← Chapters

ထီးနန်းလုပွဲ

Vol. 8 Ch. 113

ထီးနန်းလုပွဲ

Vol. 8 Ch. 113

Child of light (ကျန်းကုန်း)

Volume 4: Chapter 23 - Battle for Kingship

ကျုပ်တို့ နှစ်ယောက်ပြောနေတဲ့စကားတွေ ကြားပြီး ဟိုင်ရှင်း မျက်နှာ သိသိသာသာကို ဖြူလျော်သွားတယ်။ သူ့ကိုယ်လုံးတောင် ယိမ်းယိုင်ပြီး မူးမေ့တော့မလိုပဲ။ ကျုပ် သူ့ကို အလျင်စလိုဖေးမပြီး ထိုင်ဖို့ အကူအညီပေးလိုက်ရင်းနဲ့..

“ဟိုင်ရှင်း နေမကောင်းဘူးလား”

ကျုပ်စကားကို ဟိုင်ရှင်းကြားတော့..

“ငါ အဆင်ပြေပါတယ်။ ကျန်းကုန်း နင် မူကျီကို ရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်နော်..”

“ကျေးဇူးပဲဟာ။ ဒါ ငါ့ဇွဲလုံ့လ ရလာဘ်လေ။ အရင်တုန်းကဆို သူဘယ်လောက် ချေလဲဆိုတာ နင်မသိဘူးနော”

ဟိုင်ရှင်း ပုံစံက ပိုပိုဖြူလျော့လာတော့ ကျုပ်လဲ စိုးရိမ်တကြီးနဲ့..

“ဟိုင်ရှင်း.. နင့် အသားတွေ သိပ်ပြီး ပုံမလာတော့ဘူးဟ၊ နင့်အဆောင်ကို လိုက်ပို့ပေးရမလား”

“နင်ပို့စရာမလိုပါဘူး။ ငါ့ဘာသာငါပြန်မယ်။ ဒီနေ့ နေပူလို့ဖြစ်လောက်တယ်။ နင်တို့ ဆက်စားကြနော်။ ငါအရင်ပြန်တော့မယ်”

“နင် အဆင်ပြေတာ သေချာရဲ့လား”

“ငါ အဆင်ပြေပါတယ်။ နောက်မှ တွေ့ကြတာပေါ့”

ဟိုင်ရှင်းထွက်သွားတာကိုကြည့်ရင်း မူကျီက…

“ဟိုင်ရှင်း ဘယ်လိုဖြစ်ပါလိမ့်။ ဒီလောက်ထိ အစွမ်းထက်တဲ့ မှော်ဆရာတွေဆိုတာ ဒီလို ဖြစ်ခဲတယ်နော်…

ခစ်.. ခစ်.. ခစ်… နင် တော်တော် မိုက်မဲတာလား ဟန်တောင်နေတာလား။ နင့်ကြောင့် သူဒီလိုဖြစ်သွားတာ အကန်းတွေတောင် သိတယ်။ အစောပိုင် သူ့ ချစ်စရာ ဟန်ပန်တွေက သူငယ်ချင်းအဆင့် မဟုတ်ဘူး”် “ဘာလို့ ငါ့ကြောင့် ဖြစ်ရမှာလဲဟ။ ငါတို့က ရိုးရိုး သူငယ်ချင်းတွေ မဟုတ်လို့လား”

“သူ နင့်ကို သဘောကျနေတာဟဲ့။ ငါတို့ နှစ်ယောက် ရည်းစားလို့ ကြားတော့ သူတော်တော် စိတ်ဆိုးသွားတာ သိပြီလား..”

“မူကျီ နင် အထင်မလွဲလိုက်နဲ့နော်။ ဟိုင်ရှင်းနဲ့ ငါက အလယ်တန်း မှော်ပညာကျောင်းကတည်းက ကျောင်းနေဖက်တွေ သက်သက်ပဲ။ ငါတို့က သူငယ်ချင်း အဆင့်ပဲရှိတာ။ ငါ သူ့ကို ညီမတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ”

“ဒါတွေငါမသိဘူး။ ဘယ်သူ့ကို မေးမေး သူနင့်ကို သဘောကျနေတယ်ဆိုတာ ဖြေလိမ့်မယ်။ တကယ်ဆို ဟိုင်ရှင်းလဲ မဆိုးပါဘူးဟ။ ကျောင်းမှာသူ အလှပဂေးလေးအဖြစ် နာမည်ကြီးတဲ့အပြင် မိသားစုကြီးထဲကဆိုုတော့ နင်နဲ့ ပိုလိုက်ဖက်ပါတယ်”

“နင် ဘာတွေ လျှောက်ပြောနေတာတုန်း၊ ငါသာ သူ့ကိုကြိုက်ရင် ခုလောက်ဆို ညားနေလောက်ပြီပေါ့။ ဒါပေမယ့် ငါကြိုက်တာ နင်တစ်ယောက်တည်းလေ”

ကျုပ်ပြောလိုက်တာ မူကျီပေါ် ခံစားချက် အစစ်အမှန်တွေပါပဲ။ ကျုပ် သူ့ကို တကယ်ကြီး ချစ်မိသွားတာများလား။

ကျုပ််စကားကြားတော့ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့သွားလေရဲ့။

“နင် အသံတိုးတိုး ပြောလို့မရဘူးလား။ တော်တော့ ဒီကြောင်း ဆက်မပြောနဲ့တော့ ထမင်းပဲ ဆက်စားလိုက်ရအောင်”

ညစာ စားပြီးတဲ့အခါ မူကျီနဲ့ ကျုပ် ကျောင်းကို အချိန်အကြာကြီး လမ်းပတ်လျှောက်သနေကြြတာ။ ကျုပ်တို့တွေ စကားလဲ မပြောဖြစ်ကြဘူး။ သူ ကျုပ်ဘေးမှာ ရှိနေယုံနဲ့ကို လောကကြီးက ပြီးပြည့်စုံနေတာဗျ။ ကျုပ် မသိစိတ်နဲ့ပဲ သူ့လက်ကလေး လှမ်းကိုင်ထားလိုက်တယ်။ သူ ရုန်းဖို့ ကြိုးစားပေမယ့် အားသိပ်စိုက်မထားဘူးဗျ။ သူ့လက်ကလေး ကိုင်ထားရတဲ့ အရသာက အံ့မခန်းပဲ။ အရိုး လုံးဝမရှိသလိုမျိုးကို နုညံ့ လွန်းနေတာ။ ကောင်းကင်ကြီး မှောင်လာတဲ့အထိ နှစ်ယောက်အတူတူ အချိန်ဖြုန်းပြီးမှ သူ့အိမ်ဆောင်ကို ပြန်ပို့ပေးလိုက်တယ်။ ကျုပ် သူ့ကို လေးလေးနက်နက် ချစ်နေမိပြီဆိုတာ သိပြီးကတည်းက အမုန်းတရားတွေ ကင်းစင်သွားခဲ့ပြီ။ မူကျီကို ပြန်ပို့ပြီးတာနဲ့ ကျုပ် အိပ်ဆောင်ကို ပြန်လာလိုက်တယ်။ မာခယ် ကျုပ်အခန်းမှာ စောင့်နေတာဗျ။ သူ ကျုပ်ကို မြင်တာနဲ့…

“အစ်ကိုကြီး မင်းဘယ်တွေ လျှောက်သွားနေတာလဲ။ ငါစောင့်နေတာ တော်တော်ကြာနေပြီ”

“အာ.. ငါ ကျောင်းကို ပတ်ကြည့်နေတာကွ။ ညှိနှိုင်းပွဲက အခြေအနေ ဘယ်လိုလဲ”

“ပြောဖို့ ခက်နေတယ်။ အခုအချိန်မှာ နှစ်ဖက်စလုံးက အခွင့်အလမ်းတွေ (၅၀/၅၀) ဖြစ်နေတာလေ”

“ငါတို့ လက်ရှိစွမ်းအားနဲ့ သူတို့တွေ အလံဖြူပြအောင် မလုပ်နိုင်သေးဘူးလားဟ”

“အလံဖြူပြဖို့လား..။ ငါတို့မှာ မှော်သခင်ကြီး (၄)ယောက်ပဲရှိတာဆိုတော့ သူတို့ အရှုံးပေးဖို့ မလွယ်ဘူးလေ။ တစ်ရက်ခွဲလောက်ကြာအောင် ညှိနှိုင်းပြီး နောက်ဆုံးတော့ ပြိုင်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်ကွ။ နိုင်တဲ့သူက အိုက်ရှားကို အုပ်ချုပ်ခွင့်ရမယ်ပေါ့ကွာ”

“ပြိုင်ပွဲတဲ့လား။ အဲဒါ ကလေးကစားသလို ဖြစ်သမနေဘူးလားဟ။ နိုင်ငံတော်ကြီး တစ်ခုလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စကြီးလေ။ ပြိုင်ပွဲလေးတစ်ခုနဲ့ ဘယ်လိုတွေ ဆုံးဖြတ်ကြမှာလဲဟ”

“တကယ်ဆို အဖြေက ဆုံးဖြတ်ပြီးသား နီးနီးကို ဖြစ်နေပါပြီကွာ။ အိုက်ရှားနိုင်ငံဆိုတာက မှော်ဆရာနိုင်ငံလေ။ မင်းမှာ မှော်စွမ်းအား ကောင်းနေသရွေ့ လူတွေ လေးစားမှာပဲ။ မင်းမှော်စွမ်းအားနဲ့ မင်းအဆင့်အတန်းက တိုက်ရိုက် အချိုးချတယ်။ ပြိုင်ဖက်နှစ်ဖွဲ့သာ တိုက်ခိုက်ကြမယ်ဆိုရင် မှော်စွမ်းအား သာတဲ့သူက အနိုင်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒါ မှော်ဆရာတွေကြားက တိုက်ပွဲဆိုတော့ ပြိုင်ပွဲတစ်ခုလုပ်ပြီး မလိုလားအပ်တဲ့ သေကျေပျက်စီးမှုတွေ လျော့သွားအောင် လုပ်တာ ပိုကောင်းပါတယ်ကွာ”

မလိုလားအပ်တဲ့ အသေအပျောက်နှုန်းတွေ နည်းအောင် ပြိုင်ပွဲလုပ်မယ်ဆိုတာတော့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်း တစ်ခုပဲ။

“ဒါ အဓိပ္ပါယ်ရှိတယ်”

“အေးပေါ့။ ဒါအဓိပ္ပါယ်ရှိတယ်လေ။ ဒါ ဆရာတိတဲ့ အကြံပြုချက်ဖြစ်တဲ့အပြင် ကျောင်းအုပ်ကြီး ကျန်းကလဲ ထောက်ခံတယ်ကွ။ အကြေအလည် ညှိနှိုင်းပြီးမှ နောက်ပိတ်ဆုံး ပြိုင်ပွဲအတွက် ဆုံးဖြတ်လိုက်ကြတာ။ အနိုင်ရတဲ့သူက နိုင်ငံကို အုပ်ချုပ်ရမယ်။ ရှုံးတဲ့သူကလဲ အရှုံးကို လက်ခံရမယ်ပေါ့။ ဒါပေမယ့် ပြိုင်ပွဲထဲမှာ ပြိုင်ဖက်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင်မလုပ်ဖို့ တားမြစ်ထားတယ်ကွ”

ဒါ ဆရာတိ အကြံဖြစ်ရမယ်။ ဆရာတိဆိုတာက တော်တော် စေ့စပ်တဲ့သူဆိုတော့ ကျုပ်စိတ်ပူစရာမလိုတော့ဘူးပေါ့။

“ဘယ်လို ပြိုင်ကြမှာလဲ”

“ပထမတော့ ငါတို့က (၃)ပွဲနဲ့ အနှိုင်အရှုံးဆုံးဖြတ်ဖို့ အကြံပြုလိုက်တာ။ ဒါပေမယ့် ဆရာတိနဲ့ ဆရာကျန်း တို့တွေက တရားမျှတမှု မရှိပြောတယ်ကွ။ ဒီတော့ အကောင်းဆုံးဖြစ်အောင် (၅)ပွဲပြိုင်ဖို့ အကြံပေးတယ်။ ဒီအကြံကို နှစ်ဘက်စလုံးက ချက်ချင်း သဘောတူကြတယ်။ နောက် (၃)ရက်နေရင် နန်းတော်ထဲမှာ လူမသိသူမသိ ပြိုင်ကြလိမ့်မယ်။ မင်း မနက်ဖြန် ကျောင်းကနေ ခါင့်ယူပြီး ခဏလောက် လေ့ကျင့်ပြီး အနိုင်ရဖို့ အခွင့်အလမ်း တိုးအောင်လုပ်ဖို့ ဆရာတိ ငါ့ကို ပြောခိုင်းလိုက်တယ်”

“ငါရော ဝင်ပြိုင်ရအုံးမှာလား။ သူတို့ စွမ်းအားတွေ အရမ်းမြင့်လွန်းတယ်လေ။ ငါက သူတို့နဲ့ ဘယ်လိုလုပ် ပြိုင်လို့ရမှာတုန်း”

“အစ်ကိုကြီး။ မင်းမှားနေပြီ။ မင်းက ငါတို့ရဲ့ ဝှက်ဖဲလေ။ လက်တစုပ်စာ လူလောက်ကလွဲရင် မင်းမှော်သခင်ကြီး အဆင့်ရောက်နေတယ်ဆိုတာ ဘယ်သူတွေ သိလို့တုန်း။ နောက်ဆုံးပွဲစဉ်မှာ တိုက်ဖို့ မင်းကို ရွေးထားတာဆိုတော့ မင်းကို တိုက်ဖို့ ဘယ်သူ့ကို လွှတ်လွှတ် နည်းနည်း အသာစီးရပြီးသားပဲလေ။ ဟား ဟား။ ဒါကြောင့်လဲ ငါတို့ဘက်က (၅)ပွဲပြိုင်ဖို့ အကြံပြုချက်ကို လက်ခံလိုက်တာ”

ဒီအစီအစဉ် တော်တော်ကောင်းတာပဲ။ ဒါပေမယ့် တစ်ခုခု လွဲနေသလို ခံစားနေရတုန်းပဲ။ သူတို့တွေ ဆုံးဖြတ်ထားပြီးသား ဆိုမှတော့ မနက်ဖြန် ကောင်းကနေ ခွင့်ယူရတော့မှာပဲ။်မာခယ့် ပုခုံးကို လှမ်းဖက်ရင်း..

“ဘာမှ စိတ်ပူမနေနဲ့ မင်းအဖေ ထီးနန်းဆက်ခံနိုင်ဖို့ ငါအတတ်နိုင်ဆုံး ကြိုးစားပေးမယ်”

“အစ်ကိုကြီး။ ငါ့အဖေက မင်းကောင်းတစ်ယောက် ဖြစ်မယ်ဆိုတာ သေချာပါတယ်ကွာ”

“မင်းစကားကို မင်းမှတ်ထားနော်။ ငါမင်းကိုပဲ ယုံထားလိုက်မှာ”

“စိတ်ချ”

=အိုက်ရှားနိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးတိုက်ပွဲ စလာပြီပေါ့။ စတုတ္ထပြိုင်ပွဲထိအောင် ဘယ်သူတွေ နိုင်ပြီး ဘယ်သူတွေ ရှုံးမယ်ဆိုတာ ကျုပ်တကယ်ပဲ သိချင်နေပြီ။ အဲလိုသာဆို ကျုပ် ဝင်ပြိုင်ဖို့ မလိုတော့ဘူးလေ။

============= (*^*)=============

အပိုင်း( ၁၁၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters