← Chapters

ဒုတိယစိတ်ဝိညာဉ်

Vol. 75 Ch. 1498

ဒုတိယစိတ်ဝိညာဉ်

Vol. 75 Ch. 1498

ပေထင်းဟွမ်သည် ထိုလျှို့ဝှက်နည်းပညာကို တင်ဆက်ပြီးနောက် သူမ၏ ခွန်အားသည် ဆက်တိုက်တိုးတက်လာလိမ့်မည်ဟု ထင်မထားပေ။ လျှပ်စီးနှင့် တခြားသူများ၏ခွန်အား တိုးတက်မှုနှင့်အတူ ပေထင်းဟွမ်သည် ကောင်းကင် နှင့်မြေကြီးစည်းမျဉ်းမှ ပေးသနားသည့် စွမ်းအင်တို့ဖြင့် ပြည့်နှက်သွားသည်။ ထိုအရာများအားလုံးကို သန့်စင်ပြီးနောက် အခွင့်အရေးလေးတစ်ခုကပင် အရှင် အဆင့်သို့ ချိုးဖောက်နိုင်တော့မလို ခံစားရလေသည်။

ပေထင်းဟွမ် နေရာမှ ထပ်မံထွက်လာချိန်တွင် မိုးကြိုးသွားသည် တောင် များကိုပတ်၍ပြန်လာပြီဖြစ်သည်။ သူသည် အလင်းတန်းအဖြစ်ပြောင်းကာ နေရာထဲသို့ ထိုးဝင်လာသည်။ စွမ်းအင်များစွာရရှိပြီးနောက် သူသည် နောက်ဆုံးတိုးတက်မှုကို ပြီးဆုံးရန် အိပ်ဖို့သာလိုတော့သည်။

လျှပ်စီးနှင့်တခြားမှော်သားရဲများလည်း ထိုနည်းလည်းကောင်းပင်။ သည် လိုနှင့် ပေထင်းဟွမ်၏အစောပိုင်း စာချုပ်သားရဲများသည် အသုံးဝင်လာတော့ မည်။

သို့သော် ကံကောင်းစွာပင် အဂူး၊ ပေမင်း၊ ဖန်ချန်းနှင့်တခြားသူများလည်း ရှိသေးသည်။

ကျန်းရှန့်၏ ညသန်းခေါင်မှာ မအေးချမ်းလှပေ။ ရွာသားများအားလုံးသည် ဂူထဲပုန်းအောင်းနေရသည်။ ပေထင်းဟွမ်သည် တောင်ထိပ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ နတ်ဘုရားအဆင့်မှ စိတ်ဝိညာဉ်အဆင့်သို့ အသွင်ပြောင်းရန် ကျင့်ကြံသူသည် ရွှေအူတိုင်ထဲမှ ဒုတိယကိုယ်ပွား၏ ကျင့်ကြံမှုကို ပြီးမြောက်ရ မည်ပင်။ ရွှေအူတိုင်သည် စိတ်ဝိညာဉ်အူတိုင်အဖြစ် ပြီးပြည့်စုံအောင် အသွင်ပြောင်းမှ အကြောထဲမှရွှေအူတိုင်သည် ငွေရောင်အလင်းဖြစ် ပြောင်းမည်ဖြစ်သည်။ ရွှေအူတိုင်ထဲတွင် နှုတ်ဆိတ်စွာထိုင်နေသည့် လူလေး သည် သည်တစ်ခေါက်တွင် စိတ်ဝိညာဉ်ဆေး၏ လက်ထိပ်များမှ လွတ်မြောက် လာသည့်ပုံပင်။

ဤနေရာသည် အလွန်ပင်တိတ်ဆိတ်သည်။ မင်စူးသည် ဒဏ်ရာ အပြင်းအထန်ရလာခဲ့ကာ ဂိုဒေါင်လည်း ကျရှုံးခဲ့ပြီး အထဲမှမှော်အရင်းအမြစ် ကျောက်တုံးများ လုယက်ခံခဲ့ရသည်။ ဝိညာဉ်နယ်ပယ်တစ်ခုလုံးသည် မုန်တိုင်း ထဲရောက်သွားသကဲ့သို့ အဘက်ဘက်မှ အဝိုင်းခံခဲ့ရသည်။ သူ့ကိုယ်သူပင် ဂရုစိုက်ရန် အလုပ်များနေခဲ့သည်။ အချိန်တစ်ခုလောက် သူသည် ပေထင်းဟွမ် အားလိုက်ပြီးမသတ်နိုင်သေးပေ။

လူလေးသည် ပေထင်းဟွမ်၏ ပုံစံငယ်ဖြစ်သည်။ အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ သူမသည် နောက်ဆုံးတွင် စိတ်ဝိညာဉ်ဆေးမှ လွတ်မြောက်လာကာ လေတိုးဝေ့ခြင်း၊ တဖြည်းဖြည်းပျံ့နှံ့သွားသည်ကို စတင် မြင်လာကာ နောက်ဆုံးတွင် ပေထင်းဟွမ်အရွယ်အစားအတိုင်းဖြစ်လာသည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် စိတ်ဝိညာဉ်ဆန့်ထုတ်ရသည့် ပျော်ရွှင်မှု ကို ရုတ်တရက်ခံစားရလေသည်။ ထိန်းချုပ်မှုမရှိဘဲ ကောင်းကင်နှင့်မြေကြီး အကြားတွင် လွတ်လပ်မှု လွင့်နေသည်။ သူမ၏စိတ်ဝိညာဉ်သည် ကောင်းကင် နှင့်မြေကြီး လေဟာနယ်ကြားထဲသို့ လုံးဝနှစ်ဝင်သွားသည်ကို ခံစားမိသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ထဲမှ အနက်ရောင်အရိပ်တစ်အုပ်သည် ပေထင်းဟွမ်ဆီသို့ ဗုံးတစ်လုံးကဲ့သို့ ဖောက်ခွဲလေသည်။

ပေထင်းဟွမ်အတွက် ကောင်းကင်နှင့်မြေကြီးထဲသို့ ရောနှောရသည့် ခံစားချက်သည် ကောင်းကင်နှင့်မြေကြီးအကြားမှအရာများအားလုံးကို ရှင်းလင်းစွာ သတိပြုမိလေသည်။ သူမသည် လျင်မြန်စွာပင် သူမ၏ ဒုတိယ စိတ်ဝိညာဉ်ကို ပြန်ယူကာ ဖျတ်လတ်သောပုံရိပ်နှင့်အတူ အထဲသို့ပျံသွားလေ သည်။

အရိပ်မည်းသည် သူမဆီသို့လာပြီး တောင်ထိပ်ရှိ ထိုကျောက်တုံးကြီးပေါ် သို့ ကျလာလေသည်။ အမှောင်ထုထဲတွင် သစ်လုံးကွဲသံကြားလိုက်ရပြီး လေးလံသောညည်းသံထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ထိုအရိပ်မည်း သည် ဆန့်ထွက်လာသည်။ မှေးမှိန်သောလရောင်အောက်တွင် ၎င်းသည် အလွန်ချောမောသောလူငယ်ဖြစ်သည်ကို ပေထင်းဟွမ်ရှင်းရှင်းလင်းလင်း မမြင်ရလုနီးပါးပင်။

သူသည် ကျောက်တုံးပေါ်တွင် သေလူအလား ကျောခင်းလဲလှောင်းနေ ကာ သူ့အောက်တွင် ဘီးတပ်ကုလားထိုင်သည် မြေကြီးပေါ်တွင်ပြန့်ကျဲလျက်ရှိ သည်။ ထိုအရာကိုမြင်ပြီး ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ ထိုလူ၏ ခြေထောက်များသည် မသန်စွမ်းဖြစ်နေပြီဖြစ်ကာ မပြီးပြည့်စုံသောခန္ဓာကိုယ် သည် သခင်တစ်ယောက်ဖြစ်ရန် ကျင့်ကြံ၍မရနိုင်ပေ။

ထိုလူကိုကြည့်ရသည်မှာ မိုလီကိုသွားသတိရစေသည်။ ဤလူသည် မိုလီ လောက်သန်မာသည်လားမသိပေ။

ပေထင်းဟွမ်သည် ထိုလူအသက်ရှင်သေးသလားဆိုသည်ကို သိချင် သဖြင့် လက်မြှောက်ပြီး ထိုလူ၏နှာခေါင်းအောက်ကို လက်ထိုးကြည့်သည်။ ပေထင်းဟွမ် လက်ဆန့်ထုတ်သည်နှင့် ထိုဘက်သို့ လေဆာကဲ့သို့စွမ်းအင်လေး ခုတိုးဝင်လာသည်။ စွမ်းအင်တစ်ခုချင်းစီသည် အလွန်သန်မာပြီး နတ်ဘုရား အဆင့်သခင်တစ်ဦးကိုပင် သတ်နိုင်လောက်သ်ည။

အဆင့်မြင့်မြင့်လူတစ်ယောက်ဆီမှ တိုက်ခိုက်ခံရသည့်ခံစားချက်သည် မဆိုးလှပေ။

ထိုလူသည် မြေပြင်မှအခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ အားကောင်းသည့် တိုက်ခိုက်မှုသည် အချင်းဝက် ၃ မိုင်တွင်ရှိသော သတ္တဝါများကို ပြင်ဆင်ချိန်ပင် မပေးပေ။ ပေထင်းဟွမ်သည် ချက်ချင်းဒေါသထွက်သွားကာ လက်မြှောက်ပြီး ကောင်းကင်နှင့်မြေကြီးစွမ်းအားကို နှိုးဆွကာ ကြီးမားသည့်ဓားမောက်ရှည် အလား ပြုလုပ်ကာ စွမ်းအင်လေးခုလာရာသို့ ဖောက်ခွဲလိုက်သည်။

All Chapters