← Chapters

ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၊ အောင်မြင်မှု

Vol. 75 Ch. 1494

ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၊ အောင်မြင်မှု

Vol. 75 Ch. 1494

ထိုပုတီးစေ့ကို ကြည့်လိုက်လျှင် ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၏ ပုံရိပ်ရှိကာ ရှေးခေတ်မှ အားကောင်းသောသွေးသား သားရဲ၏ စွမ်းအားရှိသည် ကိုမြင်ရသည်။ ထိုအရာကိုကြည့်ပြီး မိုးကြိုးသွားသည် အရင်ကစိုးရိမ်ခဲ့သည့် သေရေးရှင်ရေးကိစ္စကိုပင် စိတ်မပူတော့ဘဲ အားကောင်းသောဆန္ဒသည် စိတ်ကို သိမ်းပိုက်သွားလေသည်။ သူသည် တံတွေးကိုမျိုချပြီး ပေထင်းဟွမ်ဆီ သို့ ခေါင်းမှီလိုက်သည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် အနည်းငယ်စိတ်လှုပ်ရှားနေသည်။ မိုးကြိုးသွားသည် သူမ စာချုပ်တည်ထောင်ခဲ့သည့် ဒုတိယသားရဲဖြစ်သည်။ သူမ၏သားရဲသည် သူမအား အချိန်ကြာမြင့်စွာ အဖော်ပြုနိုင်ရန်ကိုသာ မျှော်လင့်နေခဲ့ကာ သူမ၏ခွန်အားကြောင့် လမ်းတစ်ဝက်တွင် ဆုံးရှုံးရမည့် အဖြစ်မျိုး မလိုချင်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် မိုးကြိုးသွား၏လွမ်းဆွတ် သော မျက်လုံးများကိုကြည့်ပြီး ပေထင်းဟွမ်သည် သက်ပြင်းချကာ ရွေးချယ်မှု မရှိတော့ဘဲ ပြောရတော့သည် “ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်စိတ်ကို ရှင်းလင်း အောင်လုပ်ထား၊ ဘယ်အချိန်မဆို မခုခံနဲ့”

ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၏ အသိစိတ်ကို ပေထင်းဟွမ် သန့်စင်ပြီးသော်လည်း ထိုအသိစိတ်သည်လည်း အသိစိတ်ရှိသေးသည်။ လမ်း တစ်ဝက်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှမသိနိုင်ပေ။

ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ငွေမီးခိုးရောင်ပုတီးစေ့ကို ရစ်ပတ် ကာ တဖြည်းဖြည်းနှင့် ပေထင်းဟွမ်၏လက်ထဲတွင် အရည်ပျော်လေသည်။ ငွေမီးခိုးရောင်မြူခိုးသည် ပေထင်းဟွမ်၏လက်ဖဝါးထဲတွင် တဖြည်းဖြည်း လျော့နည်းသွားပြီး မိုးကြိုးသွား၏တစ်ကိုယ်လုံးသည် ကြီးမားသောပြောင်းလဲမှု နှင့်ရင်ဆိုင်နေရသည်။ သူ၏အမွေးများသည် ပိုအရောင်ရင့်ကာ တောက်ပသွား ပြီး အရိုးများသည် ပိုသန်မာပုံရလေသည်။ သူ၏ခန္ဓာကိုယ်မှ အသက်ရှူသံ တဖြည်းဖြည်းထွက်လာသည်။

“သခင် အောင်မြင်သွားပြီ” ထိုသို့ပြောပြီးနောက် ဆာကဲသည် စိုးရိမ်မှုမရှိ ခေါင်းညိတ်ကာ အပြာရောင်ပန်းလေးများပေါ်သို့ ခေါင်းအုံးအလား လဲချလိုက် သည်။

ကျိုးယန်သည် အသံကြားသည်နှင့် သူမအား လှမ်းကြည့်လေသည်။ ထို့နောက် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောပေ။ နည်းလမ်းမရှိပေ။ သူသည် မြင့်မြတ်သောသခင်လေးကျို့ယန်ဖြစ်သော်လည်း သူ၏နှလုံးသားကို တော့ ထိန်းချုပ်၍မရပေ။

ရှေးဟောင်းရောင်ဝါသည် နေရာတစ်ခုလုံးတွင်ပြည့်နှက်သွားသည်။ ထိုအချိန်တွင် နေရာထဲမှ အလင်းတန်းနှစ်ခု ထွက်လာသည်။ ဆာကဲအပါအဝင် ကြည့်နေကြသည့်နတ်မိစ္ဆာသားရဲအားလုံးသည် ခုန်ပေါက်ပြီး နေရာဝင်ပေါက် ဆီသို့ပြေးလာကြသည်။

တောင်ကြားထဲတွင် ဖန်ဆင်းရေးနတ်ဘုရားခေတ်မှ ရှေးဟောင်းသားရဲ တစ်ကောင်သည် လေထဲတွင်မြောက်နေကာ ရွှေရောင်မျက်လုံးများသည် ထိုနေရာရှိ တောင်များကို အထင်သေးစွာစိုက်ကြည့်နေသည်။ ထိုသားရဲ၏ မျက်လုံးများသည် ရင်းနှီးသလိုရှိသော်လည်း စိမ်းသက်သက်ရှိလှသည်။ ဖဲသား နှင့်တူသော အမွေးများသည် ညလေထဲတွင်လွင့်နေကာ ကြီးမားသော အနက် ရောင်လှိုင်းများအဖြစ်လိမ့်တက်နေသည်။ သူဟိန်းလိုက်သည်နှင့် ဤနေရာရှိ တောင်များကို ခွဲတော့မည့်အလား အသံသည် ကမ္ဘာကြီးကိုလှုပ်ခါသွားစေ၏။

သူသည် မိုးကြိုးသွားဖြစ်သည်။ သို့သော် ဤအချိန်တွင် မည်သူမှ သူ၏ ခွန်အားကိုဂရုမစိုက်ကြပေ။ ရှေးဟောင်းသွေးသား သားရဲများ၏ခွန်အားသည် အဆင့်များဖြင့် ခွဲခြားမရပေ။

ထိုအချိန်တွင် ပေထင်းဟွမ်၏တစ်ကိုယ်လုံးကို အလင်းတန်းများဖြင့် လွှမ်းထားပြီး ကိုးရောင်အလင်းတန်းသည် ကောင်းကင်ပေါ်မှဆင်းသက်လာပြီး ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းမှနှင်းအပ်သည့် စွမ်းအားသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ကြီးမားသောလှိုင်းကဲ့သို့ တိုးဝင်လေသည်။ သူမ၏ခြေထောက် အောက်တွင် ကြယ်အစီအရင်တစ်ခုမြင့်တက်လာပြီး ပြီးပြည့်စုံသော ထောင့် ၁၀ ထောင့်ကြယ်အစီအရင်ထဲတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသရုပ်ဖော် ထားသည့် သန့်စင်သောဓား ၉ လက်သည် ပေထင်းဟွမ်၏လက်ရှိ ခွန်အားကို ညွှန်ပြနေသည်။ သူမသည် ဓား ၁ လက်နတ်ဘုရားမှ နတ်ဘုရားဧကရာဇ် ထိပ်ဆုံးအဆင့်သို့ ဝင်သွားပြီဖြစ်၏။

ထိုအချိန်တွင် ပေထင်းဟွမ်၏တစ်ကိုယ်လုံးသည် ကြီးမားသောစွမ်းအင် ဖြင့်ပြည့်နေပြီး စွမ်းအင်သည် တရဟောလောင်းထည့်ကာ ကစဥ့်ကလျား အရင်းအမြစ်သည် ရူးသွပ်စာ ပြေးလွှားနေပြီး ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း မှ သရုပ်ဖော်သည့် စွမ်းအားအားလုံး အသွင်ပြောင်းကာ နောက်ဆုံးတွင် ရွှေ အူတိုင်ထဲသို့ ဝင်သွားပြီး တောင်ကြားတွင် တင်ပျဉ်ခွေထိုင်နေသူသည် အလျင်စလိုမျိုချလိုက်သည်။

ရွှေရောင်အူတိုင်၏အရောင်သည် ရွှေရင့်ရောင်မှ မီးခိုးရွှေအဖြစ်ပြောင်း ကာ နောက်ဆုံးတွင် ငွေရောင်ဖြစ်ခါနီးတွင် ရပ်တန့်သွားလေသည်။ အရှင်၏ တံတိုင်းကိုထိခါနီးမှ စွမ်းအင်သွင်းခြင်းရပ်တန့်သွားသည်ကို ပေထင်းဟွမ် ခံစား မိလေသည်။

“ဟေး နတ်ဘုရားဧကရာဇ်ပဲ၊ ငါက ဘယ်တုန်းက အရှင်ဖြစ်သွားတာလဲ” ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမသာ အရှင်ဖြစ်လာပါက နတ်ဘုရား အဆင့်မှ စိတ်ဝိညာဉ်အဆင့်သို့တက်သွားခြင်းသည် သူမ၏သားရဲများကိုပါ တစ်ပါတည်း အဆင့်တက်စေနိုင်သည်။ ၎င်းသည် အချိန်ယူသည်။ သူမသည် ဤကဲ့သို့ခွန်အားခုန်တက်မှုမျိုးကို တစ်ခါမှမခံစားဖူးပေ။

All Chapters