← Chapters

ပြိုင်ပွဲမတိုင်မှီ လေ့ကျင့်ရေး

Vol. 8 Ch. 114

ပြိုင်ပွဲမတိုင်မှီ လေ့ကျင့်ရေး

Vol. 8 Ch. 114

Child of light (ကျန်းကုန်း)

Volume 4: Chapter 24 - Training Before the Competition

ခွင့်(၂)ရက်လောက်ယူဖို့ ကျောင်းကိုသွားပြီး အတန်းပိုင်ဆရာမနဲ့ တွေ့လိုက်တယ်။ ဆရာယု ချက်ချင်းကို သဘောတူလိုက်တာဗျ။ ကျောင်းအုပ်ကြီး ကျန်း ကြိုပြောထားတယ်ထင်တယ်။

စာသင်ခန်းကိုသွားတော့ ကျောင်းသားတွေတောင် မရောက်ကြသေးဘူး။ ဒါပေမယ့် မူကျီတော့ သူ့နေရာမျာ ရောက်နေပြီ။ ထိုင်ခုံမှာ ဝင်ခိုင်ပြီး..

“အချောလေး မင်္ဂလာပါ။ ငါနင့်ကို ပြောစရာရှိလို့”

“ဒီနေ့ကျမှ နင်ဘာလို့ အရမ်းစောနေရတာတုန်း။ ခါတိုင်းဆို ခေါင်းလောင်းသံ မြည်ကာနီးမှ ကပ်ပြီး အတန်းထဲရောက် လာတတ်တာကို။ နင် ငါ့ကို ဘာပြောမလို့လဲ”

“ငါ အဲလောက်ထိ နောက်ကျတာလား။ ဘာဖြစ်ဖြစ်ပါ ငါ(၃)ရက်လောက် အတန်းမတက်နိုင်သေးဘူးဟ အရေးကြီးကိစ္စရှိနေလို့”

“နင် အတန်းမတက်နိုင်လောက်အောင် ဘာအရေးကြိးကိစ္စရှိနေလို့လဲ”

“နင် ငါနဲ့ ခွဲပြီး မနေနိုင်တော့ဘူးပေါ့လေ”

“နင်နဲ့ ခွဲမနေနိုင်ဘူးလို့ ဘယ်သူပြောလဲ။ နင် လူဆိုးကောင်။ ဘာတွေ ဖြစ်နေတာလဲ”

“ဒါ တော်တော် အရေးကြီးတဲ့ ကိစ္စဟ။ လောလောဆယ် နင့်ကို ပြောလို့မရသေးလို့။ နင် ငါပြန်လာတာ စောင့်နေနော်။ ငါ ဘာအန္တရာယ်မှ ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ကို စိတ်ပူမနေနဲ့”

“နင် ပြောလို့မရရင်လဲ ထားလိုက်တော့။ အခုသွားတော့မှာလား”

“ဟုတ်တယ်ဟ။ ငါအခုသွားရတော့မှာ။ ခွင့်(၃)ရက် တိုင်ထားပြီးပြီ။ (၃)ရက်ကြာရင် ငါပြန်လာခဲ့မယ်။ ဒါပေမယ့် နင်ငါ့ကို လှည့်စားဖို့တော့ မကြံနဲ့နော်။ အဟီး”

“နင် တော်တော် စိတ်ညစ်စရာပဲ။ တခြားကောင်လေးတွေနဲ့ ဒိတ်တာပဲကောင်းပါတယ်။ အဲလိုဆို နင်ဘာလုပ်မလဲ။ မကြေနပ်လဲ စုံစမ်းကြည့်ပေါ့လေ”

ပြောသာ ပြောနေတာ သူ့ပုံက သူကို ထားခဲ့လို့ တွန့်နေတဲ့ပုံနဲ့။

“မူကျီ။ ငါလဲ နင်နဲ့ ခွဲပြီး မနေနိုင်ဘူးဟ။ ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးနေလို့။ ကျေးဇူးပြုပြီး ငါ့ကို စောင့်နေပေးနော်။ ငါသွားရတော့မယ်ဟ နင်နဲ့ ဆက်ပြောဖို့ အချိန်မရတော့ဘူး။ နောက်မှ တွေ့မယ်နော်”

ပြောပြီးတာနဲ့ ကျုပ်မတ်တပ်ရပ်လိုက်တယ်။

“နင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်။ ဘေးကင်းကင်းနဲ့ အမြန်ပြန်လာခဲ့”

သူ့စကားက ကျုပ် အန္တရာယ်ရှိတာ တစ်ခုခုလုပ်တော့မယ်ဆိုတာ သူသိနေတဲ့ပုံပဲ။

သူနဲ့ ဆက်ပြောနေရင် မောင်ကြီး မခွာနိုင်ဖြစ်တော့မှာမို့ ကျုပ်လဲ မြန်မြန် ခေါင်းညိတ်လိုက်တော့တယ်။ လူလှည့်၊ စာသင်ခန်းထဲထွက်လာပြီး မာခယ်နဲ့တွေ့ပြီး တော်ဝင်အလယ်တန်းမှော်ပညာကျောင်းကို အတူသွားဖို့ အဆောင်ကို အရင်ပြန်လိုက်တယ်။

ဆရာတိ အခန်းနား ရောက်တာနဲ့..

“ဆရာတိ ကျွန်တော် ပြန်လာပြီ”

“ကျန်းကုန်း ပြန်လာပြီလား။ လာလာ အထဲကို အမြန်ဝင်”

အခန်းထဲရောက်တော့ အထဲမှာ လူ(၄)ယောက်တောင်ဗျ။ ဆရာတိနဲ့ ဆရာလုံအပြင် မှော်ဆရာသခင်ကြီး (၂)ယောက်ရှိသေးတယ်။ သူတိ့(၂)ယောက်က အထက်တန်းမှော်ပညာကျောင်းရဲ့ ကျောင်းအုပ်နဲ့ ဒုကျောင်းအုပ်ဖြစ်လောက်တယ်။

မာခယ်နဲ့ ကျုပ် သူတို့ကို ဦးညွတ်ပြီး..

“ဆရာတို့ကို ဂါရဝပြုပါတယ်”

ဆရာတိက ဘာမှ မပြောပေမယ့် အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ နတ်ဆိုးလို လူကြီးက..

“ဒီလို ယဉ်ကျေးနေစရာမလိုပါဘူးလေ။ မင်းက ကျန်းကုန်းဖြစ်မယ်ထင်တယ်။ အာ.. လောင်လွင်က ဒီလို ထူးထူးခြားခြား ဆက်ခံသူ တွေ့ထားတာပဲ”

ဆရာတိကို လှမ်းကြည့်လိုက်တော့ သူက ပြုံးပြုံးကြီးနဲ့..

“ကျန်းကုန်းလေး ဒါက တော်ဝင်အထက်တန်းမှော်ပညာကျောင်းရဲ့ ကျောင်းအုပ်ကြီး လေဟာနယ်မှော်သခင်ကြီး ချွမ်စုန်းကျန်းပေါ့။ ငါမင်းကို နောက်ဆုံးပိတ် ပေးခဲ့တဲ့ မှော်စာအုပ်လေးက သူရေးထားတဲ့ဟာပေါ့။ ဟိုတစ်ယောက်က ဒုကျောင်းအုပ်ကြီး မီးမှော်သခင်ကြီး စစ်တိလေ့ ပေါ့”

“ဆရာတို့နဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ”

ဆရာကျန်းက..

“ကျန်းကုန်း မင်းက ဆရာ စစ်ယုရဲ့ အခန်းကလား”

“ဟုတ်ကဲ့”

“ကျန်းကုန်း နောက်(၃)ရက်နေရင် ပြိုင်ရမယ့် ပြိုင်ပွဲအတွက် (၂)လုံးလုံး မင်းကို အထူးလေ့ကျင့်ပေးမယ်။ ဒီပြိုင်ပွဲက အိုက်ရှားနိုင်ငံတော်ကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ပွဲဆိုတာ မင်းသိထားရလိမ့်မယ်။ ဒါကြောင့် မင်းစွမ်းရည်တွေ တိုးတက်အောင် ဒီ(၂)ရက်အတွင်း အစွမ်းကုန် ကြိုးစားအားထုတ်မယ်လို့ မျှော်လင့်ပါတယ်။ မာခယ်ကိုလဲ မင်းနဲ့ အတူတူ လေ့ကျင့်ပေးမယ်။ သူ့ကိုလဲ ပြိုင်ပွဲမှာ အရန်အဖြစ်ထားမှာ။ ငါတို့က အိုနေပြီဆိုတော့ နိုင်ငံတော်ကြီးအတွက် မဏ္ဍိုင်အသစ်တွေ ဖြစ်လာမှာပေါ့ကွာ။ နောက်ဆိုရင်တော့ မင်း ကိုယ့်အားကိုယ် ကိုးရလိမ့်မယ်။”

ဆရာကျန်းဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်ကတည်းက မှော်သခင်ကြီးအဆင့်ကို ရောက်ထားခဲ့တာဆိုတော့ မှော်သခင်ကြီးတွေရဲ့ ခေါင်းဆောင်ဖြစ်တာ သိသာတယ်။

“ဟုတ်ကဲ့။ ကျွန်တော် ကြိုးစားပါ့မယ်။ အခုလို သင်ကြားပို့ချပေးမှာကိုလဲ ကျေးဇူးအထူးတင်ပါတယ်ဗျ”

“ကဲ ခြံထဲကို သွားကြရအောင်”

ခြံဝင်းထဲရောက်တော့ ဆရာကျန်းက..

“လောင်လွင်နဲ့ ငါက ကျန်းကုန်းကိုကို တာဝန်ယူလိုက်မယ်။ ရှင်းတိနဲ့ စစ်တိတို့က မီးမှော်ဆရာတွေဆိုတော့ မာခယ့်ကို လေ့ကျင့်ပေးလိုက်ကြပေါ့။ ကဲ စလိုက်ကြရအောင်။ မာခယ်နဲ့ ကျန်းကုန်း မင်းတို့မှော်သားရဲတွေက ဘာတွေလဲ ဒီပြိုင်ပွဲမှာ မှော်သားရဲတွေ အသုံးပြုခွင့်ပေးထားတယ်။”

“ကျွန်တော့ မှော်သားရဲက ရှောင်ကျင်းလို့ခေါ်တဲ့ နဂါးတစ်ကောင်ဗျ”

“ကျွန်တော့ မှော်သားရဲက အဆင့်(၈)မီးခြင်္သေ့”

ဆရာကျန်း အံ့ဩသွားပြီး..

“ကျန်းကုန်း မင်းဘာပြောလိုက်တယ်။ မင်းပြောတာ မင်းမှော်သားရဲက နဂါး ဟုတ်လား။ မြန်မြန်ထုတ်လိုက်စမ်းပါဟ ကြည့်ချင်လှပြီ။ လောင်လွင် မင်းဆက်ခံသူမှာ နဂါးရှိတယ်ဆိုတာ မင်း သတင်းအမှောင်ချထားတယ်နော်”

ဆရာတိနဲ့ ကျုပ် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြတယ်။

“ရှောင်ကျင်း ထွက်လာခဲ့လိုက်”

ရွှေရောင်အလင်းတန်းတစ်ခု လက်သွားပြီးတော့ မီတာ(၃၀)ကျော်ရှည်တဲ့ ရှောင်ကျင်း ခန္ဓာကိုယ်ကြီးက လေ့ကျင့်ရေး ကွင်းထဲမှာ ပေါ်လာပါလေရော။ ကျုပ်သူ့ကို အပြင် မထုတ်ဖြစ်တာ တော်တော်ကြာနေပြီ။ လူတွေကို မြင်လိုက်တာနဲ့ အံ့ဩပြီး အားရဝမ်းသာအသံ ထွက်လာပါလေရော။ အဲလို အော်လိုက်တဲ့ အချိန်လေးမှာပဲ မာခယ် သူ့မီးခြင်္သေ့ကို ထုတ်လိုက်မိတာဆိုတော့ ရှောင်ကျင်းအော်သံကြောင့် မီးခြင်္သေ့ လန့်ပြီးတုန်နေလေရဲ့။

ရွှေနဂါးကြီးရဲ့ ချိုတွေ တော်တော်ကြီးနေပြီပဲ။ တစ်ခုစီမှာ အပွါး(၃)ခုစီတောင် ထွက်နေပေါ့။ ရွှေအကြေးခွံတွေကလဲ ချပ်ဝတ်တန်ဆာကြီးလို သူ့တစ်ကိုယ်လုံးမှာ ဖုံးနေတာ။ ပြီးတော့ တော်တော်ကြီးနေပြီဖြစ်တဲ့ ခြေသည်(၅)ချောင်းရှိနေတော့ မြေကြီးထဲကိုတောင် တစ်ချို့တစ်ဝက် စိုက်ဝင်နေတယ်။ သူ့နောက်ကျောက အတောင်ပံကြီးတွေကလဲ သူ့အလှကို ဖြည့်စွက်ပေးနေသလိုပဲ။ ဒီလောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီးကနေ ရွှေရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ ဘယ်သူ့ကို တိုက်ခိုက်ရမလဲဆိုပြီး မနောကနေ ကျုပ်ကို လှမ်းမေးလာတယ်။ ငြိမ်ငြိမ်ပဲနေဖို့ ကျုပ်သူ့ကို မြန်မြန် ပြောလိုက်ရသေးတယ်။

ကျုပ်ကလွဲလို့ ဆရာတိ အပါအဝင် အကုန်လုံး အံ့ဩသွားကြတာ။ ဆရာတိက..

“ဒါ (၂)နှစ်ပဲ ရှိသေးတယ်လေ၊ ရှောင်ကျင်း တော်တော်ထွားလာတာပဲကွ”

“ဝါး… အစ်ကိုကြီး ရှောင်ကျင်းက အရမ်းလှနေရော”

ဆရာကျန်းကလဲ..

“ဒါ နဂါးလား။ အသက်ဓါတ်တွေ တော်တော် ပြင်းထန်တာပဲ။ သူ သာမာန် နဂါးတော့ မဟုတ်နိုင်ဘူး၊ ဒီနဂါး အသက်က နှစ်ပေါင်း(၂၀၀၀)လောက်ကို ရောက်နေပြီ”

“မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ တကယ်ကို (၇)နှစ်ပဲ ရှိသေးတာ။

ဆရာလေ့လဲ အံ့ဩလွန်းလို့..

“မဖြစ်နိုင်ဘူး။ အသက်(၇)နှစ်အရွယ်ဆို နို့စို့မှာပဲရှိနိုင်သေးတာဆိုတော့ မရိုးရှင်းလောက်ဘူး၊”

ဆရာတိလဲ အံ့ဩနေရာကနေ နိုးလာပြီးတော့ ဝင်ပြီးရှင်းပြပေးတယ်။

“တကယ်တော့ ဒီနဂါးက သေလုနီးပါး တစ်ကြိမ်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ကျန်းကုန်းက သူ့ကို ကယ်ဖို့ သူ့ရဲ့ သက်တမ်း တစ်ဝက်ကို စတေးခဲ့တာ။ သူ့သက်တမ်းက အခုဆို လူသားတွေရဲ့ အနှစ်(၆၀)လောက်ဆိုတော့ နဂါးတစ်ကောင်အတွက်ဆို သက်တန်း(၂၀၀၀)နီးပါနဲ့ ညီတယ်လေ။ အဲလိုအချိုးအစားကြောင့် (၇)နှစ်သား အရွယ်က အရွယ်ရောက်ပြီး နဂါးကြီးတစ်ကောင်နဲ့ ယှဉ်နိုင်လုနီးပါး ဖြစ်နေတာ ပုံမှန်ပဲပေါ့”

============= (*^*)=============

အပိုင်း( ၁၁၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters