အသီးသီး
Vol. 75 Ch. 1491
“ညီအစ်ကို ငါ မင်းကိုသူငယ်ချင်းတော်ဖို့ ဆုံးဖြတ်ပြီးပြီ၊ အခုကစပြီး ရှန့်ကျန်းလင်က ပေထင်းဟွမ်ရဲ့ မဟာမိတ်ဖြစ်သွားပြီ” ချီဖေးသည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လေသည်။ သူသည် အမှောင်အခဲကိုစုစည်းနိုင်သည်။ အထွတ်အထိပ်သခင်ရှန့်ကျန်းလင် ဖခင်ဖြစ်သူ၏စကားအရဆိုရလျှင် “ဒါက ချီးပုံလိုပဲ”
ထိုစကားများသည် အထွတ်အထိပ်ချီရှောင်မှပြောခဲ့ခြင်းကြောင့်လား မသိပေ ချီဖေးနောက်သို့ အရိပ်တစ်ခုလို လိုက်လာစေသည်။ ချီဖေး တိုက်ခိုက် ရေးဝိညာဉ်ကို စုစည်းရန်ကြိုးစားလိုက်သည့်အကြိမ်တိုင်းတွင် ချီးပုံလုပ်မိသည် ဟုတွေးခဲ့သည်။ ထိုအရာကပင် တိုက်ခိုက်ရေးဝိညာဉ်ပြုလုပ်ရသည်မှာ ချီးပုံနှင့် ပိုပိုတူလာသည်။
တိုက်ခိုက်ရေးဝိညာဉ်သည် တိုက်ခိုက်ရေးသက်ရောက်မှုနှင့် တိုက်ရိုက် ဆက်စပ်သည်။ မတူညီသောအရှင်များမှ စုစည်းလိုက်သည့် တိုက်ခိုက်ရေး ဝိညာဉ်များသည် မတူညီပေ။ နောက်ဆုံး သေစေနိုင်သည့်စွမ်းအင်ပါဝင်နှုန်း သည် မတူညီပေ။ တိုက်ခိုက်ရေးဝိညာဉ်သည် နတ်ဘုရားတစ်ပါးကိုသတ်နိုင် သည့် သိုးတစ်ကောင်ကဲ့သို့ဖြစ်သည်။ သို့သော် နိုင်လိုမင်းထက်ပြုမူတတ်သော တိုက်ခိုက်ရေးဝိညာဉ်ရှေ့တွင် မုန်တိုင်းနဂါးကဲ့သို့ မားမားမတ်မတ်ရပ်တည်ရန် မဖြစ်နိုင်ပေ။
ချီဖေးသည် ပေထင်းဟွမ်အား မျက်နှာလိုမျက်နှာရလုပ်မိလေသည် “ညီအစ်ကို တိုက်ခိုက်ရေးဝိညာဉ်သန့်စင်တဲ့ အတွေ့အကြုံကို ဖြတ်ကျော်နိုင် လား”
ပေထင်းဟွမ်သည် ဘာကြောင့် ထိုမေးခွန်းမေးသည်ကို နားမလည်နိုင် ပေ။ ထို့ကြောင့် သူ့အား ငဲ့စောင်းကြည့်ပြီး ခေါင်းခါလိုက်သည် “ငါ့စိတ်ထဲမှာ နဂါးတစ်ကောင်ကိုပဲတွေးပြီးတော့ နဂါးကိုစုစည်းလိုက်တယ်၊ မင်းက အရှင်ဖြစ် နေပြီ ငါ့ထက်ပိုပြီး အတွေ့အကြုံရှိသင့်တာပေါ့”
ချီဖေးတို့ညီအစ်ကိုနှစ်ယောက်လုံးသည် မှင်တက်သွားကြလေသည်။ ရှီရှောင်မိုတွင် မယုံနိုင်သော မျက်နှာထားရှိနေချိန်တွင် သူတို့သုံးယောက်သည် တူညီသောမျက်နှာထားကိုပြနေသည်မှာ ရိုးရှင်းနေသည်မဟုတ်ပါလား။
ချီဖေးသည် ငိုချင်လုနီးပါးပင်။ သို့သော် ခေတ္တမျှမှင်တက်ပြီးနောက် သူသည် ဘဝင်ခိုက်မှုနှင့်အတူ လွှမ်းမိုးခံလိုက်ရသည်။ သူ ထခုန်လေသည် “ကောင်းတယ် နောက်ဆုံးတော့ ဘာလို့လဲဆိုတာကို ငါ နားလည်သွားပြီ”
ပေထင်းဟွမ်သည် သူ့အား ထပ်မံကြည့်ကာ ဤလူ၏ရူးသွပ်သော အပြုအမူကိုလျစ်လျူရှုပြီး ရှီရှောင်မိုအား ပြောလိုက်သည် “ရှောင်မို အချိန်လင့် ပြီ၊ အဲတော့ မင်းနဲ့ညီအစ်ကိုတို့ကို နှုတ်ဆက်ရတော့မယ်၊ ငါ ၃၃ ကောင်းကင်ဘုံ ကိုမကြာခင်လာနိုင်မယ်ထင်တယ်၊ တစ်ခွက်လောက်သောက်ကြတာပေါ့”
“ဟုတ်ပြီ” ခွဲခွာရမည့်အချိန်တွင် ရှီရှောင်မိုသည် အနည်းငယ် ဝမ်းနည်းမိ သည်။ သို့သော် သူတို့ အမှောင်နတ်မိစ္ဆာဘုံတွင် ဆက်နေပါက အလွန် အန္တရာယ်များသည်။ သူတို့သည် စွမ်းအင်ခန္ဓာကိုယ်များသာဖြစ်ကာ ဂရုမစိုက် မိလျှင် အမှန်တကယ် သေဆုံးသွားနိုင်သည်။ ကြာကြာမစောင့်ရဲပေ “မင်းရဲ့ အဘိုးနဲ့အစ်ကိုတွေကို ငါ သေချာပေါက်ဂရုစိုက်ပါ့မယ်”
ချီဖေးသည် အနည်းငယ်တုန်သွားသလိုခံစားရသည်။ သူသည် ပေထင်းဟွမ်နှင့်ပတ်သက်၍ စိတ်အားထက်သန်လာသည် “ပြီးတော့ ငါတို့ ရှန့်ကျန်းလင်က ရှောင်ကျို့ မင်းဘက်မှာ ကျိန်းသေပေါက်ရပ်တည်မှာပါ”
ရှီရှောင်မိုနှင့်တခြားသူများသည် များပြားသော မှော်အရင်းအမြစ် ကျောက်တုံးများသယ်ဆောင်ကာ အသက်ကတ်ပြားကိုချေမွှလိုက်သည်နှင့် အလင်းတန်းအဖြစ်ပြောင်းကာ မိုးပေါ်သို့ပျံတက်မသွားခင်အထိ ပေထင်းဟွမ် သည် အနည်းငယ်သုန်မှုန်နေရာမှပြန်သတိဝင်မလာသေးပေ။ သူမသည် ရင်းနှီး နေပြီဖြစ်သော ပင်မတိုက်ကြီးမှထွက်သွားချေပြီ။ သူမ ဤနေရာတွင် အမှန် တကယ်ပင် တစ်ယောက်တည်းဖြစ်နေလေပြီ။
မဟုတ်ပေ သူမ၏သားရဲများ ကျန်သေးသည်။
တိုက်ခိုက်ရေးဝိညာဉ်သည် သူမ၏ရင်ထဲတွင် ထပ်မံတောက်လောင်လာ ပြန်သည်။ ပေထင်းဟွမ်သည် အသိစိတ်ပင်လယ်ထဲမှ ပေမင်းနှင့်ဆက်သွယ် ပြီးနောက် သူတို့၏တည်နေရာအတိအကျကို သိလိုက်ရသည်။ ထို့နောက် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းပြီး ပေမင်းနှင့်တခြားသူများဆီ ပြေးသွား လိုက်သည်။
အကြီးအကဲချန်းသည် ချင်းရှန့်ရွာသားများအား အလုပ်လုပ်ရန် ဖမ်းဆီးခဲ့ ခြင်းဖြစ်သော်လည်း ကံကောင်းစွာပင် တစ်ရက်သာရှိသေးသဖြင့် များစွာ ခံစား ရခြင်းမရှိပေ။ သူတို့သည် မည်သည့်ပျက်စီးမှုကိုမှ မခံစားရပေ။ ပေထင်းဟွမ် အမြန်ပြေးသွားကာ ရွာသားများနှင့်တွေ့ဆုံကာ လုံထျန်းနှင့် စကားစမြည်ပြော ဆိုကြသည်။ လင်ဖုန်း၏မိခင်သည် သူမအား အလွန်မှော်ဆန်သောမျက်လုံးဖြင့် စိုက်ကြည့်နေသည့်ဟု သူမ ခံစားရသည်။
သို့သော် အချိန်တိုင်းတွင် ပေထင်းဟွမ်သည် မျက်လုံးပင့်ပြီး သူမအား ကြည့်မိသည်။ ထိုအခါတွင် သူမသည် ခေါင်းလွှဲသွားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လေသည်။
ပေထင်းဟွမ် မမေးပေ။ တချို့အရာများသည် အချိန်ကျလာမှပင် ရင်ဆိုင် ရမည်ဖြစ်သည်။ ထို့အပြင် ဤအမျိုးသမီးသည် သူမအပေါ်တွင် မလိုတမာစိတ် မရှိသည်ကိုခံစားမိသည်။ သူမ မထိမရှပြန်လာနိုင်သည်ကိုပင် စိတ်အေးနေပုံရ သည်။