ဒီလူက ခြေထောက်မကောင်းဘူး
Vol. 75 Ch. 1500
ပေထင်းဟွမ် မည်မျှပင်သန်မာစေကာမူ တစ်ယောက်တည်းဖြစ်သည်။ သူမသည် တစ်ယောက်တည်းပျံသန်းနိုင်သည်။ သို့သော် အုပ်စုကို ရင်ဆိုင်မည် ဆိုပါက သေလမ်းရှာခြင်းပင်။
ပေထင်းဟွမ်သည် ထိပ်ပြောင်၏စကားများမှာ သတိပေးချက်ဖြစ်သည် ကို သေချာပေါက်နားလည်သည်။
ထိုအချိန်တွင် မြေပေါ်မှလူ၏လက်ချောင်းထိပ်သည် အနည်းငယ်လှုပ်ရှား နေပြီဖြစ်သည်။ သူသည် မကြာခင်နိုးလာတော့မည်ကို ပေထင်းဟွမ်သိသည်။ ထို့ကြောင့် သူမသည် ထိပ်ပြောင်ကိုလျစ်လျူရှုကာ ထိုလူဘေးရှိကျောက်တုံး ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
“သခင်ကြီးဆိုလိုတာက...”
လူလေးယောက်သည် သေချင်စိတ်ပေါက်သွားသည်။ သို့သော် ထိုလူများ သည် ရှေ့မတိုးရဲသဖြင့် စမ်းသပ်နေသလိုစကားပြောနေခြင်းပင်။ ပေထင်းဟွမ် သာ သူတို့နှင့်တိုက်ခိုက်မည်ဆိုပါက ထိုလူများသည် သူမအား ညှာတာပေးမည် မဟုတ်ပေ။ ယခုအချိန်သည် သူတို့အတွက် ကျို့ရှို့အားသတ်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
အခွင့်အရေးတစ်ခုသာရှိရာ လွတ်သွားသည်နှင့် နောက်တစ်ခါရတော့ မည်မဟုတ်ပေ။
လူလေးယောက်သည် ပေထင်းဟွမ်အား မုန်းမိလေသည်။ သူတို့သည် အကြိမ်ပေါင်းများစွာ လှုပ်ရှားချင်သော်လည်း ပေထင်းဟွမ်၏ခွန်အားကို ကြောက်နေတုန်းပင်ဖြစ်သည်။ တချို့သည် နားမလည်ကြပေ။ ဒီဆယ်ကျော် သက်နဲ့တူတဲ့ အဘိုးကြီးက ဘယ်ကနေရောက်လာတာလဲ။ အမှောင်နတ်မိစ္ဆာ ဘုံတွင် အရှင်အဆင့်အထက်ရှိသည့်လူမှာ မများလှပေ။ အယောက် ၂၀၀ ပင် မကျော်ပေ။ အသိစိတ်ဘုံ အလယ်ပိုင်းအဆင့်ရောက်သည့် အရှင်အဆင့်ခွန်အား ရှိသူသည် လက်တစ်ဆုပ်စာပင်မရှိပေ။ သူတို့သုံးယောက်သည်အဓိကနယ်ပယ် အရှင်များဖြစ်ကြသည်။
ပေထင်းဟွမ်၏ခွန်အားသည် အသိစိတ်ဘုံအစောပိုင်းအဆင့် ခွန်အားသို့ ရောက်လုနီးပါးဖြစ်သော်လည်း သူတို့လေးယောက်သည် ဤလူကိုကြားပင် မကြားဖူးပေ။
သူတို့လေးယောက်သည် အရှင်အဆင့်အစောပိုင်းသို့ ဝင်နေသည့်သူများ ဖြစ်ကြသည်။ သူတို့လေးယောက်သည် ပေထင်းဟွမ်အား မကိုင်တွယ်နိုင်လျှင် တောင် အနိုင်ရနိုင်သည့်အခွင့်အရေးသည် အလွန်သေးငယ်သည်။ ထို့အပြင် ဤကဲ့သို့ အားကောင်းသောလူအတွက် တတ်နိုင်သလောက် မပြစ်မှားမိအောင် ကြိုးစားရမည်။
အမှန်တကယ်ပင်မသိပေ။ ပေထင်းဟွမ်သည် နတ်ဘုရားဧကရာဇ် ထိပ်ဆုံးအဆင့်သာရှိသေးသည်ကို ထိုလူလေးယောက်သိလျှင် မည်သို့တွေးကြ မည်နည်း။
သို့သော် တစ်ချက်တည်းနှင့် အရှင်လေးယောက်၏ ခွန်အားကို တားဆီး နိုင်ရုံသာမက ဖိနှိပ်နိုင်သေးသည်။ ဤကဲ့သို့ခွန်အားနှင့်ဆိုလျှင် ပေထင်းဟွမ် သည် နတ်ဘုရားဧကရာဇ်ထိပ်ဆုံးအဆင့်သာရှိသေးသည်ဟုပြောလျှင် ထိုလေး ယောက်သည် ယုံကြည်နိုင်မည်မဟုတ်ပေ။
ယုံမည်ဆိုလျှင်တောင် ပေထင်းဟွမ်သည် သူတို့ကို စော်ကားသည်ဟု တွေးကြမလားပင်။
ထပ်ပြောင်ကြီးမေးသည့်မေးခွန်းကို ပေထင်းဟွမ်သည် ရိုးရှင်းစွာပင် လျစ်လျူရှုလေသည်။
ထိုအချိန်တွင် မြေပေါ်တွင် လဲနေသောလူ လှုပ်ရှားလာသည်။
ကျို့ရှို့သည် တစ်စုံတစ်ယောက်စကားပြောနေသံကိုကြားသောအခါ ငေးကြောင်နေသည်။ အသံသည် အနည်းငယ်ရင်းနှီးသလိုရှိသည်။ သူသည် ခေါင်းခါပြီး မျက်လုံးဖွင့်လိုက်သောအခါ မှောင်မိုက်နေသောကောင်းကင်တွင် ခပ်မှိန်မှိန်လခြမ်းကွေးရှိနေသည်ကို မြင်လိုက်ရသည်။ သူ မတုံ့ပြန်ခင်တွင် သူ့ ဘေးမှ တစ်စုံတစ်ယောက်စကားပြောသည်ကို ကြားလိုက်ရသည် “သူနိုးလာပြီ၊ သူက မင်းတို့နဲ့လိုက်ချင်ရင် ငါ ဘာမှငြင်းစရာမရှိဘူး၊ သူ ငြင်းရင်တော့ မင်းတို့ လုပ်နိုင်တာမရှိဘူး သွားလိုက်တော့”
“ဒီလူက ခြေထောက်မကောင်းတာ မင်းလည်းသိတာပဲ၊ မင်းက သူ့ကို ချီပြီးဒီထိမပို့ချင်ဘူးမလား”
“ခြေထောက်မကောင်းဘူးဟုတ်လား” သူကလား။ ကျို့ရှို့သည် ခေါင်းမော့ကာ အသံလာရာသို့ကြည့်လိုက်ရာ မှောင်မိုက်သောကောင်းကင် အောက်တွင် ကျောက်တုံးပေါ်၌ တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်ဝတ်ရုံ နှင့် လူငယ်ကိုတွေ့လိုက်ရသည်။ ညလေကြောင့် သူ၏အနက်ရောင်ဆံပင်ရှည် သည် မျက်ခုံးနှင့်မျက်ခုံးများကို အနည်းငယ်ဖုံးနေသည်။ ရှင်းလင်းစွာမမြင်ရ သော်လည်း ထိုလူငယ်သည် ယုံယဲ့ကဲ့သို့ အေးစက်မည်ကိုခံစားရသည်။
ကျို့ရှို့သည် ရက်စက်ပြီး သူမထင်သည့်လူများစွာကိုမြင်ဖူးသည်။ သို့သော် လူငယ်သည် အရိုးထဲမှအေးစက်မှုရှိနေရာ ထိုအရာကပင် သာမန်လူ နှင့်ကွဲထွက်သည့် ဆွဲဆောင်မှုကိုဖြစ်စေသည်။
သူသည် အလွန်ငယ်ရွယ်သည်။ သို့သော် သူ၏ပြောဟန် ပြုမူဟန်သည် အထူးတလည် စဉ်းလဲသည်။ သူသည် နတ်ဆိုးဘုံမှ အစောင့်အရှောက်လေးဦး ကိုပြောနေခြင်းမလား။ ထိုလေးဦးသည် ထိုးထွင်းဘုံ အစောပိုင်းအဆင့်များဖြစ် ကြသည်။ ထို့အတူ သူတို့သည် အမှောင်နတ်မိစ္ဆာဘုံတွင် အနိုင်မခံအရှုံးမပေး သူများဖြစ်ကြသည်။ ဝိညာဉ်ဘုံနှင့် အမှောင်နတ်မိစ္ဆာဘုံမှလူများပင် သူတို့အား တိုက်ရိုက် ရင်မဆိုင်ရဲပေ။
ဤကောင်လေးသည် သတ္တိရှိလွန်းသည်။