ချစ်ချစ်ပေးတဲ့ မနက်စာ
Vol. 9 Ch. 132
Child of light (ကျန်းကုန်း)
Volume 4: Chapter 42 - A Compassionate Breakfast
“အခုတော့ မင်းကိုယ်တိုင် အစ်ကိုဟိုင်ရီ မှော်စွမ်းအားထဲနှစ်သတ်တာ ခံလိုက်ရပြီပေါ့။ ဟိုးတုန်းက ငါဘယ်လောက်ထိ ခံခဲ့ရလဲဆိုတာ မင်းမသိလို့နော။ အဟား ဟား”
“လူယုတ်မာ။ မင်းငါ့ကို လှောင်ရဲတယ်ပေါ့လေ။ ငါ့ကို လှောင်ရဲတဲ့အထိ သတ္တိရှိမှတော့ ဟိုင်ယွဲ့ဆီမှာ အခွင့်အရေးရတုန်း ဘာလို့ သွားမလှုပ်ရှားသေးတာလဲ”
“ဟိုင်ယွဲ့ကို…. ငါ ဘာလို့ သူဆီသွားရမှာတုန်း”
“ပုံမှန်ဆို မင်းတော်တော် ဉာဏ်ကောင်းတဲ့ကောင်ပါကွာ။ ဟိုင်ယွဲ့နဲ့ ပတ်သက်လာရင် ဘာလို့ ဒီလောက်ထိ တုန်းနေရတာလဲဟ။ မင်းသေချာ စဉ်းစားဖို့တော့ လိုနေပြီ”
မာခယ် မျက်မှောင်ကြုတ် စဉ်းစားရင်း ခနကြာမှ မျက်လုံးထဲမှာ အရောင်လက်လာပြီး..
“အစ်ကိုကြီး မင်းပြောတာက….”
“အေးလေ။ မင်းထင်တဲ့အတိုင်းပဲ။ ဖုန့်လျန့် သူ့အဘိုးနဲ့ ထွက်ပြေးသွားပြီ။ ဒါအခွင့်ကောင်းပဲလေ။ ဒီအခွင့်အရေး ရအောင်ယူ။ လက်လွတ်မခံနဲ့နော်”
မာခယ် အူမြူးပြီး ပြေးထွက်သွားပါလေရော။
“ဟေ့ကောင် မင်းဘယ်သွားမလို့တုန်း။ အတန်းအရင်တက်သင့်တယ်နော်”
“ငါအတန်းမတက်တော့ဘူး။ ဟိုင်ယွဲ့တို့အခန်းမှာ အတန်းချိန်ပြီးတဲ့အထိ သွားစောင့်တော့မယ်”
အဲ့ကောင် သူငယ်ချင်းထက် အချစ်ကို ဦးစားပေးသွားပြီ။ သူအောင်မြင်ဖို့ပဲ မျှော်လင့်ပါတယ်လေ။ စာသင်ခန်းဝ ရောက်တော့ မှော်နည်းဗျူဟာ သင်ခန်းစာ သင်နေတာဗျ။ ဆရာကလဲ ကျောင်းမှာ နာမည်ကြီးတွေထဲက တစ်ယောက်ပဲ။
“ဝင်ခွင့်ပြုပါ”
“ဝင်ခဲ့”
“ကျွန်တော် နောက်ကျသွားတာ တောင်းပန်ပါတယ်”
“မြန်မြန်သွားထိုင်တော့ နောက်တခါ နောက်မကျအောင် သတိထား”
ကျုပ် အသက်ပြင်းပြင်းရှုပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ မူကျီ ပြုံးတုန့်တုန့်နဲ့ ကျုပ်ကိုကြည့်ပြီး..
“နင်ဘာလို့ နောက်ကျနေတာလဲ”
“မနေ့ညက နင့်အကြောင်း တစ်ညလုံး တွေးနေလို့ မနက်မိုးလင်းမှ အိပ်ပျော်သွားတာ”
“နင် စကားတော်တော် တတ်နေတယ်ပေါ့။ ဒီနေ့ နင်နောက်ကျမယ်ဆိုတာ ငါသိသားပဲ။ ရော့ ဒါယူလိုက်”
ကျုပ်ကို လှမ်းပေးလိုက်တာက ထမင်းဗူးလေးဗျ။
“ဒါ ဘာလဲ”
“နင် ဟာနင် ကြည့်လိုက်လေ”
ကျုပ်ဖွင့်ကြည့်လိုက်တော့ တော်တာ်ကောင်းမယ့်ပုံနဲ့ အစားအစားတွေ အပြည့်ပဲ။ ဒါအရမ်းကောင်းတယ်။ မူကျီ သူ့စားပွဲ အောက်က သစ်သီးဖျော်ရည် တစ်ခွက်ထုတ်ယူပြီး..
“သေချာစား။ ဆရာလဲ မြင်မသွားစေနဲ့အုံး။ နင်နဲ့ စတွေ့ကတည်းက ငါ့မှာလဲ လူမိုက်တစ်ပိုင်း မိန်းမရိုင်းကို ဖြစ်လို့..”
ကျုပ် သူ့လက်ကလေးကို ဆွဲနမ်းလိုက်ပြီး..
“မိန်းမရတဲ့ ခံစားချက်က တော်တော်ကောင်းတာပဲ။ ကျေးဇူးပဲနော် မိန်းမ”
မူကျီ ကျုပ်ကို ရိုက်ပြီးမှ သူ့လက် ပြန်ရုတ်ပြီး..
“ဘယ်သူက နင့်မိန်းမလဲ။ နင် တော်တော် မုန်းစရာနော်။ မြန်မြန် စား”
“ငါ့မိန်းမ လုပ်ပေးထားတဲ့ မနက်စာ ချစ်ခြင်းတွေနဲ့ ပြည့်နေတော့ အရမ်း အရသာရှိတာပဲ။ ဟွင်… ဘာလို့ ငါ့စိုက်ကြည့်နေတာတုန်း။ ဘာလဲ ဗိုက်စာလို့လား။ ဒီဟာယူလိုက်လေ”
ကျုပ် ကြက်သားတစ်တုံး သူ့ကို လှမ်းပေးလိုက်တယ်။
“စားစရာရှိတာမစားဘူး။ ဘာတွေ လေပန်းနေမှန်းမသိဘူး။ နင့်အတွက် ဒီလို ထပ်လုပ်မပေးတော့ဘူး”
ပါးစပ်ကသာ ပြောနေတာ လက်ကဖြင့် ကြက်သားတုံးယူပြီး လွေးနေပြီ။
“အဟဲ… ဝက်ကလေး”
“နင်သာဝက်။ ငါမဟုတ်ဘူး။ မျောက်လောင်းကောင်”
သူ့ဟာသူပြောပြီး မထိန်းနိုင် မသိမ်းနိုင် ရယ်နေပါရောလား။
“ငါ ဒီလောက်တောင် ရုပ်ဆိုးနေတာလား”
အဲ့အချိန် စာသင်နေတဲ့ ဆရာက..
“ကျန်းကုန်းနဲ့ မူကျီ မတ်တပ်ရပ်စမ်း”
အေးလေ ဆရာ ကျုပ်တို့ကို သတိထားမိသွားတာပေါ့။
ကျုပ် ထမင်းဗူးကို စားပွဲပေါ် အမြန်ချပြီး မတ်တပ်ရပ်လိုက်တယ်။ မူကျီလဲ အတူတူပဲ။
အသက် (၄၀)ကျော်လောက် ရှိတဲ့ ဆရာ ကျုပ်တို့ကို စိုက်ကြည့်ပြီး…
“မင်းတို့နှစ်ယောက် ဘာတွေ ဖြစ်နေကြတာလဲ။ သင်ခန်းစာ နားမထောင်ဘဲ တွတ်ထိုးနေကြတယ်ပေါ့လေ”
မူကျီနဲ့ ကျုပ် တစ်ကို တစ်ယောက် ကြည့်လိုက်မိပေမယ့် ဆရာ့ကို ပြန်မဖြေမိလိုက်ကြဘူး။ ဆရာကပဲ ဆက်ပြီး..
“တော်လောက်ပြီ။ ပြန်ထိုင်တော့။ အထူးသဖြင့် ကျန်းကုန်း။ အတန်းထဲမှာ သေချာ အာရုံစိုက်ပါ။ မင်းမှော်ပညာရပ်မှာ ဒီလို အားနည်းချက်မျိုးတွေနဲ့ ပြီးမြောက် အောင်မြင်နိုင်မယ် မထင်နဲ့။ အတန်းထဲမှာလဲ မင်းအကြောင်း မှတ်ချက်ပေးထားတဲ့ ဆရာတွေ များလာပြီ။ ဒီလိုမျိုး ဆက်ဖြစ်နေရင် ကျောင်းကနေ ထုတ်ပစ်ရလိမ့်မယ်”
အာ… ဒီလောက်ကြီး ဆိုးနေတာတော့ မဟုတ်လောက်ပါဘူး။ ဟီး ဟီး။ ဆရာကျန်းနဲ့ ဆက်ဆံရေးကောင်းနေတာကြီးကို အေးဆေးပေါ့။ သူ ကျုပ်ကို ကျောင်းထုတ်မှာ မဟုတ်လောက်ပါဘူး။
“ကျောင်းအုပ်ကြီးက စည်းကမ်းဖေါက်ဖျက်သူတိုင်းကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဖို့အတွက် ချက်ချင်းမှတ်ချက် ရေးရမယ် ပြောထားတယ်။ မင်းဒီနေ့ နောက်ကျတဲ့အပြင် သင်ခန်းစာတွေကိုလဲ အာရုံမစိုက်ဘူး”
ဆရာကျန်း ကျုပ်ကို ဘယ်လိုလုပ်နေတာပါလိမ့်။ ကျုပ် နှလုံးသားတောင် ထိခိုက်သွားတယ်။
“မူကျီလဲ ကျန်သေးတယ်။ မင်းက ထူးခြားတဲ့ ကျောင်းသားနော်။ ကျန်းကုန်း ဒီကျောင်းကို ရောက်လာကတည်းက မင်း ဘာလို့ ကောင်းကောင်း မလေ့လာတော့တာလဲ။ နင်တို့နှစ်ယောက် ခွဲထားဖို့ ဒီအခန်းရဲ့ အတန်းပိုင်ဆရာမနဲ့ ငါဆွေးနွေးရမယ်”
“အာ… သူ မူကျီနဲ့ ကျုပ်ကို ခွဲထားတော့မယ်။ မဖြစ်သေးဘူး။ ကျုပ် ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ဆရာကို စိုက်ကြည့်လိုက်တယ်။
“ဆရာ။ အတန်းထဲမှာ စကားပြောမိတာ ကျွန်တော့အမှားပါ။ ဒါပေမယ့် မူကျီနဲ့ လုံးဝမဆိုင်ပါဘူး။ သူ ကျွန်တော့ကို ဥပေက္ခာပြုနေတုန်းပဲ။ အခုကိစ္စ နောက်ဆို ဆင်ခြင်ပါ့မယ်။ ကျွန်တော်တို့တွေ ထိုင်ခုံပြောင်းရလောက်တဲ့အထိတော့ အလေးအနက်ထားစရာ မလိုဘူးမို့လား”
ဒီဆရာ ကျုပ်လို ရဲရင့်တဲ့ ကျောင်းသား မမြင်ဖူးသေးဘူးထင်တယ်။
“ကျန်းကုန်း။ ဒါ ဆရာသွန်သင်ဆုံးမနေတဲ့အချိန် သုံးသင့်တဲ့ လေသံလား။ ဒီအပြစ်ဒဏ်အတွက် အခုချက်ချင်း အတန်းထဲက ထွက်ပြီး စင်္ကြံ မှာ သွားရပ်နေလိုက်”
သူ အပြစ်ပေးတဲ့အနေနဲ့ ကျုပ်ကို အပြင်ထွက် ရပ်ခိုင်းချင်နေတာလား။ ကျုပ်ဘာလုပ်ရပါ့မလဲ။ မနက်စာ စားတာ မပြီးသေးဘူးလေ။
“ကျွန်တော် မသွားချင်ဘူး”
ထိုင်ခုံမှာ ပြန်ထိုင်ပြီး ဆက်စားနေလိုက်တယ်။
ဘေးက မူကျီက ကျုပ်ကို လှမ်းဆွဲပြီး ဆရာနဲ့ အချင်းမများဖို့ သတိပေးနေတယ်။
စာသင် စင်မြင့်ပေါ်ကနေ ဆရာက ခပ်မာမာနဲ့..
