← Chapters

ဂုဏ်ပြု စားပွဲ တက်ရောက်ခြင်း

Vol. 9 Ch. 124

ဂုဏ်ပြု စားပွဲ တက်ရောက်ခြင်း

Vol. 9 Ch. 124

Child of light (ကျန်းကုန်း)

Volume 4: Chapter 34 - Joining the Banquet

“ငါ့မျက်လုံးက မီးထွက်နေတယ်ပေါ့လေ။ တကယ်ကို အစားအသောက်ကြောင့် မီးဝင်းဝင်းတောက်တဲ့သူ မင်းမမြင်ဖူးသေးပါဘူးကွာ။ နေအုံး.. အပြင်လူ တစ်ယောက်ယောက်ရော ဖိတ်လို့ရမလား”

“အစားအသောက်နဲ့ ပတ်သက်ရင် မင်းထက်ပိုတဲ့သူ ရှိသေးတယ်လား။ မင်းထက်တောင် အစားသောင်းကျန်းသေးတယ်ပေါ့။ ငါ့အိမ်တော်က စားစရာအကုန်လုံး စားနိုင်မှာတဲ့လား။ ဟား ဟား…”

“အဲလောက် ကြီးလဲ မဟုတ်ပါဘူးကွာ။ ဟိုကွာ.. မူကျီ လေ။ အခု ငါသူနဲ့ တွဲနေတာကွ”

“အို့.. မင်းလက်စားချေဖို့ လုပ်နေတဲ့ မူကျီကို ပြောတာလား”

ကျုပ် ခေါင်းပဲ ညိတ်ပြလိုက်တယ်။ သေမင်းနှုတ်ခမ်းဝမှာတုန်းက ခံစားချက်ကို ပြန်သတိရလိုက်မိတယ်။ နှလုံးသားထဲမှာ တော်တော် ထူးဆန်းနေတာပဲ။

“ဒါဆို သွားခေါ်လိုက်လေ။ သူ ဘယ်လောက်ထိ စားနိုင်လဲ သိချင်သေးတယ်။ ဟား ဟား.. သူက မိန်းကလေး လေကွာ။ မိန်းကလေး ဖြစ်တာတောင် မင်းထက်ပိုစားနိုင်သေးတယ်ဆိုတာ မယုံနိုင်စရာပဲ”

ကောင်းကင်ကို မော့ကြည့်လိုက်တော့ မွန်စတည့်နေပြီ။ ဒီတော့..

“မင်း အိမ်တော်ကို ပြန်နှင့်လိုက်။ ငါသူ့ကို သွားတွေ့ပြီး ခေါ်လာခဲ့လိုက်မယ်”

“အစ်ကိုကြီး။ မင်းအခြေအနေကရော ကောင်းရဲ့လား”

“အေးဆေးပဲ။ စိတ်ပူမနေနဲ့။ ငါ အမြဲ ဒေါင်ဒေါင်မြည်ပဲ”

လေဟာနယ်မှော်ပညာသုံးပြီး မီတာ(၅၀၀)လောက်ကို ချက်ချင်းရောက်သွားတယ်။

အိုက်ရှားနိုင်ငံရဲ့ ကံကြမ္မာကို ဖြေရှင်းနိုင်ပြီဆိုတော့ အရမ်းကို ပေါ့ပါးနေတာ။ ကျောင်းရောက်တော့ မနက်ပိုင်း နောက်ဆုံး အတန်းချိန်ရောက်နေပြီ။အခန်းဝကနေပြီ..

“ဝင်ခွင့်ပြုပါ”

စာသင်ခန်းထဲကနေ ဆရာစစ်က..

“ဝင်ခဲ့..”

ကျုပ် တံခါးကို တွန်းဖွင့်ပြီး..

“ဆရာ ကျွန်တော်ပြန်လာပြီ”

“အို့.. ကျန်းကုန်း။ မင်း ခွင့်ရက်မစေ့သေးဘူးမို့လား။ ဒီနေ့ ဘာလို့ ပြန်လာတာလဲ”

ကျုပ် မူကျီကို နေ့လည်စာ စားဖို့ လာခေါ်တယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာတုန်း။

“ကျွန်တော့ ကိစ္စတွေ ဖြေရှင်းပြီးလို့ ပြန်လာတာပါ”

“ကောင်းပြီလေ.. သွားထိုင်တော့”

ကျုပ် ဝင်ထိုင်လိုက်တော့ မူကျီ မျက်လုံးပြူးကြီးနဲ့ ကြည့်နေလေရဲ့။

ကျုပ် တိုးတိုးလေးကပ်ပြီး..

“ငါ နင့်ကို နေလည်စာ စားဖို့ လာခေါ်တာ”

မူကျီ မျက်လုံးတွေ ချက်ချင်း အရောင်လက်သွားပြီး..

“တကယ်လား။ ငါတို့တွေ တိုးတက်သော ဒီရေလှိုင်းကိုသွားမှာလား”

“နင် အဲ့နေရာ တစ်ခုပဲ သိတာလား။ အဲ့ကို သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဆိုင်က အရည်အသွေးတွေနဲ့ သိပ်မကွာလောက်ဘူး။ ဒါက စားပွဲတစ်ခုသက်သက်မို့ နင့်ကို တမင်လာခေါ်တာ”

“ငါ လူတွေ အများကြီးနဲ့ ဆူညံ့ပွက်လောရိုက်နေတဲ့နေရာတွေဆို မုန်းလွန်းလို့ တခါမှသွားကိုမသွားဘူး”

“မူကျီလေး.. အတူတူသွားရအောင်ပါဟာ။ အစားအသောက်ကောင်းတွေ လဲအများကြီးရှိတယ်။ နင် လိုက်မိတ်ဖွဲ့နေစရာလဲ မလိုဘူး။ စားစရာရှိတာ စားနေလို့ရတယ်။ ဒါမကောင်းဘူးလား။ နင် မလိုက်ချင်ဘူးလား”

“တကယ်လား.. စားလို့မကောင်းရင်တော့ နင့်ကို ခွင့်မလွှတ်ဘူးနော်”

“ပြဿနာမရှိဘူး။ နင်စားလို့မကောင်းရင် တိုးတက်သော ဒီလေလှိုင်းကို ထပ်ခေါ်သွားပေးမယ်။ ဒါဆို ကျေနပ်ပြီလား”

“ကောင်းပြီလေ။ ဒါပေမယ့် ငါစားတော့မယ်ဆိုရင် ဘယ်မျက်နှာမှ ကြည့်နေမှာ မဟုတ်ဘူးနော်”

သူ အစားကလွဲပြီး ဘာမှ မသိတဲ့ ဝက်ကလေးလိုပဲ။ စာသင်ခန်းထဲ ဝင်လာတာနဲ့ မူကျီကိုတွေ့ပြီး ကျုပ်နှလုံးသားမှ စကားလုံးမရှိတဲ့ ခံစားချက်တွေ အပြည့်နဲ့ပဲ။ မူကျီနဲ့ (၂)ရက်လောက် ခွဲနေလိုက်ရပေမယ့် ကျုပ်ခံစားချက်တွေတော့ အုံကြွနေတုန်းပဲ။ ကျုပ်မျက်လုံးထဲမှာ သူဒီလောက် အလှကြီးမဟုတ်ပေမယ့် ဘာနဲ့မှ အစားထိုးလို့ကို မရဘူးဗျာ။

အတန်းချိန် ပြီးတာနဲ့ မင်းသားစံအိမ်တော်ကို တိုက်ရိုက်သွားလိုက်တယ်။ မင်းသားစံအိမ်ကိုရောက်တော့ ကျယ်ဝန်းလှတဲ့ အဆောက်အဦးတွေကို မူကျီလိုက်ကြည့်နေတယ်။

“ဒါ နင့်ငါ့ကို ခေါ်လာချင်တဲ့ နေရာမဟုတ်ဘူးမို့လား”

“အဟား… အစစ်ပေါ့ဟ၊ ဒီနေရာပဲ”

ပြီးတော့ နုညံ့လွန်းတဲ့ သူ့လက်ကလေးကို ဆွဲပြီး တံခါးဆီကို လျှောက်သွားလိုက်တယ်။ တံခါးစောင့်တွေက ကျုပ်ကို သိပြီးသားဆိုတော့..

“သူခင်လေးကျန်း…. နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့။ အားလုံး မင်းကိုစောင့်နေကြတာ။ အထဲကို အမြန်သွားလိုက်လေ”

“အင်း။ ကျေးဇူးပဲနော်။ သူတို့တွေ ဘယ်မှာလဲ”

“တော်ဝင်မင်းသားနဲ့ ကျောင်းအုပ်ကြီးတို့တွေ စာကြည့်ခန်းဘေးက ဟောခန်းကြီးထဲမှာ”

“အို့… အဲ့နေရာ ကျုပ်သိတယ်။ မူကျီရေ စားစရာတွေ မကုန်ခင် အမြန်သွားကြစို့”

စပ်စုချင်စိတ် အပြည့်နဲ့ မူကျီကို ဆွဲပြီး အမြန်သွားလိုက်တယ်။ စာကြည့်ခန်းက ဘယ်မှလဲ ကျုပ်သိတယ်လေ။ ဒီတော့ ဟောခန်းကို အေးအေးဆေးဆေး တွေ့တာပေါ့”

ဝါး… တံခါးဖွင့်လိုက်တော့ တော်တော် လန်းတာပဲဗျ။ အခန်းက လူ(၅၀၀)လောက်တောင်ဆံ့ပြီး အေးဆေး ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ မင်းသား မြန်ချက်ဗျာ။ အချိန်တိုလေးအတွင်း သူ့ ငယ်သားတွေကို စုထားလိုက်တာ။ သူဘယ်လောက်ထိ ပျော်နေတယ်ဆိုတာ သိသာချက်။

“အစ်ကိုကြီး။ နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့။ ငါ မင်းကို စောင့်နေတာကွ”

“မာခယ်လဲ ဒီမှာရှိနေတာလား”

“အင်းလေ။ သူရှိနေတာပေါ့။ ဒါ သူ့အိမ်ကိုး”

“မာခယ်က မင်းသားရဲ့သားတော်လား။ ငါမသိလိုက်ဘူး”

“ဒါ လျှို့ဝှက်ထားတာဆိုတော့ ကျောင်းရောက်ရင် နင်နှုတ်လုံရမယ်နော်”

မူကျီ နှုတ်ခမ်းလေး စူပြီး ကျုပ်ကို ခပ်တိုးတိုးလေးနဲ့..

“နင် ဒီလိုပွဲကြီးမှာ ဘယ်လိုလုပ် ပါနိုင်တာလဲ။ ဒါ ရာထူးကြီးကြီးတွေ ပွဲပုံစံမျိုးဟ”

“ဒါ နင်စိတ်ပူစရာမလိုဘူး။ ငါ မင်းသားကို အကူအညီ နည်းနည်းပေးထားလို့ ငါ့ကို ဖိတ်တာဟ”

ဒီအချိန် မင်းသားအသံထွက်လာတယ်..

“နောက်ဆုံးတော့ ကျန်းကုန်း ရောက်လာပြီဟေ့”

“မှန်ပါတယ် အရှင်မင်းသား။ ကျုပ်ရောက်လာပါပြီ”

မင်းသား မူကျီကို တစ်ချက်လေးစူးကနဲ ကြည့်ပြီးမှ ကျုပ်ကို..

“ကျန်းကုန်း။ ဘာလို့ ဓလေ့ထုံးတမ်းတွေအတိုင်း ခေါ်နေတာတုန်း။ ငါ့ကို ဦးလေး ခယ်ကျာလို့ ပဲ ခေါ်သင့်တာလေ”

“ဟုတ်ကဲ့ပါ ဦးလေး။ ဦးလေး ခယ်ကျာ သူက ကျွန်တော့ အတန်းဖော်လေးပါ”

“အော်.. မင်းသူငယ်ချင်း ဆိုတော့လဲ ငါ့တူမလေးပဲပေါ့ကွာ။ အထဲ မြန်မြန် ဝင်ခဲ့ကြ။ ငါတို့တွေ ပွဲစဖို့ မင်းကိုစောင့်နေကြတာကွ”

ကျုပ် တော်တော် အံ့ဩသွားတာ…

“ကျွန်တော့်ကို စောင့်နေတာလား။ အာ.. လူကြီးမင်းတွေ ကျွန်တော့ကို စောင့်စရာမလိုပါဘူးဗျာ။ ကျွန်တော်မပါလဲ ပွဲစလို့ရတာပဲကို”

“ငါ့အောင်ပွဲအတွက် အဓိက ပံ့ပိုးသူက မင်းလေကွာ။ မင်းကြောင့်သာ မဟုတ်ရင် ဒီပြိုင်ပွဲက ဘယ်လိုလုပ် ချောချော မွေ့မွေ့ ဖြစ်မှာတဲ့လဲ။ လာလာ အမြန်ဝင်လိုက်”

စပ်စုချင်စိတ် အပြည့်နဲ့ မူကျီကို ဆွဲခေါ်ပြီး အဓိက စားပွဲကြီးမှာ ဝင်ထိုင်လိုက်တယ်။ ဆရာတွေနဲ မူကျီကို မိတ်ဆက်ပေးရတာပေါ့။

“သူကို ငါတို့ ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဆရာကျန်း။ သူ့က ငါ့လက်ရင်းဆရာ တော်ဝင်အလယ်တန်းမှော်ပညာ ကျောင်းအုပ်ကြီး ဆာတိပေါ့။ သူက………..”

ကျုပ် မူကျီကို မိတ်ဆက်ပေးရင်နဲ့ ဆရာတစ်ယောက်ချင်းစီကို ပြပေးလိုက်တယ်။ အစစ်အမှန် ဂုဏ်ပုဒ်တွေ သိမှ သူသတိပြုမိသွားတယ်။ ဆရာတိ ကျုပ်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ဘာမှတော့ မပြောဘူးဗျ။ ဆရာ ကျန်းကတော့ ….

“ကျန်းကုန်း။ မယုံနိုင်စရာပဲဟ။ မင်း အခုမှ ကျောင်းကို ဝင်လာပြီး မူကျီကို ရအောင်လိုက်နိုင်တယ်ပေါ့လေ။ မူကျီဆိုတာ ငါ့ကျောင်းက နံပတ်(၃) ထိပ်သီး ဆိုတာ ငါသိတယ်။ မင်း တော်တော် သွက်တာပဲကွ”

မူကျီ မျက်နှာလေး နီရဲသွားပြီးတော့..

“ကျောင်းအုပ်ကြီး။ ရယ်စရာတွေ ပြောနေတာနဲ့တူတယ်။ ဆရာတို့ရှေ့မှာ သမီးက ဘယ်လိုလုပ် ကျွမ်းကျင်သူ ဖြစ်နိုင်မှာလဲလို့”

မူကျီရဲ့ နုနုညံ့ညံ့ အမူအရာလေးက ကျုပ်ကို တော်တော် လန့်သွားစေနိုင်တာ အမှန်ပဲ။ သူ ကျုပ်သိခဲ့တဲ့ ရေခဲတုန်း မူကျီ မှ ဟုတ်ပါလေစ။

============= (*^*)=============

အပိုင်း( ၁၂၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters