← Chapters

မဟူရာညအတွင်းမှ လျှို့ဝှက်စကားများ

Vol. 8 Ch. 107

မဟူရာညအတွင်းမှ လျှို့ဝှက်စကားများ

Vol. 8 Ch. 107

Child of light (ကျန်းကုန်း)

Volume 4: Chapter 17 - Secret Talk in the Dark of Night

“ကျွန်တော် ကံကောင်းသွားလို့ပါ။ မာခယ်လဲ မှော်သခင်ကြီးအဆင့်နဲ့ မဝေးတော့ပါဘူး”

“မင်း တော်တော် နိမ့်ချနေတတ်တဲ့ကလေးပဲကွ။ မင်း တော်တော် ပေါက်ရောက်ခဲ့ပြီ။ ဒါပေမယ့် မင်းမှာ မာနမရှိဘူး။ ဒီလိုလူ တော်တော်ရှားတယ်ကွ။ သူ့ကို တော်တော်မျှော်လင့်ထားတာဆိုတော့ နောင်အနာဂတ်မှာ မာခယ့်ကို ကူညီပေးဖို့ ပြောချင်တယ်ကွာ။ အကြီးကောင်က အရည်အချင်းသိပ်မရှိဘူးဆိုတော့ ငါ့အရိုက်အရာတွေ သူ့ကိုအပ်ဖို့ စီစဉ်ထားတယ်ကွ”

မင်းသားပုံက တော်တော် သဘောကောင်းမယ့်ပုံပဲ။

“မာခယ် တော်တော်ကို ကြိုးစားပါတယ်။ မင်းသားရဲ့ မျှော်လင့်ချက်တွေ သူဖြည့်ဆည်းပေးဖို့ သေချာပါတယ်”

“အေးလေ။ ဒီလိုပဲ မျှော်လင့်ကြတာပေါ့ကွာ။ မင်းက မာခယ့်သူငယ်ချင်း ဖြစ်တဲ့အပြင် အသက်အတူတွေပဲဆိုတော့ တရာဝင်မဟုတ်တဲ့ မင်းသားဆိုတာကြီး မင်းခေါ်နေစရာမလိုပါဘူး။ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် စိမ်းနေသလို ခံစားရတယ်ကွ။ အခု ငါ့ကို ဘကြီး အောင်းအာ လို့ခေါ်ရင်ရပြီ”

သူကျုပ်ကို စည်းရုံးနေမှန်း ကျုပ်သိပေမယ့် သူပေါ်ထားတဲ့ အကောင်းမြင်စိတ်တွေတော့ ပိုတိုးလာတာအမှန်ပဲ။

“မနေ့က မှော်မျိုးနွယ်နဲ့ တွေ့ခဲ့တယ်လို့ မာခယ်ပြောတော့ ငါတော်တော် အံ့ဩသွားတယ်ကွ။ မှော်မျိုးနွယ်ဆိုတာ ငါတို့ လူသားမျိုးနွယ်တွေရဲ့ ရန်သူတွေပဲ။ ငါတို့အနေနဲ့ သူတို့ကိုသာ ကမ္ဘာ့ မြောက်ဘက်ခြမ်းကို ကျူးကျော်ခွင့်ပေးလိုက်ရင် ငါတို့ လူသားမျိုးနွယ်တွေ မျိုးသုန်းသွားလိမ့်မယ်။ အဖြစ်အပျက်အကုန် ဘကြီးကို ပြောပြစမ်းပါအုံး”

“ဟုတ်ကဲ့။”

ကျုပ်လဲ ဆာရာနီရေလှောင်ကန်ကြီးနားမှာ မှော်မျိုးနွယ်တွေနဲ့ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်အစုံ သူ့ကိုပြောပြလိုက်တယ်။ မင်းသား ကျုပ်ပြောတာတွေ နားထေင်ပြီးတော့ သက်ပြင်းချပါလေရော။

“ဒါကို သူတို့တွေ ဘယ်လိုများ လုပ်လိုက်ပါလိမ့်။ ငါတို့နယ်မြေကို ရောက်ဖို့ဆိုရင် သူတို့တွေ စစ်ထယ်လွင် ကိုဖြတ်ကြရတယ်။ မယုံနိုင်စရာပဲ”

“သူတို့တွေ ကောင်ကင်ပြိုကျတောင်ကနေ တက်လာနိုင်လား”

“မဖြစ်နိုင်ဘူး ကောင်းကင်ပြိုကျတောင်က တိမ်တွေထဲရောက်တဲ့အထိ မြင့်တာ။ တောင်အလယ်မှာဆိုရင် ရေခဲတွေ နှင်းတွေနဲ့ ဖုံးထားသေးတယ်။ ဒါကို ကျော်ဖို့ဆိုရင် ဘယ်လို သတ္တဝါပုံစံနဲ့မှ မရနိုင်ဘူး”

“ဒီကိစ္စ ဖြစ်ခဲ့တာ (၂)နှစ်တောင်ရှိသွားပြီ။ သူတို့သာ ငါတို့ကို ကျူးကျော်ချင်တယ်ဆိုရင် အခုထိ ဘာကြောင့် လှုပ်ရှားမှု တစုံတရာမတွေ့ရသေးတာလဲ။ မဟုတ်သေးဘူး။ လောလောဆယ် အိုက်ရှားနိုင်ငံမှာ သူတို့တွေအပြင် တခြားရန်သူတွေ ရှိသေးတယ်။ ကျန်းကုန်း ငါအပါအဝင် အင်အားကြီး (၃)ဖွဲ့စလုံးက ဧကရာဇ်ကြီး မီးစာကုန်မယ့်အချိန်ကို စောင့်နေကြတယ် ဆိုတာ မင်းသိနေလောက်ပါပြီ။ ဧကရာဇ်ကြီးက ငါ့ကို ရာဇပလ္လင် အပ်ချင်တယ်ဆိုပေမယ့် လက်ရှိအခြေအနေမှာ ဧကရာဇ်ကြီးရဲ့ သဘောထားကို မလိုက်တာကြဘူးကွ။ အဓိက အင်အားကြီး မျိုးနွယ်(၃)ခုနဲ့ မြို့စား ထီယိ တို့က ငါနဲ့တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြပြီ။ စစ်အင်အား အရသာဆိုရင် ငါသူတို့ကို မကြောက်ဘူး။ မှော်စွမ်းအားမှာကျ ငါသူတို့နဲ့ မယှဉ်နိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ တစ်နိုင်ငံလုံးရဲ့ တပ်တွေကိုလဲ ငါစုစည်းလို့မဖြစ်ဘူး။ ဒီတော့ ငါ့လက်ရှိစွမ်းအားနဲ့ သူတို့ကို တိုက်ဖို့ မဖြစ်နိုင်ဘူး။”

“သူတို့က တော်ဝင်အနွယ်မဟုတ်ဘဲ ဘာဖြစ်လို့ ထီးနန်းလုနေကြတာလဲ”

“ငါသိသလောက်ဆိုရင် သူတို့က အနာဂတ်နိုင်ငံရေးမှာ ဒီမိုကရေစီစနစ်နဲ့ အစိုးရဖွဲ့ပြီး မူဝါဒတွေနဲ့ ဆုံးဖြတ်မှာဆိုတော့ နောက်ဆို မင်းမျိုးမင်းနွယ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး။ အဲလိုသာဖြစ်သွားရင် ငါတို့ အောင်အာ မျိုးနွယ်စု တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ကြီးကို သူတို့တွေ သိမ်းပိုက်သွားမှာပဲ”

“သူတို့နဲ့ ညှိနှိုင်းဖို့ မှော်မျိုးနွယ်ကို သုံးလို့ မဖြစ်နိင်ဘူးလား”

ဘုံရန်သူကို တိုက်ခိုက်ဖို့က ပထမ ဦးစားပေး ဖြစ်ရမယ်လေ။

ကျုပ်စကားကြားတော့ မင်းသားမျက်ဝန်းတွေ အလင်းရောင်ထွက်လာတယ်။ သူစိတ်ပြောင်းသွားတာ သိသာတယ်။

“ဒီအကြံ မဆိုးဘူးကွ။ ဒါပေမယ့် ထီးနန်းအတွက် ယှဉ်ပြိုင်မှုတွေကိုတော့ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ခနတာ ငြိမ်းချမ်းရေးကာလ လုပ်ထားရင်တောင် သူတို့ မတူတဲ့စရိုက်တွေနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်သေးဘူး။ တကယ်လို့သာ….”

မင်းသား ဆက်မပြောသေးဘဲ ခေါင်းကို ခါယမ်းနေတယ်။ မာခယ် စိုးရိမ်တကြီးနဲ့…

“အဖေ…. ဘာဖြစ်လို့လဲ။ ကျေးဇူးပြုပြီး စကားကို မြန်မြန်လေး ဆက်ပြောပါလား”

“နားလည်အောင် ရှင်းမပြနိုင်တော့ အသုံးမဝင်လောက်ပါဘူး”

“မင်းသားအနေနဲ့ ဖြေရှင်းဖို့နည်းလမ်းတစ်ခု စဉ်းစားပြီးမှတော့ ကျွန်တော်တို့ ကူညီဖို့ ကြိုးစားနိုင်အောင် ဖွင့်ပြောသင့်တယ်လို့ထင်ပါတယ်”

“သူတို့ကိုသာ အဆင့်အမြင့်ဆုံးအနေအထားနဲ့ ဖိနှိပ်ထားနိုင်မယ်ဆိုရင် စွမ်းအားတိုက်ပွဲမှာ အောင်အောင်မြင်မြင်နဲ့ အနိုင်ယူဖို့ ယုံကြည်မှုရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံက မှော်နိုင်ငံတစ်ခုပဲလေ။ ငါတို့မှော်စွမ်းအားတွေ တကယ်အားကောင်းနေသရွေ့တော့ စေ့စပ်ညှိနိုင်ရေးအတွက် သော့ချက်တစ်ခုပဲပေါ့”

“အဆင့်အမြင့်ဆုံး အနေအထားနဲ့ဆိုတာက နှစ်ဖက် အင်အားစု(၂)ခုလုံးမှာ မှော်ဆရာတွေ ဘယ်လောက်ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အရေအတွက် ပြိုင်ဆိုင်မှုကို ပြောတာလား”

မင်းသားက ခေါင်းငြိမ့်အဖြေပေးတယ်။

“တစ်ဖက် အင်အားစုတွေမှာ ဘယ်လောက်တောင် ရှိနေလို့လဲ”

“ဒီကမ္ဘာ့မြောက်ဘက်ပိုင်းမှာ မှော်သခင်ကြီး(၁၀)ယောက်ရှိတယ်။ ဒီနိုင်ငံမှာ မှော်သခင်ကြီး(၈)ယောက်ရှိတယ်။ တော်ဝင် မှော်သမဂ္ဂခေါင်းဆောင် မြေမှော်သခင်ကြီး သွမ်းယုရှီးအပါအဝင် အင်အားကြီး(၃)ခုမှာ မှော်သခင်ကြီး (၄)ယောက် ရှိတယ်ကွ။ သွမ်းယုရှီးဆိုရင် မှော်သခင်ကြီး ဒုတိယ အဆင့်ရောက်နေပြီ။

“ကျန်တဲ့ မှော်သခင်ကြီး (၄)ယောက်က ဘယ်သူတွေများလဲ”

“ကျန်တဲ့ မှော်သခင်ကြီး (၄)ယောက်ထဲက တစ်ယောက်က တော်ဝင်အထက်တန်းမှော်ပညာကျောင်းရဲ့ ကျောင်းအုပ် ချွမ်းစုန့်ကျန်းကွ၊ ပြီးတော့ သူက လေဟာနယ်မှော်သခင်ကြီးပေါ့။ တတိယအဆင့် မှော်သခင်ကြီးက တော်ဝင်အလယ်တန်းမှော်ပညာကျောင်းရဲ့ ကျောင်းအုပ်ကြီး အလင်းမှော်သခင်ကြီး လောင်လွင်တိပေါ့။ မင်းရဲ့ ဆရာဆိုလဲ မှန်တာပဲလေ။ သတ္တမအဆင့်က သူလဲ တော်ဝင်အလယ်တန်းမှော်ပညာကျောင်းရဲ့ ဒုကျောင်းအုပ်ဖြစ်တဲ့အပြင် မာခယ်ရဲ့ လက်ရင်းဆရာ ရှင်းတိလုံပေါ့။ နဝမအဆင့်က တော်ဝင်အထက်တန်းမှော်ပညာကျောင်းရဲ့ ဒုကျောင်းအုပ် မှော်သခင်ကြီး စစ်တိလေ့ ကွ။”

“မင်းသားရဲ့ ဆန့်ကျင်ဘက် အင်အားစုမှာ မှော်သခင်ကြီး အရေအတွက် တန်းတူ ရှိမနေဘူးလား”

“ဒါမျိုးက တွက်လို့မရနိုင်ဘူးလေ။ လောလောဆယ် မာခယ့်ဆရာ ဆရာရှင်း တစ်ယောက်ပဲ ငါ့ကို ကူညီနေတာ။ ကျန်တဲ့ မှော်သခင်ကြီး (၃)ယောက်က ကြားနေတွေပဲ။ သသသူတို့သာ ငါ့ကို ကူညီဖို့ ဆုံးဖြတ်ပြီး တရားဝင်ထုတ်ပြန်လိုက်တာနဲ့ သူတို့ရဲ့ ဂုဏ်သတင်းတွေ၊ နှစ်ပေါင်းများစွာ သင်ကြားထားတဲ့ အတွေ့အကြုံတွေကြောင့် ငါ့မှာ စွမ်းအားတွေ သိသိသာသာကို မြင့်လာလိမ့်မယ်။ အဲလိုအချိန်ကျမှ ဆန့်ကျင်ဘက် အဖွဲ့ကို ရင်ဆိုင်ဖို့ အခွင့်အရေး ရှိလာမှာ။ လက်ရှိအခြေအနေအရ သူတို့အဖွဲ့က မှော်သခင်ကြီးတွေက ဒုတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့်တွေကွ။ ဒါပေမယ့် မှော်သခင်ကြီးတွေထဲမှာ ငါတို့ဘက်က ပထမ၊ တတိယ၊ သတ္တမနဲ့ နဝမအဆင့်တွေပေါ့။ ငါတို့ဘက်က နိမ့်နေတဲ့အနေအထားပေါ့ကွာ။ ပြီးတော့ ကျန်တဲ့ မှော်သခင်ကြီး (၃)ယောက်က ငါ့ဘက်မှာ ရှိနေဖို့ မသေချာဘူးလေ”

‘မင်းသား ကျွန်တော့ကို ဘာလို့ ဒီလိုခေါ်တွေ့ရလဲဆိုတာ ကျွန်တော် နားလည်သွားပြီ။ ပထမ အချက်က မှော်မျိုးနွယ်အကြောင်း မေးချင်လို့။ ဒုတိယ ဆရာတိ သဘောထားကို မေးချင်တာ။ ဆရာတိနဲ့ တော်ဝင် အထက်တန်းမှော်ပညာကျောင်းရဲ့ ကျောင်းအုပ်ကြီး ချွမ်းစုန့်ကျန်းတို့က နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ရှိနေတယ်လေ။ ဒီလိုနည်းလမ်းနဲ့ဆိုရင် ကျုပ်အပါအဝင် မှော်သခင်ကြီး(၄)ယောက် သူ့ဘက်က ရှိနေတော့မှာကိုး။ ပြီးတော့ သူ့ဘက်မှာ အားသာချက်လဲ ရှိနေအုံးမယ်။ တော်တော် ပါးနပ်တဲ့လူကြီး’

မင်းသား ကျုပ်လေးလေးနက်နက်တွေးနေတာကြည့်ပြီး စကားပြန်ဖို့ ဖိအားမပေးဘဲ အသာစောင့်နေတယ်။

“နိုင်ငံ့ စစ်သူကြီးအတွက် ကျုပ်ဘာလို့ မကူညီနိုင်ရမှာလဲ။ ပြီးတော့ မာခယ်နဲ့လဲ သက်ဆိုင်နေတာလေ။ ဦးလေး အောင်းအာ ခင်ဗျား အိုက်ရှားနိုင်ငံသူ နိုင်ငံသားတွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာတိကို စည်းရုံးဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”

============= (*^*)=============

အပိုင်း( ၁၀၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters