← Chapters

မြေပြင်ပေါ်မှာ လုံးထွေးရင်း

Vol. 9 Ch. 126

မြေပြင်ပေါ်မှာ လုံးထွေးရင်း

Vol. 9 Ch. 126

Child of light (ကျန်းကုန်း)

Volume 4: Chapter 36 - Rolling like a Bottle Gourd

ဆရာကျန်း မူကျီကို ကြည့်ပြီး ပြုံးရင်းနဲ့..

“မူကျီလေး။ နင့်ဝိုင် ဘာလို့ ဆရာ့ကို မပေးတာလဲ။ နင်က မိန်းကလေးဆိုတော့ ဝိုင်သောက်တာ ကျန်းမာရေး ထိခိုက်စေနိုင်တယ်လေ”

မူကျီ ဆရာကျန်းကို ရယ်ရမလို ငိုရမလို ဖြစ်အောင် လုပ်သွားတယ်ဗျ။ သူက ဝိုင်ကို တကွတ်ထဲ ကွတ်ပြီး မော့ပစ်လိုက်တာ။ ပြီးတော့မှ..

“သမီးက ဝိုင်သောက်တာ မဟုတ်ပါဘူး။ သစ်စုံ ဖျော်ရည်ပဲ သောက်တာပါ။ အဟီး…”

ဆရာကျန်း ဒေါသထွက်သွားရင်း သူ့ မုတ်ဆိတ်မွှေးသပ်ရင်း ကြည့်နေတယ်။

မင်းသားက..

“ကျုပ် ဝိုင်ကိုပဲ သောက်လိုက်ပါတော့။ စားစရာ ဟင်းပွဲတွေလဲ အများကြီး ရှိသေးတာဆိုတော့ စလိုက်ကြရအောင်”

ကျုပ်တို့အားလုံး သူ့အပြောကို စောင့်နေကြတာလေ။ မူကျီနဲ့ ကျုပ်ကတော့ ပန်းကန်တွေကိုယ်စီကိုင်လို့ စလှုပ်ရှားကြတော့တာပေါ့။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်ကြီးတွေ ရှိနေတော့ အမြင်ကောင်းအောင်တော့ စားရတာပေါ့။ စကားတခွန်းမှ မပြောဘဲ အစားတစ်လိုင်းနဲ့ အလုပ်ရှုပ်နေရော။ ခေါင်းဆောင်ပိုင်းတွေကတော့ စကားပြောလိုက် စားလိုက်နဲ့ သိပ်မကြာပါဘူး တော်တော်များများက လက်စသတ်သွားကြပြီ။

ဆရာကျန်းက..

အို့ ကျန်းကုန်းလေး။ မင်းက မှော်ပညာမှာတင်မဟုတ်ဘူး အစားလိုင်းလဲ အတော်ကောင်းကိုးဟ”

ဆရာတိ ကြားဝင်ပြီး…

“မင်းမသိသေးဘူးထင်တယ်။ ငါ့အဘိုးတန် တပည့်လေး နာမည်ပြောင်က ထမင်းဖြူပုံးတဲ့ဟ”

“ကျွန်တော် မှော်ပညာမကျွမ်းကျင်ပေမယ့် အစားကျွမ်းတယ်လေ။ ကံလေးတစ်ချက်မကောင်းရင် ရီမိသားစု ခေါင်းဆောင် လက်ထဲမှာ မာလကီးယားလောက်ပြီ”

အဲ့တုန်းက အနေအထားကို ပြန်မြင်ယောင်ပြီး ရင်ထဲတောင် တုန်သွားတယ်။

ကျုပ် ပြောပြီးတဲ့အချိန် မူကျီကို တစ်ခုခုပြောဖို့ တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုမျိုး ခံစားရတယ်။ သူကတော့ အစားတလိုင်းနဲ့ ကျုပ်ပြောတာတွေလဲ ကြားမယ့်ပုံ မပေါ်ဘူး။

“ဦးလေးခယ်ကျာ ရီမိသားစု အခြေအနေ ဘယ့်နှယ့်လဲဗျ”

“ပြိုင်ပွဲပြီးတာနဲ့ သူတို့ကို ဖမ်းဖို့ လူတွေ လွှတ်လိုက်ပေမယ့် ရီမိသားစု တစ်ခုလုံ အစအနမကျန် ပျောက်သွားတာ။ အစေခံ နည်းနည်းကလွဲပြီး ဘာမှကို မကျန်တော့ဘူး။ စစ်ဖုန့်ရီ ဒီလိုကိစ္စမျိုးအတွက် ကြိုပြင်ထားပုံပဲ။ ငါ့လူတွေနဲ့ သူတို့ကို ရှာခိုင်ပေမယ့် တွေ့ဖို့အခွင့်အရေး နည်းပါတယ်ကွာ”

“အထင်ကရဖြစ်တဲ့ ရီမိသားစုကြီးက မကောင်းဆိုးဝါးတွေကို ထောက်ပံ့မယ် မထင်မိဘူး”

မလိုလားအပ်တဲ့ အထိတ်တလန့်တွေ မဖြစ်အောင် မွန်းစတားဘုရင် အကြောင်းတော့ ဖွင့်မပြောဖြစ်လိုက်ပါဘူး။ ရီမိသားစုက မှော်မျိုးနွယ်တွေ ကျူးကျော်တာကို ထောက်ခံပြီး သူ့တို့ဟာသူတို့ ပျက်စီးရာပျက်စီးကြောင်း လုပ်လိုက်မိတယ်ဆိုတာ ဘယ်လို နားလည်ရမှန်းကို မသိတော့ဘူး။

“ဆရာကျန်းက..

“ဒါတွေ ထားလိုက်ပါတော့။ မင်းသား ကျုပ်ကို နောက်ထပ် နည်းနည်းလောက် ထပ်ကျွေးလို့ရအုံးမလား။ ကျုပ် ဗိုက်မပြည့်သေးဘူး ဖြစ်နေတယ် ။ အဟေး”

မင်းသား ဧည့်သည်တွေကို တောင်းပန်ပြီး ဟင်းပွဲတွေ ထပ်ချခိုင်းလိုက်တယ်။ မူကျီနဲ့ ကျုပ်ကတော့ ထပ်လွေးကြတာပေါ့။ တိုးတက်သော ဒီရေလှိုင်းမှာ စားလို့မရတာတွေအကုန် ကျုပ်တို့ ဗိုက်ထဲ ရောက်စေသတည်းပေါ့။

အောင်ပွဲပြီးသွားတော့ မင်းသားဆီကနေ ‘ကဗျာသုံးရာ’ စာအုပ်ကို တိုးတိုးလေး ကပ်တောင်းလိုက်တယ်။ မင်းသားကတော့ အဲ့စာအုပ်ကို အပျက်အစီးတွေ ကြားကတွေ့တာလို့တော့ ပြောတာပဲ။ ဒီစာအုပ်က တစ်မျိုးတဘာသာ ဖြစ်နေလို့ သေသေချာချာ သိမ်းထားတာတဲ့။ ကျုပ်သာမဟုတ်ရင် သူအဲ့စာအုပ်လေး လက်လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။

ကျုပ် မူကျီနဲ့အတူ မင်းသားစံအိမ်ကနေ ထွက်လာပြီးမှ တိုးတိုးလေး ကပ်မေးလိုက်တယ်..

“ဘယ့်နှယ့်လဲ ဒီနေ့ ကျေနပ်တယ်မို့လား”

မူကျီ ကျုပ်ကို ဘုကြည့်ကြည့်ပြီး..

“ဟွင့်။ ဘာကျေနပ်ရမှာလဲ။ အကုန် နင့်အပြစ်တွေပဲလေ။ ဘေးပတ်ပတ်လည်မှာ လူတွေ အများကြီးနဲ့ ဘယ်လိုလုပ် ဗိုက်ပြည့်မှာတုန်း”

အာ.. သူဗိုက်မပြည့်ခဲ့ဘူးပေါ့။ အစောက သူအများကြီးစားတယ်ဆိုပေမယ့် တော်တော်များများတော့ ထိန်းချုပ်ထားတာ။

“ဒါဆို ဘာလုပ်မလဲ။ အခု ထပ်စားဖို့ နောက်တနေရာသွားမလား”

မူကျီ ခေါင်းမော့ပြီး ရယ်ကျဲကျဲနဲ့ ကျုပ်ကိုကြည့်ပြီး..

“အဲလောက် မလိုပါဘူး။ ဒါပေမယ့် တိုးတက်သော ဒီရေလှိုင်းမှာ ငါ့ကို တနပ်ကျွေးဖို့ အကြွေးကျန်တယ်ဆိုတာ မှတ်ထားလိုက်”

ပြောပြီးတာနဲ့ သူရယ်သံ တလွင်လွင်နဲ့ ကျောင်းဘက်ကို စွတ်ပြေးသွားပါလေရော။

“အာ. နင် ငါ့ကို တစ်ပတ်ရိုက်သွားတာပဲ”

ကျုပ် လှမ်းအော်ရင်း နောက်က လိုက်သွားလိုက်တယ်။ ကျုပ်တို့တွေ မြို့ထဲက လမ်းမကြီးပေါ်မှာဆိုတော့ မှော်ပညာမသုံးဘဲ ပြေးတမ်းလိုက်တမ်း လုပ်နေကြတာ။ မူကျီ တော်တော် ပြေးနိုင်တာပဲ။ အချိန်တော်တော်ကြာတဲ့အထိ အားစိုက်လိုက်တာတောင် သူ့ကို မိဖို့ တော်တော် ခက်နေသေးတာ။

ကျုပ်တို့တွေ ကျောင်းဝင်ပေါက်နား ရောက်တော့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လူသူတွေမရှိကြဘူး။ ဒါနဲ့ မူကျီရှေ့ကို လေဟာနယ် ရွှေပြောင်းခြင်း လုပ်လိုက်တယ်။ မူကျီ ရပ်ဖို့အချိန်မမှီတော့ဘဲ ကျုပ်ရင်ခွင်ထဲ ပစ်ကျသွားတယ်။ သူပြေးလာတဲ့ အရှိန်နဲ့ နှစ်ယောက်သား မြေပေါ်မှာ လုံးထွေးပြီး လိမ့်သွားရော။

မူကျီ ခေါင်းကို ကျုပ်နောက်စေ့နဲ့ ရိုက်မိပြီး နာလွန်းလို့ မျက်ရည်ကျနေလေရဲ့။ မူကျီ သူ့ခေါင်းကို ကိုင်ရင်း..

“အရမ်းနာတယ်”

ခနကြာမှ နာကျင်မှုကနေ လက်ရှိအဖြစ်အပျက်အပေါ် အာရုံရောက်သွားတယ်။ အခုဆို မူကျီက ကျုပ်ကိုယ်ပေါ်မှာ သူ့ခေါင်းကို ဆက်တိုက် ပွတ်နေတာ။ သူခန္ဓာကိုယ်က အရမ်း နူးညံ့နေရောပဲ။ ကျုပ် မသိစိတ်ကနေ သူ့ခါးပေါ် လက်ရောက်သွားတယ်။ ဝတ်ရုံဝတ်ထားတယ်ဆိုပေမယ့် သူ့အသားအရည် နူးညံ့ချောမွေ့မှုတွေကိုတော့ ကောင်းကောင်း ခံစားနိုင်သေးတယ်လေ။

ကျုပ် စိတ်ထဲ လွန်ဆွဲနေတုန်း မူကျီ မူမမှန်တာ ခံစားမိပြီး ကျုပ်ဖက်ထားတာကနေ ရုန်းထွက်သွားတယ်။

“ဒါဘာလုပ်တာလဲ။ နင် တော်တော် စည်းဖေါက်တာပဲ”

ဒီအချိန်လေးမှာ သူလွတ်လွတ်လပ်လပ်ဖြစ်အောင် အကူအညီပေးလိုက်ပေမယ့် ကျုပ်စိတ်ထဲမှာတော့ အစောက ပေါ့ဖက်လိုက်ရတဲ့ ခံစားချက်တွေ စွဲကျန်နေပြီ။

မူကျီ မျက်နှာလေး နီရဲလာပြီး တရှုံ့ရှုံ့နဲ့ ကျုပ်ကို ကြည့်ပြီး

“နင် တော်တော် ဆိုးဝါးတာပဲ”

“ငါလို ဆိုးတာတုန်း။ နင်က လာတိုက်တဲ့သူလေ”

“ငါ ဂရုမစိုက်ဘူး။ နင့်အပြစ်ပဲ။ ဘာလို့ ငါ့ရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာတာတုန်းလို့။ ငါနင့်ကို တိုက်မိတာ အရမ်းနာနေပြီ။ ငါ့ခေါင်းက ဒီဘုကြီး နင်မြင်လား။ အခု တခြားသူတွေ မြင်ရင် ဘယ်လိုမြင်ကြမလဲ”

ကျုပ် သူ့ခေါင်းကို အသာလေး ထိလိုက်တယ်။ တကယ်ကို ဘုကြီးဖြစ်သွားတာပဲ။ ကြည့်ရတာ တိုက်ချက် ပြင်းသွားတယ်ထင်တယ်။ ကျုပ်သူ့ကို စသလိုလိုနဲ့..

“ဝါး… နင် ချိုပေါက်သွားပြီ.. အဟား ဟား”

မူကျီ ကျုပ်နားရွက်ကို ဆွဲပြီး..

“နင် တော်တော် ဟုတ်နေတယ်ပေါ့။ နင်ကလဲ မှားသေးတယ် ငါအနာကိုလဲ ဟားတိုက်ရယ်နေသေးတယ်ပေါ့။ ငါ နင့်ကို ခွင့်မလွှတ်ဘူး”

“ငါ မရယ်တော့ဘူးနော်။ အခု ပြန်ကုပေးမယ်။ အဖုပျောက်စေရမယ်ဟာ ကတိပေးတယ်”

မူကျီ စိတ်ဝင်စားသွားတယ်ထင်တယ် ကျုပ်နားရွက်ကို လွှတ်ပြီး..

“တကယ်လား။ မဟုတ်လိ့ကတော့ သေပြီသာမှတ်”

အခုလို ဆောင်းရာသီအချိန်ကြီး မူကျီ ဒဏ်ရာရသွားတော့ ကျုပ်နှလုံးသား အရမ်းနာကျင်ရတယ်။ ဒီတော့ ကျုပ်လက်မှာ အလင်းဓာတ်တွေ စုစည်းပြီး မူကျီအပေါ်ကို ပြန်လည်ကုသရေး မန္တန် သုံးလိုက်တယ်။

ကျုပ်ရဲ့ အဖြူရောင် အလင်းတန်း မြင်တာနဲ့ မူကျီ အမြန်ဆုံး နောက်ဆုတ်သွားတယ်။

“နင် ဘာလုပ်တာလဲ”

ကျုပ် ခနတော့ လန့်သွားတာပေါ့။

“ငါဘာလုပ်လို့တုန်း။ နင့်အဖုကြီး ပျောက်အောင် ကုမလို့လေ။ ငါ ပြန်လည်ကုသရေ အလင်းမန္တန် သုံးနေတာ။ သူ့အကျိုး ရလတ်က မဆိုးပါဘူး”

မူကျီ ခေါင်းရမ်းရင်း..

“မဟုတ်ဘူး။ နင့်ကုဖို့ မလိုဘူး။ ငါငယ်ငယ်လေးထဲက အလင်းဓာတ်တွေ အာရုံခံနိုင်နေတာ”

အာ… အလင်းဒြပ်စင်တွေကို အာရုံခံနိုင်တဲ့သူ ရှိသေးတယ်ပေါ့။ ဒီလိုကိစ္စမျိုး မကြားဖူးသေးဘူး။ ကျုပ် ရယ်ရင်းနဲ့..

“နင် တော်တော် ထူးခြားတာပဲ။ အလင်းဓာတ်တွေကို အာရုံခံနိုင်တယ်။ နင် မယုံနိုင်စရာပဲဟ။ ငါကုပေးလို့ မရဘူးဆိုလဲ နင့်ကို ကုဖို့ ရေမှော်ဆရာ ရှာရအောင် ကျောင်းကို သွားကြစို့။ ရေဒြပ်စင်ကိုတော့ နင်သေချာပေါက် အာရုံခံနိုင်မှာမဟုတ်လောက်ပါဘူး။ အဟား”

“ဒါ ငါ့မိဘတွေဆီက အမွေခံရထားတာ။ ဒါနဲ့ ပတ်သက်ပြီး ငါလဲ ဘာမှမတတ်နိုင်ဘူးလေ။ မြန်မြန် ကျောင်းကို ပြန်ရအောင်”

ကျောင်းကို လျှောက်လာတဲ့ လမ်းတလျောက် မထင်မဘဲ သူက ကျုပ်လက်ကို စကိုင်လာတာဗျို့။ အဟီး……

============= (*^*)=============

အပိုင်း( )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters