ဟိုင်ရီ ၏ အမျက်ဒေါသ
Vol. 9 Ch. 130
Child of light (ကျန်းကုန်း)
Volume 4: Chapter 40 - Hai Ri’s Anger
ဟိုင်ရီ သဘောပေါက်သွားတဲ့ ပုံစံနဲ့…
“အော… ကောင်လေး မင်းပဲကွ။ မင်းပြန်လာတယ်လို့ ဟိုင်ရှင်းပြောသံကြားတယ်။ နက်ဖြန်တောင် မင်းကို လာတွေ့မလို့ စီစဉ်နေတာ။ မင်းကြောင့် ငါ့ညီမ ဘယ်လောက်ထိအောင် ငရဲကျသလို ခံစားနေရလဲဆိုတာ မင်းမသိလို့နော။ သူ ငါ့ကို ပြောသမျှက မင်းအကြောင်းတွေကြီးပဲ။ မင်း အရမ်းတော်တယ်။ မင်း အခုမှ ပြန်ရောက်လာတယ်။ ဟော အခု သူ့လက်ထဲ ရောက်နေပြီ”
သူ နားလည်မှုလွဲနေတာ သိတော့ ကျုပ်စိတ်ထဲမှာ ရယ်လိုက်မိသေးတယ်။ ကျုပ် အလျှင်စလိုနဲ့ပဲ..
“အဲလို မ မဟုတ်…..”
“ဘယ်လို အဲလိုမဟုတ်တာလဲ။ ငါမြင်ပြီးပြီလေ။ ဆင်ခြေတွေ ပေးချင်နေတုန်းပဲလား။ ဟား ဟား။ တခြားသူတွေ သူနဲ့ တွဲရင် ငါစိတ်မချနိုင်ပေမယ့် မင်းနဲ့ဆိုရင်တော့ ငါစိတ်မဆိုးပါဘူးကွာ။ မင်းက ငါ့ညီမနဲ့ အသင့်တော်ဆုံးပဲလေ”
သူမျက်လုံးထဲမှာ အစ်ကိုကြီး အဖရာဆိုတဲ့ အငွေ့အသက်တွေနဲ့။
ကျုပ် ထပ်ရှင်းပြမလို့ လုပ်တုန်း ဟိုင်ရှင်း ကျုပ်နောက်ကနေ ထွက်လာပြီး..
“အစ်ကိုကြီး ငါ့တို့ ကိစ္စကို ဝင်မရှုတ်နဲ့ဟာ။ ငါတို့ကြားမှာ တကယ်ကို ဘာမှ ဖြစ်လာမှာမဟုတ်ဘူး”
“နင် ဒီလိုပဲ အမြဲပြောနေတော့မှာလား.. ဟင်။ နင်တို့နှစ် ဖက်နေကြတာ ငါ့မျက်စိနဲ့ မြင်လိုက်ရတာလေ။ ဟား.. ဟား..။ ဟမ်… ညီမလေး ဘာလို့ ငိုနေရတာတုန်း။ ဒီကောင် နင့်ကို အနိုင်ကျင့်လို့လား”
မျက်ရည်စတွေ မြင်ပြီးတာနဲ့ ဟိုင်ရီမျက်နှာက ချက်ချင်းကို ပုံစံပြောင်းသွားတယ်။
“အစ်ကိုကြီး။ သူ ငါ့ကို အနိုင်ကျင့်တာမဟုတ်ဘူး။ ငါတို့ကိစ္စမှာ ဝင်မရှုတ်ပါနဲ့ဆို။ ကျန်းကုန်းမှာ ရီးစားရှိနေပြီ။ ငါတို့နှစ်ယောက်ကြားမှာ တကယ်ကို ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”
“ဘယ်လို။ ကျန်းကုန်း…… မင်းတော်တော် ဟုတ်တဲ့ကောင်ပဲကွ။ မင်း ငါ့ညီမကို တကယ်ကြီး အနိုင်ကျင့်လိုက်တာပဲ။ ငါမင်းကို ခွင့်မလွှတ်ဘူး ဟေ့ကောင်”
ဟိုင်ရီ ဒေါသတွေ ထွက်လာတော့ ဟိုင်ရှင်း ကျုပ်ရှေ့မှာ ပိတ်ရပ်ပြီး…
“အစ်ကိုကြီး။ ငါတို့ကိစ္စမှာ ဝင်မပါ ပါနဲ့တော့။ ငါတောင်းပန်ပါတယ်။ ဒီကိစ္စမှာ ကျန်းကုန်းကို အပြစ်တင်လို့မရဘူး”
“ငါက ဒင်းကို အပြစ်မတင်လို့ ဘယ်ခွေးမသားကို သွားအပြစ်တင်ရမှာတုန်း။ ဟိုင်ရှင်း ငါ့ရှေ့က ဖယ်စမ်း။ ကျန်းကုန်း မင်းတော်တော် အကျင့်မကောင်းတဲ့ ကောင်ပဲကွ။ မင်း ယောက်ျားဆိုရင် ငါ့ညီမနောက်မှာ ပုန်းမနေနဲ့ ငါနဲ့ ရင်ဆိုင်စမ်း။ ငါတို့ ငယ်ငယ်တုန်းက တစ်ကြိမ်ပဲ တိုက်ခဲ့ဖူးသေးတာ။ အဲ့ကတည်းက မတိုက်ဖြစ်ကြတော့ဘူး။ ငါ့ညီမကို အနိုင်ကျင့်ရဲလောက်တဲ့အထိ ဘယ်ကနေ သတ္တိတွေ ရှိနေလဲဆိုတာ ငါမြင်စမ်းချင်သေးတယ်”
ကျုပ် ဟိုင်ရှင်းရှေ့ကို လေဟာနယ်ရွှေ့ပြောင်း လိုက်တယ်။ ဟိုင်ရီရဲ့ အရှိန်အဝါတွေကို ပိတ်စို့ပစ်လိုက်တယ်။ အဆိုးဆုံး အနေအထားရောက်သွားရင်တောင် ကျုပ်လက်တုန့်ပြန်မှာ မဟုတ်ဘူး။
ဟိုင်ရီ ကျုပ်ကို မြင်လိုက်တာနဲ့ အသံပြဲကြီးနဲ့ မန္တန်စရွတ်တော့တာ…
“အကန့်အသတ်မဲ့ မီးတောက်တွေ….. မင်းရှေ့က ရန်သူကို ပြာချပစ်ဖို့ ပြင်းထန်တဲ့ မီးတောက်တစ်ခုလို ပြောင်းပစ်ဖို့ ငါ့တိုက်ခိုက်ရေး စိတ်ဝိညာဉ်နဲ့ လောင်ကျွမ်းလိုက်စမ်းပါ”
မီးတောက် ပြင်းပြင်းကြီးတစ်ခု ကျုပ်ဆီ ရောက်ချလာပါလေရော။
ဟိုင်ရှင်း တိုက်ကွက်ကို ရပ်စေချင်နေတဲ့အချိန် ကျုပ်စိတ်ထဲကနေ..
“နင့်အစ်ကို ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ လွှတ်ပေးထားလိုက်။ မဟုတ်ရင် သူစိတ်ငြိမ်နိုင်မှာ မဟုတ်ဘူး”
ကျုပ်ပြောတာကြားမှာ ဘေးတနေရာကို ရွှေ့သွားပြီး တိုက်ပွဲကို စိုးရိမ်တကြီးနဲ့ ကြည့်နေလေရဲ့။
ကျုပ် သန့်ရှင်းသောအလင်းတွေ ကျုပ်တစ်ကိုယ်လုံးမှာ လွှမ်းခြုံထားတော့ ကြွယ်ဝ ပေါ့ပါးလွန်းတဲ့ အလင်းဓာတ်တွေက ကျုပ်ကို ကာကွယ်ပေးနေတယ်လေ။ ပြင်းထန်မီးတောက်တွေနဲ့ တွေ့တော့ ဟိုင်ရီရဲ့ မှော်စွမ်းအားက တော်တော် ပြင်းတာပဲဗျ။
မီးမှော်မျိုးစုံနဲ့ အဆက်မပြတ်တိုက်နေတာကြောင့် ကျုပ်ပုံစံကို ကြည့်ရတာ မှော်အိတ်ကြီးနဲ့တောင် တူလာနေသယောင်ယောင်။ ကျုပ်ကတော့ ကျုပ်ခံစစ်စည်းထဲမှာပဲ ခံစစ်မန္တန်တွေ မနားတမ်း ရွတ်နေယုံပဲ။ ဟိုင်ရီရဲ့ မီးမှော်အစွမ်းကြောင့် ကောင်းကင်ကြီးတစ်ခုလုံး အနီးရောင်ဆိုးထားသလို ဖြစ်နေပြီ။
ကျုပ် စိတ်ထဲမှာတော့ ငိုနေပြီ။ ဟိုင်ရီ တော်တော် သန်မာတာပဲဗျ။ အချိန် တော်တော်ကြာ တိုက်ခိုက်ပြီးတဲ့အခါ သူအရင်တုန်းကလို ရက်စက်တုန်းပဲ။ ရပ်ဖို့လဲ ရည်ရွယ်ထားပုံမရဘူး။
ဟိုင်ရှင်း ကျုပ်ကို နှစ်ကြိမ်လောက်ထိ ဝင်ကူချင်နေပေမယ့် ကျုပ်လှမ်းတားထားလိုက်တယ်။ ကျုပ် ထိန်းထားနိုင် သေးတယ်လို့ပဲ ပြောလိုက်တာလေ။
ကျုပ်တို့တိုက်ပွဲကို စောင့်ကြည့်နေသူတွေ ပတ်ဝန်းကျင်မှာ ပိုပိုများလာတယ်။ သူတို့တွေ စားပြီးသောက်ပြီးဖြစ်နေတဲ့ အလုပ်မရှိ အကိုင်မရှိ ငနဲအုပ်စုပေါ့။ အချင်းချင်း တွတ်ထိုးရင်း ဝေဖန်ရေးတွေ လုပ်နေလေရဲ့။
“ဝါး…… အစ်ကို ဟိုင်ရီကို ဘယ်သူကများ ရူးသွပ်အောင် လုပ်လိုက်ပါလိမ့်။ အတိုက်ခံနေရတဲ့သူကလည်း ပြန်တိုက်ဖို့တောင် အင်အားမရှိဘူး”
မရေတွက်နိုင်လောက်များလွန်းတဲ့ မှော်ပညာတွေ၊ မှော်မန္တန်တွေနဲ့ တိုက်ထားမှတော့ ဘယ်သူဘယ်ဝါလဲဆိုတာ သူတို့မပြောနဲ့ ကျုပ်ကိုယ်ကျုပ်တောင် မမြင်တော့ဘူးလေ။
“အဲ့ ကောင် တော်တော် ဒုက္ခရောက်နေပြီ။ တိုက်ပွဲပြီးရင် အသားကင်ဖြစ်နေလောက်ပြီ”
“အဲ့ကောင် တော်တော် ထိန်းထားနိုင်တာပဲကွ။ ဘယ်သူပါလိမ့်။ သူ့ခံစစ် တော်တော် ကောင်းတာပဲ။ ဒီကောင် ရီလို လူမျိုးကို တိုက်ဖို့ ကြိုးစားရလောက်အောင် သွက်သွက်ခါ ရူးနေတဲ့ ကောင်ဖြစ်လောက်တယ်”
ကျုပ်က ခံစစ်သီးသန့်ပဲ ဆိုတော့ သူ့တိုက်ကွက်တွေကို အသာလေး ခံနိုင်ရည်ရှိတယ်လေ။ ဟိုင်ရီ သန်မာတာမှန်ပေမယ့် ကျုပ်ထက် နိမ့်ပါသေးတယ်။ သူ့တိုက်ကွက်တွေ ကျုပ်ခံစစ်ကို ဘယ်လိုမှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူးရယ်။ ပြဿနာက သူ့တိုက်ကွက်တွေ အဆုံးမသတ်သေးသရွေ့ ကျုပ်လဲ ပြန်တိုက်ဖို့ မဖြစ်နိုင်သေးဘူး။ ကျုပ် တကယ် ဒုက္ခရောက်နေတာ။
ကျုပ် ကြောက်နေတဲ့ အချိန်မှာပဲ ရာသီဥတု ပြောင်းသွားသလိုမျိုး ရုတ်တရက် ကျုပ်ကို လေပေါ် မှုတ်ထုတ်သွားတယ်။ တော်တော် သေးတဲ့ လေဆင်နှာမောင်းလေးတွေ ကျုပ်ရှေ့မှာ ပေါ်လာတယ်။ ကျုပ်ခန္ဓာကိုယ် ရုတ်တရက် ပေါ့ပါးသွားတယ်။ ဟိုင်ရီကြောင့် ဖြစ်နေတဲ့ ဖိအားတွေ ချက်ချင်း ပျောက်သွားပြီ။
မူကျီ အေးမြမြလေတွေနဲ့အတူ ကျုပ်ရှေ့ရောက်လာတယ်။
“မူကီ နင်ဘာလို့ ရောက်လာတာလဲ”
“နင် အချိန်လွန်တဲ့အထိ ကျောင်းဈေးတန်းကို ရောက်မလာတော့ နင့်ကို စိတ်ပူလို့လေ”
ကျုပ် သူ့ခေါင်းနားကို ကပ်ပြီး ရယ်ကျဲကျဲနဲ့ တိုးတိုးလေး…
“ဘာလဲ.. ဟိုင်ရှင်း ငါ့ကို သွေးဆောင်သွားမှာ နင်ကြောက်နေတာလား”
“ဒီလောက် ရှက်ကြောပြတ်မနေနဲ့။ ဟိုင်ရီ ….. နင်ဘာလို့ ကျန်းကုန်းကို တိုက်ရတာလဲ”
ဟိုင်ရီ မူကျီရောက်လာတာမြင်တော့ သူ့တိုက်ကွက်တွေ ရပ်လိုက်ပြီး..
“မူကျီ နင်ဘာလို့ ဒီကိုရောက်လာတာလဲ။ ဒီကိစ္စက ကျန်းကုန်းနဲ့ ငါ့ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်ပဲ။ ဒီတော့ ငါတို့ကိစ္စမှာ ဝင်ရှုတ်တာရပ်ပြီး ဘေးဖယ်နေလိုက်တော့”
ဟိုင်ရီ မူကျီကို မြင်တော့ နည်းနည်း ကြောက်သွားတဲ့ပုံပဲ။
“နင် တော်တော် အရှက်မရှိတာပဲ။ ကျန်းကုန်း လုံးဝ နောက်မဆုတ်ဘဲ တိုက်ခွင့်ပေးထားတာတောင် နင် ဆက်တိုက်နေတုန်းပဲလေ”
“ဒီကောင် ငါ့ညီမကို အနိုင်ကျင့်ထားတော့ အပြစ်ပေးဖို့ ဆုတ်ဖြဲပစ်ချင်နေတာ”
“နင့်ညီမကို ဘယ်သူက အနိုင်ကျင့်လို့တုန်း။ နင့်မျက်စိနဲ့ မြင်လို့လား”
ဟိုင်ရီ ချက်ချင်း ပြန်မပြောသေးဘဲ အနီးနားမှာ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေတဲ့ ကျောင်းသားတွေကို..
“မင်းတို့တွေ ဒီကိစ္စနဲ့ မပတ်သက်ဘူး။ ဒီတော့ ပွဲကြည့်နေတာတွေ ဒီမှာတင် ရပ်ပြီး လစ်ကြတော့”
စုစု စုစု လုပ်နေတဲ့ ကောင်တွေအကုန် မောင်းထုတ်လိုက်ပြီးမှ ဟိုင်ရှင်းဘက်လှည့်ပြီး…
“ညီမလေး အစောက နင့်ကို အနိုင်ကျင့်နေတာ မို့လား”
မူကျီရောက်လာတာမြင်တော့ ဟိုင်ရှင်းမျက်နှာ ပျက်သွားတယ်။ ဟိုင်ရီ သူ့ကိုမေးတာကြားတော့..
“အစ်ကိုကြီး။ ငါတို့ကိစ္စဝင်မပါနဲ့လို့ ပြောထားတာကို။ ကျန်းကုန်း တကယ်ကို အနိုင်တာမဟုတ်ဘူးဟ။ သွားရအောင်”
သူပြောတာကြားတော့ ဟိုင်ရီ တော်တော် အံ့ဩသွားတယ်။
“ဒါဆို ဒီကောင် အနိုင်မကျင့်ဘဲ နင်က ဘာလို့ ငိုနေရတာတုန်း”
ဟိုင်ရှင်း မျက်ရည်စတွေ စီးကျလာပြန်ရော။
“ဒါ နင့်အပူမဟုတ်ဘူး”
ပြောပြီးတာနဲ့ ဟိုင်ရှင်း ထွက်ပြေးသွားတယ်။
ဟိုင်ရီ… ဟိုင်ရှင်းထွက်ပြေးသွားတာမြင်တော့ မူကျီကို..
“နင်က သူအနိုင်ကျင့်မရဘူးသာ ပြောနေတာ။ ကြည့်စမ်း သူဘယ်လောက်တောင် စိတ်ဆိုးနေလဲဆိုတာ နင်မြင်လား”
ကျုပ် မူကျီ နောက်ကနေထွက်ပြီး ဟိုင်ရီပုခုံးကို ပုတ်လိုက်တယ်။ ဟိုင်ရီ ကျုပ်လက်ကို ရိုက်ဖယ်လိုက်တယ်ဗျ။
“ငါ့အသားကို မထိနဲ့။ မင်းဆီက ဖြေရှင်းချက် ကောင်းကောင်း မရရင် ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
“အစ်ကို ဟိုင်ရီ။ ခဏလေး စိတ်အေးအေးထား။ ရှင်းပြမယ် ဟုတ်ပြီလား”
ဟိုင်ရီ ကျုပ်ကို အေးစက်စက်ကြည့်ပြီး..
“ဆက်ပြော”
ကျုပ် မူကြည့်ကို ကြည့်တော့ သူခေါင်းညိတ်ပြတယ်။ ကျုပ် သက်ပြင်းချပြီးမှ အဖြစ်အပျက်အကုန် ပြောပြလိုက်တယ်။
ဟိုင်ရီ ကျုပ်ပြောတာ ကြားပြီးတော့ တအံ့တဩနဲ့ ကျုပ်ကို သူ့နားဆွဲခေါ်ပြီး..
“ဒါဆို သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပဲဟ… ညီလေး။ မင်းအရင်က ဆိုးခဲ့တာဆိုတော့ ဘာဖြစ်ဖြစ် မင်းအပြစ်ပဲ။ မူကျီကို ဘာလို့ ရွေးလိုက်ရတာတုန်း။ သူ အရမ်းရက်စက်တာနော်။ ငါ့ညီမက ပိုလှတဲ့အပြင် လိမ္မာပါးနပ်တော့ မင်းနဲ့ ပိုအဆင်ပြေမှာ။ မင်း သူ့အစား ငါ့ညီမကို ရွေးသင့်တယ်နော”
“အချစ်စစ်မှာ ဒီလို နှိုင်ယှဉ်လို့ရတာ မရှိဘူးလေ။ ဟိုင်ရှင်းကို တောင်ပန်ယုံပဲ တတ်နိုင်တယ်။ မူကျီနဲ့ ကျုပ် တစ်ယောက်ကိုတစ်ယောက် ချစ်နေကြပြီ။ အစ်ကို ဟိုင်ရီ မင်းငါ့ကို အနေရခက်အောင် လုပ်နေတာတွေ ရပ်လိုက် ပေးပါလား”
============= (*^*)=============
အပိုင်း(၁၃၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား