← Chapters

ရင်ကြားစေ့သူကြီး ကျွန်တော်

Vol. 8 Ch. 108

ရင်ကြားစေ့သူကြီး ကျွန်တော်

Vol. 8 Ch. 108

Child of light (ကျန်းကုန်း)

Volume 4: Chapter 18 - I’m the Mediator

“ကျန်းကုန်းလေး ပြဿနာမရှိပါဘူးကွာ။ အခုအချိန်က မှော်မျိုးနွယ်ကို တိုက်ဖို့က အရေးအကြီးဆုံးပဲလေ။ မြို့စား ထီယိက တော်တော်တကိုယ်ကောင်းဆန်တတ်တဲ့အပြင် မိသားစုကြီး(၃)ခုကလဲ မစည်းလုံးကြဘူးကွ။ သူတို့သာ နိုင်ငံတော်ကို အုပ်ချုပ်မယ်ဆိုရင် နိုင်ငံတော်ကြီး နိဂုံးချုပ်သွားမှာပဲ။ အခုတော့ နိုင်ငံတော်အာဏာ ယူလို့မရနိုင်သေးပေမယ့် ထီးနန်းအရိုက်အရာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းရှာရမှာပေါ့။ သာမန်ပြည်သူတွေက အပြစ်ကင်းပါတယ်ကွာ။ စွမ်းအားတိုက်ပွဲကြောင့် သူတို့ကို ထိခိုက် မနစ်နာစေချင်တာတော့ အသေအချာပဲ”

‘ကျုပ်က သာမန်ပြည်သူတွေအပေါ် အရမ်းဂရုစိုက်တယ်ဆိုတာသိလို့ ကျုပ်ကျေနပ်အောင်ပြောတယ်ဆိုတာ သိတာပေါ့ဗျာ’

“ကောင်းပါပြီ ဦးလေး။ ကျွန်တော် အခုပြန်တော့မယ်။ ကျွန်တော့စီက သတင်းကောင်းကို စောင့်ပေးပါ”

မင်းသားကို နှုတ်ဆက်ပြီးတော့ မာခယ်နဲ့ ကျုပ် ကျောင်းကို ပြန်လာလိုက်ကြတယ်။ လမ်းရောက်တော့ မာခယ်က.

“အစ်ကိုကြီး မင်းဘယ်လိုထင်လဲကွ”

“တကယ်ဆို မင်းအဖေ ငါ့ကို အသုံးချနေတာ ငါသိတာပေါ့”

ကျုပ် ပြောလဲပြော မာခယ့်ကိုလဲ အဓိပ္ပါယ်ပါပါ မျက်လုံးနဲ့ ကြည့်လိုက်တယ်။ မာခယ် ခေါင်းငုံ့ပြီး ဘာမှ ပြန်မပြောတော့ဘူး။

“မင်း သိပ်လဲ စဉ်းစားမနေပါနဲ့ကွာ။ ငါဘာမှ အလေးထားမနေပါဘူး။ ဒါပေမယ့် မင်းအဖေအနေနဲ့ ဟိုအဖွဲ့တွေထက်စာရင် ထီးနန်းဆက်ခံဖို့ အကောင်းဆုံးပဲ။ စိတ်ပူမနေနဲ့တော့။ ငါ မင်းအဖေကို သေချာပေါက် အကူအညီပေးမှာပါ”

မာခယ်ကျုပ်လက်တွေကို ဆုပ်ကိုင်ပြီး..

“အစ်ကိုကြီး ငါဘာပြောရမှန်းကို မသိတော့ဘူးကွာ”

“မင်း ဘာမှပြောမနေနဲ့တော့။ မြန်မြန်သွားရအောင်။ မင်းကျောင်းကပို အရင်ပြန်နှင့်လိုက်။ ငါ တော်ဝင်အလယ်တန်း မှော်ပညာကျောင်းကိုသွားပြီး သူ့အကူအညီရနိုင်၊ မရနိုင်သိရအောင် ဆရာတိကို သွားတွေ့လိုက်အုံးမယ်”

လမ်းဆုံမှာ မာခယ်နဲ့ကျုပ် လမ်းခွဲလိုက်ကြတယ်။ တော်ဝင်အလယ်တန်း မှော်ပညာကျောင်းကို ကျုပ်အမြန်ပဲသွားလိုက်တာပေါ့။ ကျုပ်တက်ခဲတဲ့ ကျောင်းဆိုတော့ ကျောင်းစောင့်ကလဲ ကျုပ်နဲ့ ရင်းနှီးပြီးသားဆိုတော့ အေးဆေးပဲ။ ဆရာတိနဲ့တွေ့ဖို့လာတာမို့ အမြန်ဝင်ခွင့်ပေးဖို့ ပြောလိုက်ယုံပဲလေ။

ဆရာတိ ခြံဝန်း အဝင်ဝရောက်တော့ အတိတ်ကိုတောင် ပြန်သတိရလိုက်မိသေးတယ်။ သူ ကျုပ်ကို အရမ်းဂရုစိုက်ပြီး သူကျ အထီးကျန်နေတဲ့ လူအိုကြီး တစ်ယောက်လိုပဲ။ ကျုပ်နှလုံးသားထဲမှာ သူ့ကျေးဇူးတွေနဲ့ ပြည့်နေတာလေ။

“ဆရာတိ။ ကျွန်တော် လာလည်တာပါ”

တံခါးပွင့်သွားပြီး ဆရာတိ ထွက်လာတယ်။

“အထက်တန်းမှော်ပညာကျောင်းမှာ ရက်ကလေးမှ (၂)ရက်(၁)ပိုင်းရှိသေးတယ် ဘာလို့ ပြန်လာတာတုန်း။ မင်းဒီကနေ ခွဲမသွားနိုင်လို့လားဟ”

လမ်းလျှောက်ရင်းကနေ သူ့လက်ကို ဆုပ်ကိုင်ပြီး ကလေးဆိုး ဆိုးနေသလိုမျိုးနဲ့..

“ဟုတ်တယ်။ ကျုပ် ဆရာကို လွမ်းလို့။ ကျုပ် အလည်လာလို့ မရဘူးလား”

“မင်း တော်တော် တတ်နိုင်တဲ့ကောင်ဇိုးလေးပဲကွဟမ်။ လာအထဲသွားရအောင်”

“ကျွန်တော် ဆရာအတွက် ဘာမှဝယ်မလာမိတာက ကျောင်းမှာ အလုပ်တွေ အရမ်းရှုပ်သွားလို့ပါဗျာ။ အဟီး”

“ပြဿနာမရှိဘူး။ တစ်ချို့ကိစ္စတွေက ကိုယ်တိုင်လုပ်စရာမှမလိုတာ၊ မအားစရာမရှိပါဘူးလေ။ ရိုးရိုးလေး ပြောရရင် ငါလဲ သိပ်မကြာခင် အနားယူတော့မလို့ စိတ်ကူးထားတယ်ကွ။ မွန်းစတားဘုရင်ကြီး ကိစ္စ ဖြေရှင်းပြီးရင် မင်းငါ့ နေရာမှာ အမွေဆက်ခံနိုင်ပါ့မလား”

“ဟင့်အင်း။ ဟင့်အင်း။ ကျွန်တော် အရမ်းငယ်သေးတယ်။ ကျောင်းရဲ့ ကိုယ်စားလှယ်ဖြစ်အောင်တောင် ဘယ်လိုလုပ်ရမှန်းမသိသေးဘူး။ ဆရာလုံက ဆရာ့ရာထူးဆက်ခံဖို့ အသင့်တော်ဆုံးသူ မဟုတ်ဘူးလား။ ဆရာ အလုပ်တွေ လျှော့သင့်ပြီလို့ ကျွန်တော်ထင်တယ်”

“ဆရာလုံဆိုတာ တကယ်ကို အသင့်တော်ဆုံး လူတစ်ယောက်ပေါ့။ ဒါပေမယ့် အခုသသူက စွမ်းအားတိုက်ပွဲထဲမှာ ပါသွားပြီလေ။ ဒီလိုအချိန်မျိုးမှာ အေးအေးဆေးဆေး နေလို့မရနိုင်တော့ဘူး။ ငါ ဘယ်လိုလုပ်ပြီး ကျောင်းကို သူ့လက်ထဲ စိတ်အေးအေးနဲ့ အပ်နိုင်မလဲကွာ”

ဆရာတိက အခုဖြစ်ပျက်နေတဲ့ စွမ်းအားတိုက်ပွဲကို တော်တော် မျက်မုန်းကျိုးနေပုံပဲဗျ။’ကျုပ် သူ့ကို ဘယ်လို စကားစရမှန်းကို မသိတော့ဘူး’

ဆရာတိ ကျုပ်စီက စကားသံမကြားတော့..

“မင်း ငါ့ကို တစ်ခုခု တောင်ဆိုချင်လို့ ပြန်လာခဲ့တာမို့လား။ မင်း ငါ့ကို မင်းသားခယ်ကျားဘက်ကနေ ကူညီစေချင်တယ်လို့ ပြောချင်တာမို့လား”

“ဟုတ်ကဲ့”

ကျုပ် ဖြေပြီးကာမှ အတွေးတွေ အာရုံတွေ ပြန်ရလာပြီး ဆရာတိကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေမိလိုက်တယ်။

“ဆရာ ဘယ်လိုသိတာလဲ။ မဟုတ်မှလွဲရော ဆရာ ရှေ့ဖြစ်နိမိတ်မှော်မန္တန် လေ့ကျင့်လိုက်လို့လား”

“ငါ ဘာကြောင့် မင်းကို နားမလည်နိုင်ရမှာလဲကွ။ မာခယ်နဲ့ မင်းရဲ့ ဆက်ဆံရေးကြောင့် ခယ်ကျာ မင်းကို သေချာပေါက် အသုံးချမှာ မဟုတ်ဘူလား”

“ဆရာ။ ဆရာ တော်တော် အံ့ဩဖို့ကောင်းတာပဲနော်။ မင်းသားခယ်ကျာက ဆရာ့ကို ဆွဲဆောင်ဖို့ တကယ်ကြီး ကြိုးစားနေတာဗျ”

“အိုက်ရှားနိုင်ငံရဲ့ အခြေအနေက တကယ့်ကို တင်းမာနေတာကွ။ အမှားလေးတစ်ခု လုပ်မိလိုက်တာနဲ့ ပရမ်းပတာ စစ်ပွဲနွံထဲမှာ နစ်သွားတော့မှာပဲ။ ခယ်ကျာ မင်းကို အသုံးချတာ သိသိကြီးနဲ့များ မင်းဘာလို့ ငါ့စီလာနေသေးတာတုန်း”

“ကျွန်တော် ဆရာ့ကို လွမ်းတယ်လေ။ ဒီလိုမျိုးနဲ့ ဆရာ့ဆီ လာလို့ မရဘူးလား”

“ဝေ့ဝိုက်မနေစမ်းပါနဲ့ကွာ တည့်တိုးသာပြောစမ်းပါ”

“တကယ်တော့ ဆရာ့ကို စည်းရုံးဖို့လာခဲ့တာ အမှန်ပဲ။ ဒါပေမယ့် မင်းသား ခယ်ကျာအတွက် တော့မဟုတ်ဘူး။ အိုက်ရှားနိုင်ငံနဲ့ မရေမတွက်နိုင်တဲ့ သာမန် ပြည်သူတွေအတွက်ပဲ”

“ဘယ်လို… ဆက် ဆက်ပြောစမ်းပါအုံး”

“ဆရာသာ ဘက်မရွေးဘဲ ကြားနေဆက်ဖြစ်နေရင် ပြည်တွင်းစစ်ကြီး သေချာပေါက် ဖြစ်တော့မှာ။ ကျွန်တော်တို့ မွေးရပ်မြေက သွေးလွှမ်းပြီး သာမန်ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ မဖြစ်နိုင်တော့ဘူး။ တကယ်၍များ အခုလိုအချိန်မှာ မှော်မျိုးနွယ်တွေ ကျူးကျော်လာပြီဆိုရင်၊ ကျွန်တော်တို့က ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ဆိုတော့ ပြန်တိုက်ဖို့အတွက် ကျန်တဲ့ (၂)နိုင်ငံနဲ့ ဘယ်လိုမှ ပူးပေါင်းနိုင်မှာ မဟုတ်တော့ဘူး။ နောက်ပြီးနောက် သိပ်မကြာခင်နှစ်တွေထဲမှာ မွန်းစတားဘုရင်က ပေါ်လာအုံးမယ်။ ဒီလိုဖြစ်ဖို့ သူဘယ်လိုနည်းလမ်း သုံးမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ လူသားမျိုးနွယ်တွေ မညီညွတ်ဘူးဆဆိုရင် လူသားတွေ မျိုးသုန်းသွားဖို့ပဲရှိတော့တယ်။ လူသားမျိုးနွယ် အနာဂါတ်အတွက် ဆရာကို မင်းသားချယ်ကျာဘက်က အကူအညီပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်ဆရာ။ ဆရာက အခြေအနေတွေကို နက်နက်ရှိုင်းရှိုင်း တွေးမိလား”

“မင်း အတွေးတာ မလွန်ပါဘူး။ အဲ့အခြေအနေက တကယ်ကို ဖြစ်လာနိုင်တယ်။ မြို့စား ထီယိနဲ့ မိသားစုကြီး(၃)ခုကို ထောက်ပံ့ဖို့ မင်းဘာလို့ မတောင်းဆိုတာလဲဆိုတာ ငါသိချင်လိုက်တာ။ ငါ့အထောက်အပံ့မပါဘဲနဲ့တောင် သူတို့စွမ်းအားတွေက မင်းသားခယ်ကျာထက် သာနေပြီဆိုပေမယ့် သူတို့အောင်ပွဲခံနိုင်ဖို့ ရာခိုင်နှုန်းတော့ ပိုများ၊ ပိုသေချာ သွားလိမ့်မယ်။ မင်း မင်းသားခယ်ကျာကို ထောက်ခံရတဲ့ အကြောင်းပြချက်က မာခယ်ကြောင့် မဟုတ်ဘူးလား”

“မာခယ် ကျွန်တော့ဆုံးဖြတ်ချက်တွေအပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်တယ်ဆိုပေမယ့် အဓိက အကြောင်းပြချက်တော့ မဖြစ်နိုင်သေးဘူး။ ပိုအရေးကြီးတာက မင်းသား ခယ်ကျာ ထီးနန်းဆက်ခံမယ်ဆိုရင် လက်ရှိ ဧကရာဇ်ကြီးရဲ့ တစ်ဦးတည်းသော ညီတော်ဖြစ်တဲ့အတွက် ယုတ္တိရှိတယ်။ ဒါကို သာမန် မှူးမတ်တွေ လက်ခံကြမှာပဲ။ မြို့စား ထီယိနဲ့ မိသားစုကြီး (၃)ခုကို ဖိနှိပ်ပြီး သူတို့ အကြံအစည်တွေ မဖြစ်နိုင်ဘူးဆိုတာ သိအောင် သူတို့မှာ စွမ်းအား ကောင်းတယ်ဆိုရင်တောင် ပေါ်ပေါ်တင်တင် ပြင်ပြင်းထန်ထန် ပုန်ကန်ကြမှာမဟုတ်ဘူးလို့ ယုံတယ်။ နောက်ဆုံးပိတ် သူတို့အနေနဲ့ ထီးနန်းဆက်ခံဖို့ သင့်တော်တဲ့ အကြောင်းပြချက်မရှိဘူးလေ။ ဒီအချိန်မှာ သူတို့တွေ သူတို့ရဲ့ ဂုဏ်ရှိန်နဲ့ သူတို့ဘဝ လုံခြုံရေးအတွက်ပဲ ကြိုးစားကြလိမ့်မယ်။ ဒီလိုအချိန်မှာတော့ သူတို့ကို ဖြေသိမ့်ဖို့အတွက် လှုပ်ရှားမှု တစ်ခုခုတော့ လိုတာပေါ့။ အနာဂတ်မှာ ထပ်ပြီး ပုန်ကန်မယ်ဆိုရင်သတော့ ကျွန်တော်တို့အတွက် စိုးရိမ်စရာ ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး။ မင်းသားက ဗျူဟာကျမ်းကျေတယ်လို့ ခံစားမိနေတော့ ဟိုအဖွဲ့တွေကို ကိုင်တွယ်သင့်တယ်။ ပြီးတော့ ကျွန်တော်တို့သာ မြို့စား ထီယိကို ထောက်ခံမယ်ဆိုရင် မင်းသားခယ်ကျာက ထီးနန်းဆက်ခံသူဆိုတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောရခက်သွားလိမ့်မယ်။ မင်းသားခယ်ကျာက သူတို့ကို အလျော့ပေးမှာမဟုတ်ဘူး။ သူက အခုလက်ရှိ နိုင်ငံတော်တစ်ခုလုံးမှာရှိတဲ့ စစ်တပ်အာဏာ ပိုင်ထားတယ်။ ပေါင်းပင်တွေကို အမြစ်က မရှင်းနိုင်တဲ့ပုံဖြစ်နေသရွေ့ သူကတော့ ရာဇပလ္လင်ပြန်ရမှာ အသေအချာပဲ။ ဒီလိုဆိုလဲ ပြည်တွင်းစစ်က သေချာပေါက် ဖြစ်အုံးမှာပဲ။ ဒါကြောင့် မင်းသားခယ်ကျာကို ထောက်ခံဖို့ ရွေးလိုက်တာ”

============= (*^*)=============

အပိုင်း( ၁၀၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters