သူက အမှောင်နတ်မိစ္ဆာဘုံကလား
Vol. 75 Ch. 1499
ဘုန်း
ကြီးမားသောလခြမ်းကွေးဓားသွားအရင်ရောက်လာရာ လေထဲတွင်ရှိနေ သော စွမ်းအင်လေးခုကို ဖြတ်ယူလေသည်။ စွမ်းအင်အလင်းတန်းလေးခု သည်အဘက်ဘက်သို့ မီးပန်းများကဲ့သို့ ပြန့်သွားကာ လေထဲတွင် နည်းနည်းစီ ပျောက်ကွယ်သွားသော်လည်း ထိုလခြမ်းကွေးဓားသွားသည် လမ်းတစ် လျှောက် ဆူးများကိုဖြတ်လေသည်။ မည်သည့်ဆိုးကျိုးမှုမခံစားရဘဲ ကောင်းကင်ပေါ်ရှိ သန်မာသောလူလေးယောက်အား ဖောက်ကွဲကာ ဥက္ကာခဲမှ လကိုလိုက်သည့်အလား လိုက်လေသည်။
လူလေးယောက်သည် ထိတ်လန့်သွားသည်။ ဤကဲ့သို့ခွန်အားနှင့်ဆိုလျှင် သူတို့လေးယောက် ပူးပေါင်းလိုက်လျှင်တောင် ၎င်းကိုလှုပ်ခါနိုင်မည်မဟုတ် ပေ။ သူတို့လေးယောက်သည် ထိုးထွင်းဘုံ၏အစောပိုင်းအဆင့် အရှင်များဖြစ် ကြကာ အစောကတင် သူတို့ အတူတကွလှုပ်ရှားကာ အားအကောင်းဆုံး တိုက်ကွက်သုံးခဲ့သည်။ နောက်ဆုံးတွင် လေထဲ၌ လခြမ်းကွေးဓားသွား ဖောက်ခွဲလိုက်သည်မှာ လက်ရည်တူနီးပါးပင်ဖြစ်သည်။
“ဒီလူက ဘယ်သူလဲ” သူတို့ထဲမှတစ်ယောက်သည် တောင်ထိပ်တွင်ရပ် နေသော လူငယ်ကိုမြင်သောအခါ ကြောက်ရွံ့စွာဖြင့်ပြောလေသည်။
“ကျို့ရှို့ဖိတ်ထားတဲ့ လက်ထောက်လား” တခြားလူသည် ခေါင်းခါယမ်း လေသည် “မဟုတ်ဘူး ခေါ်လာတဲ့လူတွေက သန်မာပေမဲ့ အကုန်သေကုန်ကြပြီ ဒီမှာဘယ်လိုလုပ် ချောင်းမြောင်းတိုက်ခိုက်နိုင်မှာလဲ”
“ဟုတ်တယ် သွားကြည့်ရအောင်” ခေါင်းဆောင်သည် ထိပ်ပြောင်ပြောင် နှင့်လူဖြစ်သည်။ သူသည် ချက်ချင်းပင် ခန္ဓာကိုယ်ကိုလှုပ်ရှားကာ ပေထင်းဟွမ် ရှိသည့်တောင်ဆီသို့ ပျံသွားလေသည်။
ပေထင်းဟွမ်သည် လခြမ်းကွေးဓားသွားကို သာမန်ကာလျှံကာပင် ဝေ့ယမ်းလိုက်သည်။ သို့သော် အာရုံစိုက်ခြင်းလည်းမရှိပေ။ သူမသည် လက်ဆန့်ထုတ်ကာ ထိုလူ၏နှာခေါင်းကိုစစ်ခိုင်းလိုက်သည်။ လေဝင်လေထွက် ရှိတုန်းပင်။ သူမသည် ခေါင်းခါမိသည် “အင်း၊ မင်းက အစ်ကိုကြီးမိုလီနဲ့ အခြေအနေတူမှတော့ မင်းအသက်ကို အကောင်းဆုံးကယ်ပေးရမှာပေါ့”
ပေထင်းဟွမ်သည် စကားပြောပြီးနောက်တွင် ဆေးတစ်လုံးထုတ်ကာ လူငယ်၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူမသည် မတ်တပ်ရပ်ကာ လက်ခါ ကာ အဝေးရှိ ညကောင်းကင်ကိုကြည့်လိုက်သည်။
နှုတ်ခမ်းတွန့်လိုက်ကာ ပေထင်းဟွမ်သည် လက်ကိုနောက်ပြန်ပစ်ကာ ရပ်လိုက်သည်။ သူမ၏ ကျဉ်းမြောင်းသောမျက်လုံးများသည် အန္တရာယ်များပုံရ သည်။ သူမသည် တစ်ဖက်ရှိ လူလေးယောက်အားမြင်လိုက်ရသည်။ သူတို့ သည် ပေထင်းဟွမ်၏ခွန်အားကို ကြောက်နေ၍ဖြစ်နိုင်သည်။ သူတို့သည် မျက်နှာချင်းဆိုင်တောင်ထိပ်တွင်ရပ်ကာ အော်လေသည် “သခင်ကြီး ငါတို့က နတ်ဆိုးနယ်နိမိတ်ကပဲ၊ မင်းခြေရင်းကလူက ငါတို့တွေ လိုက်နေတဲ့လူပဲ၊ သူက ငါတို့နတ်ဆိုးနယ်နိမိတ်က မှော်အရင်းအမြစ်ကျောက်တုံးကိုခိုးသွားတာ၊ ကျေးဇူးပြုပြီးကြည့်ပေးပါ သခင်ကြီး၊ ငါတို့ နတ်ဆိုးဘုံကို မျက်နှာထောက်ပြီး ဒီသူခိုးစုတ်ကို ပြန်ပေးမယ်ဆို ကျေးဇူးအများကြီးတင်မိမှာပါ”
“ကျေးဇူးအများကြီးတင်မှာဟုတ်လား” ပေထင်းဟွမ်သည် မျက်ခုံးပင့်ပြီး နားမလည်စွာမေးလိုက်သည် “ဘယ်လိုမျိုးကျေးဇူးတင်မှာလဲ”
“မှော်မူလကျောက်တုံး ၅၀၀ ကတ်တီဆို ရလား” လူလေးယောက်ထဲမှ ထိပ်ပြောင်နှင့်လူ ခေါင်းဆောင်သည် ပြောလေသည်။
“၅၀၀ ကတ်တီလား” ပေထင်းဟွမ်သည် တဖြည်းဖြည်းအသက်ပြန်လည် လာသည့်လူကို ခြေထောက်ဖြင့်ကန်ကာ မေးလိုက်သည် “သူက မင်းတို့ဆီက မှော်အရင်းအမြစ်ကျောက်တုံး ဘယ်လောက်ခိုးသွားတာလဲ”
လူလေးယောက်သည် မှင်တက်သွားသည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ပေထင်းဟွမ် ထိုမေးခွန်းဘာကြောင့်မေးသည်ကို နားမလည်နိုင်ဖြစ် နေကြသည်။ မှော်အရင်းအမြစ်ကျောက်တုံးခိုးသည်ဟုပြောခြင်းသည် ဆင်ခြေ တစ်ခုသာဖြစ်ကော ပေထင်းဟွမ်အား ထိုအကျဉ်းသားကို ပြန်ပေးစေလိုသည့် လှေကားထစ်တစ်ခုဖြစ်သည်ကို အားလုံးသိကြသည်။
“ဘာအဓိပ္ပာယ်လဲ” ထိပ်ပြောင်နှင့်လူသည် ရှေ့တိုးလာသည်။ သူ၏ မျက်လုံးများသည် အမှောင်များဖြင့် ပြည့်နှက်နေသည် “တခြားဘုံအတွက် ဒီ အပြစ်သားကို ငါတို့ကိုပြန်ပေးပါ”
“သူက အမှောင်နတ်မိစ္ဆာဘုံကလား” ပေထင်းဟွမ်သည် ဘေးမှလူကို ထပ်ကန်လိုက်ပြန်သည်။ ထိုလူ၏အဝတ်အစားများသည် ခမ်းနားကာ အသားရေသည် နှင်းကဲ့သို့ဖြူပြီး ခန့်ညားလှသည်။ မသန်စွမ်းလူသည် အမှောင် နတ်မိစ္ဆာဘုံတွင် ကောင်းကောင်းရှင်သန်နိုင်သည်။ ထိုလူ၏အဆင့်အတန်း သည် ချမ်းသာလိမ့်မည်၊ သို့မဟုတ် ဈေးကြီးလိမ့်မည်ပင်။
“မဆိုးဘူး” ထိပ်ပြောင်နှင့်လူသည် ပေထင်းဟွမ်၏အမြင်ကိုလေးစား သွားကာ နှာမှုတ်လေသည် “ဒါက ငါတို့အဓိကနယ်မြေသုံးခုရဲ့ကိစ္စပဲ ကျေးဇူးပြု ပြီးဝင်မပါပါနဲ့၊ ဒါက မင်းဝင်ပါလို့ရမယ့်ဟာမဟုတ်ဘူး”