မင်းတကယ်ကြီး ကျိန်ဆိုမှာလား
Vol. 75 Ch. 1493
“သူက အမြီးသုံးချောင်းကောင်းကင်မြွေခွေးကနေ အမြီးကိုးချောင်း ကောင်းကင်မီးမြေခွေးအဖြစ်ပြောင်းတာ၊ ဒါပေမဲ့ နောက်ကျ ကျိန်စာမြေမှာ နှစ်ပေါင်းထောင်ချီကြာပြီးသွားတော့ သူ့ရဲ့ဝိညာဉ်ဆေးကို သန့်စင်ဖို့ ငါ့ကိုပေးခဲ့ တယ်၊ ဒါပေမဲ့ သူ့ကိုယ်သူတော့ စတေးခံပြီးသေဖို့ရွေးချယ်ခဲ့တယ်” ဆာကဲသည် စကားဆုံးအောင်ပြောပြီးနောက်တွင် သူ၏ တောက်ပသော မျက်လုံးများမှ မျက်ရည်နှစ်ပေါက်စီးကျလာသည်။
“ဟင်”
မိုးကြိုးသွားသည် သက်ပြင်းချလိုက်မိသည်။ နတ်သွေးကူးပြောင်းနည်း ပညာ ရှုံးနိမ့်ခြင်းကြောင့် ယူယူသေဆုံးခြင်းမဟုတ်ပေ။ မိုးကြိုးသွားသည် လက်မြှောက်ကာ ဆာကဲ၏ဦးခေါင်းကိုပုတ်ပေးနေသည် “ဝမ်းမနည်းပါနဲ့ ဝမ်းမနည်းနဲ့”
ဝမ်းနည်းမှုထဲရောက်သွားသောဆာကဲသည် မျက်လုံးလှည့်ကာ မိုးကြိုး သွားအား စိုက်ကြည့်လေသည်။ သူ၏မျက်လုံးများသည် ညှာတာမှုကင်းစွာဖြင့် မိုးကြိုးသွား၏လက်များဆီသို့ အကြည့်ရောက်သွားသည်။ ထိုအရာသည် မိုးကြိုးသွား၏အမွေးများထောင်သွားစေသည်။ ဆာကဲသည် မပျော်မရွှင်ဖြင့် ပြောလေသည် “လက်တွေဖယ်စမ်း ငနံကောင်”
ငနံကောင်ဟုတ်လား။
ပေထင်းဟွမ်ပင် မှင်တက်သွားမိသည်။ သူမ၏မျက်လုံးထောင့်မှ အမြဲတမ်းထူးခြားစွာ မောက်မာပြီးဘဝင်မြင့်သော ကျို့ယန်ကို ရုတ်တရက်မြင် လိုက်သည်။ သူမအား 'သခင်' ဟုခေါ်ရန် တခြားသားရဲများကို ဖိအားပေးခဲ့ သော ကျို့ယန်သည် ဆာကဲအား ထိခိုက်သောမျက်လုံးများဖြင့် ကြည့်နေသည်။ သူမ၏သားရဲများ၏ သာမန်ဘဝသည် အလွန်ရှုပ်ထွေးပြီး ကြွယ်ဝသည်ဟု ပေထင်းဟွမ် ခံစားရသည်။
ဆာကဲသည် မြေခွေးအမဖြစ်ကာ ကျို့ယန်သည် မြေခွေးအထီးဖြစ်သည်။ ကျို့ယန်သည် အလွန်ပင်စိတ်လှုပ်ရှားနေပုံပင်။
“မင်း မင်း မင်း လူတွေကိုကျိန်ဆဲလိုက်တာလား” မိုးကြိုးသွားသည် မယုံကြည်နိုင်လောက်အောင် ခံစားရလေသည် “မင်းက ငါ့ကိုငနံကောင်လို့ခေါ် လိုက်တာလား”
“ငနံကောင်ကဘာဖြစ်လို့လဲ၊ မင်းကို ငနံကောင်လို့ခေါ်တာက မင်းနဲ့ လိုက်တယ်” ဆာကဲသည် ချက်ချင်းပင် မိုးကြိုးသွား၏လက်ကို ရိုက်ချလေသည် “ငါနဲ့ ဝေးဝေးနေ”
ဆာကဲသည် မည်သည့်မှော်ပညာကိုမှမပြဘဲ လက်အားကိုသာသုံးလိုက် သည်။ ခံစားချက်မကောင်းနေသဖြင့် မိုးကြိုးသွား၏လက်များကို ရိုက်ချချိန် တွင် မိုးကြိုးသွားသည် မနာလိုက်ပေ။ ထို့ကြောင့် ဒေါသမထွက်ဘဲ ချော့မော့ လေသည် “ဟုတ်ပြီ ဟုတ်ပြီ၊ ငါ သွားပါ့မယ် စိတ်မဆိုးပါနဲ့”
မိုးကြိုးသွားသည် အလွန်စူးရှသောမျက်လုံးတစ်စုံမှ သူ့ကိုစိုက်ကြည့်နေ သည်ကို ခံစားရသဖြင့် အမွေးများထောင်သွားလေသည်။ မိုးကြိုးသွားသည် နောက်ပြန်ကြည့်ရာ ကျို့ယန်၏ ပတ္တမြားကဲ့သို့တောက်ပသောမျက်လုံးများနှင့် သွားဆုံလေသည်။ သို့သော် မျက်လုံးများမှာ အေးစက်နေသည်။ ထို့ကြောင့် ကြောက်လန့်တကြားထခုန်မိလေသည် “အင်း နေရာတိုင်းမှာ ထောင်ချောက် တွေချည်းပဲ”
ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းခါလိုက်သည်။ မိုးကြိုးသွား၏ရင်ထဲမှ ဆာကဲနှင့်ပတ်သက်၍ တင်းမာမှုလုံးဝပျောက်ကွယ်သွားသည်နှင့် သူသည် မှော် အရင်းအမြစ်ကျောက်တုံးဘေးတွင် နာခံစွာနှင့်လဲလျောင်းကာ သမိုင်းဝင် အခိုက်အတန့်ရောက်လာမည်ကို စောင့်ဆိုင်းနေသည်။
မှော်အရင်းအမြစ်ကျောက်တုံးပေါ်တွင် အမှောင်နတ်မိစ္ဆာစွမ်းအင် တွဲလွဲ ခိုနေပြီး တစ်ခုသည် အရိုးစု၏အသိစိတ်အလင်းတန်း ထွက်ပြေးမည်ကို တိုက်ခိုက်ပေးသည်။ ၎င်းသည် အကြီးအကဲချန်းနှင့်တခြားသူများကို တိုက်ခိုက် သည့် အသိစိတ်အလင်းတန်းဖြစ်သည်။
နတ်အသိစိတ်သည် အသိစိတ်ရှိသည်။ ၎င်းသည် ပေထင်းဟွမ် လုပ်မည့် အရာကိုအာရုံခံမိပုံပင်။ မှော်စွမ်းအားအလင်းတန်းကို လှိမ့်တက်ပြီးနောက် ပေထင်းဟွမ်အား တိုက်ခိုက်လေသည်။ ပေထင်းဟွမ်၏လက်ဖဝါးမှ ကိုးရောင် မီးတောက်အလင်းတန်းထွက်လာသည်။ ပေထင်းဟွမ်၏အသိစိတ် ထိန်းချုပ်မှု အောက်တွင် သူမသည် နတ်အသိစိတ်ကို ဖယ်ရှားလိုက်သည်။
ကိုးရောင်မီးတောက်သည် အကျပ်ကိုင်နိုင်သည်။ ထိုကိုးရောင်မီးတောက် သည် ဝိညာဉ်ကိုပြာကျအောင် လောင်ကျွမ်းနိုင်သည်။ ထိုအသိစိတ် အလင်းတန်းသည် ချက်ချင်းပင် မှော်အရင်းအမြစ်ကျောက်တုံးထဲမှ အရိုးစုဆီ သို့ ချက်ချင်းပင် တိုက်ခိုက်လေသည်။
ပေထင်းဟွမ်၏လက်ဖဝါးသည် အရိုးစု၏ အရိုးခေါင်းကိုအုပ်ထားကာ အားကောင်းသောနတ်စွမ်းအားဖြင့် ရစ်ပတ်ထားသည်။ ကစဥ့်ကလျားနတ် အရင်းအမြစ်ပညာနည်းလမ်းအရ သူမသည် ထိုအရိုးစုကို စတင်ရှာတော့သည်။ အသိစိတ်ဖြစ်စေ ကျန်ရှိသည့်သွေးအဆီအနှစ်ဖြစ်စေ ပေထင်းဟွမ်၏ အားကောင်းသော စိတ်စွမ်းအားသန့်စင်လိုက်သည်နှင့် သူမ၏လက်ဖဝါးထဲတွင် ငွေမီးခိုးရောင်ပုတီးစေ့ ဖြစ်ပေါ်လာသည်။
ထိုပုတီးစေ့သည် လက်ချောင်းအရွယ်အစားရှိကာ ငွေမီးရောင်တောက်ပ နေပြီး ၎င်းထဲမှ အားကောင်းသောဝိညာဉ်စွမ်းအားကို ပြသနေသည်။