← Chapters

အသံလောက်မြန်တဲ့ လေဟာနယ်ဆူးသွားနှင့် ရှောင်တိမ်းခြင်း Child of light (ကျန်းကုန်း)

Vol. 8 Ch. 116

အသံလောက်မြန်တဲ့ လေဟာနယ်ဆူးသွားနှင့် ရှောင်တိမ်းခြင်း Child of light (ကျန်းကုန်း)

Vol. 8 Ch. 116

Volume 4: Chapter 26 - Avoiding The Sharp Edge

ဆရာကျန်းကတော့ အဲ့လောက် ကံမကောင်းဘူးဗျ။ သူ့ ခံစစ်စည်းလဲ ကြယ်အလင်းတွေနဲ့ ထိတွေ့တဲ့အခါ တစ်ခုခုမှားနေတာ ခံစားမိလိုက်ပေမယ့် ဖရိုဖရဲလေဟာနယ်ကိုပဲ အားတက်သရော ထိန်းချုပ်နေတာဆိုတော့ သူ့တုန့်ပြန်တဲ့အရှိန် နည်းနည်းလေး နှေးသွားတယ်လေ။ ကျုပ်ရဲ့ တိုက်ကွက်ရောက်လာတဲ့အချိန်ကျ သူ့ လေဟာနယ် မျဉ်းစောင်းကြီးကို အရင်ပြန်ရုပ်သိမ်းနေရသေးတယ်လေ။ ကြယ်အလင်းတွေက သူ့အတွက် ခုခံနိုင်ဖို့ ခက်ခဲတယ်ဆိုတာ သိပြီး တိုက်ကွက်ကို ခုခံခဲ့ပေမယ့် နည်းနည်း စွမ်းအား လျော့သွားတာပေါ့။

ပတ်ဝန်းကျင်က ဖိအားတွေ ပျာ့က်သွားပြီဆိုတော့ ကျုပ်တစ်ကိုယ်လုံး ပေါ့ပါးသွားတာပဲ။ လေ့ကျင့်မှု စတဲ့အချိန်ကနေ မိနစ် ပိုင်းလေးပဲ ကြာသေးတာ ဆိုပေမယ့် ကျုပ်မှော်စွမ်းအား တော်တော်များများ သုံးလိုက်ရပြီးပြီ။ မှော်ပညာရဲ့ အစွမ်းသတ္တိတွေ အမြန်ဆုံး ပြန်ရဖို့အတွက် အလင်းဒြပ်စင်တွေကို အမြန်ဆုံးပြန် စုဆောင်ရတော့တာပေါ့။

ဆရာကျန်း နစ်နစ်ကာကာပြုံးရင်းနဲ့…

“ဒါ တော်တော်မိုက်တာပဲ ကောင်လေးရ။ မင်း အဲ့မှော်ပညာကို ထိန်းချုပ်တာ အရမ်းကောင်တယ်။ တကယ်ဆို ငါတို့ကို နည်းနည်းလေးတောင် ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့တယ် ပြောရမျာပဲ”

စကားသာ ပြောနေတာ သူ့မန္တန်ကို မျက်ခြေမပြတ်ဘဲနဲ့ ပြင်းထန်တဲ့ မန္တန်တွေတော့ မသုံးခဲ့လိုက်ဘူး။ သူက လေဟာနယ် ခုတ်ပိုင်းချက်တွေ လုပ်နေတယ်။ ဆရာတိကပါ ပူးပေါင်းပြီး အလင်းတန်းတွေ အဆက်မပြတ် ပစ်နေသေးတယ်။ မှော်စွမ်းအားတွေ ကျုပ်ဆီရောက်လာပြီး ပိုက်ကွန်ကြီးတစ်ခုလိုမျိုး ဖြစ်သွားပါရောလား။

အာ… ကျုပ်အနေနဲ့တော့ အကောင်းဆုံး လို့ထင်ရတဲ့ မန္တန်တွေနဲ့ တွန်းလှန်ရတော့မှာပဲ။ သူတို့ကတော့ ဒီလိုတိုက်ကွက်တွေနဲ့ ကျုပ်မှော်စွမ်းအား မကုန်မချင်းကို ဆက်တိုက်ကြီး တိုက်နေကြတော့တာပဲ။ ကျုပ် မြေပေါ် လဲကျသွားတော့ မာခယ်လဲ ကျုပ်လိုပဲ ဖြစ်နေတယ်ဆိုတာ လှမ်းမြင်မိအောင် မြင်လိုက်ရသေးတယ်။ ‘ဒီ ထိပ်တန်း မှော်သခင်ကြီး(၄)ယောက် တော်တော် ရက်စက်ကြတာပဲ။’ ကျုပ် တွေးရင်းနဲ့ပဲ ကမ္ဘာကြီး ချာချာ လည်သွားတယ်။

ကျုပ် ပြန်နိုးလာတော့ ကျုပ်တစ်ကိုယ်လုံး ကိုက်ခဲပြီး တစ်ဆစ်ဆစ်နဲ့ နာနေပေမယ့် ကျုပ် မှော်စွမ်းအားတွေတော့ တော်တော်များများ ပြန်ကောင်းနေပြီ။ (၈၀)ရာခိုင်နှုန်းလောက်ကို ကောင်းနေပြီ ပြောရမှာပဲ။

ကျုပ် ထထိုင်လိုက်တော့ မာခယ် ကျုပ်ဘေးမျာ လှဲနေတာ တွေ့ရပေမယ့် နိုးမယ့်ပုံတော့ မမြင်ဘူး။ ဆရာတွေတော့ အခန်းထောင့်မှာ စကားပြောနေကြလေရဲ့။

ကျုပ် နိုးလာတာ ဆရာတိမြင်တော့…

“ကျန်းကုန်း နိုးပြီလား။ လာစားလေကွာ”

ကုတင်ပေါ်က ထပြီး ကြွက်သားတွေ လျော့သွားအောင် ပျင်းကြောဆန့်လိုက်သေးတယ်။ နည်းနည်း နေသာသလို ရှိမှ စားပွဲကို အပြေးသွားပြီး စားစရာတွေ တိတ်တိတ်လေး လွေးလိုက်တယ်။ ကျုပ်ဗိုက်ပြည့်မှပဲ ဗိုက်ပွတ်ရင်း ကျေကျေနပ်နပ်ကြီး သက်ပျင်းမှုတ်ထုတ်လိုက်တယ်။

ဆရာကျန်းက..

“မင်း တော်တော်စားနိုင်တာပဲကွ။ ဒီနေ့ လေ့ကျင့်ခန်း အခြေအနေ ဘယ့်နှယ့်လဲက”

“အရိုးတွေထဲကထိ နာနေတာကလွဲလို့ ကျန်တာတွေ ဘာမှ မခံစားရဘူး”

“တကယ်ဆို မင်းလက်ရှိစွမ်းအားနဲ့ဆိုရင် အချိန် တော်တော်ကြာကြာလေး ထိန်းထားနိုင်သင့်တာ။ ဒါပေမယ့် မင်းက မင်းမှော်စွမ်းအားတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။ ငါတို့ တိုက်ကွက်တွေကို တန်ပြန် တိုက်ခိုက်လိုက်တဲ့ အချိန်တိုင်း မင်းက မှော်စွမ်းအားတွေ အလွန့်အကျွံ ဖြုန်းတီးပစ်နေတာ။ ငါတို့တွေက မင်းရန်သူ၊ မင်းပြိုင်ဖက် မဟုတ်တာ သိနေမှတော့ ငါတို့ တိုက်ကွက်တွေကို ရှောင်ပြီး အခွင့်အရေး ရတဲ့အချိန်ကျမှ တန်ပြန်တိုက်ခိုက်တာမျိုး လုပ်သင့်တာ။ အဲလိုနည်းနဲ့ပဲ မင်းမှော်စွမ်းအားတွေ ချွေတာနိုင်မှာပေါ့။ မနက်ပိုင်းတုန်းက မင်းသုံးလိုက်တယ် ကြယ်အလင်းမျော်ပညာမှာ ဆိုရင် မင်းရဲ့ ထိန်းချုပ်မှုက လောင်လွင်ကိုတောင် တန်ပြန် ဒုက္ခရောက်အောင် လုပ်နိုင်လိုက်သေးတယ် ဆိုတော့ မဆိုးဘူးကွ။ ဒါပေမယ့် မန္တန်အတွက် လိုအပ်တဲ့ မှော်စွမ်းအားက များလွန်းအားကြီးတယ်။ အဲဒါကပဲ နောက်ပိုင်းမှာ မန္တန်တွေကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ခက်သွားရတဲ့ အကြောင်းအရင်းပဲ”

‘သူတို့ တိုက်ကွက်တွေကို ရှောင်ပြီး အခွင့်အရေး ရတဲ့အချိန်ကျမှ တန်ပြန် တိုက်ခိုက်ရမယ့်ပေါ့’ အဲ့အတွေးအခေါ်ကိုပဲ အသေးစိတ် ပြန်စဉ်းစားနေလိုက်တယ်။ ပြီးတော့ ကျုပ်မျက်လုံးတွေ လက်ကနဲ ဖြစ်သွားပြီးတော့..

“နောက်တနည်းပြောရမယ်ဆိုရင် တိုက်ပွဲမှာ ကျုပ်လုပ်ရမှာက မန္တန်တွေနဲ့ စွတ်တိုက်နေတာထက် ဆရာတို့ရဲ့ တိုက်ကွက်တွေကို ရှောင်ရမယ်ပေါ့”

“အင်း.. သူ့ကို သင်ပေးလို့ ရနိုင်တယ်ဟ”

ကျုပ်ရင်ထဲမှာတော့ တစ်ခုခု လွဲနေသလို ခံစားရပေမယ့် ဘာမှ ပြန်မပြောလိုက်ပါဘူး။

“ဆရာတို့ ကျုပ်တို့တွေ ထပ်တိုက်ကြမလား”

သူတို့တွေနဲ့ တိုက်ခိုက်ချင်စိတ်တွေ ကျုပ်ရင်ထဲမှာ တဖွားဖွား ထနေတယ်။ သူတို့တွေက ကျုပ်ကို တကယ်ကြီး ထိခိုက်အောင် လုပ်ကြမှာ မဟုတ်လေ၊ ဒါကျုပ်အတွက်တော့ မှော်စွမ်းအား သုံးတဲ့နေရာမှာ အတွေ့အကြုံတွေ တိုးလာဖို့အတွက် ရှားတောင့်ရှားခဲ့ မဟာအခွင့်အရေးကြီးကို။

“မင်းမှော်စွမ်းအားတွေ အားလုံး ပြန်ကောင်းသွားပြီလား”

“အပြည့်အဝတော့ ပြန်မကောင်းသေးဘူး။ ဒါပေမယ့် သိပ်မကြာပါဘူး။ အချိန် တစ်နာရီလောက်ပဲ လိုတာပါ”

ကျုပ် အပြောနဲ့အလုပ် ညီအောင် အခန်းထောင့်မှာ သွားထိုင်။ ခန္ဓာကိုယ်ကို အကြောအချဉ်တွေ ပြေအောင်လုပ်ပြီး အလင်းဓာတ်တွေကို လောဘတကြီး စုပ်ယူပစ်လိုက်တယ်။ ခက်ခဲ ကြမ်းတမ်းလွန်းတဲ့ တိုက်ပွဲတွေနဲ့ ကြုံရတိုင်း ကျုပ် မှော်စွမ်းအား ပြန်စုပ်ယူတဲ့အရှိန် နည်းနည်းချင်း တိုးလာတာ ကျုပ်သဘောပေါက်သွားတယ်။ အချိန် ဘယ်လောက် ကြာသွားမှန်းတောင် မသိလိုက်ဘူး တစ်ကိုယ်လုံး သက်သာသွားတယ်ဗျ။ ကျုပ် မှော်စွမ်းအားတွေ လွတ်လွတ်လပ်လပ် သုံးနိုင်နေသလိုမျိုး ခံစားရတယ်။ ကျုပ်ရဲ့ အထက်ပိုင်းဒန်တျန်ထဲက ရွှေအမြူတေတောင် အရင်ကထက် ပိုတည်ငြိမ်လာတယ်။

ကျုပ် မျက်လုံးဖွင့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ဆရာတွေ မတွေ့ပါလား။ အခန်းအပြင်ကနေ မှော်စွမ်းအား တိုက်ခိုက်သံတွေ ထွက်လာတယ်။ နည်းနည်း စပ်စုချင်တာနဲ့ အသာထွက်လာတော့ မာခယ်နဲ့ ဟိုဆရာနှစ်ယောက် တိုက်နေကြတာဗျ။ ဆရာတိ ကျုပ်ကို မြင်သွားတော့….

“ဘာ တစ်နာရီလေးလဲကွ ဟမ်…။ အခု ညနေတောင် ရောက်နေပြီ။ တိုက်ပွဲကွင်းကို အမြန်သွား”

ကောင်းပြီလေ။ တိုက်ကြတာပေါ့။ သူတို့ရှေ့ ကျပ် နာခံနေတဲ့ ပုံစံမျိုးနဲ့ ရပ်နေလိုက်တယ်။ ဆရာ နှစ်ယောက်ကတော့ ဗျစ်တောက် ဗျစ်တောက်နဲ့ ပေါက်ပေါက် ဖောက်တုန်းပဲ.. ‘မနက်က အလယ်အလတ် မှော်ပညာတွေပဲ ရှိသေးတယ်။ ဒါပေမယ့် သူ့တို့ မှော်ပညာနဲ့ စွမ်းအားတွေ အရမ်းကောင်းနေတော့ သူတို့ မန္တန်တွေကို ခုခံဖို့ တော်တော် ခက်ခဲခဲ့တာ’။

ဆရာတိ အလင်းဓား တစ်လက်နဲ့ ကျုပ်ကို ခုတ်ချလိုက်တယ်။ ကျုပ် မန္တန်ကို အမြန်ရှောင်လိုက်ပေမယ့် ဆရာကျန်းဆီကနေ လေဟာနယ်စူးသွား သေးသေးလေးက ကျုပ်ရှောင်တဲ့ဘက်မှာ အသင့်စောင့်နေလေရဲ့။ ‘တိုက်ကွက်တွေကို ရှောင်ရင်း အခွင့်အရေးကို စောင့်’ ဆိုတဲ့ စကားတွေနဲ့အညီ ကျုပ်မှော်ပညာသုံးပြီး တန်ပြန် တိုက်ခိုက်ဖို့ မလုပ်သေးဘူး။ ကျုပ် အကာကွယ် မန္တန်ကိုရွတ်ပြီး ဒိုချီတွေနဲ့ မြေပြင်ကို တွန်းထုတ်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်က စရွေ့ပြီး တိုက်ကွက်ကို ရှောင်နိုင်လိုက်တယ်။

‘ဟုတ်သားပဲ။ ငါ့မှာ ဒိုချီရှိသေးတာကို’။ ကျုပ် ဒိုချီနဲ့ အလင်းဓာတ်တွေကို ကျုပ်လက်မောင်းမှာ ပေါင်းစပ်လိုက်တယ်။ ဒီလို ပေါင်းစပ်တဲ့ မှော်ပညာက တော်တော် အားကောင်းပေမယ့် စုစည်းမှုနှုန်းက နည်းနည်း နှေးတယ်။

ကျုပ် ဒိုချီရယ်၊ ခရီးတို ရွှေ့ပြောင်းခြင်းရယ်ကို ရှေ့ဆင့်နောက်ဆင့် သုံးလိုက်တယ်။ ဆရာ(၂)ယောက်ရဲ့ တိုက်ခိုက်ချက်တွေကနေ ရှောင်ပြီး သူတို့ မန္တန်ကြား နေရာလွတ်တွေမှာ လျှောက်သွားနေတဲ့ ငါးတစ်ကောင်လိုမျိုး ဖြစ်နေတယ်။ ဆရာတိ မန္တန် ထပ်တိုးလိုက်လိုက်။

“မင်းတည်နေရာရွှေ့ပြောင်းခြင်း ကိုသုံးတာ ကောင်းတယ်ဟေ့။ သတိထားတော့။ ငါတို့ နောက်တိုက်ကွက်မှာ အဆင့်မြင့် မန္တန်တွေ သုံးတော့မယ်”

ဆရာကျန်းနဲ့ ဆရာတိ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဆင့်မြင့်မန္တန်တွေ ရွတ်လိုက်ကြတယ်။ ‘ကျုပ်က ခင်ဗျားတို့ မန္တန်ရွတ်တာကို ထိုင်စောင့်နေမယ်များ ထင်နေကြလား’တွေးပြီး ရယ်လိုက်မိသေးတယ်။

ကျုပ် လက်ကို ဝှေ့ရမ်းပြီး ရွှေဖြူရောင် အလင်းတန်းတစ်ခု ဆရာကျန်းဆီ ပစ်လိုက်တယ်။ အဟီး.. ဆရာတိက ကျုပ်ဆရာဆိုတော့ သူ့ကို နည်းနည်းတော့ မျက်နှာသာပေးရမှာပဲ။

အဲ့အချိန်မှာ ဆရာတိအနေနဲ့ ကျုပ်မှော်ပညာ မသုံးဘူးထင်နေတာလေ။ အလင်းတန်းကိုမြင်တော့ သေသေချာချာတောင် မကြည့်ဘဲ လေဟာနယ်ဆူးလေးတစ်ချက် ပစ်လိုက်တယ်။ ဝမ်းသာလိုက်တာ။ အာ…. ဟ။ ဒီတစ်ကြိမ် ခင်ဗျားကြီး တော်တော် ဒုက္ခရောက်တော့မှာ ဟေ ဟေ့။

ထင်ထားသလိုပဲ ပေါင်းစပ်မှုမှာ ဒိုချီတွေက မူလမှော်စွမ်းအားကို အဆပေါင်းများစွာ တိုးသွားစေတယ်လေ။ လေဟာနယ်ဆူး သေးသေးလေးလောက်နဲ့ တုန့်ပြန်လို့ ရမျာတဲ့လား။ လေဟာနယ်ဆူးလေးက ကျုပ်မန္တန်နဲ့ ထိကာနီးအချိန်ကျမှ ဆရာကျန်း တစ်ခုခုမှားနေပြီဆိုတာ ခံစားမိသွားတယ်။ မန္တန်ရွတ်ပြီး သူ့ရှေ့မှာ ဒိုင်းလွှာ(၃)ဆင့် ချက်ချင်း ချပြီးတာနဲ့ ရှောင်ဖို့ရာ နေရာရွှေ့ပြောင်းခြင်းကို သုံးသွားလေရဲ့။

“ဟုန်း………….”

မီတာ(၁၀၀)လောက် အကွာမှာ ဆရာကျန်း ပြန်ပေါ်လာတယ်။ သူ့တကိုယ်လုံးလဲ ဖုန်မှုန်တွေနဲ့ ဖုံးနေတဲ့အပြင် သူ့နှုတ်ခမ်းထောင့်မှာ သွေးစီးကြောင်းလေးတစ်ခု တစ်ပေါက်ပေါက် ကျနေပါရောလား။

============= (*^*)=============

အပိုင်း( ၁၁၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters