← Chapters

ကင်းကောင်

Vol. 75 Ch. 1497

ကင်းကောင်

Vol. 75 Ch. 1497

သူသည် သူ့ကိုယ်သူအထင်လွဲမှားနေသည်ကို ပေထင်းဟွမ်သိသည် “လျိုဟွမ် အကုန်လုံးနဲ့ သားရဲတိုင်းက စွမ်းအားနောက်ကိုလိုက်ဖို့ အရည်အချင်း ရှိကြတယ်၊ မင်းရဲ့အားကောင်းတဲ့ကုသရေးအစွမ်းအစကို မူလအတိုင်း ထိန်းသိမ်းဖို့ အမိန့်ပေးတယ်၊ မင်းက စွမ်းအားနောက်ကိုလိုက်ဖို့ တွက်ချက် လွန်းတယ်၊ အဲဒါက ငါ့အတွက်နဲ့ တခြားသူတွေအတွက်ပဲ၊ သားရဲအဖော်အနေနဲ့ ငါ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါတို့အတွက်နဲ့ မင်းကို ဒီလိုမျိုး စတေးမခံစေ ချင်ဘူး”

လျိုဟွမ်သည် နောက်ဆုံးတွင် ပေထင်းဟွမ်ဆိုလိုချင်သည့်အရာကို နားလည်သွားသည်။ သူသည် ကျေးဇူးတင်သဖြင့် မျက်လုံးများမှ မျက်ရည်များ ကျလာသည်။ သူသည် ပေထင်းဟွမ်၏လက်မောင်းကို ခေါင်းဖြင့်ပွတ်သပ်လိုက် သည် “သခင် ငါ့ကိုယ်ငါ အထင်အမြင်လွဲနေတယ်လို့မထင်ဘူး၊ သခင့်မှာ အားကောင်းတဲ့သားရဲတွေ လုံလုံလောက်လောက်ရှိပါတယ်၊ ငါလည်း သူတို့ထဲ က တစ်ယောက်ပါပဲ၊ ဒါပေမဲ့ ငါက အလင်းကုသရေးအမျိုးအစား သားရဲဖြစ်ရုံ တင်ပါပဲ၊ ဒါက အမြဲတမ်း ငါ့ရဲ့ဂုဏ်ဖြစ်နေမှာ”

ပေထင်းဟွမ်သည် ဖော်မပြနိုင်လောက်အောင် ရင်ထဲထိမိလေသည်။ သူ့ အတွက် သားရဲအပေါင်းအဖော်များရှိခြင်းသည် သူနှင့်အတူ သားရဲတိုင်း အတူ အလုပ်လုပ်ရသည်မှာ ထိုအရာထက် ပျော်သည့်အရာမရှိတော့ပေ။

ဝိညာဉ်သခင်နှင့် စာချုပ်သားရဲအများစုသည် စာချုပ်ဆက်ဆံရေးသာဖြစ် သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၏ခွန်အားကို ငှားယူကာ တစ်ဦးနှင့်တစ်ဦး ၏ ခွန်အားတိုးရန်အတွက် အတူလေ့ကျင့်ကြခြင်းပင်။ ဤကဲ့သို့ ပေထင်းဟွမ် နှင့် သူမ၏မှော်သားရဲတွဲဖက်တို့လို နက်ရှိုင်းသော ဆက်ဆံရေးတည်ထောင် ခြင်းသည် ရှားပါးလှသည်။

လျှပ်စီးသည် ဇယ်ထျန်းနတ်ဆိုးဝုံလွေ၏ ကျောရိုး၊ ရှောင်ကျောက်သည် ချုံမင်နတ်ဘုရားဖျံဦးခေါင်း၊ လင်းမိုသည် ခေါင်းသုံးလုံးခွေး၏ မျက်လုံးများ ရှာတွေ့ကြပြီး ကျို့ယန်နှင့်တခြားသူများလည်း ရကြသည်။

ထိုခြေလက်အကြွင်းအကျန်နှင့် သားရဲများ၏ သွေးသား ဖြူစင်မှုကိုခံစား ရာတွင် ပေထင်းဟွမ်ပင် အလွန်အံ့ဩမိလေသည်။ “ဒါက နတ်မိစ္ဆာနဲ့ ဝိညာဉ် တွေအကြားက စစ်ပွဲမှာ ကျသွားတဲ့သားရဲတွေပဲ၊ အဲဒီတိုက်ပွဲမှာ ကမ္ဘာတစ်ခု လုံးက သားရဲတွေအကုန်လုံး မြေမြှုပ်ခံလိုက်ရတယ်”

“ဟုတ်တယ်” သူမဘေးမှ မှတ်ဉာဏ်ကိုအမွေဆက်ခံပြီးသည့် ရွှေနဂါး သည် ခေါင်းညိတ်ပြီးပြောလေသည် “အဲတုန်းက သားရဲတွေက အရမ်းအားကောင်းတယ်၊ လူသားနဲ့သားရဲတွေက အေးအေးချမ်းချမ်း ပူးတွဲ တည်ရှိတယ်၊ ဒါပေမဲ့ လောဘက အမှားဘက်ကိုရောက်စေတာပဲ”

“အဲဒီအရိုးတွေက မင်းတို့ကို ရှေးဟောင်းသွေးသား သားရဲအဖြစ် လုံးဝ တိုးတက်အောင် မလုပ်နိုင်ပေမဲ့ မင်းတို့ရဲ့ သွေးသားကိုတော့ အတိုင်းအတာ တစ်ခုထိ တိုးတက်စေနိုင်တယ်” အားဝေ့၏ အံ့အားသင့်သော ကြောင်မျက်လုံး မှာ အပြာရောင်လက်သွားသည်။ ထို့နောက် ကင်းကောင်အား အထင်သေးစွာ ကြည့်လေသည် “ပြီးတော့ သားရဲတောင်မှ အဲလိုမလုပ်နိုင်ဘူး၊ လောဘကြီး လိုက်တာ၊ ကင်းကောင် မင်းရဲ့သွေးက သန့်စင်ပြီးသားဖြစ်နေပြီ၊ အဲဒါကို သူတို့ ဆီကယူလိုက်သေးတယ်၊ မင်းလက်ထဲက အရိုးကို ကျို့ယန်ကိုပေးလို့ရနေတာ ပဲ၊ ဒါက သားရဲရဲ့ မေးရိုးပဲ၊ အရမ်းအသုံးဝင်တာမဟုတ်ဘူး”

ကင်းကောင်သည် ထိုစကားကိုကြားသောအခါ ရှက်သွားလေသည်။ သူသည် မေးရိုးကိုဆိတ်ကြည့်ပြီး ကျို့ယန်အားပေးချင်သော်လည်း တွန့်ဆုန်နေ သေးသည်။ သူ ထုတ်မပေးလျှင်လည်း ရှက်စရာဖြစ်မည်။

“သူက စူးနိကင်းကောင်သားရဲဖြစ်ချင်တာဖြစ်နိုင်တယ်” ဆာကဲသည် ဝေဝါးသောမျက်လုံးများကို အနည်းငယ်ဖွင့်ဟလိုက်သည်။ သူမသည် အိပ်ရာမှ နိုးလာပြီးနောက် အနည်းငယ် ကျွဲမြီးတိုသလို ပျင်းရိသည်။

ဆာကဲ၏လှောင်ပြောင်သောစကားများကိုကြားပြီးနောက် ကျို့ယန်သည် ထိုမေးရိုးကိုမရလျှင်တောင် ကျေနပ်ရမည်ဟု ခံစားလိုက်ရသည်။

ကင်းကောင်သည် နောက်ဆုံးတွင် စူးနိသားရဲ၏မေးရိုးကို ခွဲပေးလိုက် သည်။ သူသည် ပေထင်းဟွမ် အဆင့်တက်ရန်ကိုသာ မျှော်လင့်ခြင်းမဟုတ်ဘဲ သူ၏ ခွန်အားလည်းတိုးတက်ရန်မျှော်လင့်ထားသည်။ သူသည်လည်း ရှေးဟောင်းသွေးသားသားရဲဖြစ်သော်လည်း တင်းကြပ်မှုများစွာရှိသည့် အင်ပါယာကျောင်း၏ အန္တရာယ်နေရာတွင် လေ့ကျင့်ခဲ့ရသည်။ ရလဒ်အနေနှင့် သူသည် အကြိမ်ပေါင်းများစွာ အဆင့်တက်ခဲ့သော်လည်း ခန္ဓာကိုယ်ထဲမှ ချိတ် စည်းကို မချိုးဖောက်နိုင်ပေ။ သူ၏ခွန်အားသည် အမြဲတမ်း ကန့်သတ်ခံရသည်။

မိုးကြိုးသွား၏အတွေ့အကြုံနှင့်အတူ ပေထင်းဟွမ်အတွက် နတ်သွေး အသွင်ပြောင်းနည်းပညာကို ထပ်မံထုတ်ပြရန် ပိုလွယ်ကူသွားမည်။ ကင်းကောင်မှလွဲ၍ ပေထင်းဟွမ်နောက်သို့ အစောပိုင်းရက်များကလိုက်ခဲ့သည့် သားရဲတချို့သည် အားမကောင်းလှပေ။ သို့သော် ပေထင်းဟွမ်၏ နတ်သွေး အဆင့်ရပြီးနောက် သွေးအသွင်ပြောင်းနည်းပညာတိုးတက်မှုအပြီးတွင် သားရဲ အားလုံး၏သွေးအားလုံးနီးပါးမှာ တိုးတက်လာခဲ့သည်။

သွေးသားအဆင့်တက်ခြင်း၏ တိုက်ရိုက်အကျိုးအမြတ်ရခြင်းသည် ရှေးဟောင်းသွေးသားသားရဲများ၏ မှတ်ဉာဏ်ထဲမှ အမွေကိုဆက်ခံရခြင်းနှင့် ခန္ဓာကိုယ်ထဲမှ သွေးကြောများ အရိုးများသန့်စင်လိုက်သည်နှင့် ၎င်း၏ ခွန်အား လည်း ချက်ချင်းတိုးတက်လာခဲ့သည်။

All Chapters