← Chapters

သူ... သေသွားပြီ

Vol. 75 Ch. 1492

သူ... သေသွားပြီ

Vol. 75 Ch. 1492

ရှေ့သို့ခရီးဆက်ကြသည်မှာ အားလုံးပေါင်း သုံးရက်ကြာသည်။ လမ်းတစ်လျှောက်တွင် နှင်းဝံပုလွေများ၏အရှိန်နှုန်းသည် အလွန်မြန်ဆန်၏။ လမ်းပေါ်တွင် အမြင်မရှိသည့် သူခိုးတစ်အုပ်နှင့်တွေ့ခဲ့သလို ဝိညာဉ်ဘုံမှ လာရှာသူများကိုလည်း ပေထင်းဟွမ်သည် သံမဏိသွေးနည်းလမ်းဖြင့် သူတို့ အားလုံးကိုရှင်းထုတ်လိုက်သည်။

ရှေ့ဆက်သွားကြရာ လမ်းသည်ပိုပို၍အေးချမ်းလာသည်။ တောင်တန်း တစ်ခုအစွန်အရောက်တွင် နှင်းဝံပုလွေဘုရင်မိုအောင်သည် သက်ပြင်းချလေ သည် “သခင် ရှေ့က အမှောင်နတ်မိစ္ဆာဘုံရဲ့ နယ်နိမိတ်ပဲ၊ ငါတို့အရင်အနားယူ မလား ဒါမှမဟုတ် တစ်ခါတည်း အမြန်သွားမလား”

“အရင်ဆုံး ညကိုနားကြတာပေါ့”

အနီးအနားတွင် ပိုင်ရှင်မဲ့ဂူရှိသည်။ ထိုဂူသည် သားရဲဂူဖြစ်ခဲ့သော်လည်း သားရဲသည် သေသွားခဲ့ပြီဖြစ်သည်။ ချင်းရှန့်ရွာသားများ သန့်ရှင်းရေးလုပ်ပြီး နောက် အားလုံးသည် သက်ပြင်းချပြီး ပြောင်းရွှေ့ကြသည်။

သို့သော် ထိုအချိန်တွင် အားလုံး၏မျက်နှာမှ မျက်နှာထားများသည် အနည်းငယ်ရှုပ်ထွေးနေသည်။ မကြာမီ သူတို့သည် အမှောင်နတ်မိစ္ဆာဘုံသို့ ဝင်ရတော့မည်ဖြစ်သည်။ ထိုနေရာသို့သွားလျှင် ဘာမှမရှိဘဲနှင့် မည်သို့အသက် ရှင်သန်နိုင်မည်နည်း။

ပေထင်းဟွမ်သည် ထိုအရာများကို မသိပေ။ မကြာမီ အမှောင်နတ်မိစ္ဆာ ဘုံနယ်နိမိတ်သို့ ဝင်တော့မည်။ သူမသည် မည်သည့်အခြေအနေကို ရင်ဆိုင်ရ မည်၊ မည်သို့သောရန်သူကို တွေ့မည်ကို မသိနိုင်ပေ။ သူမ လက်ရှိ အလောကြီး နေသည်မှာ သူမ၏ကိုယ်ပိုင်ခွန်အားကို တိုးအောင်လုပ်ရန်ပင်။ ပေထင်းဟွမ် သည် ရှောင်ထန်း၊ လျှပ်စီးနှင့်တခြားသားရဲများကို ဆင့်ခေါ်ကာ အနီးအနားတွင် လျှို့ဝှက်စောင့်ကြပ်ရန် ပြောလိုက်သည်။ သူမသည် သိုသိပ်သောနေရာတစ်ခု ကိုရှာပြီး အထဲတွင် ပုန်းအောင်းနေလိုက်သည်။

လေဟာနယ်ထဲတွင် မှော်အရင်းအမြစ်ကျောက်တုံးသည် ဝင်ပေါက် မြက်ခင်းတွင် အသံမထွက်ဘဲလဲလျောင်းနေသည်။ ပေထင်းဟွမ်သည် မိုးကြိုးသွားကိုဆင့်ခေါ်လိုက်သည်။ သူသည် သူမဘေးတွင် တိတ်တိတ်လေး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် တစ်စုံတစ်ရာဖြစ်မည်ကို စိတ်လေးထင့် နေပုံပင်။ မှော်မူလ ကျောက်တုံးအထဲရှိ ရှေးဟောင်းတိမ်တိုက်ကျားသစ်၏ အရိုးစုကို ရွှေရောင်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ပြီးသူ၏ခံစားချက်သည် အလွန်ပင် ရှုပ်ထွေးလျက်ရှိသည်။

“မိုးကြိုးသွား မင်း အောင်မြင်မလားတော့မသိဘူး၊ မင်း ကျရှုံးရင် ကျရှုံး မယ်၊ ပြီးတော့ မင်းအရိုးတွေကျိုးသွားနိုင်တယ်၊ ဒါပေမဲ့ မင်းအောင်မြင်ပြီဆိုတာ နဲ့ တိမ်တိုက်ကျားသစ်ကနေ ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်အဖြစ် ပြောင်းလဲလိမ့်မယ်၊ ရှေးဟောင်းသားရဲရဲ့ ဖြူစင်တဲ့သွေးနဲ့ သန်မာတဲ့ခွန်အား၊ စွန့်စားမှုတွေ အခွင့်အရေးတွေကို ပူးတွဲရနိုင်တယ် မင်းဘယ်လိုထင်လဲ”

ပေထင်းဟွမ်ပြောသည်မှာ 'နတ်သွေးကူးပြောင်းနည်းပညာ' ကိုသုံးပြီး ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၏ အရိုးစုထဲမှ ကျန်ရှိနေသည့် ဝိညာဉ်ကို သန့်စင်ကာ မိုးကြိုးသွား၏ ဝိညာဉ်ထဲသို့ ပေါင်းရန်ဖြစ်သည်။ ထိုအခါ မိုးကြိုးသွား၏ သွေးသားသို့ဝင်သွားမည်။

ထိုအချိန်တွင် နေရာထဲ၌ များစွာသောသားရဲများရှိနေသည်။ ဖန်ချန်း၊ ယောင်ယောင်၊ အားဇီနှင့် ရှောင်ကျောက်တို့အားလုံးသည် ပေထင်းဟွမ်၏ စကားများကိုကြားပြီးနောက် မိုးကြိုးသွားအား အားကျသလိုကြည့်ကြလေ သည်။ ဖန်ချန်းနှင့်ယောင်ယောင်တို့သည် ခွန်အားရရှိရန် သွေးသားပြောင်း သည့်နည်းလမ်းကို သုံးရန်မလိုတော့သော်လည်း သွေးသား သားရဲများအနေနှင့် သူတို့သည် သွေးသားပြောင်းလဲခြင်း၏ အဓိပ္ပာယ်ကိုပိုပိုသိလာကြသည်။

၎င်းသည် မျိုးရိုးအဆင့်အတန်းတစ်ခုလုံး ပြောင်းလဲလိုက်သလိုပင်။

“မိုးကြိုးသွား စမ်းကြည့်လေ၊ သခင်က ဒီလိုမျိုးပြီးပြည့်စုံတဲ့ အရိုးစုရလာ တာ၊ ဒီအရိုးစုအတွက်လည်း မင်စူးတို့နဲ့ တိုက်ခိုက်ခဲ့ရသေးတယ်” ရှောင်ကျောက်သည် အားကျစွာနှင့်ပြောလေသည်။ သို့သော် ဤကဲ့သို့အရာမျိုး သည် အားကျစရာမဟုတ်သည်ကို သူမသိသည်။

ဆာကဲသည်ခေါင်းဆတ်ကာ မှော်အရင်းအမြစ်ကျောက်တုံးအား ချစ်စရာ ကောင်းသောမျက်လုံးများဖြင့်ကြည့်လေသည် “အစောပိုင်းရက်တွေတုန်းက သခင်က ဒီလှည့်ကွက်မျိုးသုံးတာကိုမှတ်မိတယ်၊ သခင် စမ်းသပ်ခဲ့တဲ့ သားရဲက ယူယူပဲ”

“အဲနောက်ပိုင်းဘာဖြစ်သွားလဲ” မိုးကြိုသွားသည် ရလဒ်ကိုဂရုအစိုက်ဆုံး သူဖြစ်သည်။

“သူ... သေသွားတယ်” ဆာကဲသည် တည်ငြိမ်စွာဖြင့် အနည်းငယ် လေးနက်သောမျက်နှာထားဖြင့်ပြောလေသည်။

“ဟင်”

မိုးကြိုးသွားသည်ထိတ်လန့်မှုကြောင့် ထခုန်မတတ်ပင်။ အမှန်တရားကို မသိသည့်ရှောင်ကျောက်သည် မိုးကြိုးသွားအား သနားသော၊ အားကျသော မျက်လုံးများဖြင့် ကြည့်နေသည်။

All Chapters