← Chapters

ပါဝင်သူများ

Vol. 75 Ch. 1496

ပါဝင်သူများ

Vol. 75 Ch. 1496

ထိုအခိုက်အတန့်တွင် မိုးကြိုးသွား၏ရှေ့ခြေထောက်သည် လေထဲတွင် အနည်းငယ်ရိုက်လိုက်ကာ သူ၏ခန္ဓာကိုယ်သည် ဓားတောင်အတွင်းနက်ထဲသို့ မိုးကြိုးသွားတစ်စင်းအလား ရောက်သွားလေသည်။ ရှေးဟောင်းသွေးသား သားရဲ၏ဖိနှိပ်မှုသည် တောတောင်တစ်ခုလုံးတွင် ချက်ချင်းပင် လွှမ်းမိုးသွားရာ ထိုဧရိယာရှိ သားရဲများအားလုံးသည် တိတ်ဆိတ်သွားကာ မြေကြီးပေါ်တွင် တုန်ယင်စွာဖြင့် လှဲလျောင်းကြလေသည်။

လျှပ်စီးသည် မိုးကြိုးသွားပြေးလွှားသွားသည့်ဘက်သို့ အားကျစွာဖြင့် ကြည့်နေသည်။ အရင်ကနှင့်ယှဉ်လျှင် သားရဲ၏ခန္ဓာကိုယ်သည် ၁၀ ဆနီးပါး ကြီးမားလာကာ ကြီးမားသောဘိုးဘေးတောင်တစ်လုံး လေထဲတွင်ရှိနေသကဲ့ သို့ အံ့အားသင့်စရာကောင်းလှသည်။ ၎င်းသည် ပေထင်းဟွမ်၏အစောပိုင်း အခြေအနေက သားရဲလည်းဖြစ်သည်။ မိုးကြိုးသွားသည် ဤကဲ့သို့ကောင်းမွန် သောအခွင့်အရေးရရှိကာ အံ့အားသင့်လောက်စရာ သန့်စင်သောသွေးနှင့် သားရဲတစ်ကောင်ဖြစ်လာခဲ့သည်။ သူကရော။

ပေထင်းဟွမ်သည် ရှောင်ရှားပြီး နေရာထဲသို့ ဝင်လာခဲ့သည်။ ယခုအခါ မိုးကြိုးသွားသည် အပြင်ဘက်တွင်ရှိကာ အဂူးနှင့်တခြားသူများသည် အပြင် ဘက်တွင်စောင့်ကြပ်နေသဖြင့် စိုးရိမ်စရာများများစားစားမရှိပေ။ ပေထင်းဟွမ် သည် လက်ကိုလှန်လိုက်ရာ ဝင်ပေါက်မြက်ခင်းတွင် မှော်မူလကျောက်တုံးပုံ ကြီးတစ်ခုပေါ်လာလေသည်။ မှော်မူလကျောက်တုံးများအားလုံးနီးပါးတွင် သားရဲများ၏ကျိုးနေသော လက်နှင့်ခြေထောက်များ၊ အရိုးများ မပါသလောက် ပင်။

ပထမဦးဆုံးအနေနှင့် တခြားမှော်သားရဲများသည် မိုးကြိုးသွားအား အနည်းငယ်အားကျနေခဲ့သည်။ ယခုအခါ တောင်တစ်လုံးကဲ့သို့ မှော်အရင်းအမြစ်ကျောက်တုံးပုံကို မြင်သောအခါ ပျော်လွန်း၍ တစ်ကောင်ချင်း စီထခုန်ကြလေသည်။ သူတို့အားလုံးသည် ပေထင်းဟွမ်အား ဝိုင်းလာကြသည်။

ပေထင်းဟွမ်သည် လက်မြှောက်ကာ လျှပ်စီး၏ဦးခေါင်းထိပ်မှ အမွေးကို ပွတ်သပ်လိုက်သည် “စိတ်မပူနဲ့၊ ငါ အခွင့်အရေးရှိရင် မင်းအတွက် ရှေးဟောင်း သားရဲအရိုးတချို့ရှာပေးမယ်၊ ဒါအပေမဲ့ ဒီဟာမျိုးကလည်း ကံကောင်းမှရယ်၊ ဒါက အဂူးက နယ်ပယ် ဂိုဒေါင်ထဲက ယူလာတဲ့ဟာတွေပဲ၊ မင်းတို့ ကိုယ်ပိုင် အရိုးနဲ့အမျိုးအစားတူတဲ့ ကျောက်တုံးတစ်ခုစီကိုကောက်ပြီး တစ်ခုစီခွဲလိုက်ကြ”

မှော်အရင်းအမြစ်ကျောက်တုံးများမှာ များပြားလှသည်။ တစ်လုံး နှစ်လုံး ကောက်၍သုံးနိုင်သည်။ လျှပ်စီးသည် ရှေ့တိုးလာကာ ရှောင်ကျောက်၊ လင်းမို၊ ကျို့ယန်နှင့် ကင်းကောင်တို့လည်း ပြေးလာကြသည်။ လျိုဟွမ်တစ်ယောက် သာ တင့်တယ်သောခြေလှမ်းများဖြင့် လျှောက်လာသည်။

“လျိုဟွမ် ဘာလို့မစမ်းကြည့်တာလဲ” ပေထင်းဟွမ်သည် သိချင်လာ သည်။ လျိုဟွမ်သည် နဂိုက စီရင်ချက်ဗိမာန်မှပိုင်ဆိုင်သော သားရဲဖြစ်သည်။ ပေထင်းဟွမ်သည် ဂူဟောက်ဆီမှ အနိုင်ရလာခဲ့ခြင်းပင်။ သို့သော် ပေထင်းဟွမ် သည် သူ၏အတိတ်ကိုဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် လျိုဟွမ်သည် ဘာမှမပြောပေ။

လျိုဟွမ်သည် ခေါင်းခါလိုက်သည် “သခင် ငါက အလင်းအမျိုးအစား သားရဲပဲ၊ ငါ့ရဲ့အဓိကအစွမ်းအစက ကုသရေးပဲ၊ ဒြပ်စင်တွေရဲ့ သန့်ရှင်းမှုက မသေချာဘူးဆိုရင် ကုသရေးကို သွားသက်ရောက်လိမ့်မယ်”

ရှေးခေတ်များကတည်းကပင် အလင်းအမျိုးအစားသားရဲနှင့် အမှောင် အမျိုးအစားသားရဲများသည် အလွန်ရှားပါးသောသားရဲအမျိုးအစားများဖြစ်ကြ သည်။ လျိုဟွမ်သည် အလင်းအမျိုးအစားသားရဲများအကြားတွင် အလွန်ပင် သန့်စင်သည့်အလင်းဒြပ်စင်ရှိသည့်သားရဲ တစ်ကောင်ဖြစ်သည်။ မဟုတ်လျှင် စီရင်ချက်ဗိမာန်သည် သန့်စင်သောသားတော်အတွက် ဤသားရဲကို ပြင်ဆင် ပေးမည်မဟုတ်ပေ။

အလင်းဒြပ်စင်သန့်စင်လေ ကုသရေးသက်ရောက်မှု ပိုကောင်းလေဖြစ် သည်။

သို့သော် တိုက်ခိုက်ရေးစွမ်းအားနှင့် ခုခံရေးစွမ်းအားတွင်တော့ အလင်း ကိုယ်တိုင်ကပင် မသန်မာလှပေ။ သူသာ အားကောင်းလိုပါက သွေးသားကို တိုးတက်စေရန် နတ်သွေးသားကူးပြောင်းနည်းပညာကို လက်ခံရမည်ဖြစ်၏။ သို့သော် သန့်စင်သောရှေးဟောင်းသွေးနှင့် အလင်းအမျိုးအစားသားရဲကို ရှာရန် မည်မျှခက်ခဲလိုက်သနည်း။

သားရဲအများအပြားသည် နှစ်ခုတွဲဒြပ်စင်ရှိရန်မျှော်လင့်ကြသည်။ သည်လိုဆိုလျှင် သူတို့သည် ဒြပ်စင်နှစ်ခုကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သူတို့၏ ခွန်အားလည်း ကျွမ်းကျင်စွာကိုင်တွယ်နိုင်မည်ဖြစ်သည်။ သို့သော် လျိုဟွမ် သည် ဆန့်ကျင်ဘက်ဖြစ်သည်။

ပေထင်းဟွမ်သည် ဘာပြောရမည်ကိုမသိတော့ပေ။ ကုသရေးသည် လည်း ခွန်အားတစ်မျိုးဖြစ်သည့်ပုံပင်။ သို့သော် ကုသရေးသည် တခြားသူများ နှင့် အသင်းဖော်အတွက်သာဖြစ်သည်။ ပေထင်းဟွမ်သည် လျိုဟွမ်၏ဂုတ်ပေါ် မှ အဖြူရောင်လည်ဆံမွေးကို ပွတ်သပ်လိုက်သည် “လျိုဟွမ် တခြားသူတွေ ဘယ်လိုတွေးလဲငါမသိဘူး၊ ဒါပေမဲ့ ကုသရေးက တိုက်ခိုက်ရေးမှာ ကောင်းတဲ့ အထောက်အပံ့ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ မင်းသာ သန်မာရင် ဒဏ်ရာမရှိဘူး၊ ပြီးတော့ ကုသရေးအတွက်လိုအပ်မှာမဟုတ်ဘူး”

လျိုဟွမ်သည် ခေတ္တမျှအေးခဲသွားကာ ခေါင်းမော့ပြီး ပေထင်းဟွမ်အား ပဟေဠိဆန်စွာကြည့်လေသည်။ သူ၏မျက်လုံးမှာ နွေဦးရေကဲ့သို့ကြည်လင်ပြီး တောက်ပမှုနှင့် အရည်လဲ့မှုတချို့ရှိနေသည်။ ဝမ်းနည်းမှုကို ပစ်ပယ်လိုက်ကာ မျက်လွှာချလိုက်လေသည်။

All Chapters