“ကျန်းကုန်း။ ဒါ မင်းအတွက် နောက်ဆုံး အခွင့်အရေးနော်။ အခု ထွက်သွားမလား မသွားဘူးလား”
ကျုပ် မာနတွေ တလိပ်လိပ် တက်လာပြီး..
“ကျွန်တော် မသွားဘူး။ ဆရာတစ်ယောက်အနေနဲ့ ဒီလို အသေးအဖွဲကိစ္စလေးတွေနဲ့ ဆရာ သင်ကြားရေးကိစ္စတွေ အထိခိုက်ခံမယ့်အစား သင်ခန်းစာကိုပဲ အာရုံစိုက် သင်ကြားပေးရမှာ မဟုတ်ဘူးလား”
ဆရာ ‘ကောင်းပြီး’ လို့ (၃)ခါတောင်ပြောပြီး အခန်းထဲက ထွက်သွားတယ်။ ကျုပ်ကို (၃)ခါတိတိတောင် ချီးကျူးသွားတာ ဆိုတော့ အခန်းထဲမှာ အကောင်းဆုံး ကျောင်းသားလို့ ရည်ညွှန်းသွားတာ များ ဖြစ်နေမလား။
အတန်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပေမယ့် ဘယ်သူမှတော့ ကျုပ်ကို မေးခွန်းမထုတ်ကြဘူးဗျ။
မူကျီ ထိုင်ချလိုက်ပြီး..
“ကျန်းကုန်း။ နင် ဘာလို့ ဆရာနဲ့ အတိုက်အခံ သွားလုပ်ရတာတုန်း။ ဒါနင့်အတွက် မကောင်းဘူးနော်”
ကျုပ် မှားသွားတယ် ခံစားမိလို့ သူ့ကို ကြည့်ပြီး..
“နင်ပေးထားတဲ့ မနက်စာ ပြီးအောင်စားချင်တာလေ။ စင်္ကြံမှာ ဘယ်လိုလုပ် စားလို့ ရမှာတုန်း”
“နင်.. နင်.. အတော်ဆိုးနေပြီ။ အဲ့ဆရာ ကျောင်းအုပ်ကြီးဆီ သွားတာဖြစ်နိုင်တယ်။ သူ နင့်ကိုတောင် မောင်းထုတ်ပစ်လောက်တယ်”
“ဆရာကျန်းနဲ့ ရင်းနှီးတော့ ဒီလောက်ဖြစ်မှာ မဟုတ်ပါဘူး။ သူငါ့ကို ဘယ်လိုလုပ် ထုတ်နိုင်မှာတုန်း”
မကြာပါဘူး ဆရာ့မျက်နှာမှာ လှောင်ပြုံးတွေဝေရင်း ဆရာကျန်းနဲ့အတူ အခန်းထဲဝင်လာတယ်။ ဆရာကျန်း မျက်မှောင်ကြုတ်ပြီး..
“ကျန်းကုန်း အခန်းထဲက ထွက်သွား”
ဆရာကျန်း စကားကြားတော့ ကျုပ် အတန်းထဲက ထွက်လာခဲ့လိုက်တယ်။ ပြီးတော့ သူ စာဆက်သင်ဖို့ ဆရာ့ကို လှမ်းကြည့် အချက်ပေးပြီး ကျုပ်ကို စင်္ကြံအထိ ဆွဲခေါ်သွားတယ်။
“ဘာလို့ ဒီလို လုပ်ရတာတုန်း။ မင်းငါ့ကို တမင်ဒုက္ခပေးတာလား။ မင်း အတန်းထဲမှာ သင်ခန်းစာတွေ အာရုံမစိုက်လို့ ဆရာမ ငါ့ကို လာတိုင်နေပြီ။ ကျန်တဲ့ဆရာတွေကလဲ အတူတူပဲ။ မင်း ဘာဖြစ်ချင်နေတာတုန်း။ ဘာလဲ ငါနဲ့အတူ ဆရာတိဆီသွားပြီး ဖြေရှင်းချင်နေတာလား”
============= (*^*)=============
အပိုင်း( ၁၃၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား