← Chapters

ပြိုင်ပွဲ စတင်ခြင်း

Vol. 8 Ch. 117

ပြိုင်ပွဲ စတင်ခြင်း

Vol. 8 Ch. 117

Child of light (ကျန်းကုန်း)

Volume 4: Chapter 27 - The Competition Begins

ဆရာတိကတော့ သူ့တိုက်ကွက်အတွက် မန္တန်ရွတ်ပြီးယုံဆိုတော့ ဆရာကျန်းကို ကြည့်ချိန်မရလိုက်ဘူး။ ကျုပ်က တစ်ဖက်ကို တိုက်ခိုက်တဲ့သူဆိုတော့ သူ့မန္တန်တွေနဲ့ တိုက်ဖို့ ပိုလွယ်တယ်လေ။ သူ့မန္တန်တွေကို တန်ပြန်မတိုက်နိုင်ရင်တောင် ခုခံထိန်းထားယုံတော့ အေးဆေးပါ။

ဆရာတိ အဆင့်(၇)မန္တန်တစ်ခုဖြစ်တဲ့ ‘လျှပ်စီး နေရာချ ဖေါက်ခွဲမှု’ ကို သုံးလိုက်တာ။ ထိန်းချုပ်ရတာ အရမ်းခက်လို့ ဒီမန္တန်ကို သုံးခဲတယ်။ ဆရာတိ ကျုပ်ပတ်ပတ်လည်ကို လျှပ်စီး(၉)ခု ပစ်ချလိုက်တယ်။ ရိုးရိုးလေး နေရာချလိုက်တာပဲ။ အဲဒီ လျှပ်စီးကြေင်းတိုင်းက ပြင်းထန်တဲ့ အဖျက်စွမ်းအားတွေကို ထိန်းထားနိုင်ဖို့အတွက် ခရီးတို နေရာရွှေ့ပြောင်းခြင်း လောက်နဲ့ ရှောင်လို့ တိမ်းလို့ မရနိုင်တော့ဘူး။

အဲ့မန္တန်ကို ရှောင်ဖို့ ဘယ်လမ်းကြောင်းမှကို မလွတ်တော့တာ။ ဒါကို တန်ပြန်တိုက်ခိုက်ရအောင်လဲ ခပ်ပြင်းပြင်း မန္တန်တွေ ရွတ်ချိန်မရှိတော့ဘူး။ ကျုပ်လဲ အဆင့်နိမ့် အကာအကွယ် မန္တန်တစ်ချို့ ချက်ခြင်းရွတ်လိုက်ပြီး တိုက်ခိုက်လာတဲ့ မန္တန်နဲ့ မထိမချင်း ဒိုချီတွေကို တတ်နိုင်သမျှ ပေါင်းထည့်နေလိုက်တော့တယ်။

“အုန်း ……………….”

ဆရာတိ မှော်အစွမ်းကြောင့် ကျုပ်အမြင့်ကြီးထိ မြောက်တက်သွားတယ်။ သူ့တိုက်ကွက်ကို ခုခံတဲ့ ကျုပ်ရဲ့ ဒိုင်းကာအလွှာတွေ အကုန်လုံး ပျက်စီးကျေမွသွားတယ်။ ဒိုချီတွေ ပေါင်းထည့်လိုက်လို့သာ တိုက်ခိုက်ချက်ရဲ့ စွမ်းအားတွေ အနိမ့်ဆုံးအဆင့်ထိ လျှော့ချနိုင်လိုက်တာ ကံကောင်းသွားတယ်။ ဒါတောင် သွေးချောင်းဆိုးပြီး ပါးစပ် ထွက်ကျလာသေးတယ်။ ဆရာ့ရဲ့ နောက်ထပ်လာမယ့် တိုက်ကွက်တွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျုပ်ခန္ဓာကိုယ်ကို ကုသနိုင်အောင် ‘အလင်းဓါတ် ပြန်လည်ဖြည့်တင်းရေး’ မန္တန်ကို ခပ်မြန်မြန် သုံးလိုက်ရတယ်။

ဆရာကျန်းက…

“ငါတို့တွေ တိုက်ပွဲအတွက် ပြင်ဆင်တာ ဒီလောက်ဆို လုံလောက်ပြီဟေ့။ ငါတို့ ဆက်လုပ်နေအုံးမယ်ဆိုရင် ငါ့သက်တောင် ဆုံးရှုံးသွားရမယ့် ကိန်းရှိတယ်ဟ”

ဆရာကျန်း ကျုပ်ကို လျှော့တွက်မိလိုက်လို့ ဒီတစ်ခေါက် တော်တော် အထိနာသွားတဲ့ပုံပဲ။

ဆရာတိနဲ့ ကျုပ် နှစ်ယောက်စလုံး သုံးဖို့ပြင်ဆင်ထားတဲ့ မန္တန်တွေကို ပြန်ရုပ်သိမ်းလိုက်ကြတယ်။ ဆရာကျန်း အဆင်မပြေဖြစ်နေတာကို ကူညီဖို့ အလောတကြီး ပြေးသွားလိုက်တယ်။

“ခင်ဗျားအဆင်ပြေရဲ့လား။ ခင်ဗျားက ကျုပ်ထိန်းထားနိုင်တာထက် စွမ်းအားပိုပြင်းလွန်းတော့ ကျုပ်မှာ ရှိသမျှ အစွမ်းကုန် တိုက်လိုက်ရတာ”

ဆရာကျန်း ခေါင်းခါပြီး..

“မင်းကို အပြစ်တင်လို့မရပါဘူးကွာ။ ငါ့အပြစ်ပါပဲ။ မနက်ဖြန် ပြိုင်ပွဲစတော့မှာဆိုတော့ ဒဏ်ရာတွေ အမြန်ဆုံ ကုနိုင်အောင် တစ်ရက်နားလိုက်ကြတာပေါ့။ စစ်တိနဲ့ ရှင်းတိလို့လဲ မာခယ့်ကို လေ့ကျင့်ပေးနေတာ ခနနေ ရပ်မယ်ထင်တယ်”

ဒဏ်ရာတွေက လက်ရှိ ဆရာကျန်း အနေအထားကြီးနဲ့ဆို ပြန်ကုဖို့ မခက်ပါဘူး။ ဆရာကျန်း ထွက်သွားပြီးတာနဲ့ ဆရာတိက..

“ဒါ အလင်းဓာတ်နဲ့ ဒိုချီတွေ ရောသမမွှေထားတာလား”

“ဟုတ်တယ်။ ပေါင်းစပ် မှော်မန္တန်ရဲ့ စွမ်းအားက အရမ်းကောင်းပေမယ့် သူတို့ကို ပေါင်းစပ်နိုင်တဲ့ အရှိန်ကတော့ နည်းနည်း ကြာတယ်”

“ဒီမန္တန် မဆိုးဘူးကွ။ နောက်ဆို မင်းအတွက် အသုံးဝင်လာမှာဆိုတော့ ဒီမန္တန်ကို အဆင့်မြှင့်ရမှာပေါ့ကွာ…

ကောင်းပြီလေ။ တစ်နေ့တာအတွက် လေ့ကျင့်မှု လုံလောက်သွားပြီ။ မနက်ဖြန် ပြိုင်ပွဲမစခင် စားရင်း သောက်ရင်း အနားယူလိုက်ကြရအောင်”

************

မာခယ်ရယ်၊ ကျုပ်ရယ်၊ မှော်သခင်ကြီး(၄)ယောက်ရယ် မင်းသားစံအိမ်ကို သွားကြတယ်။ မင်းသားကိုယ်တိုင် ကျုပ်တို့ကို ထွက်ကြိုတယ်ဗျ။

“သင်တို့ရဲ့ ထောက်ပံ့ ကူညီမှု အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့နေ့ သင်တို့ကိုပဲ အားကိုးရတော့မယ်”

ဆရာတိက ပြုံးရင်းနဲ့..

“အရှင်မင်းသား။ ကျုပ်တို့က သင့်အတွက်သီးသန့် လုပ်နေတာ မဟုတ်တဲ့အတွက် ဒီလိုမျိုးတွေ ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ။ ပြိုင်ပွဲမှာ အနိုင်ရရင်သာ မင်းကောင်းတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

“စိတ်ချပါ။ ကျုပ် ခင်ဗျားတို့ကို စိတ်မပျက်စေရပါဘူးလို့ ကတိပေးပါတယ်”

ပြိုင်ပွဲကျင်းပမယ့် နေရာက တော်ဝင် လေ့ကျင့်ရေးကွင်းထဲမှာဗျ။ တော်တော် ကျယ်တဲ့အပြင် တော်ယုံတန်ယုံနဲ့ ပျက်စီးမှုတွေ မဖြစ်အောင် ရှေးကျတဲ့ အကာအကွယ်စည်းတစ်လဲ ပါသေးတယ်။

မင်းသားက တော်ဝင် အစောင့်အကြပ် (၁၀၀)ကို လေ့ကျင့်ကွင်းဆီ ခေါ်လိုက်တယ်။ ပြိုင်ပွဲကို လျှို့ဝှက် ကျင်းပတာဖြစ်တဲ့ အပြင် ပြိုင်ပွဲမှာ ပါတဲ့သူတွေလောက်ပဲ ဒီအကြောင်းကို သိနိုင်တော့မယ်လေ။

“နိုင်ငံတော် မြင့်မြတ် သူတော်စင်ကြီးကို အဆုံးအဖြတ်ပေးနိုင်အောင် ကျုပ်ဖိတ်ထားတယ်။ ပြိုင်ပွဲမှာ မှော်ပညာရှိတွေ သိပ်မပါဘူးဆိုရင် ဒီလိုမျိုး အကူအညီ တောင်းလို့ မရနိုင်တာ သေချာတယ်”

“အဲ့ မြင့်မြတ် သူတော်စင်ကြီးက ဘယ်သူလဲ”

ဆရာတိပြောပြမှ သူက နိုင်ငံတော်ကြီးထဲမှာ ကြားနေဝါဒကို ကိုင်စွဲထားတဲ့သူဖြစ်လို့ ပြိုင်ပွဲတွေမှာ အကဲဖြတ် ဆုံးဖြတ်ချက်ပေး ပေးတဲ့နေရာမှာ ဘက်မလိုက်တတ်တဲ့သူတဲ့။ နိုင်ငံတော်ထဲက ဘာသာရေး ကိုင်းရှိုင်းတဲ့သူတိုင်းကလဲ သူ့သာဝကတွေကြီးပဲ။ နိုင်ငံတော်ထဲမှာလဲ ယုံကြည်သူတွေဆိုတာက နည်းတာမှမဟုတ်တာ။ သူသာ နိုင်ငံတော်ကြီးကို ချုပ်ကိုင်ချင်တယ်ဆိုရင် တကယ့်ကို လွယ်လွယ်လေးနေမှာ။ သူရပ်တည်နေတဲ့ မူဝါဒအရ ကံကောင်းတယ် ပြောရမှာပေါ့။ ပြီးတော့ သူတော်စင်ကြီးက အရမ်းကြင်နာတတ်တာ။ သူ့အသက် ဘယ်လောက်ရှိပြီ၊ ဟိုးအရင်တုန်းက သူဘယ်လောက်ထိ စိတ်ကြီးတတ်တယ်ဆိုတာတွေ ဘယ်သူမှမသိဘူး။ သူဝင်ပါပြီး ပြိုင်ပွဲတွေ အဆုံးအဖြတ်ပေးတဲ့ အခါတိုင်း အားလုံး ပွဲပြီးမီးသေပဲ။ သူတော်စင်ကြီးက သူ့မျက်လုံးတွေ မှိတ်ပြီး ပတ်ဝန်းကျင်က ဆူညံပွက်လောရိုက်နေသမျှကို ဥပေက္ခာပြုထားတာ မြင်ယုံနဲ့ သူ့ကို စိုက်ကြည့်နေလိုက်မိတယ်။ တော်တော် ထူးဆန်းတဲ့ ဝတ်ရုံကြီး ဝတ်ထားတယ်။ လက်ထဲမှာလဲ နက်ပြောင်နေတဲ့ သစ်သားလှံတံ တစ်ချောင်း ကိုင်ထားတယ်။ သူ့တောင်ဝှေးထိပ်မှာ အနီရောင် ရတနာတစ်မျိုး တောက်ပနေရော။ သူ့မျက်တွေ ဖွင့်ပြီးတာနဲ့ အလင်းတန်းတစ်ခုလို ကျုပ်မျက်လုံးထဲ စူစူးရဲရဲ စိုက်ကြည့်တာ ခံလိုက်ရတယ်။ ကျုပ် တစ်ကိုယ်လုံး တုန်သွားလိုက်တာများ ရန်လိုစိတ် တစ်စေ့မှ မပါတာ တော်သေး။ အကြည့်ခံရတဲ့ တစ်ချိန်လုံး မသက်မသာကြီးနဲ့ပေါ့။ ကျုပ် ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း သူတော်စင်ကြီး မျက်လုံး ပြန်မှိတ်သွားပြီး အစောက ပုံစံအတိုင်း ပြန်ဖြစ်သွားတယ်။

အိုက်ရှားနိုင်ငံထဲမှာ ကျွမ်းကျင်သူတွေ ဒီလောက်ပေါမှန်း ကျုပ်မသိခဲ့ဘူးဗျ။ ဒီအချိန်မှာပဲ ပြိုင်ဖက်အဖွဲ့ ရောက်လာရော။ သူတို့ဘက်ကလဲ (၁၀၀)လောက်ပါလာတာဗျ။ အများစုကတော့ တော်ဝင် မှော်သမဂ္ဂကဆိုတာ အသိသာကြီး။

အဖွဲ့ကို ဦးဆောင်လာတာက (၅)ယောက်။ တစ်အုပ်စုလုံးရှေ့ကနေ လျှောက်လာတဲ့သူက ဘရိုကိတ် အင်္ကျီ ဝတ်ထားတယ်။ သူ့ကြည့်ရတာ အသက် (၅၀)လောက်တော့ ရှိမယ်ထင်တယ်။ အရာအားလုံး သူနဲ့မဆိုသလိုမျိုး အေးဆက်ဆက် အငွေ့အသက်တွေနဲ့။ ကျုပ်မှန်းတာမလွဲရင် သူ့ဘေးနားက မှော်နှင်တံကိုင်ထားတဲ့ လူ(၄)ယောက်ကို ကြည့်ခြင်းအားဖြင့် ပြိုင်ဖက်အဖွဲ့က မြို့စားထီယိ ဖြစ်ရမယ်။ ကျန်တဲ့သူတွေက မိသားစုကြီး (၃)ခုက ခေါင်းဆောင်တွေနဲ့ မှော်သမဂ္ဂခေါင်းဆောင် သွမ်းယုရှီး ဖြစ်လိမ့်မယ်။

သွမ့်ယုရှီးဆိုတာက မြေမှော်သခင်ဆိုတော့ သူ့ဘယ်ဘက်က တစ်ယောက် ဖြစ်လိမ့်မယ်။ အဝါရောင် မှော်သခင် အင်္ကျီ ဝတ်ထားတယ်။ ဘာလို့မှာ မျက်လုံးမှိတ်ပြီး သူတော်စင်ကြီး စတိုင်အတိုင်း လုပ်နေတာလဲဆိုတာတောင် တွေးလိုက်မိသေးတယ်။ ဒီကိစ္စကို အေးအေး ဆေးဆေး ပဲလို့များ ထင်နေလားမသိဘူး။ ဒါပေမယ့် သူ့လက်ထဲ ကိုင်ထားတာ အဆင့်မြင့် မှော်နှင်တံလေးပဲ။ ကမ္ဘာမြေကို အခြေခံတဲ့ မှော်နှင်တံ ဖြစ်လိမ့်မယ်။

ရီ၊ ယွဲ့နဲ့ ရှင်း မိသားစု ခေါင်းဆောင်တွေက သူဝတ်စုံ နှဖူးစီးတွေမှာ နေ၊ လ၊ ကြယ် ပုံစံတွေ အသီးသီး ပါနေတော့ ရွေးရ မခက်တော့ဘူး။ အဲဒါကို က စိတ်ဝင်စားစရာပဲဗျ။ နေပုံစံ အမှတ်အသားနဲ့ ဝတ်စုံဝတ်ထားတဲ့သူက ဖုန့်လျန့်ရီရဲ့ အဖို့ စစ်ဖုန့်ရီ ဖြစ်မှာပေါ့။ သူ့ကြည့်ရတာ လန်းချက်ပဲ။

ကျုပ်တို့ (၅)ယောက်လဲ မင်းသားကို အရိုအသေပေးပြီး သူတို့ (၅)ယောက်နဲ့ ကိုယ်စားလှယ်ချင်း တွေ့ဖို့ လိုက်သွားရတယ်။

မြို့စား ထီယိက..

“အရှင်မင်းသား။ ကျုပ်တို့ နောက်ကျသွားတာ တောင်းပန်ပါတယ်ဗျာ…”

“မလိုပါဘူးဗျာ။ ကျုပ်တို့ ကိုယ်၌က စောနေတာပါ။ အင်အားစုအဖွဲ့တွေ စုံပြီဆိုတော့ ပြိုင်ပွဲ စလိုက်ကြမလား”

“ကောင်းပြီလေ နိုင်ငံတော်ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် တိုက်ပွဲ စလိုက်ကြတာပေါ့”

“**** အားလုံး အသင့်ဖြစ်ပြီလား******”

အသံကြားလိုက်တော့ မင်းသားနဲ့ မြို့စားထီယိတို့ နှစ်ယောက်လုံး ပြိုင်တူ ဂါရဝပြုရင်း…

“ဟုတ်ကဲ့.. ကျုပ်တို့တွေ အသင့်ဖြစ်ပါပြီ၊ လေးစားရသော သူတော်စင်ကြီး။ ကျေးဇူးပြုပြီး ပြိုင်ပွဲစတင်ခွင့်ပြေးပါ”

သူ‌တော်စင်ကြီး သက်ပြင်းချပြီး လူတိုင်းကို တစ်ချက် ဝှေ့ကြည့်ရင်းနဲ့…

“ဒီပြိုင်ပွဲကတော့ ရှောင်လွှဲလို့မရတော့ဘူး။ ဒါပေမယ့် မင်းတို့အားလုံး ကိုယ့်ပြိုင်ဖက်တွေကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် မလုပ်မိဖို့ ငါမျှော်လင့်ပါတယ်။ မင်းတို့တွေက နိုင်ငံတော်ရဲ့ ထောက်တိုင်ကြီးတွေလို့မျိုး အရည်အချင်း ရှိကြသူတွေလေ။ နိုင်ငံတော်ကြီးက မင်းတို့အကူအညီကို လိုအပ်နေသေးတယ်။ မကြာခင် အတောအတွင်းမှာပဲ လူသားမျိုးနွယ်အပေါ် ကြီးလေးတဲ့ ကပ်ဆိုးကြီး ဖြစ်တော့မယ်လို့ ပြီးခဲ့တဲ့ရက်တွေတုန်းက ကြယ်တွေကို ကြည့်ရင်း နိမိတ်မြင်လိုက်ရတယ်။ မသိနိုင်သေးတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် စွမ်းအားတွေ တတ်နိုင်သမျှ ထိန်းသိမ်းထားရမယ်။ မင်းတို့တွေ နားလည်တယ်မို့လား။ ဒါကြောင့် ဒီအထဲက ဘယ်သူပဲဖြစ်ဖြစ် ပြိုင်ဘက်ကို သတ်ရင် တစ်သင်းလုံးကို အရည်အချင်းမပြည့်ဘူးလို့ ငါအဆုံးအဖြတ်ပေးမှာပဲ။”

============= (*^*)=============

အပိုင်း( ၁၁၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters