုကြီး၊ ဘိုးဘိုးနဲ့ တခြားသူတွေက မင်းကိုပေးလိမ့်မယ်၊ မင်းအဆင်ပြေရင် သူတို့ အသက်ရှင်နေ သရွေ့ သူတို့ကို ကူပြီးဂရုစိုက်ပေးပါ”
“ပြီးတော့ရော့.. မင်းရဲ့မိဘတွေက အမှောင်နတ်မိစ္ဆာဘုံမှာလား၊ ငါ မေးပြီဂပြီ သူတို့အကြောင်းဘာမှမကြားမိသလိုပဲ” ရှီရှောင်မိုသည် စိုးရိမ်မိသည် “ငါ့အစ်ကိုကို စာပို့ပြီး မန္တလာမှာရှိမလားလို့ မေးပေးရမလား”
ပေထင်းဟွမ် ခေါင်းခါလေသည် “သူတို့ရဲ့သရုပ်မှန်က အထိမခံဘူး၊ သူတို့ မရှိတဲ့သတင်းက အကောင်းဆုံးသတင်းပဲ၊ သူတို့ဘာပြောရမလဲဆိုတာ မသိ တော့ဘူး..” ပေထင်းဟွမ်သည် လင်းယွိရှိရာဘက်သို့ မျှော်ကြည့်လေသည် “ဒါဆို ငါ အသံတချို့လုပ်ပေးရမှာပေါ့ ငါအဆင်ပြေတယ်ဆိုတာ သူတို့ကို အသိပေးရမယ်”
“အဲဒါလည်း ကောင်းတဲ့အကြံပဲ” ရှီရှောင်မိုသည် လက်ခုတ်တီးကာ ပြော လိုက်သည် “ရှောင်ကျို့ လင်းယွိကို ဘာလို့ဖောက်ခွဲရမှာလဲ၊ မင်းမိဘတွေက မင်းနာမည်ကိုကြားတာနဲ့ လာရှာလို့ရမယ်လေ”
ပေထင်းဟွမ်သည်ပြုံးပြီးခေါင်းခါလိုက်သည် “ဒါဆို အဲလောက်ပြဿနာ ကြီးရှာဖို့မလိုဘူး၊ ငါတို့လင်းယွိက အကြီးဆုံးသတ္တုကြောကိုတူးပြီး ဒီနေရာက ဂိုဒေါင်ကို လုလိုက်တာက မကြာခင် ငါတို့နာမည်က အမှောင်နတ်မိစ္ဆာဘုံမှာ ပျံ့နှံ့သွားမှာပဲ၊ ငါ့မိဘတွေသာ ဒီမှာရှိရင် သူတို့တွေ သေချာပေါက်သိမှာပဲ၊ ဒါပေမဲ့ အခုတော့ မင်း မှော်အရင်းအမြစ်ကျောက်တုံးကိုရပြီး ဒီကနေထွက်သွား ပြီးရင် လူတွေပိုရလာလိမ့်မယ်၊ ပစ်မှတ်ပိုကြီးလာမယ်၊ ဝိညာဉ်ဘုံက ငါတို့ကို လိုက်ဖို့ပိုလွယ်သွားလိမ့်မယ်”
အဂူးသည် ဂိုဒေါင်ကို အပြောင်သိမ်းကာ သိုလှောင်လက်စွပ် ၁၀ ကွင်း ပြုလုပ်ပြီးဖြစ်ရာ မှော်အရင်းအမြစ်ကျောက်တုံးအားလုံး ပြည့်သွားပြီဆို ဆိုနိုင် သည်။ ပေထင်းဟွမ်သည် အထဲကိုအနည်းငယ်ကြည့်လိုက်ရာ မှော်အရင်းအမြစ်ကျောက်တုံး၏ ပမာဏမှာ အံ့ဩလောက်စရာပင်။ သူသည် ရှီရှောင်မိုအား လက်စွပ် ၁၀ ကွင်းကိုပစ်ပေးလိုက်သည်။ တစ်ဝက်ကို ပေထင်းကျင်တို့ဆီသို့ ယုံကြည်စိတ်ချစွာနှင့် ထည့်ပေးလိုက်ခြင်းဖြစ်ပြီး မှော် အရင်းအမြစ်ကျောက်တုံးတစ်ဝက်ကိုတော့ ရှီရှောင်မိုသည် နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို ချီဖေးတို့ညီအစ်ကိုအားပေးသည်။
နောက်ဆုံးတွင် အဂူးသည် ပေထင်းဟွမ်အား ပမာဏာအနည်းငယ်ပါ သော သိုလှောင်လက်စွပ်ကို ပေးလိုက်သည် “သခင် ဒီမှာ အထူး မှော် အရင်းအမြစ်ကျောက်တုံးတချို့ပဲ၊ သခင် သုံးသင့်တယ်လို့ထင်တယ်”
ပေထင်းဟွမ်သည် အချိန်တစ်ခုလောက် မဖတ်ဘဲ သိမ်းလိုက်သည်။
၎င်းသည် ပမာဏများစွာရလိုက်သည်ဟု ဆိုနိုင်သည်။ သူတို့သုံးယောက် သည် အရင်အစီအစဉ်အတိုင်း ကျောက်တူးသမားဆီသို့ သွားဝယ်မည်ဆိုပါက အများဆုံးမှ မှော်မူရင်းကျောက်တုံး ကတ်တီ ၁၀၀ ခန့်သာရနိုင်မည်ဖြစ်ကာ အသုံးပြုနိုင်မည်မဟုတ်ပေ။
သူတို့သုံးယောက်သည် ပျော်ရွှင်မိလေသည်။ ပြောဖို့မလိုအောင်ပင် ရှီရှောင်မိုသည် ပေထင်းဟွမ်အား အစကတည်းကပင် သဘောကျခဲ့သည်။ ယခုအခါ ပေထင်းဟွမ်နှင့် ဆက်ဆံရေးတစ်ခုရှိသဖြင့် ပေထင်းဟွမ်အတွက် အချစ်မလျော့ခဲ့ပေ။ သို့သော် ချီဖေးတို့ညီအစ်ကိုသည် မတူပေ။ သူတို့သည် ပေထင်းဟွမ်အား ဆန့်ကျင်သည့် အရင်မလိုမုန်းထားမှုများမှပြောင်းလဲသွား ကာ လက်မထောင်ကြလေသည် “နတ်ဘုရားအဆင့် အရှင် လေးစားပါတယ်”
“ငါ နတ်ဘုရားအဆင့်အရှင်လဲ၊ အရှင်တွေအကုန်လုံးက စိတ်ဝိညာဉ် အဆင့်ပဲ၊ မင်းတို့နားလည်လား” ရှီရှောင်မိုသည် အထင်သေးစွာပြောလေသည်။
“ငါတို့ နားမလည်ဘူးလို့ထင်နေလား” ချီလန်သည် အသံကိုကျယ်ကျယ် ပြောကာ ပေထင်းဟွမ်အား ညွှန်ပြကာပြောလေသည် “ငါတို့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး၊ ဘယ်နတ်ဘုရာအးဆင့်က တိုက်ခိုက်ဖို့ တိုက်ခိုက်ရေးဝိညာဉ်သုံးတာမြင်ဖူးလို့လဲ၊ အဲဒီမုန်တိုင်းနဂါးကြီးက တကယ်ကို ခမ်းနားတာ ငါလက်မခံနိုင်ပါဘူး”